သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ရာဇဝတ္မႈက်ဴးလြန္သူေတြ အေရးယူမယ့္အဖြဲ႕ ကန္ နဲ႔ ယူကရိန္းဖြဲ႕စည္း


ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္စစ္အတြင္း စစ္ေဘးသင့္အေျခအေန (ဇြန္ ၂၁၊ ၂၀၂၂)  

[[Zawgyi/Unicode]]

အေမရိကန္ နဲ႔ ယူကရိန္း တို႔ က စစ္ရာဇဝတ္မႈမ်ား တာဝန္ခံမႈရွိေရး အဖြဲ႕တဖြဲ႕ ကို ဖြဲ႕စည္းလိုက္ၾကတယ္လို႔ အေမရိကန္ ျပည္ေထာင္စု တရားေရး ဌာန က ေျပာပါတယ္။ ယူကရိန္း ႏိုင္ငံ Lviv ၿမိဳ႕ မွာ အေမရိကန္ ေရွ႕ေနခ်ဳပ္ Merrick Garland နဲ႔ ယူးကရိန္း ေရွ႕ေနခ်ဳပ္ Iryna Venediktova တို႔ အဂၤါေန႔ မွာ ေတြ႕ဆုံခဲ့ၾကၿပီး ခုလို ဖြဲ႕စည္းလိုက္ၾကတာ ျဖစ္ပါတယ္။ ပုန္းခိုစရာ ေနရာမရွိပါဘူး။ ဒီ ရက္စက္ၾကမ္းၾကဳတ္မႈေတြအတြက္ တာဝန္ရွိတဲ့သူေတြ ကို တာဝန္ခံမႈ ရွိလာေအာင္ ျဖစ္ႏိုင္တဲ့ လမ္းေၾကာင္းေတြ အားလုံး ကို က်ေနာ္တို႔ နဲ႔ မိတ္ဘက္ေတြ က လိုက္ၾကမွာ ျဖစ္ပါတယ္လို႔ အေမရိကန္ ေရွ႕ေနခ်ဳပ္ Merrick Garland က သတင္းေထာက္ေတြ ကို ေျပာပါတယ္။ အေမရိကန္ သတင္းစာဆရာေတြ ကို သတ္ျဖတ္၊ ဒဏ္ရာရရွိေစခဲ့တဲ့ အမႈေတြ အပါအဝင္၊ အေမရိကန္ ျပည္ေထာင္စု တရား႐ုံးေတြ က ဆုံးျဖတ္ႏိုင္တဲ့ နယ္ပယ္ထဲ က စစ္ရာဇဝတ္မႈေတြကိုလည္း ဒီ အဖြဲ႕ က စုံစမ္းစစ္ေဆးမွာ ျဖစ္ပါတယ္။

ဒီ အခ်ိန္မွာပဲ ႐ုရွား စစ္တပ္ ယူကရိန္း ကို က်ဴးေက်ာ္ဝင္ေရာက္ခါစ က ယူကရိန္း စစ္သား တစ္ေယာက္ နဲ႔ အတူပါသြားတဲ့ ဓာတ္ပုံ သတင္းေထာက္ ကို ႐ုရွား စစ္သားေတြ က ေသြးေအးေအး နဲ႔ သတ္ခဲ့တယ္လို႔ နယ္စည္းမျခား သတင္းေထာက္မ်ား အဖြဲ႕ က ေျပာလိုက္ပါတယ္။

ယူကရိန္း အေရွ႕ဘက္ Luhansk ေဒသဟာ တကယ့္ ကို အခက္ခဲဆုံး ေဒသ ျဖစ္ေနတယ္လို႔ ယူကရိန္း သမၼတ Volodymyr Zelenskyy က သူ႔ ရဲ႕ ညစဥ္ ဗြီဒီယို စကား မွာ မေန႔ က ေျပာၾကားသြားခဲ့ပါတယ္။ “ဒီကေန႔ ေလာင္ကြၽမ္းႏိုင္တဲ့ အရာတိုင္း ေလာင္ကြၽမ္းေနၾကတယ္လို႔ အေရွ႕ပိုင္း Luhansk ေဒသ အုပ္ခ်ဳပ္ေရးမႉး Serhiy Haidai က ဆိုပါတယ္။ ႐ုရွားတပ္ေတြ က တစ္နာရီ ၾကာ ဆက္တိုက္ ပစ္ေနတာ မရပ္ေသးဘူး လို႔ သူ က ဆိုပါတယ္။ ႐ုရွားတပ္ေတြ က Luhansk ေဒသ ၉၅ % ကို သိမ္းပိုက္ထားေပမဲ့၊ Sievierodonetsk ၿမိဳ႕ က Azot ဓာတု ပစၥည္း စက္႐ုံ ကေတာ့ ယူကရိန္း ရဲ႕ လက္ထဲမွာ ရွိေနၿပီး၊ စစ္သားေတြ နဲ႔ အရပ္သား ၅၀၀ ေလာက္ ပုန္းခိုေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

