သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ ဝန္ႀကီးအဖြဲ႔ ျပင္ဆင္ဖြဲ႔စည္း 


ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

စစ္ေကာင္စီက ဝန္ႀကီးအဖြဲ႔ကို ျပင္ဆင္ဖြဲ႔စည္းေၾကာင္း ဒီကေန႔ ေၾကညာခ်က္ထုတ္ျပန္ပါတယ္။ ျပင္ဆင္ဖြဲ႔စည္းလိုက္တဲ့ ဝန္ႀကီးအဖြဲ႔မွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းတို႔ အရင္အတုိင္း ဝန္ႀကီးခ်ဳပ္နဲ႔ ဒုတိယဝန္ႀကီးခ်ဳပ္ ရာထူးအသီးသီးကို ဆက္ယူထားပါတယ္။

အခုအသစ္ေျပာင္းလဲလိုက္တဲ့ ဝန္ႀကီးအဖြဲ႔မွာ ထိပ္ပိုင္းေခါင္းေဆာင္တခ်ဳိ႕က အရင္အတိုင္းရွိေနၿပီး ဝန္ႀကီးဌာန ၂ ခု တြဲကိုင္ခဲ့တဲ့ဝန္ႀကီးတခ်ဳိ႕ကို ဌာနတခုတည္း ေျပာင္းလဲ တာဝန္ေပးအပ္တာေတြ ပါဝင္ပါတယ္။

အရင္ စီမံကိန္း၊ ဘ႑ာေရးနဲ႔ စက္မႈဝန္ႀကီး ဦးဝင္းရွိန္ကို စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးအျဖစ္ ေျပာင္းလဲ တာဝန္ေပးတာ၊ အရင္ ရင္းႏွီးျမွဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီး ဦးေအာင္ႏိုင္ဦးကို စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးအျဖစ္ ေျပာင္းလဲ တာဝန္ေပးအပ္ၿပီး သူ႔ေနရာမွာ ေဒါက္တာ ကံေဇာ္ကို ရင္းႏွီးျမွဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခားစီးပြားဆက္ သြယ္ေရးဝန္ႀကီးအျဖစ္ အစားထိုး ခန္႔အပ္တာ၊ ဦးခင္ရီတာဝန္ယူခဲ့တဲ့ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးေနရာအတြက္ အရင္ အလုပ္သမားဝန္ႀကီး ဦးျမင့္ႀကိဳင္နဲ႔ အစားထိုး ခန္႔အပ္လိုက္ပါတယ္။

အရင္ ဗိုလ္ခ်ဳပ္ေဟာင္းတဦးျဖစ္တဲ့ ဦးခင္ရီ၊ အစိုးရအဖြဲ႔႐ုံးဝန္ႀကီးဌာန (၂) က ဝန္ႀကီး ဦးခ်စ္ႏိုင္တို႔ဝန္ႀကီး ၂ ဦးအပါအဝင္ ဗဟိုဘဏ္ဥကၠ႒ ဦးသန္းၿငိမ္း၊ ဒုတိယဥကၠ႒ ဦးဝင္းေသာ္တို႔ကို တာဝန္မွအနားယူခြင့္ျပဳလိုက္ေၾကာင္းလည္း စစ္ေကာင္စီက ဒီကေန႔ ေၾကညာခ်က္ထုတ္ျပန္ပါတယ္။ အရင္ ဗဟိုဘဏ္ဒုဥကၠ႒ ေဒၚသန္းသန္းေဆြကို ဗဟိုဘဏ္ဥကၠ႒အျဖစ္ ရာထူးတိုးျမွင့္ခန္႔ထားလိုက္ပါတယ္။

