သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မိုးေရထဲဒုကၡေရာက္ေနၾကတဲ့ ကယားနဲ႔စစ္ကိုင္းက ဒုကၡသည္မ်ား


ကယားေဒသ စစ္ေဘးေရွာင္ျပည္သူမ်ား(ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ရွမ္းျပည္နယ္နဲ႔ကယားျပည္နယ္ နယ္စပ္ေဒသေတြဘက္မွာ ျဖစ္ပြားေနတဲ့ တိုက္ပြဲေၾကာင့္ ေဘးလြတ္ရာ ခိုလႈံေနၾကရတဲ့ စစ္ေဘးဒုကၡသည္ေတြဟာ ေနရာထိုင္ ခင္း၊ အမိုးအကာမလံုေလာက္တဲ့ အခက္အခဲေတြနဲ႔ စားေရးေသာက္ေရးအခက္အခဲေတြ ဆက္ၿပီးၾကံဳေနၾကရပါတယ္။ စစ္ကိုင္းတိုင္းထဲက စစ္ေျပးဒုကၡသည္တခ်ဳိ႕ဟာလည္း ေသြးလြန္တုပ္ေကြးေရာဂါေတြျဖစ္ေနၾကပါတယ္။ ခုလိုစစ္ေၾကာင့္ ဒုကၡေရာက္ေနၾကတဲ့ ဒုကၡသည္ေတြအေၾကာင္း ရန္ကုန္က ေပးပို႔တဲ့သတင္းကို အလိမၼာက တင္ျပေပးထားပါတယ္။

ရွမ္းျပည္နယ္နဲ႔ကယားျပည္နယ္ နယ္စပ္ေဒသေတြမွာျဖစ္ပြားတဲ့တိုက္ပြဲေတြေၾကာင့္ ခုခ်ိန္ထိ လနဲ႔ခ်ီ ေတာေတာင္ထဲမွာ ပုန္းခိုတိမ္းေရွာင္ေနၾကရတဲ့ စစ္ေဘးဒုကၡသည္ေတြဟာ အခက္အခဲစံုကို ဆက္လက္ၾကံဳေနၾကရပါတယ္။ အထူးသျဖင့္ မိုးေတြရြာသြန္းေနခ်ိန္မွာ ေနရာထိုင္ခင္း အမိုးအကာလံုေလာက္မႈ မရွိတဲ့ အခက္အခဲကို အဓိကၾကံဳၾကရတယ္လို႔ မိုးၿဗဲၿမိဳ႕ဘက္က ဒုကၡသည္ေတြကို ကူညီေနသူတေယာက္က ေျပာျပပါတယ္။

“အခုရက္ပိုင္းအတြင္းမွာ မိုးေကာင္းေနေတာ့ ဒီဘက္ေဒသခါက်ေတာ့ ေတာင္ေပၚေဒသက ေရႀကီးေရလွ်ံေတာ့ မျဖစ္ဘူးေပါ့ေနာ္။ မိုးမလံုတာေတြ အဲ့လိုမ်ဳိးေပါ့ေနာ္။ မိုးရြာရင္ေတာ့ ေတာ္ေတာ္ေလးကို သူတို႔ က အဆင္မေျပ၊ လိုအပ္တာေတာ့ ဒီအမိုးအကာေတြေပါ့။ တခ်ဳိ႕ဆို အမိုးအကာမလံုေလာက္ေတာေတြ ရွိတယ္။ ၂ မိသားစု ၃ မိသားစု မိုးကာတဲငယ္တလံုးနဲ႔ပဲ အတူေနေနရတာေတြ ရွိတယ္။ အစားအေသာက္ ပိုင္းခါက်ေတာ့ ဒီအလွဴကေနရတဲ့ဟာပဲ ျပန္ေဝေပးေနရတယ္ေပါ့၊ လံုေလာက္မႈခါက်ေတာ့လည္း မရွိႏိုင္ဘူး။”

တိုက္ပြဲျဖစ္တဲ့ေဒသေတြမွာ စစ္ေကာင္စီတပ္ေတြက ေက်းရြာေတြနား တပ္စြဲထားတာ၊ ရြာေတြဘက္ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတာေတြေၾကာင့္ စစ္ေျပးဒုကၡသည္အမ်ားစု အခ်ိန္ထိ ေနရပ္မျပန္ႏိုင္ၾကေသးပါဘူး။ ေဘးလြတ္ရာ ပုန္းခိုေနၾကရတာ တႏွစ္ေက်ာ္ ရွိေနၿပီျဖစ္တဲ့ ဒုကၡသည္ေတြဟာ စာေရးေသာက္ေရး ခက္ခဲေနၾကသလို က်န္းမာေရးဆိုင္ရာ ထိခိုက္မႈေတြလည္း ရွိေနၾကပါတယ္။ မိုးကာတဲထဲ မိုးမလံုလို႔ အိပ္ယာခင္းေတြ ထင္းေတြ မိုးစိုေနၿပီး ခ်က္ေရး ျပဳတ္ေရးလည္း အခက္ေတြ႕ေနတယ္လို႔ ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲက စစ္ေဘးဒုကၡသည္တေယာက္ ေျပာပါတယ္။

