သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တန႔္ဆည္ၿမိဳ႕နယ္ထဲ ႐ြာေပါင္း ၂၀ ေက်ာ္မီးရႈိ႕ခံရ


စစ္ကိုင္းတုိင္းေဒသႀကီး၊ တန္႔ဆည္ၿမိဳ႕နယ္အတြင္း စက္တင္ဘာ ၉ ရက္ကေန ၂၆ ရက္အတြင္း ေက်းရြာေတြကုိ မီး႐ိႈ႕ခံထားရတဲ့ ေက်းရြာေတြျမင္ကြင္း။ (ဓာတ္ပံု-တန္႔ဆည္ ပကဖ)

[[Zawgyi/Unicode]]

စစ္ေကာင္စီတပ္ေတြ နယ္ေျမရွင္းလင္းေနတဲ့ စစ္ကိုင္းတိုင္းေဒသႀကီး တန႔္ဆည္ၿမိဳ႕နယ္ထဲမွာ စက္တင္ဘာလ လတဝက္အတြင္း ေက်း႐ြာ ၂၁ ႐ြာ၊ ေနအိမ္ရာနဲ႔ခ်ီ မီးေလာင္ကြၽမ္းခဲ့တယ္လို႔ စစ္တမ္းေကာက္ယူတဲ့ ေဒသခံကာကြယ္ေရးအဖြဲ႕က ေျပာပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ အဲဒီေဒသမွာ တိုက္ပြဲေတြျဖစ္ေနတယ္ဆိုတာကို အတည္ျပဳေပမယ့္ အရပ္သားေနအိမ္ေတြကို စစ္တပ္က မီးရႈိ႕ဖ်က္ဆီးတာ မလုပ္ဘူးလို႔ ျငင္းဆိုထားပါတယ္။ ေဒသခံေတြကေတာ့ သူတို႔အိမ္ေတြကို စစ္သားေတြမီးရႈိ႕တာလို႔ ေျပာၾကတာပါ။ စစ္ကိုင္းတိုင္းထဲမွာ ျပည္သူ႔ေနအိမ္ေတြ ဆုံးရႈံးခဲ့တဲ့ အေျခအေနေနာက္ဆုံး သိထားသမွ် ရန္ကုန္က သတင္းေပးပို႔ခ်က္ကို ကိုသားၫြန႔္ဦး ဆက္ၿပီးတင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္း တန႔္ဆည္ၿမိဳ႕နယ္ထဲက ေက်း႐ြာေတြကို စစ္ေကာင္စီတပ္ေတြ တေက်ာ့ျပန္ နယ္ေျမရွင္းလင္းစစ္ဆင္ေရးလုပ္ေနတာ အခုဆို ၁ လ ေက်ာ္ ရွိသြားပါၿပီ။ ေဒသခံျပည္သူ႔ကာကြယ္ေရး PDF နဲ႔ တျခား လက္နက္ကိုင္အဖြဲ႕ေတြ ခိုလႈံေနတယ္လို႔ဆိုၿပီး ေက်း႐ြာေတြကို စစ္တပ္ဘက္က ရွင္းလင္းေနတာပါ။ စက္တင္ဘာ ၁၆ ရက္ကေန စက္တင္ဘာ ၂၈ ရက္အထိ ၁၃ ရက္အတြင္း ေက်း႐ြာ ၂၁ ႐ြာက ေနအိမ္ေပါင္း ၈၀၀ ေက်ာ္ မီးရႈိ႕ဖ်က္ဆီးခံခဲ့ရတယ္လို႔ တန႔္ဆည္ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ တာဝန္ရွိသူတဦးက VOA ကို ေျပာပါတယ္။

