သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေနံနဲ့ သဘာဝဓါတ်ငွေ့ အကျိုးအမြတ် စစ်ကောင်စီအတွက် အဓိကကျ (EarthRights International)


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ကွက် (ယခင်မှတ်တမ်းဓာတ်ပုံ)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ကွက် (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး အကြမ်းဖက်ဖြိုခွဲမှုတွေ လုပ်ဆောင်လာတာ တနှစ်ခွဲကျော် ကြာလာတဲ့အချိန်ထိ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကရတဲ့ အမြတ်အစွန်းတွေ စစ်တပ်က ရနေတုန်းပဲလို့ အတိုက်အခံ အင်အားစုတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အမေရိကန် လွှတ်တော်အမတ်တွေကပါ အလားတူ တောင်းဆိုမှုတွေ တဖြည်းဖြည်း များလာနေတာကြောင့် စစ်ကောင်စီက လက်နက်တွေဝယ်နေတဲ့ အမေရိကန်ဒေါ်လာတွေ ထပ်မရနိုင်ရေး အတိုက်အခံအင်အားစုတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက အမေရိကန်အစိုးရထံ တောင်းဆိုမှုတွေ အရှိန်မြှင့် လုပ်ဆောင်လာနေကြပါတယ်။

အဲဒီ ဒေါ်လာငွေတွေဟာ စစ်ကောင်စီအတွက် မရှိမဖြစ်လိုအပ်ကြောင်း၊ မြန်မာပြည်သူတွေကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့ လိုအပ်တဲ့ စစ်လက်နက်နဲ့ လေယာဉ် လောင်စာဆီတွေ ဝယ်နိုင်ရေး အမေရိကန်ဒေါ်လာ၊ ဒါမှမဟုတ် နိုင်ငံခြားငွေတမျိုးမျိုး စစ်ကောင်စီအနေနဲ့လိုအပ်တယ်လို့ အမေရိကန်အခြေစိုက် EarthRights International အဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနဲ့ ဥပဒေအကြံပေး Ben Hardman က ပြောပါတယ်။

ရေနံနဲ့ သဘာဝဓါတ်ငွေ့ကရတဲ့ဝင်ငွေဟာ အစိုးရဝင်ငွေအားလုံးရဲ့ ၁၀% ရှိပြီး နိုင်ငံခြားဝင်ငွေရရှိမှုစုစုပေါင်းရဲ့ ၅၀% ရှိတယ်လို့ Ben Hardman က ပြောပါတယ်။ ကမ္ဘာတဝန်း လောင်စာဆီဈေးတွေ အဆမတန် မြင့်တက်နေတာနဲ့ ပြည်တွင်းစီးပွား ပြိုကျ ပျက်စီးလာနေတာနဲ့ ရင်ဆိုင်နေရတာကြောင့် စစ်ကောင်စီဟာ အဲဒီ နိုင်ငံခြားငွေကို အခုချိန်မှာ အရင်ကထက် ပိုပြီး လိုအပ်လာနေတယ်လို့ Ben Hardman က ထောက်ပြပါတယ်။

ကမ္ဘာဘဏ်နဲ့ နော်ဝေးနိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ Norad တို့က အစိုးရကထုတ်ပြန်တဲ့ စာရင်းဇယားတွေအပေါ် အခြေခံပြီး စစ်အာဏာမသိမ်းခင်မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ဒီ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကရတဲ့ဝင်ငွေဟာ ၁.၅ ဘီလီယံရှိတယ်လို့ ဆိုပါတယ်။ အဲဒီငွေ အများစုဟာ အခု စစ်တပ်ကထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE ထံ ရောက်သွားတယ်လို့ ဆိုပါတယ်။

ရာနဲ့ချီတဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက သမ္မတ Joe Biden အနေနဲ့ MOGE ကို ဒဏ်ခတ် အရေးယူမှုတွေလုပ်ဆောင်ဖို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]








XS
SM
MD
LG