သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရနံနဲ႔ သဘာဝဓါတ္ေငြ႕ အက်ဳိးအျမတ္ စစ္ေကာင္စီအတြက္ အဓိကက် (EarthRights International)


ရခုိင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕ ေရနံနဲ႔သဘာဝဓာတ္ေငြ႔လုပ္ကြက္ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီး အၾကမ္းဖက္ၿဖိဳခြဲမႈေတြ လုပ္ေဆာင္လာတာ တႏွစ္ခြဲေက်ာ္ ၾကာလာတဲ့အခ်ိန္ထိ ေရနံနဲ႔ သဘာဝဓါတ္ေငြ႕ကရတဲ့ အျမတ္အစြန္းေတြ စစ္တပ္က ရေနတုန္းပဲလို႔ အတိုက္အခံ အင္အားစုေတြနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေျပာပါတယ္။

အေမရိကန္ လႊတ္ေတာ္အမတ္ေတြကပါ အလားတူ ေတာင္းဆိုမႈေတြ တျဖည္းျဖည္း မ်ားလာေနတာေၾကာင့္ စစ္ေကာင္စီက လက္နက္ေတြဝယ္ေနတဲ့ အေမရိကန္ေဒၚလာေတြ ထပ္မရႏိုင္ေရး အတိုက္အခံအင္အားစုေတြနဲ႔ တက္ႂကြလႈပ္ရွားသူေတြက အေမရိကန္အစိုးရထံ ေတာင္းဆိုမႈေတြ အရွိန္ျမွင့္ လုပ္ေဆာင္လာေနၾကပါတယ္။

အဲဒီ ေဒၚလာေငြေတြဟာ စစ္ေကာင္စီအတြက္ မရွိမျဖစ္လိုအပ္ေၾကာင္း၊ ျမန္မာျပည္သူေတြကို ထိုးစစ္ဆင္တိုက္ခိုက္ႏိုင္ဖို႔ လိုအပ္တဲ့ စစ္လက္နက္နဲ႔ ေလယာဥ္ ေလာင္စာဆီေတြ ဝယ္ႏိုင္ေရး အေမရိကန္ေဒၚလာ၊ ဒါမွမဟုတ္ ႏိုင္ငံျခားေငြတမ်ဳိးမ်ဳိး စစ္ေကာင္စီအေနနဲ႔လိုအပ္တယ္လို႔ အေမရိကန္အေျခစိုက္ EarthRights International အဖြဲ႔က ျမန္မာႏိုင္ငံဆိုင္ရာ မူဝါဒနဲ႔ ဥပေဒအၾကံေပး Ben Hardman က ေျပာပါတယ္။

ေရနံနဲ႔ သဘာဝဓါတ္ေငြ႔ကရတဲ့ဝင္ေငြဟာ အစိုးရဝင္ေငြအားလုံးရဲ႕ ၁၀% ရွိၿပီး ႏိုင္ငံျခားဝင္ေငြရရွိမႈစုစုေပါင္းရဲ႕ ၅၀% ရွိတယ္လို႔ Ben Hardman က ေျပာပါတယ္။ ကမၻာတဝန္း ေလာင္စာဆီေစ်းေတြ အဆမတန္ ျမင့္တက္ေနတာနဲ႔ ျပည္တြင္းစီးပြား ၿပိဳက် ပ်က္စီးလာေနတာနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ စစ္ေကာင္စီဟာ အဲဒီ ႏိုင္ငံျခားေငြကို အခုခ်ိန္မွာ အရင္ကထက္ ပိုၿပီး လိုအပ္လာေနတယ္လို႔ Ben Hardman က ေထာက္ျပပါတယ္။

ကမၻာဘဏ္နဲ႔ ေနာ္ေဝးႏိုင္ငံတကာအကူအညီေပးေရး ေအဂ်င္စီ Norad တို႔က အစိုးရကထုတ္ျပန္တဲ့ စာရင္းဇယားေတြအေပၚ အေျခခံၿပီး စစ္အာဏာမသိမ္းခင္မွာ ထုတ္ျပန္တဲ့ အခ်က္အလက္ေတြအရ ဒီ ေရနံနဲ႔ သဘာဝဓါတ္ေငြ႕ကရတဲ့ဝင္ေငြဟာ ၁.၅ ဘီလီယံရွိတယ္လို႔ ဆိုပါတယ္။ အဲဒီေငြ အမ်ားစုဟာ အခု စစ္တပ္ကထိန္းခ်ဳပ္ထားတဲ့ ျမန္မာ့ေရနံနဲ႔ သဘာဝဓါတ္ေငြ႔လုပ္ငန္း MOGE ထံ ေရာက္သြားတယ္လို႔ ဆိုပါတယ္။

ရာနဲ႔ခ်ီတဲ့ ျမန္မာ့အေရး တက္ႂကြလႈပ္ရွားတဲ့ အဖြဲ႔အစည္းေတြက သမၼတ Joe Biden အေနနဲ႔ MOGE ကို ဒဏ္ခတ္ အေရးယူမႈေတြလုပ္ေဆာင္ဖို႔ အိတ္ဖြင့္ေပးစာ ေပးပို႔ခဲ့ၾကၿပီး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ရေနံနဲ့ သဘာဝဓါတ်ငွေ့ အကျိုးအမြတ် စစ်ကောင်စီအတွက် အဓိကကျ (EarthRights International)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး အကြမ်းဖက်ဖြိုခွဲမှုတွေ လုပ်ဆောင်လာတာ တနှစ်ခွဲကျော် ကြာလာတဲ့အချိန်ထိ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကရတဲ့ အမြတ်အစွန်းတွေ စစ်တပ်က ရနေတုန်းပဲလို့ အတိုက်အခံ အင်အားစုတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အမေရိကန် လွှတ်တော်အမတ်တွေကပါ အလားတူ တောင်းဆိုမှုတွေ တဖြည်းဖြည်း များလာနေတာကြောင့် စစ်ကောင်စီက လက်နက်တွေဝယ်နေတဲ့ အမေရိကန်ဒေါ်လာတွေ ထပ်မရနိုင်ရေး အတိုက်အခံအင်အားစုတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက အမေရိကန်အစိုးရထံ တောင်းဆိုမှုတွေ အရှိန်မြှင့် လုပ်ဆောင်လာနေကြပါတယ်။

အဲဒီ ဒေါ်လာငွေတွေဟာ စစ်ကောင်စီအတွက် မရှိမဖြစ်လိုအပ်ကြောင်း၊ မြန်မာပြည်သူတွေကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့ လိုအပ်တဲ့ စစ်လက်နက်နဲ့ လေယာဉ် လောင်စာဆီတွေ ဝယ်နိုင်ရေး အမေရိကန်ဒေါ်လာ၊ ဒါမှမဟုတ် နိုင်ငံခြားငွေတမျိုးမျိုး စစ်ကောင်စီအနေနဲ့လိုအပ်တယ်လို့ အမေရိကန်အခြေစိုက် EarthRights International အဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနဲ့ ဥပဒေအကြံပေး Ben Hardman က ပြောပါတယ်။

ရေနံနဲ့ သဘာဝဓါတ်ငွေ့ကရတဲ့ဝင်ငွေဟာ အစိုးရဝင်ငွေအားလုံးရဲ့ ၁၀% ရှိပြီး နိုင်ငံခြားဝင်ငွေရရှိမှုစုစုပေါင်းရဲ့ ၅၀% ရှိတယ်လို့ Ben Hardman က ပြောပါတယ်။ ကမ္ဘာတဝန်း လောင်စာဆီဈေးတွေ အဆမတန် မြင့်တက်နေတာနဲ့ ပြည်တွင်းစီးပွား ပြိုကျ ပျက်စီးလာနေတာနဲ့ ရင်ဆိုင်နေရတာကြောင့် စစ်ကောင်စီဟာ အဲဒီ နိုင်ငံခြားငွေကို အခုချိန်မှာ အရင်ကထက် ပိုပြီး လိုအပ်လာနေတယ်လို့ Ben Hardman က ထောက်ပြပါတယ်။

ကမ္ဘာဘဏ်နဲ့ နော်ဝေးနိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ Norad တို့က အစိုးရကထုတ်ပြန်တဲ့ စာရင်းဇယားတွေအပေါ် အခြေခံပြီး စစ်အာဏာမသိမ်းခင်မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ဒီ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကရတဲ့ဝင်ငွေဟာ ၁.၅ ဘီလီယံရှိတယ်လို့ ဆိုပါတယ်။ အဲဒီငွေ အများစုဟာ အခု စစ်တပ်ကထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE ထံ ရောက်သွားတယ်လို့ ဆိုပါတယ်။

ရာနဲ့ချီတဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက သမ္မတ Joe Biden အနေနဲ့ MOGE ကို ဒဏ်ခတ် အရေးယူမှုတွေလုပ်ဆောင်ဖို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြပြီး ဖြစ်ပါတယ်။

XS
SM
MD
LG