“မိုးရြာလို႔ရွိရင္ေတာ့ တခုကအဆင္ေျပတယ္၊ တခ်ဳိ႕ကက်ေတာ့ ေရရသြားတာ တခုေပါ့။ ဒါေပမယ့္ အခက္အခဲကေတာ့ ဘာလဲ ထင္း၊ မိုးမလံုလို႔ရွိရင္ေတာ့ အိပ္ခင္းယာေတာ့ စိုကုန္မွာပဲေပါ့၊ မိုးစိုေတာ့ ဘယ္လိုမွအိပ္လို႔ရမွာမဟုတ္ဘူး။ ရြာမွာ ျပန္ေနဖို႔က ကိုယ္က လံုးဝမေျပဘူးေလးေနာ္၊ အျမဲတမ္းေရွာင္ေနရ၊ ေရွာင္ေနရတာလည္း ေတာ္ေတာ္လည္း ၾကာေနၿပီ။ ဘယ္သူမဆိုေတာ့ အိမ္ျပန္ခ်င္ၾကမွာပဲေလေနာ္။”

ခုလိုကယားျပည္နယ္ဘက္က စစ္ေျပးဒုကၡသည္ေတြ ေနေရး စားေရး ခက္ခဲေနၾကသလိုု စစ္ကိုင္းတိုင္း ဝက္လက္ၿမိဳ႕နယ္ထဲက စစ္ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကရသူေတြမွာလည္း အလားတူ အခက္အခဲေတြ ၾကံဳေနၾကရတာကို ဒုကၡသည္တေယာက္က ခုလိုေျပာပါတယ္။

"အေျခအေနကေတာ့ ျပည္သူေတြ ဒုကၡေရာက္တာကေတာ့ အႀကီးအက်ယ္ပဲ။ မိုး႐ြာထဲေတြမွာ လွည့္ပတ္ ၿပီးေတာ့ မိုးကာတဲေလးေတြနဲ႔ ေျပးရေရွာင္ရနဲ႔။ ေတာ္ေတာ္ ဆိုးဆိုးဝါးဝါးကို ဒုကၡေရာက္ေနၾကရတာပဲ။ စားေရးေသာက္တာကေတာ့ အေတာ့္ကို ျပတ္လပ္ေနတာ၊ ေဆးဝါးဆို ေဝးေပါ့။ စားေရး ေသာက္ေရးက အေတာ့္ကို ဒုကၡေရာက္ၿပီး အခက္အခဲေတြ ေရာက္ေနၾကရတာ။ စားေရးေသာက္ေရးက သူတို႔က ႐ြာေတြအကုန္မီးရႈိ႕သြား၊ ေဘး႐ြာေတြ အကုန္ပတ္ေမႊေနေတာ့က် ေတာထဲမွာ ခ်က္စားစရာ ဆန္မရွိေလာက္ေအာင္ကို ငတ္ျပတ္တဲ့ ဘဝေရာက္ေနၾကၿပီ။"

ကန္႔ဘလူၿမိဳ႕နယ္ ကိုးေထာင္ဘို တိုက္နယ္ထဲက ေက်း႐ြာေတြဘကမွာလည္း စစ္တပ္ေတြ စစ္ေရးလႈပ္ ရွားေနတာေၾကာင့္ ေဒသခံေတြ ထြက္ေျပးေနၾကရတာ လအေတာ္ၾကာ ရွိေနပါၿပီ။ အခုခ်ိန္ထိလည္း ႐ြာေတြထဲကို ျပန္မဝင္ႏိုင္ၾကေသးဘဲ စစ္ေဘးေရွာင္ေနၾကရဆဲျဖစ္ပါတယ္။

အခုလိုမိုးရာသီမွာ ေသြးလြန္တုပ္ေကြးေရာဂါနဲ႔ ဖ်ားနာေနၾကသူေတြ အေတာ္မ်ားေပမယ့္ ကုသႏိုင္ဖို႔ ေဆးဝါးမရွိျဖစ္ေနတယ္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

