သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဆးေျခာက္ပိုင္ဆိုင္မႈနဲ႔ ျပစ္ဒဏ္က်သူေတြကို သမၼတဘိုင္ဒင္လြတ္ၿငိမ္းခြင့္ေပး  


အေမရိကန္သမၼတ ဂ်ဳိးဘုိင္ဒန္

[[Zawgyi/Unicode]]

အေမရိကန္ျပည္ေထာင္စုမွာ ျပည္ေထာင္စုဥပေဒအရ ေဆးေျခာက္ပိုင္ဆိုင္မႈနဲ႔ ျပစ္ဒဏ္ခ်ခံထားရသူ ေထာင္နဲ႔ခ်ီကို သမၼတ Joe Biden လြတ္ၿငိမ္းခ်မ္းသာခြင့္ ျပဳလိုက္ပါတယ္။

သမၼတ ဘိုင္ဒန္က - “ပထမအေနနဲ႔ ေဆးေျခာက္လက္ဝယ္ရွိတာေလးနဲ႔ ဖယ္ဒရယ္ရာဇဝတ္မႈ ျပစ္ဒဏ္ က်ေနသူအားလံုးကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးလိုက္ၿပီလို႔ က်ေနာ္ ေၾကညာလိုက္ပါတယ္။ ဒီေဆးေျခာက္လက္ဝယ္ရွိတာနဲ႔ ရာဇဝတ္မႈနဲ႔ ေထာင္ခ်ခံရတာေၾကာင့္ ေနာက္ဆက္တြဲ အလုပ္အကိုင္၊ အိမ္ယာ၊ ပညာေရးအခြင့္အလမ္းေတြ ပိတ္ပင္ခံခဲ့ရသူေပါင္းက ေထာင္ဂဏန္းေတြခ်ီကို ရွိလာခဲ့ပါတယ္။ အခု က်ေနာ့္လြတ္ၿငိမ္းခ်မ္းသာမိန္႔ေၾကာင့္ သူတို႔အေပၚ ဒီဝန္ထုတ္ဝန္ပိုးႀကီး ဆက္ရွိေတာ့မွာ မဟုတ္ပါဘူး” လို႔ ေျပာသြားတာပါ။

ခုလို လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳတဲ့အတြက္ အေမရိကန္ ၆,၀၀ ေက်ာ္ကို သက္ေရာက္မႈရွိမွာျဖစ္ပါတယ္။ ဒါေပမယ့္ ေဆးေျခာက္ ေမွာင္ခိုတင္ပို႔သူေတြနဲ႔ ျဖန္႔ျဖဴးေရာင္းခ်သူေတြအတြက္ မပါဘူး၊ တျခား မူးယစ္ေဆးေတြနဲ႔လည္း မသက္ဆိုင္ဘူး၊ ေဆးေျခာက္လက္ဝယ္သံုးသံုးစြဲသူအတြက္သာပါလို႔ အေမရိကန္အရာရွိေတြက ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဆေးခြောက်ပိုင်ဆိုင်မှုနဲ့ ပြစ်ဒဏ်ကျသူတွေကို သမ္မတဘိုင်ဒင်လွတ်ငြိမ်းခွင့်ပေး

အမေရိကန်ပြည်ထောင်စုမှာ ပြည်ထောင်စုဥပဒေအရ ဆေးခြောက်ပိုင်ဆိုင်မှုနဲ့ ပြစ်ဒဏ်ချခံထားရသူ ထောင်နဲ့ချီကို သမ္မတ Joe Biden လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ပါတယ်။

သမ္မတ ဘိုင်ဒန်က - “ပထမအနေနဲ့ ဆေးခြောက်လက်ဝယ်ရှိတာလေးနဲ့ ဖယ်ဒရယ်ရာဇဝတ်မှု ပြစ်ဒဏ် ကျနေသူအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီလို့ ကျနော် ကြေညာလိုက်ပါတယ်။ ဒီဆေးခြောက်လက်ဝယ်ရှိတာနဲ့ ရာဇဝတ်မှုနဲ့ ထောင်ချခံရတာကြောင့် နောက်ဆက်တွဲ အလုပ်အကိုင်၊ အိမ်ယာ၊ ပညာရေးအခွင့်အလမ်းတွေ ပိတ်ပင်ခံခဲ့ရသူပေါင်းက ထောင်ဂဏန်းတွေချီကို ရှိလာခဲ့ပါတယ်။ အခု ကျနော့်လွတ်ငြိမ်းချမ်းသာမိန့်ကြောင့် သူတို့အပေါ် ဒီဝန်ထုတ်ဝန်ပိုးကြီး ဆက်ရှိတော့မှာ မဟုတ်ပါဘူး” လို့ ပြောသွားတာပါ။

ခုလို လွတ်ငြိမ်းချမ်းသာခွင့်ပြုတဲ့အတွက် အမေရိကန် ၆,၀၀ ကျော်ကို သက်ရောက်မှုရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် ဆေးခြောက် မှောင်ခိုတင်ပို့သူတွေနဲ့ ဖြန့်ဖြူးရောင်းချသူတွေအတွက် မပါဘူး၊ တခြား မူးယစ်ဆေးတွေနဲ့လည်း မသက်ဆိုင်ဘူး၊ ဆေးခြောက်လက်ဝယ်သုံးသုံးစွဲသူအတွက်သာပါလို့ အမေရိကန်အရာရှိတွေက ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG