သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဦးစည္သူေအာင္ျမင့္ကို ေထာင္ ၇ ႏွစ္ ထပ္ခ် 


သတင္းစာဆရာနဲ႔ေဆာင္းပါးရွင္ စည္သူေအာင္ျမင့္

[[Zawgyi/Unicode]]

ဗြီအိုေအျမန္မာပိုင္းရဲ႕ ပင္တိုင္ေဆာင္းပါးရွင္တဦးျဖစ္သူ ဦးစည္သူေအာင္ျမင့္အေပၚ စြဲခ်က္တင္ ထားတဲ့ထဲက ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေအာင္လုပ္မႈအတြက္ သူ႔ကို ဒီေန႔ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၇ ႏွစ္ ခ်လိုက္ပါတယ္။ အမႈ ၃ မႈနဲ႔ တရားစြဲခံရတဲ့ ဦးစည္သူေအာင္ျမင့္ဟာ အခုဆို ၃ မႈလုံးအတြက္ စုစုေပါင္းခ်ခံရတဲ့ ေထာင္ဒဏ္ ၁၂ ႏွစ္ျဖစ္သြားပါတယ္။ အျပည့္အစုံကို မခင္ျဖဴေထြး ဆက္ေျပာျပေပးထားပါတယ္။

ဗြီအိုေအျမန္မာပိုင္းအတြက္ ပင္တိုင္ေဆာင္းပါး ေရးသားေပးသလို Frontier Myanmar နဲ႔ Myanmar Now သတင္းဌာနေတြအတြက္ကိုလည္း ေဆာင္းပါးေတြ ေရးသားခဲ့တဲ့ သတင္းစာဆရာ ဦးစည္သူေအာင္ျမင့္ကို ဗိုလ္တေထာင္ အထူးတရား႐ုံးက အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၇ ႏွစ္ ဒီေန႔ခ်လိုက္ပါတယ္။ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၁၂၄ (က) နဲ႔ စြဲခ်က္တင္ထားတဲ့ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေအာင္လုပ္မႈအတြက္ အမိန႔္ခ်တာျဖစ္တယ္လို႔ သူ႔ရဲ႕ ေရွ႕ေနကေျပာပါတယ္။

“ဒီေန႔က ေထာင္ဒဏ္ ၇ ႏွစ္ခ်မွတ္လိုက္တယ္။ ၁၂၄ (က) နဲ႔ပတ္သက္လို႔ ဒီေတာ့ဆရာက စုစုေပါင္း ၁၂ ႏွစ္ျဖစ္သြားတာေပါ့။ ၅၀၅-က နဲ႔ဘဲ ၂ ႐ုံးကခ်တာ ၅ ႏွစ္ေပါ့။ ဒီ ၇ ႏွစ္နဲ႔ေပါင္းရင္ အားလုံးေပါင္း ၁၂ ႏွစ္ေပါ့။ အထက္ကိုက အမႈ ေတြအကုန္လုံးတက္မွာ ပုဇြန္ေတာင္တရား႐ုံးအမႈအတြက္ ခ႐ိုင္တရား႐ုံးကအမႈကို အက်ဥ္းနီးနဲ႔ပလပ္လိုက္တယ္။ တိုင္းကိုတက္ဖို႔ျပင္ေနတယ္။ ေနာက္ဗဟန္း႐ုံးကအမႈကိုလည္းအယူခံတက္ဖို႔ျပင္ေနတယ္။ ေနာက္ တပတ္ေလာက္တက္မယ္။ ခုဗိုလ္တေထာင္အမႈကိုလည္း တက္မွာပါ။ ဆရာက အကုန္အဆုံးထိတက္ေပးဖို႔ ေျပာထားတယ္ေလ။”

လူမႈမီဒီယာေပၚမွာ ဦးစည္သူေအာင္ျမင့္ ေရးသားခ်က္ေတြက ႏိုင္ငံေတာ္နဲ႔တပ္မေတာ္ ၿပိဳကြဲေအာင္လႈံ႔ေဆာ္ေရးသားမႈ ျဖစ္ေစခဲ့တယ္။ ႏိုင္ငံေတာ္ကို အၾကည္ညိဳပ်က္တယ္လို႔ စစ္ေကာင္စီက စြပ္စြဲၿပီး တပ္မေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅-က နဲ႔ အမႈ ၂ မႈ၊ ေနာက္ၿပီး ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေအာင္ ျပဳလုပ္မႈ ရာဇ သတ္ႀကီး ဥပေဒပုဒ္မ ၁၂၄ (က) နဲ႔ ၁ မႈ ေပါင္း ၃ မႈနဲ႔စစ္ေကာင္စီက တရားစြဲဆိုခဲ့တာျဖစ္ပါတယ္။