"အဓိက လိုတာကေတာ့ ေဆးဝါးပါ။ ေဆးဝါးက ဒီဘက္မွာကလည္း ဝယ္လို႔လည္း မရတာဆိုေတာ့ အဲ့ဒီေဆးဝါးက အခက္အခဲျဖစ္ေနတာ။ က်န္းမာေရးအေျခအေနေတြကလည္း အခု ေတာ္ေတာ္ေလး ဒီမွာက ေသြးလြန္တုပ္ေကြးျဖစ္တဲ့သူေတြနဲ႔ အခုက အကုန္လုံးပဲ ျပည္သူေတြေရာ ေတာ္ေတာ္ေလးကို ဖ်ားနာေနၾကတာပဲ။ ေဆးဝါးကေတာ့ ဒီဘက္မွာ အခုခ်ိန္မွာ အေထာက္အကူ မရေသးဘူးဗ်။"

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းယူၿပီးေနာက္ပိုင္း ျဖစ္ေပၚလာတဲ့ပဋိပကၡနဲ႔ မလံုၿခံဳမႈေတြေၾကာင့္ အိုးအိမ္စြန္႔ခြာထြက္ေျပးရသူ ၉ သိန္းေက်ာ ္ရွိေနတယ္လို႔ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ညိွႏိႈင္းေရး႐ုံး (UN OCHA) ရဲ႕ ေနာက္ဆံုးထုတ္ျပန္ထားတဲ့စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

မိုးရေထဲဒုက္ခရောက်နေကြတဲ့ ကယားနဲ့စစ်ကိုင်းက ဒုက္ခသည်များ

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်ဒေသတွေဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ဘေးလွတ်ရာ ခိုလှုံနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ နေရာထိုင် ခင်း၊ အမိုးအကာမလုံလောက်တဲ့ အခက်အခဲတွေနဲ့ စားရေးသောက်ရေးအခက်အခဲတွေ ဆက်ပြီးကြုံနေကြရပါတယ်။ စစ်ကိုင်းတိုင်းထဲက စစ်ပြေးဒုက္ခသည်တချို့ဟာလည်း သွေးလွန်တုပ်ကွေးရောဂါတွေဖြစ်နေကြပါတယ်။ ခုလိုစစ်ကြောင့် ဒုက္ခရောက်နေကြတဲ့ ဒုက္ခသည်တွေအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်နဲ့ကယားပြည်နယ် နယ်စပ်ဒေသတွေမှာဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ခုချိန်ထိ လနဲ့ချီ တောတောင်ထဲမှာ ပုန်းခိုတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ အခက်အခဲစုံကို ဆက်လက်ကြုံနေကြရပါတယ်။ အထူးသဖြင့် မိုးတွေရွာသွန်းနေချိန်မှာ နေရာထိုင်ခင်း အမိုးအကာလုံလောက်မှု မရှိတဲ့ အခက်အခဲကို အဓိကကြုံကြရတယ်လို့ မိုးဗြဲမြို့ဘက်က ဒုက္ခသည်တွေကို ကူညီနေသူတယောက်က ပြောပြပါတယ်။

“အခုရက်ပိုင်းအတွင်းမှာ မိုးကောင်းနေတော့ ဒီဘက်ဒေသခါကျတော့ တောင်ပေါ်ဒေသက ရေကြီးရေလျှံတော့ မဖြစ်ဘူးပေါ့နော်။ မိုးမလုံတာတွေ အဲ့လိုမျိုးပေါ့နော်။ မိုးရွာရင်တော့ တော်တော်လေးကို သူတို့ က အဆင်မပြေ၊ လိုအပ်တာတော့ ဒီအမိုးအကာတွေပေါ့။ တချို့ဆို အမိုးအကာမလုံလောက်တောတွေ ရှိတယ်။ ၂ မိသားစု ၃ မိသားစု မိုးကာတဲငယ်တလုံးနဲ့ပဲ အတူနေနေရတာတွေ ရှိတယ်။ အစားအသောက် ပိုင်းခါကျတော့ ဒီအလှူကနေရတဲ့ဟာပဲ ပြန်ဝေပေးနေရတယ်ပေါ့၊ လုံလောက်မှုခါကျတော့လည်း မရှိနိုင်ဘူး။”

တိုက်ပွဲဖြစ်တဲ့ဒေသတွေမှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေနား တပ်စွဲထားတာ၊ ရွာတွေဘက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေကြောင့် စစ်ပြေးဒုက္ခသည်အများစု အချိန်ထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။ ဘေးလွတ်ရာ ပုန်းခိုနေကြရတာ တနှစ်ကျော် ရှိနေပြီဖြစ်တဲ့ ဒုက္ခသည်တွေဟာ စာရေးသောက်ရေး ခက်ခဲနေကြသလို ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေလည်း ရှိနေကြပါတယ်။ မိုးကာတဲထဲ မိုးမလုံလို့ အိပ်ယာခင်းတွေ ထင်းတွေ မိုးစိုနေပြီး ချက်ရေး ပြုတ်ရေးလည်း အခက်တွေ့နေတယ်လို့ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တယောက် ပြောပါတယ်။

