သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လက္နက္ခ် ျမန္မာစစ္သားႏွစ္ဦးနဲ႔ ေတြ႕ဆုံေမးျမန္းမႈ


ၾသဂုတ္လ ၁၉ ရက္ေန႔က ထြက္ေျပးၿပီး KNU/Cobra စစ္ေၾကာင္းမွာ လက္နက္ခ်ခဲ့တဲ့ တပ္သားေဟာင္း မင္းသူနဲ႔ ဒုတပ္ၾကပ္ေဟာင္း ထင္ေက်ာ္။ (ဓာတ္ပံု-KNU/Cobra)

[[Zawgyi/Unicode]]

လက္နက္ခ် ျမန္မာစစ္သားႏွစ္ဦးနဲ႔ ေတြ႕ဆုံေမးျမန္းမႈ

ျမန္မာစစ္တပ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြအၾကား ၿပီးခဲ့တဲ့ လပိုင္းေတြအတြင္း တိုက္ပြဲေတြမွာ စစ္တပ္ဘက္က အက်အဆုံးမ်ားခဲ့သလို တပ္ထဲက စစ္သားေတြထဲ တိုက္ခိုက္ခ်င္စိတ္ေတြ က်ဆင္းေနတယ္လို႔ KNU ကရင္အမ်ိဳးသား အစည္းအ႐ုံးကို လက္နက္ခ်လာတဲ့ ျမန္မာစစ္သား ၂ ဦးက ေျပာပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ တိုက္ပြဲေတြအတြင္း ထိခိုက္ဒဏ္ရာရတဲ့ စစ္သား အေရအတြက္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြဘက္က ေျပာသေလာက္ မမ်ားတဲ့အေၾကာင္း ျငင္းဆိုထားပါတယ္။ ျမန္မာစစ္တပ္က တပ္သားအမ်ားအျပား ထြက္ေျပးေနတယ္ဆိုတဲ့သတင္းေတြကိုလည္း ျငင္းပယ္ေနပါတယ္။ KNU နယ္ေျမေရာက္ ျမန္မာစစ္တပ္က လက္နက္ခ်လာတဲ့ တပ္ဖြဲ႕ဝင္ ၂ ဦးကို ဦးကို ဗီြအိုေအသတင္းေထာက္ မေအးေအးမာ ေတြ႕ဆုံေမးျမန္းထားပါတယ္။

ကရင္ျပည္နယ္အတြင္းမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေကအန္ယူ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ဖြဲ႔၊ PDF ျပည္သူ႔ကာကြယ္ေရးတပ္ စတဲ့ပူးေပါင္းတပ္ဖြဲ႕ေတြအၾကား ႏွစ္ဘက္တိုက္ပြဲေတြ ျပင္းထန္ေနပါတယ္။ တိုက္ပြဲေတြအတြင္း ေကအန္ယူနဲ႔ပူးေပါင္းတပ္ေတြဘက္ကို စစ္ေကာင္စီတပ္သားတခ်ိဳ႕ ကူးေျပာင္းလာတာရွိသလို ေရွ႕တန္းကေန ထြက္ေျပးၾကသူေတြလည္း ရွိေနပါတယ္။ အဲဒီအထဲမွာ ေကအန္ယူ PDF ပူးေပါင္းထားတဲ့ Cobra စစ္ေၾကာင္းကို စစ္ေကာင္စီတပ္မ ၄၄ လက္ေအာက္ခံ ခမရ (၁၀၂) ကလက္နက္ခ်လာတဲ့ စစ္ေကာင္စီတပ္သား ၂ ဦးလည္းအပါအဝင္ျဖစ္ပါတယ္။

“က်ေနာ္တို႔က ဓားစာခံေတြေလဗ်ာ၊ ဓားစာခံေတြ၊ ထိုးေကၽြးခံေနရတယ္။ သူတို႔ တဘို႔တည္းေကာင္းစားဖို႔အတြက္ က်ေနာ္တို႔က အသက္ေတြေရာ၊ ေခၽြးေတြေရာ ရင္းၿပီး ေပးထားခဲ့ရတာ။ သူတို႔က ေရွ႕ကိုတက္တာမဟုတ္ဘူး။ သူတို႔က ေနာက္ကေန အမိန္႔ပဲေပးေနတာ။ လုပ္ရတာ က်ေနာ္တို႔က လက္ေတြ႔က်က်လုပ္ရတာ။ အားလံုး လက္ေအာက္ငယ္သားေတြကအစ လံုးဝကို တုိက္ခ်င္ခုိက္ခ်င္တဲ့စိတ္မရွိေတာ့ဘူး။ အားလံုးက ေနာက္တန္းျပန္ဝင္ဖို႔ခ်ည့္ပဲ တာစူေနၾကတယ္။ ..မရဘူး။ အထက္က အာဏာရွင္ေတြက ဒီေနရာမွဒီေနရာပဲ။ ရေအာင္တုိက္မယ္ဆိုတဲ့လူမ်ဳိးေတြခ်ည့္ျဖစ္ေနတယ္။