စစ်ရာဇဝတ်မှုကျူးလွန်သူတွေ အရေးယူမယ့်အဖွဲ့ ကန် နဲ့ ယူကရိန်းဖွဲ့စည်း

အမေရိကန် နဲ့ ယူကရိန်း တို့ က စစ်ရာဇဝတ်မှုများ တာဝန်ခံမှုရှိရေး အဖွဲ့တဖွဲ့ ကို ဖွဲ့စည်းလိုက်ကြတယ်လို့ အမေရိကန် ပြည်ထောင်စု တရားရေး ဌာန က ပြောပါတယ်။ ယူကရိန်း နိုင်ငံ Lviv မြို့ မှာ အမေရိကန် ရှေ့နေချုပ် Merrick Garland နဲ့ ယူးကရိန်း ရှေ့နေချုပ် Iryna Venediktova တို့ အင်္ဂါနေ့ မှာ တွေ့ဆုံခဲ့ကြပြီး ခုလို ဖွဲ့စည်းလိုက်ကြတာ ဖြစ်ပါတယ်။ ပုန်းခိုစရာ နေရာမရှိပါဘူး။ ဒီ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ရှိတဲ့သူတွေ ကို တာဝန်ခံမှု ရှိလာအောင် ဖြစ်နိုင်တဲ့ လမ်းကြောင်းတွေ အားလုံး ကို ကျနော်တို့ နဲ့ မိတ်ဘက်တွေ က လိုက်ကြမှာ ဖြစ်ပါတယ်လို့ အမေရိကန် ရှေ့နေချုပ် Merrick Garland က သတင်းထောက်တွေ ကို ပြောပါတယ်။ အမေရိကန် သတင်းစာဆရာတွေ ကို သတ်ဖြတ်၊ ဒဏ်ရာရရှိစေခဲ့တဲ့ အမှုတွေ အပါအဝင်၊ အမေရိကန် ပြည်ထောင်စု တရားရုံးတွေ က ဆုံးဖြတ်နိုင်တဲ့ နယ်ပယ်ထဲ က စစ်ရာဇဝတ်မှုတွေကိုလည်း ဒီ အဖွဲ့ က စုံစမ်းစစ်ဆေးမှာ ဖြစ်ပါတယ်။

ဒီ အချိန်မှာပဲ ရုရှား စစ်တပ် ယူကရိန်း ကို ကျူးကျော်ဝင်ရောက်ခါစ က ယူကရိန်း စစ်သား တစ်ယောက် နဲ့ အတူပါသွားတဲ့ ဓာတ်ပုံ သတင်းထောက် ကို ရုရှား စစ်သားတွေ က သွေးအေးအေး နဲ့ သတ်ခဲ့တယ်လို့ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ က ပြောလိုက်ပါတယ်။

ယူကရိန်း အရှေ့ဘက် Luhansk ဒေသဟာ တကယ့် ကို အခက်ခဲဆုံး ဒေသ ဖြစ်နေတယ်လို့ ယူကရိန်း သမ္မတ Volodymyr Zelenskyy က သူ့ ရဲ့ ညစဉ် ဗွီဒီယို စကား မှာ မနေ့ က ပြောကြားသွားခဲ့ပါတယ်။ “ဒီကနေ့ လောင်ကျွမ်းနိုင်တဲ့ အရာတိုင်း လောင်ကျွမ်းနေကြတယ်လို့ အရှေ့ပိုင်း Luhansk ဒေသ အုပ်ချုပ်ရေးမှူး Serhiy Haidai က ဆိုပါတယ်။ ရုရှားတပ်တွေ က တစ်နာရီ ကြာ ဆက်တိုက် ပစ်နေတာ မရပ်သေးဘူး လို့ သူ က ဆိုပါတယ်။ ရုရှားတပ်တွေ က Luhansk ဒေသ ၉၅ % ကို သိမ်းပိုက်ထားပေမဲ့၊ Sievierodonetsk မြို့ က Azot ဓာတု ပစ္စည်း စက်ရုံ ကတော့ ယူကရိန်း ရဲ့ လက်ထဲမှာ ရှိနေပြီး၊ စစ်သားတွေ နဲ့ အရပ်သား ၅၀၀ လောက် ပုန်းခိုနေကြပါတယ်။

================

XS
SM
MD
LG