သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စီးပြါးေရး ပိုက်ပ္တည္းလာေနတဲ့ ရန္ကုန္


ျမန္မာ့စီးပြါးေရးအခ်က္အျခာၿမိဳ႕ေတာ္ရန္ကုန္မွာ စားေသာက္ေရးခက္ခဲသူေတြ အစားအေသာက္လႉဒါန္းရာမွာ တန္းစီေစာင့္ဆုိင္းေနၾကစဥ္။ (ၾသဂုတ္ ၁၇၊ ၂၀၂၂)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးအခ်က္အျခာၿမိဳ႕ေတာ္ ရန္ကုန္မွာ စီးပြားေရးက်ပ္တည္းမႈေတြနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ မိုးဖြဲဖြဲ က်ေနတဲ့ၾကားမွာပဲ ၿမိဳ႕ခံေတြဟာ စားသုံးဆီ တန္းစီသူေတြ၊ ထမင္းထုပ္ တန္းစီသူေတြနဲ႔ ျပည့္ေနတဲ့အေၾကာင္း AFP သတင္းမွာ ေဖာ္ျပထားပါတယ္။

မႏွစ္ ေဖေဖာ္ဝါရီမွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ပိုင္း စီးပြားေရးက်ဆင္းမႈနဲ႔ ရင္ဆိုင္ေနရတဲ့ ျပည္သူေတြဟာ စစ္ေကာင္စီက ႏိုင္ငံျခားေငြ လဲလွယ္မႈကို တင္းၾကပ္စြာ ထိန္းခ်ဳပ္လိုက္တာအျပင္ ပို႔ကုန္ သြင္းကုန္လုပ္ငန္းေတြနဲ႔ပတ္သက္လို႔ လြဲမွားတဲ့ အစီအမံေတြေၾကာင့္ ျပည္သူေတြဟာ တျဖည္းျဖည္း ဆင္းရဲတြင္း နက္လာေနတာပါ။

ဒါ့အျပင္ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္ တိုက္ခိုက္တာရဲ႕ ေနာက္ဆက္တြဲအျဖစ္ ကမၻာလုံးဆိုင္ရာ စားေသာက္ကုန္ေစ်းေတြ အဆမတန္တက္ေနတာရဲ႕ အက်ဳိးဆက္ေတြကိုပါ ခံစားေနရတဲ့ ျမန္မာျပည္သူအေတာ္မ်ားမ်ားဟာ ပရဟိတ ေစတနာရွင္ေတြ လႉဒါန္းတဲ့ အစားအေသာက္ေတြအေပၚ မွီခိုအားထားလာေနၾကရပါတယ္။

“အိမ္မွာမစားျဖစ္ဘူးဆိုတာက ခ်က္ရင္ မီးကလည္းမလာဘူးဗ်ာ၊ ဆန္သြားဝယ္ရင္ရွားတယ္။ ေနာက္ေတာ့ က်ေနာ္တို႔ ပင္စင္အေနနဲ႔ဆိုလို႔ရွိရင္ ဝယ္မယ္၊ ျခမ္းမယ္ဆိုလို႔ရွိရင္ ပင္စင္စားတေယာက္အေနနဲ႔ဝင္ေငြနဲ႔ balancing မျဖစ္ (မမွ်တ)ဘူးေပါ့။ မျဖစ္ဘူးဆိုေတာ့ တဘက္တလမ္းကလည္း ကာမိေအာင္၊ ကုသိုလ္လည္းရ...ဒီမွာလာရင္ က်ေနာ္တို႔ ဝယ္လည္းဝယ္လာတယ္။ ငွက္ေပ်ာသီးတို႔၊ ဘာတို႔ ျပန္လႉတယ္ေလ။”

အရင္ စားသုံးဆီ တပိႆာကို ၅,၀၀၀ က်ပ္ရွိခဲ့ရာက အခုဆိုရင္ ၉,၀၀၀ က်ပ္အထိ ၂ ဆနီးပါး တက္သြားခဲ့တာပါ။

ျမန္မာႏိုင္ငံလူဦးေရရဲ႕ ၄၀% ဟာ ႏိုင္ငံေတာ္က သတ္မွတ္ထားတဲ့ ဆင္းရဲမြဲေတမႈနႈန္းေအာက္ကို ေရာက္ေနတယ္လို႔ ကမၻာ့ဘဏ္က ဇူလိုင္လမွာ ေျပာပါတယ္။ ဒါ့အျပင္ စားေသာက္ကုန္ ေစ်းႏႈန္းဟာလည္း မႏွစ္ မတ္လနဲ႔ နႈိင္းယွဥ္လိုက္ရင္ အခုႏွစ္မွာ ၁၇.၃% တက္သြားတယ္လို႔ ဆိုပါတယ္။ သယ္ယူ ပို႔ေဆာင္ခစားရိတ္ေတြ ျမင့္တက္လာတာတဲ့အျပင္ ႏိုင္ ငံအတြင္း စစ္ေကာင္စီနဲ႔ အတိုက္အခံ အင္အားစုေတြအၾကား တိုင္းျပည္ ေနရာ အေတာ္မ်ားမ်ားမွာ အျပန္အလွန္ ပစ္ခတ္ တိုက္ခိုက္မႈေတြ ျဖစ္ေပၚေနတာေၾကာင့္ ဆန္ေစ်းေတြလည္း အဆမတန္တက္ေနတယ္လို႔ ဆိုပါတယ္။

အေျခခံစားေသာက္ကုန္ေစ်းႏႈန္းေတြ ျမင့္တက္ေနတဲ့အေၾကာင္း စစ္ေကာင္စီထုတ္ ျမန္မာ့အလင္းသတင္းစာမွာေတာင္ ေန႔စဥ္ ထုတ္ျပန္ေလ့ရွိတယ္လို႔ AFP သတင္းမွာ ေဖာ္ျပထားပါတယ္။

#စီးပြါးေရးက်ပ္တည္း #စစ္ေကာင္စီ #ကုန္ေစ်းႏႈန္းတက္
==============

[[Unicode]]

စီးပွါးရေး ပိုကျပ်တည်းလာနေတဲ့ ရန်ကုန်

မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အခြာမြို့တော် ရန်ကုန်မှာ စီးပွားရေးကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် မိုးဖွဲဖွဲ ကျနေတဲ့ကြားမှာပဲ မြို့ခံတွေဟာ စားသုံးဆီ တန်းစီသူတွေ၊ ထမင်းထုပ် တန်းစီသူတွေနဲ့ ပြည့်နေတဲ့အကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

မနှစ် ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေဟာ စစ်ကောင်စီက နိုင်ငံခြားငွေ လဲလှယ်မှုကို တင်းကြပ်စွာ ထိန်းချုပ်လိုက်တာအပြင် ပို့ကုန် သွင်းကုန်လုပ်ငန်းတွေနဲ့ပတ်သက်လို့ လွဲမှားတဲ့ အစီအမံတွေကြောင့် ပြည်သူတွေဟာ တဖြည်းဖြည်း ဆင်းရဲတွင်း နက်လာနေတာပါ။

ဒါ့အပြင် ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်တာရဲ့ နောက်ဆက်တွဲအဖြစ် ကမ္ဘာလုံးဆိုင်ရာ စားသောက်ကုန်ဈေးတွေ အဆမတန်တက်နေတာရဲ့ အကျိုးဆက်တွေကိုပါ ခံစားနေရတဲ့ မြန်မာပြည်သူအတော်များများဟာ ပရဟိတ စေတနာရှင်တွေ လှူဒါန်းတဲ့ အစားအသောက်တွေအပေါ် မှီခိုအားထားလာနေကြရပါတယ်။

“အိမ်မှာမစားဖြစ်ဘူးဆိုတာက ချက်ရင် မီးကလည်းမလာဘူးဗျာ၊ ဆန်သွားဝယ်ရင်ရှားတယ်။ နောက်တော့ ကျနော်တို့ ပင်စင်အနေနဲ့ဆိုလို့ရှိရင် ဝယ်မယ်၊ ခြမ်းမယ်ဆိုလို့ရှိရင် ပင်စင်စားတယောက်အနေနဲ့ဝင်ငွေနဲ့ balancing မဖြစ် (မမျှတ)ဘူးပေါ့။ မဖြစ်ဘူးဆိုတော့ တဘက်တလမ်းကလည်း ကာမိအောင်၊ ကုသိုလ်လည်းရ...ဒီမှာလာရင် ကျနော်တို့ ဝယ်လည်းဝယ်လာတယ်။ ငှက်ပျောသီးတို့၊ ဘာတို့ ပြန်လှူတယ်လေ။”

အရင် စားသုံးဆီ တပိဿာကို ၅,၀၀၀ ကျပ်ရှိခဲ့ရာက အခုဆိုရင် ၉,၀၀၀ ကျပ်အထိ ၂ ဆနီးပါး တက်သွားခဲ့တာပါ။

မြန်မာနိုင်ငံလူဦးရေရဲ့ ၄၀% ဟာ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ဆင်းရဲမွဲတေမှုနှုန်းအောက်ကို ရောက်နေတယ်လို့ ကမ္ဘာ့ဘဏ်က ဇူလိုင်လမှာ ပြောပါတယ်။ ဒါ့အပြင် စားသောက်ကုန် ဈေးနှုန်းဟာလည်း မနှစ် မတ်လနဲ့ နှိုင်းယှဉ်လိုက်ရင် အခုနှစ်မှာ ၁၇.၃% တက်သွားတယ်လို့ ဆိုပါတယ်။ သယ်ယူ ပို့ဆောင်ခစားရိတ်တွေ မြင့်တက်လာတာတဲ့အပြင် နိုင် ငံအတွင်း စစ်ကောင်စီနဲ့ အတိုက်အခံ အင်အားစုတွေအကြား တိုင်းပြည် နေရာ အတော်များများမှာ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ဆန်ဈေးတွေလည်း အဆမတန်တက်နေတယ်လို့ ဆိုပါတယ်။

အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့အကြောင်း စစ်ကောင်စီထုတ် မြန်မာ့အလင်းသတင်းစာမှာတောင် နေ့စဉ် ထုတ်ပြန်လေ့ရှိတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

#စီးပွါးရေးကျပ်တည်း #စစ်ကောင်စီ #ကုန်ဈေးနှုန်းတက်
==============

XS
SM
MD
LG