တပ္မေတာ္ၿပိဳကြဲေအာင္ လႈံ႕ေဆာ္မႈ ပုဒ္မ ၅၀၅-က နဲ႔တရားစြဲထားတဲ့ အမႈ ၂ မႈအတြက္ ေအာက္တိုဘာနဲ႔ ႏိုဝင္ဘာလေတြက ေထာင္ဒဏ္ေတြ ခ်ထားၿပီးျဖစ္ပါတယ္။ ၅၀၅-က အမႈ ၂ ခုအတြက္ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၅ ႏွစ္ခ်ခံထားရတဲ့အတြက္ ဒီေန႔ေထာင္ခ်လိုက္တဲ့ ၇ ႏွစ္နဲ႔ဆိုရင္ အမႈ ၃ မႈေပါင္းအတြက္ စုစုေပါင္း ေထာင္ဒဏ္ ၁၂ ႏွစ္ျဖစ္ပါတယ္။ သူ႔အေပၚ အၾကည္ညိဳပ်က္ေစမႈေတြနဲ႔ တရားစြဲတာနဲ႔ပတ္သက္လို႔ ေရွ႕ေနက ခုလို ေျပာပါတယ္။

“အဓိကေျပာႏိုင္တာကေတာ့ ဆရာဆိုလည္း သတင္းေဆာင္းပါးေရးတဲ့ဆရာေပါ့။ တျခားႏိုင္ငံေရးလည္း ပါတာမဟုတ္ဘူးေလ။ လတ္တေလာႏိုင္ငံေရးမွာ သူကဘယ္ႏိုင္ငံေရးအဖြဲ႔အစည္းနဲ႔မွလည္း ပါဝင္ပတ္သက္တာမရွိဘူး။ အဓိကက တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ဖို႔ပဲ သူ႔သတင္းပညာနဲ႔ သတင္းကိုေရးတာေပါ့ေနာ္။ NLD အစိုးရလက္ထက္မွာလည္း အားနည္းခ်က္ေတြ၊ လစ္ဟာခ်က္ေတြရွိတာနဲ႔ပတ္သက္လို႔ မွန္မွန္ကန္ကန္ေဝဖန္ေထာက္ျပတာေတြ လုပ္ခဲ့တာရွိတယ္။ တပ္မေတာ္ အာဏာသိမ္းမွေရးတာလည္းမဟုတ္ဘူး။ အရင္ကတည္းက အဆက္ဆက္ေရးခဲ့တာကို အမတို႔ ေတြ႔ရွိခဲ့ရတယ္။ သတင္းေဆာင္းပါးေရးလို႔၊ တပ္မေတာ္ကိုေဝဖန္ပုတ္ခတ္တယ္ဆိုတဲ့အေၾကာင္းျပခ်က္ေပါ့ေလ။ အဲေရးသားတာနဲ႔ အခုလို ၁၂ ႏွစ္ ခ်လိုက္တဲ့အခါက်ေတာ့ မျဖစ္သင့္ဘူးထင္တယ္။”

ဦးစည္သူေအာင္ျမင့္ဟာ ေထာင္တြင္းမွာ က်န္းမာေရးျပႆနာႀကီးႀကီးမားမားမရွိေပမယ့္ ခါးနာေဝဒနာကို ခံစားေနရတယ္လို႔ သူ႔ေရွ႕ေနက ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ ၂၀၂၁ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းကတည္းက ျပည္တြင္း မီဒီယာ ၁၀ ခုေက်ာ္ကို တရားဝင္ ထုတ္ေဝခြင့္ပိတ္သိမ္းခဲ့သလို သတင္းသမား ရာဂဏန္း ဖမ္းဆီးခံ၊ တရားစြဲခံခဲ့ရပါတယ္။ သတင္းသမားေတြ မွတ္တမ္းျပဳစုထားတဲ့ စာရင္းအရ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလကေန ဒီႏွစ္ ဒီဇင္ဘာအထိ တႏိုင္ငံလုံးမွာ သတင္းသမားအေယာက္ ၁၅၀ ထက္မနည္း ဖမ္းဆီးခံခဲ့ရပါတယ္