“ေက်း႐ြာက မီးရႈိ႕တာ ဒီေန႔ေကာ ေပါင္းရင္ေတာ့ ၂၁ ႐ြာျဖစ္သြားၿပီ။ အဲ့ထဲမွာ မီးရႈိ႕ခံရတဲ့ အိမ္ေျခက ၈၀၀ ေက်ာ္သြားၿပီေပါ့။ တိုက္ပြဲမရွိလည္း သူတို႔က မီးရႈိ႕ေန တာပဲ။ သူတို႔က တ႐ြာဝင္တ႐ြာထြက္ ဝင္တဲ့႐ြာတိုင္းကို ရႈိ႕ေနတာ။ စစ္ေဘးေရွာင္ေတြက ေလာေလာဆယ္ ႐ြာေတြမီးရႈိ႕ခံေနရတဲ့သူေတြကေတာ့ ေတာထဲေတြမွာ တဲထိုးၿပီး ေနၾကရတာေတြရွိတယ္။ ေလာေလာဆယ္ အကူအညီကေတာ့ လိုအပ္ တယ္။ ရာသီဥတုကလည္း ဟိုဟာျဖစ္ေနတာ (မိုး႐ြာ) အေျခေနက သက္ႀကီး႐ြယ္ အိုေတြ၊ လူမမာေတြဆိုရင္ ဒုကၡေရာက္တယ္။ က်န္းမာေရး မေကာင္းတာေတြလည္း ရွိတာေပါ့။ ေဆးဝါးနဲ႔စားေသာက္ဖို႔ ရိကၡာက အခက္အခဲရွိတယ္။”

႐ြာေတြ မီးေလာင္၊ စစ္ေရးတင္းမာမႈေတြ ရွိေနတဲ့အၾကား ေဘးလြတ္ရာ ထြက္ေျပးေနတဲ့ စစ္ေဘးေရွာင္ေတြလည္း တေန႔တျခား ပိုမ်ားလာေနပါတယ္။ တန႔္ဆည္ၿမိဳ႕နယ္ထဲက ေရဦးကုန္း၊ နဘက္ႀကီး၊ အင္းေတာ၊ ငွက္ေပ်ာေတာ၊ စတဲ့ ေက်း ႐ြာက ေနအိမ္ေတြက အမ်ားဆုံး မီးေလာင္ကြၽမ္းခဲ့တာလို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္ေကာင္စီ အႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ျမန္မာႏိုငံဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္နဲ႔ ၾသဂုတ္လတုန္းက ေတြ႕ဆုံခဲ့တုန္းက ျမန္မာစစ္တပ္အေနနဲ႔ အရပ္သားေတြရဲ႕ ေနအိမ္ေတြကို မီးမရႈိ႕ျခင္း မရွိပါဘူးလို႔ ေျပာၾကားခဲ့တာပါ။ မီးရႈိ႕ခံရတဲ့႐ြာေတြက ေဒသခံေတြကေတာ့ သူတို႔အိမ္ေတြကို စစ္သားေတြ မီးရႈိ႕တာလို႔ ေျပာၾကပါတယ္။

ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ တာဝန္ရွိသူတဦးကေတာ့ အခု ေကာက္ယူထားတဲ့စာရင္းဟာ စက္တင္ဘာလ ေနာက္ဆုံး ၂ ပတ္အတြင္း မီးေလာင္တဲ့အိုးအိမ္ေတြရဲ႕ စာရင္းျဖစ္ၿပီး တိုက္ပြဲျဖစ္ပြားျခင္းမရွိတဲ့ ေက်း႐ြာတခ်ိဳ႕က ေနအိမ္ေတြလည္း မီးရႈိ႕ခံခဲ့ရတယ္လို႔ ေျပာပါတယ္။

“တိုက္ပြဲျဖစ္လို႔မဟုတ္ဘူး။ သူတို႔ရဲ႕ရည္႐ြယ္ခ်က္ကိုက အိမ္ေတြကို မီးရႈိ႕ဖို႔ လာတာနဲ႔တူတယ္။ ဘာမွမလုပ္တဲ့႐ြာေတြလည္း အကုန္ရႈိ႕တယ္။ တိုက္ပြဲကမျဖစ္ဘူး။ တိုက္ပြဲမျဖစ္ဘဲ အရႈိ႕ခံရတဲ့ ႐ြာေတြမ်ားတာ။ တိုက္ပြဲျဖစ္တာဆို ေအာင္ခ်မ္းသာ တ႐ြာပဲရွိတာ။ ေအာင္ခ်မ္းသာမွာဆို ခဏေလးပဲ တိုက္ပြဲျဖစ္တယ္။ အဲ့ဟာေလးပဲ။”