ဒီကေန႔ထုတ္ျပန္တဲ့ ဝန္ႀကီးအဖြဲ႔အသစ္မွာ ဝန္ႀကီးေနရာ ၄ ရာအတြက္ ေျပာင္းလဲ တာဝန္ေပးအပ္မႈေတြ ျပဳလုပ္ခဲ့တာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ ပဲခူးနဲ႔ ဧရာဝတီတိုင္း၊ မြန္နဲ႔ရွမ္းျပည္နယ္ စတဲ့ ျပည္နယ္နဲ႔တိုင္း ေဒသႀကီး ၄ ခုရဲ႕ လုံၿခံဳေရးနဲ႔ နယ္စပ္ေရးရာ ဝန္ႀကီးေတြ၊ ဒုတိယဝန္ႀကီးတခ်ဳိ႕၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ ခ်င္းျပည္နယ္ဝန္ႀကီးခ်ဳပ္၊ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးအဖြဲ႔ဥကၠ႒၊ ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္ စတဲ့ ရာထူးေတြမွာလည္း ေျပာင္းလဲ တာဝန္ေပးမႈေတြ ျပဳလုပ္ထားတာကို ေတြ႕ရပါတယ္။

စစ္ေကာင္စီ ဝန္ႀကီးအဖြဲ႔ ျပင္ဆင္ဖြဲ႔စည္း.mp3
please wait

No media source currently available

0:00 0:01:39 0:00
တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

စစ်ကောင်စီ ဝန်ကြီးအဖွဲ့ ပြင်ဆင်ဖွဲ့စည်း

စစ်ကောင်စီက ဝန်ကြီးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်း ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ဝန်ကြီးအဖွဲ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ အရင်အတိုင်း ဝန်ကြီးချုပ်နဲ့ ဒုတိယဝန်ကြီးချုပ် ရာထူးအသီးသီးကို ဆက်ယူထားပါတယ်။

အခုအသစ်ပြောင်းလဲလိုက်တဲ့ ဝန်ကြီးအဖွဲ့မှာ ထိပ်ပိုင်းခေါင်းဆောင်တချို့က အရင်အတိုင်းရှိနေပြီး ဝန်ကြီးဌာန ၂ ခု တွဲကိုင်ခဲ့တဲ့ဝန်ကြီးတချို့ကို ဌာနတခုတည်း ပြောင်းလဲ တာဝန်ပေးအပ်တာတွေ ပါဝင်ပါတယ်။

အရင် စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီး ဦးဝင်းရှိန်ကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးတာ၊ အရင် ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ပြီး သူ့နေရာမှာ ဒေါက်တာ ကံဇော်ကို ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးအဖြစ် အစားထိုး ခန့်အပ်တာ၊ ဦးခင်ရီတာဝန်ယူခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးနေရာအတွက် အရင် အလုပ်သမားဝန်ကြီး ဦးမြင့်ကြိုင်နဲ့ အစားထိုး ခန့်အပ်လိုက်ပါတယ်။

အရင် ဗိုလ်ချုပ်ဟောင်းတဦးဖြစ်တဲ့ ဦးခင်ရီ၊ အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) က ဝန်ကြီး ဦးချစ်နိုင်တို့ဝန်ကြီး ၂ ဦးအပါအဝင် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းငြိမ်း၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်တို့ကို တာဝန်မှအနားယူခွင့်ပြုလိုက်ကြောင်းလည်း စစ်ကောင်စီက ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။ အရင် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ရာထူးတိုးမြှင့်ခန့်ထားလိုက်ပါတယ်။

ဒီကနေ့ထုတ်ပြန်တဲ့ ဝန်ကြီးအဖွဲ့အသစ်မှာ ဝန်ကြီးနေရာ ၄ ရာအတွက် ပြောင်းလဲ တာဝန်ပေးအပ်မှုတွေ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် ပဲခူးနဲ့ ဧရာဝတီတိုင်း၊ မွန်နဲ့ရှမ်းပြည်နယ် စတဲ့ ပြည်နယ်နဲ့တိုင်း ဒေသကြီး ၄ ခုရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတချို့၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် စတဲ့ ရာထူးတွေမှာလည်း ပြောင်းလဲ တာဝန်ပေးမှုတွေ ပြုလုပ်ထားတာကို တွေ့ရပါတယ်။

XS
SM
MD
LG