ေနာက္ဆုံးစာရင္းအရ ဖမ္းဆီးခံအေယာက္ ၁၅၀ နီးပါးထဲမွာ အေယာက္ ၉၀ ေက်ာ္ ျပန္လြတ္ခဲ့ၿပီး လက္ရွိ သတင္းေထာက္ အေယာက္ ၅၀ နီးပါး အက်ဥ္းေထာင္အသီးသီးမွာ ဆက္လက္ အက်ဥ္းက်ခံေနရဆဲျဖစ္ ပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ သတင္းသမားေတြ အဖမ္းခံရတဲ့ အေရအတြက္နဲ႔ ပတ္သက္လို႔ ဝန္ခံတာ၊ အတည္ျပဳခ်က္ တစုံတရာေပးတာမ်ိဳး မရွိပါဘူး။

ဦးစည္သူေအာင္ျမင့္ကို ေထာင္ ၇ ႏွစ္ ထပ္ခ် .mp3
please wait

No media source currently available

0:00 0:03:36 0:00
တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ဦးစည်သူအောင်မြင့်ကို ထောင် ၇ နှစ် ထပ်ချ

ဗွီအိုအေမြန်မာပိုင်းရဲ့ ပင်တိုင်ဆောင်းပါးရှင်တဦးဖြစ်သူ ဦးစည်သူအောင်မြင့်အပေါ် စွဲချက်တင် ထားတဲ့ထဲက နိုင်ငံတော်အကြည်ညိုပျက်အောင်လုပ်မှုအတွက် သူ့ကို ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချလိုက်ပါတယ်။ အမှု ၃ မှုနဲ့ တရားစွဲခံရတဲ့ ဦးစည်သူအောင်မြင့်ဟာ အခုဆို ၃ မှုလုံးအတွက် စုစုပေါင်းချခံရတဲ့ ထောင်ဒဏ် ၁၂ နှစ်ဖြစ်သွားပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေး ဆက်ပြောပြပေးထားပါတယ်။

ဗွီအိုအေမြန်မာပိုင်းအတွက် ပင်တိုင်ဆောင်းပါး ရေးသားပေးသလို Frontier Myanmar နဲ့ Myanmar Now သတင်းဌာနတွေအတွက်ကိုလည်း ဆောင်းပါးတွေ ရေးသားခဲ့တဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို ဗိုလ်တထောင် အထူးတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ဒီနေ့ချလိုက်ပါတယ်။ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) နဲ့ စွဲချက်တင်ထားတဲ့ နိုင်ငံတော် အကြည်ညိုပျက်အောင်လုပ်မှုအတွက် အမိန့်ချတာဖြစ်တယ်လို့ သူ့ရဲ့ ရှေ့နေကပြောပါတယ်။

“ဒီနေ့က ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်တယ်။ ၁၂၄ (က) နဲ့ပတ်သက်လို့ ဒီတော့ဆရာက စုစုပေါင်း ၁၂ နှစ်ဖြစ်သွားတာပေါ့။ ၅၀၅-က နဲ့ဘဲ ၂ ရုံးကချတာ ၅ နှစ်ပေါ့။ ဒီ ၇ နှစ်နဲ့ပေါင်းရင် အားလုံးပေါင်း ၁၂ နှစ်ပေါ့။ အထက်ကိုက အမှု တွေအကုန်လုံးတက်မှာ ပုဇွန်တောင်တရားရုံးအမှုအတွက် ခရိုင်တရားရုံးကအမှုကို အကျဉ်းနီးနဲ့ပလပ်လိုက်တယ်။ တိုင်းကိုတက်ဖို့ပြင်နေတယ်။ နောက်ဗဟန်းရုံးကအမှုကိုလည်းအယူခံတက်ဖို့ပြင်နေတယ်။ နောက် တပတ်လောက်တက်မယ်။ ခုဗိုလ်တထောင်အမှုကိုလည်း တက်မှာပါ။ ဆရာက အကုန်အဆုံးထိတက်ပေးဖို့ ပြောထားတယ်လေ။”