၁၃ ရက္အတြင္း အိမ္ေျခ ၈၀၀ ေက်ာ္ မီးရႈိ႕ခံရတယ္ဆိုတဲ့ စာရင္းဟာ ေဒသခံေတြနဲ႔ ကာကြယ္ေရးအဖြဲ႕ေတြ ေကာက္ယူထားတဲ့ စာရင္းျဖစ္ၿပီး ဒါနဲ႔ပတ္သက္လို႔ ဗြီအိုေအက သီးျခားအတည္မျပဳႏိုင္သလို စစ္ေကာင္စီဘက္ကလည္း တစုံတရာ သတင္းထုတ္ျပန္တာေတာ့ မရွိေသးပါဘူး။ ေဒသခံေက်း႐ြာေနအိမ္ေတြ မီးေလာင္တာ၊ အၾကမ္းဖက္မႈေတြနဲ႔ ပတ္သက္လို႔လည္း ျမန္မာစစ္တပ္နဲ႔ ေဒသခံ လက္နက္ကိုင္အဖြဲ႕ေတြၾကား အျပန္အလွန္ စြပ္စြဲေျပာဆိုေနဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--==========

[[Unicode]]

တန့်ဆည်မြို့နယ်ထဲ ရွာပေါင်း ၂၀ ကျော်မီးရှို့ခံရ

စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်ထဲမှာ စက်တင်ဘာလ လတဝက်အတွင်း ကျေးရွာ ၂၁ ရွာ၊ နေအိမ်ရာနဲ့ချီ မီးလောင်ကျွမ်းခဲ့တယ်လို့ စစ်တမ်းကောက်ယူတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ အဲဒီဒေသမှာ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတာကို အတည်ပြုပေမယ့် အရပ်သားနေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးတာ မလုပ်ဘူးလို့ ငြင်းဆိုထားပါတယ်။ ဒေသခံတွေကတော့ သူတို့အိမ်တွေကို စစ်သားတွေမီးရှို့တာလို့ ပြောကြတာပါ။ စစ်ကိုင်းတိုင်းထဲမှာ ပြည်သူ့နေအိမ်တွေ ဆုံးရှုံးခဲ့တဲ့ အခြေအနေနောက်ဆုံး သိထားသမျှ ရန်ကုန်က သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦး ဆက်ပြီးတင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ တကျော့ပြန် နယ်မြေရှင်းလင်းစစ်ဆင်ရေးလုပ်နေတာ အခုဆို ၁ လ ကျော် ရှိသွားပါပြီ။ ဒေသခံပြည်သူ့ကာကွယ်ရေး PDF နဲ့ တခြား လက်နက်ကိုင်အဖွဲ့တွေ ခိုလှုံနေတယ်လို့ဆိုပြီး ကျေးရွာတွေကို စစ်တပ်ဘက်က ရှင်းလင်းနေတာပါ။ စက်တင်ဘာ ၁၆ ရက်ကနေ စက်တင်ဘာ ၂၈ ရက်အထိ ၁၃ ရက်အတွင်း ကျေးရွာ ၂၁ ရွာက နေအိမ်ပေါင်း ၈၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ တန့်ဆည် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက VOA ကို ပြောပါတယ်။

“ကျေးရွာက မီးရှို့တာ ဒီနေ့ကော ပေါင်းရင်တော့ ၂၁ ရွာဖြစ်သွားပြီ။ အဲ့ထဲမှာ မီးရှို့ခံရတဲ့ အိမ်ခြေက ၈၀၀ ကျော်သွားပြီပေါ့။ တိုက်ပွဲမရှိလည်း သူတို့က မီးရှို့နေ တာပဲ။ သူတို့က တရွာဝင်တရွာထွက် ဝင်တဲ့ရွာတိုင်းကို ရှို့နေတာ။ စစ်ဘေးရှောင်တွေက လောလောဆယ် ရွာတွေမီးရှို့ခံနေရတဲ့သူတွေကတော့ တောထဲတွေမှာ တဲထိုးပြီး နေကြရတာတွေရှိတယ်။ လောလောဆယ် အကူအညီကတော့ လိုအပ် တယ်။ ရာသီဥတုကလည်း ဟိုဟာဖြစ်နေတာ (မိုးရွာ) အခြေနေက သက်ကြီးရွယ် အိုတွေ၊ လူမမာတွေဆိုရင် ဒုက္ခရောက်တယ်။ ကျန်းမာရေး မကောင်းတာတွေလည်း ရှိတာပေါ့။ ဆေးဝါးနဲ့စားသောက်ဖို့ ရိက္ခာက အခက်အခဲရှိတယ်။”

ရွာတွေ မီးလောင်၊ စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့အကြား ဘေးလွတ်ရာ ထွက်ပြေးနေတဲ့ စစ်ဘေးရှောင်တွေလည်း တနေ့တခြား ပိုများလာနေပါတယ်။ တန့်ဆည်မြို့နယ်ထဲက ရေဦးကုန်း၊ နဘက်ကြီး၊ အင်းတော၊ ငှက်ပျောတော၊ စတဲ့ ကျေး ရွာက နေအိမ်တွေက အများဆုံး မီးလောင်ကျွမ်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ သြဂုတ်လတုန်းက တွေ့ဆုံခဲ့တုန်းက မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးမရှို့ခြင်း မရှိပါဘူးလို့ ပြောကြားခဲ့တာပါ။ မီးရှို့ခံရတဲ့ရွာတွေက ဒေသခံတွေကတော့ သူတို့အိမ်တွေကို စစ်သားတွေ မီးရှို့တာလို့ ပြောကြပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးကတော့ အခု ကောက်ယူထားတဲ့စာရင်းဟာ စက်တင်ဘာလ နောက်ဆုံး ၂ ပတ်အတွင်း မီးလောင်တဲ့အိုးအိမ်တွေရဲ့ စာရင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတချို့က နေအိမ်တွေလည်း မီးရှို့ခံခဲ့ရတယ်လို့ ပြောပါတယ်။

“တိုက်ပွဲဖြစ်လို့မဟုတ်ဘူး။ သူတို့ရဲ့ရည်ရွယ်ချက်ကိုက အိမ်တွေကို မီးရှို့ဖို့ လာတာနဲ့တူတယ်။ ဘာမှမလုပ်တဲ့ရွာတွေလည်း အကုန်ရှို့တယ်။ တိုက်ပွဲကမဖြစ်ဘူး။ တိုက်ပွဲမဖြစ်ဘဲ အရှို့ခံရတဲ့ ရွာတွေများတာ။ တိုက်ပွဲဖြစ်တာဆို အောင်ချမ်းသာ တရွာပဲရှိတာ။ အောင်ချမ်းသာမှာဆို ခဏလေးပဲ တိုက်ပွဲဖြစ်တယ်။ အဲ့ဟာလေးပဲ။”

၁၃ ရက်အတွင်း အိမ်ခြေ ၈၀၀ ကျော် မီးရှို့ခံရတယ်ဆိုတဲ့ စာရင်းဟာ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေ ကောက်ယူထားတဲ့ စာရင်းဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း တစုံတရာ သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ ဒေသခံကျေးရွာနေအိမ်တွေ မီးလောင်တာ၊ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့လည်း မြန်မာစစ်တပ်နဲ့ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေကြား အပြန်အလှန် စွပ်စွဲပြောဆိုနေဆဲဖြစ်ပါတယ်။

XS
SM
MD
LG