“မိုးရွာလို့ရှိရင်တော့ တခုကအဆင်ပြေတယ်၊ တချို့ကကျတော့ ရေရသွားတာ တခုပေါ့။ ဒါပေမယ့် အခက်အခဲကတော့ ဘာလဲ ထင်း၊ မိုးမလုံလို့ရှိရင်တော့ အိပ်ခင်းယာတော့ စိုကုန်မှာပဲပေါ့၊ မိုးစိုတော့ ဘယ်လိုမှအိပ်လို့ရမှာမဟုတ်ဘူး။ ရွာမှာ ပြန်နေဖို့က ကိုယ်က လုံးဝမပြေဘူးလေးနော်၊ အမြဲတမ်းရှောင်နေရ၊ ရှောင်နေရတာလည်း တော်တော်လည်း ကြာနေပြီ။ ဘယ်သူမဆိုတော့ အိမ်ပြန်ချင်ကြမှာပဲလေနော်။”

ခုလိုကယားပြည်နယ်ဘက်က စစ်ပြေးဒုက္ခသည်တွေ နေရေး စားရေး ခက်ခဲနေကြသလို စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲက စစ်ဘေးလွတ်ရာ တိမ်းရှောင်နေကြရသူတွေမှာလည်း အလားတူ အခက်အခဲတွေ ကြုံနေကြရတာကို ဒုက္ခသည်တယောက်က ခုလိုပြောပါတယ်။

"အခြေအနေကတော့ ပြည်သူတွေ ဒုက္ခရောက်တာကတော့ အကြီးအကျယ်ပဲ။ မိုးရွာထဲတွေမှာ လှည့်ပတ် ပြီးတော့ မိုးကာတဲလေးတွေနဲ့ ပြေးရရှောင်ရနဲ့။ တော်တော် ဆိုးဆိုးဝါးဝါးကို ဒုက္ခရောက်နေကြရတာပဲ။ စားရေးသောက်တာကတော့ အတော့်ကို ပြတ်လပ်နေတာ၊ ဆေးဝါးဆို ဝေးပေါ့။ စားရေး သောက်ရေးက အတော့်ကို ဒုက္ခရောက်ပြီး အခက်အခဲတွေ ရောက်နေကြရတာ။ စားရေးသောက်ရေးက သူတို့က ရွာတွေအကုန်မီးရှို့သွား၊ ဘေးရွာတွေ အကုန်ပတ်မွှေနေတော့ကျ တောထဲမှာ ချက်စားစရာ ဆန်မရှိလောက်အောင်ကို ငတ်ပြတ်တဲ့ ဘဝရောက်နေကြပြီ။"

ကန့်ဘလူမြို့နယ် ကိုးထောင်ဘို တိုက်နယ်ထဲက ကျေးရွာတွေဘကမှာလည်း စစ်တပ်တွေ စစ်ရေးလှုပ် ရှားနေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတာ လအတော်ကြာ ရှိနေပါပြီ။ အခုချိန်ထိလည်း ရွာတွေထဲကို ပြန်မဝင်နိုင်ကြသေးဘဲ စစ်ဘေးရှောင်နေကြရဆဲဖြစ်ပါတယ်။

အခုလိုမိုးရာသီမှာ သွေးလွန်တုပ်ကွေးရောဂါနဲ့ ဖျားနာနေကြသူတွေ အတော်များပေမယ့် ကုသနိုင်ဖို့ ဆေးဝါးမရှိဖြစ်နေတယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

"အဓိက လိုတာကတော့ ဆေးဝါးပါ။ ဆေးဝါးက ဒီဘက်မှာကလည်း ဝယ်လို့လည်း မရတာဆိုတော့ အဲ့ဒီဆေးဝါးက အခက်အခဲဖြစ်နေတာ။ ကျန်းမာရေးအခြေအနေတွေကလည်း အခု တော်တော်လေး ဒီမှာက သွေးလွန်တုပ်ကွေးဖြစ်တဲ့သူတွေနဲ့ အခုက အကုန်လုံးပဲ ပြည်သူတွေရော တော်တော်လေးကို ဖျားနာနေကြတာပဲ။ ဆေးဝါးကတော့ ဒီဘက်မှာ အခုချိန်မှာ အထောက်အကူ မရသေးဘူးဗျ။"

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၉ သိန်းကျော ်ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG