သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အကူအညီေပးေရးကိစၥ ပူးေပါင္းဖို႔ စစ္ေကာင္စီပ်က္ကြက္ (မေလးရွားဝန္ႀကီး)


မေလးရွားႏိုင္ငံျခားေရး၀န္ႀကီး Saifuddin Abdullah 

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံကို လူသားခ်င္း စာနာေထာက္ထားေရး အကူအညီေပးဖို႔ ေပါင္းစပ္ညႇိႏႈိင္းေရးအတြက္ စစ္ေကာင္စီက လိုအပ္တဲ့ ပူးေပါင္းေဆာင္႐ြက္တာ မရွိဘူး လို႔ မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာလိုက္ပါတယ္။

သဘာဝေဘးအႏၲရာယ္ ကူညီေရးနဲ႔ကယ္ဆယ္ေရးအဖြဲ႕ ဌာနခ်ဳပ္မွာ က်င္းပတဲ့ ၅၅ ႀကိမ္‌ေျမာက္ အာဆီယံေန႔ အခမ္းအနားအၿပီး သတင္းစာဆရာေတြနဲ႔ ေတြ႕ဆုံရာမွာ ႏိုင္ငံျခားေရးဝန္ႀကီး Datuk Seri Saifuddin Abdullah က ခုလို ေျပာလိုက္တာ ျဖစ္တယ္လို႔ မေလးရွားႏိုင္ငံအေျခစိုက္ မေလးေမးလ္ သတင္းစာက တင္ျပထားပါတယ္။

ေမလ ၆ ရက္ေန႔ အစည္းအေဝးအၿပီး လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးဖို႔ ျမန္မာအလုပ္အဖြဲ႕ကို ဖြဲ႕စည္းရာမွာ ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႕နဲ႔ အာဆီယံႏိုင္ငံေတြက အရပ္ဘက္အဖြဲ႕အစည္းေတြ ပါဝင္ၾကဖို႔ ခ်မွတ္ခဲ့ေပမယ့္ လိုအပ္တဲ့ ပူးေပါင္းေဆာင္႐ြက္ေရး မရရွိခဲ့တာလည္း ပါဝင္တယ္လို႔ မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီးက ဆိုပါတယ္။

Mercy Malaysia အဖြဲ႕ဟာ ရခိုင္မွာလည္း အကူအညီေပး ေဆာင္႐ြက္ေနတဲ့အတိုင္းကို လူသားခ်င္းစာနာေထာက္ထားေရး အကူအညီေပးရာမွာ အဲဒီ အဖြဲ႕ပါဝင္ဖို႔ မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာသြားပါတယ္။

“ ႏိုင္ငံတကာအဖြဲ႕အစည္းေတြက အဓိပၸါယ္ရွိရွိအလုပ္အဖြဲ႕မွာ ပိုၿပီးပါဝင္ဖို႔ လိုလားပါတယ္” လို႔ မစၥတာ Saifuddin Abdullah က ဆိုပါတယ္။ အကူအညီေပးရာမွာ မ်က္ႏွာလိုက္မွာ ခြဲျခားဆက္ဆံမွာေတြကို ပူပန္ေၾကာင္းလည္း သူက ေျပာပါတယ္။ ရန္ပုံေငြမရွိတာနဲ႔ ပဋိပကၡဒဏ္ကို ခံၾကရသူေတြ တကယ့္လိုအပ္ခ်က္အတိုင္း အကူအညီေတြ ေပးႏိုင္ေရးတို႔ဟာ စိန္ေခၚခ်က္ေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။ ေ