လူမှုမီဒီယာပေါ်မှာ ဦးစည်သူအောင်မြင့် ရေးသားချက်တွေက နိုင်ငံတော်နဲ့တပ်မတော် ပြိုကွဲအောင်လှုံ့ဆော်ရေးသားမှု ဖြစ်စေခဲ့တယ်။ နိုင်ငံတော်ကို အကြည်ညိုပျက်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး တပ်မတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့ အမှု ၂ မှု၊ နောက်ပြီး နိုင်ငံတော်အကြည်ညိုပျက်အောင် ပြုလုပ်မှု ရာဇ သတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) နဲ့ ၁ မှု ပေါင်း ၃ မှုနဲ့စစ်ကောင်စီက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က နဲ့တရားစွဲထားတဲ့ အမှု ၂ မှုအတွက် အောက်တိုဘာနဲ့ နိုဝင်ဘာလတွေက ထောင်ဒဏ်တွေ ချထားပြီးဖြစ်ပါတယ်။ ၅၀၅-က အမှု ၂ ခုအတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်ချခံထားရတဲ့အတွက် ဒီနေ့ထောင်ချလိုက်တဲ့ ၇ နှစ်နဲ့ဆိုရင် အမှု ၃ မှုပေါင်းအတွက် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်ဖြစ်ပါတယ်။ သူ့အပေါ် အကြည်ညိုပျက်စေမှုတွေနဲ့ တရားစွဲတာနဲ့ပတ်သက်လို့ ရှေ့နေက ခုလို ပြောပါတယ်။

“အဓိကပြောနိုင်တာကတော့ ဆရာဆိုလည်း သတင်းဆောင်းပါးရေးတဲ့ဆရာပေါ့။ တခြားနိုင်ငံရေးလည်း ပါတာမဟုတ်ဘူးလေ။ လတ်တလောနိုင်ငံရေးမှာ သူကဘယ်နိုင်ငံရေးအဖွဲ့အစည်းနဲ့မှလည်း ပါဝင်ပတ်သက်တာမရှိဘူး။ အဓိကက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ပဲ သူ့သတင်းပညာနဲ့ သတင်းကိုရေးတာပေါ့နော်။ NLD အစိုးရလက်ထက်မှာလည်း အားနည်းချက်တွေ၊ လစ်ဟာချက်တွေရှိတာနဲ့ပတ်သက်လို့ မှန်မှန်ကန်ကန်ဝေဖန်ထောက်ပြတာတွေ လုပ်ခဲ့တာရှိတယ်။ တပ်မတော် အာဏာသိမ်းမှရေးတာလည်းမဟုတ်ဘူး။ အရင်ကတည်းက အဆက်ဆက်ရေးခဲ့တာကို အမတို့ တွေ့ရှိခဲ့ရတယ်။ သတင်းဆောင်းပါးရေးလို့၊ တပ်မတော်ကိုဝေဖန်ပုတ်ခတ်တယ်ဆိုတဲ့အကြောင်းပြချက်ပေါ့လေ။ အဲရေးသားတာနဲ့ အခုလို ၁၂ နှစ် ချလိုက်တဲ့အခါကျတော့ မဖြစ်သင့်ဘူးထင်တယ်။”

ဦးစည်သူအောင်မြင့်ဟာ ထောင်တွင်းမှာ ကျန်းမာရေးပြဿနာကြီးကြီးမားမားမရှိပေမယ့် ခါးနာဝေဒနာကို ခံစားနေရတယ်လို့ သူ့ရှေ့နေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ပြည်တွင်း မီဒီယာ ၁၀ ခုကျော်ကို တရားဝင် ထုတ်ဝေခွင့်ပိတ်သိမ်းခဲ့သလို သတင်းသမား ရာဂဏန်း ဖမ်းဆီးခံ၊ တရားစွဲခံခဲ့ရပါတယ်။ သတင်းသမားတွေ မှတ်တမ်းပြုစုထားတဲ့ စာရင်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီနှစ် ဒီဇင်ဘာအထိ တနိုင်ငံလုံးမှာ သတင်းသမားအယောက် ၁၅၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်

နောက်ဆုံးစာရင်းအရ ဖမ်းဆီးခံအယောက် ၁၅၀ နီးပါးထဲမှာ အယောက် ၉၀ ကျော် ပြန်လွတ်ခဲ့ပြီး လက်ရှိ သတင်းထောက် အယောက် ၅၀ နီးပါး အကျဉ်းထောင်အသီးသီးမှာ ဆက်လက် အကျဉ်းကျခံနေရဆဲဖြစ် ပါတယ်။ စစ်ကောင်စီဘက်ကတော့ သတင်းသမားတွေ အဖမ်းခံရတဲ့ အရေအတွက်နဲ့ ပတ်သက်လို့ ဝန်ခံတာ၊ အတည်ပြုချက် တစုံတရာပေးတာမျိုး မရှိပါဘူး။


=============

XS
SM
MD
LG