ေဒသႏၲရအရင္းအျမစ္ကေန တိက်တဲ့သတင္းအခ်က္အလက္ေတြ ရရွိေရး၊ ေဘးဒဏ္ခံ ျပည္သူေတြရဲ႕အသံကို နားေထာင္ေရးနဲ႔ တာဝန္ခံမႈ၊ ပြင္းလင္းျမင္သာမႈနဲ႔ အကဲျဖတ္ၾကည့္ရႈႏိုင္ေရးအတြက္ မူေဘာင္ခ်မွတ္ေရးတို႔ဟာ တိုးတက္ေအာင္ လုပ္ရမယ့္ နယ္ပယ္ေတြ ျဖစ္ေၾကာင္းလည္း မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီးက ေထာက္ျပသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

အကူအညီပေးရေးကိစ္စ ပူးပေါင်းဖို့ စစ်ကောင်စီပျက်ကွက် (မလေးရှားဝန်ကြီး)

မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားရေး အကူအညီပေးဖို့ ပေါင်းစပ်ညှိနှိုင်းရေးအတွက် စစ်ကောင်စီက လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်တာ မရှိဘူး လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

သဘာဝဘေးအန္တရာယ် ကူညီရေးနဲ့ကယ်ဆယ်ရေးအဖွဲ့ ဌာနချုပ်မှာ ကျင်းပတဲ့ ၅၅ ကြိမ်‌မြောက် အာဆီယံနေ့ အခမ်းအနားအပြီး သတင်းစာဆရာတွေနဲ့ တွေ့ဆုံရာမှာ နိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah က ခုလို ပြောလိုက်တာ ဖြစ်တယ်လို့ မလေးရှားနိုင်ငံအခြေစိုက် မလေးမေးလ် သတင်းစာက တင်ပြထားပါတယ်။

မေလ ၆ ရက်နေ့ အစည်းအဝေးအပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးဖို့ မြန်မာအလုပ်အဖွဲ့ကို ဖွဲ့စည်းရာမှာ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နဲ့ အာဆီယံနိုင်ငံတွေက အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်ကြဖို့ ချမှတ်ခဲ့ပေမယ့် လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်ရေး မရရှိခဲ့တာလည်း ပါဝင်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

Mercy Malaysia အဖွဲ့ဟာ ရခိုင်မှာလည်း အကူအညီပေး ဆောင်ရွက်နေတဲ့အတိုင်းကို လူသားချင်းစာနာထောက်ထားရေး အကူအညီပေးရာမှာ အဲဒီ အဖွဲ့ပါဝင်ဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။

“နိုင်ငံတကာအဖွဲ့အစည်းတွေက အဓိပ္ပါယ်ရှိရှိအလုပ်အဖွဲ့မှာ ပိုပြီးပါဝင်ဖို့ လိုလားပါတယ်” လို့ မစ္စတာ Saifuddin Abdullah က ဆိုပါတယ်။ အကူအညီပေးရာမှာ မျက်နှာလိုက်မှာ ခွဲခြားဆက်ဆံမှာတွေကို ပူပန်ကြောင်းလည်း သူက ပြောပါတယ်။ ရန်ပုံငွေမရှိတာနဲ့ ပဋိပက္ခဒဏ်ကို ခံကြရသူတွေ တကယ့်လိုအပ်ချက်အတိုင်း အကူအညီတွေ ပေးနိုင်ရေးတို့ဟာ စိန်ခေါ်ချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ေ

ဒေသန္တရအရင်းအမြစ်ကနေ တိကျတဲ့သတင်းအချက်အလက်တွေ ရရှိရေး၊ ဘေးဒဏ်ခံ ပြည်သူတွေရဲ့အသံကို နားထောင်ရေးနဲ့ တာဝန်ခံမှု၊ ပွင်းလင်းမြင်သာမှုနဲ့ အကဲဖြတ်ကြည့်ရှုနိုင်ရေးအတွက် မူဘောင်ချမှတ်ရေးတို့ဟာ တိုးတက်အောင် လုပ်ရမယ့် နယ်ပယ်တွေ ဖြစ်ကြောင်းလည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ထောက်ပြသွားပါတယ်။

XS
SM
MD
LG