စစ္တပ္ထဲဝင္ေရာက္လာလာတာ၂ ႏွစ္ ပဲရွိေသးၿပီး လက္နက္ခ် ကူးေျပာင္းလာတဲ့ တပ္သားမင္းသူ ေျပာျပသြားတာပါ။ ၾသဂုတ္လ ၁၉ ရက္ေန႔မွာ ျမဝတီ ေဝၚေလ ကားလမ္းမအနီး ဘုရားကုန္း သုံးထပ္ေကြ႕စတဲ့ေနရာေတြက တိုက္ပြဲေတြအတြင္းမွာ လက္နက္ခ်ခဲ့တာျဖစ္ပါတယ္။ တပ္ထဲမွာ ထြက္ေျပးခ်င္တဲ့သူေတြရွိေပမယ့္ တေယာက္နဲ႔တေယာက္မေျပာရဲၾကဘူးလို႔ ၁၆ ႏွစ္ၾကာ စစ္မႈထမ္းခဲ့တဲ့ ဒုတပ္ၾကပ္ ထင္ေက်ာ္က ေျပာပါတယ္။

“ဟိုဘက္ကိုလည္း က်ေနာ္တို႔မတုိက္ခ်င္ဘူး။ ဒီဘက္ကိုလည္း က်ေနာ္တို႔မတုိက္ ခ်င္ဘူး။ အဲဒါေၾကာင့္မို႔လို႔ စစ္ျဖစ္တယ္၊ က်ေနာ္တို႔ကို တုိးခိုင္းတယ္။ က်ေနာ္တို႔ဘက္ကလည္း အေသအေပ်ာက္မ်ားတယ္။ လူေတြကလည္း က်ေနာ္တို႔ဆီကအဖြဲ႔ကလည္း စိတ္ဓာတ္ေတြက်ဆင္းေနၾကတယ္။ တဦးကိုတဦး မေျပာရဲၾကဘူး။ ရင္ဖြင့္လို႔မရဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ informer ေတြရွိလို႔။ သူတို႔ေပးထားတာ အနားမွာရွိတယ္။ အဲဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ ထိေတြ႔မႈျဖစ္တယ္။ အတိုက္ခိုင္းတယ္၊ က်ေနာ္တို႔ကို အေသခံတုိက္ခုိင္းတယ္။ ..သူတို႔က ေနာက္ျပန္ဆုတ္သြားတယ္။ က်ေနာ္နဲ႔ က်ေနာ့္တျပည့္ႏွစ္ေယာက္ က်န္ခဲ့တယ္။ အဲဒါ က်ေနာ္တို႔က လက္ နက္ခ်တယ္။ နင္တို႔လည္း ငါ့ကိုမပစ္နဲ႔၊ ငါလည္း နင္တို႔ကိုမပစ္ ဘူး။ ...ေတြ႔ တယ္။ အဲဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ကို ေခၚထားတယ္။

စစ္တပ္ထဲကို ေရာက္ၿပီးေနာက္ စိတ္မခ်မ္းေျမ့စရာလူ႔အခြင့္ေရးခ်ိဳးေဖာက္မူေတြကိုႀကဳံရေၾကာင္း မေကြးတိုင္းအတြင္းမွာ စစ္တပ္ရဲ႕လူ႔အခြင့္ေရးခ်ိဳးေဖာက္မူေတြကို သူ ကိုယ္တိုင္ျမင္ခဲ့ရတယ္လို႔ တပ္သားမင္းသူကေျပာပါတယ္။

“က်ေနာ္စစ္ေၾကာင္းသြားတဲ့တေလွ်ာက္မွာ စိတ္မခ်မ္းသာစရာေတြ ျမင္ေတြ႔ခဲ့ရတယ္။ ...ႀကီးနဲ႔ သကၠယ္ေတာင္မွာဆိုရင္ ရြာသူရြာသားေတြရဲ႕အိမ္ ဖ်က္ဆီး႐ုံတင္မဟုတ္ဘူး။ ပစၥည္းေတြကို မႏိုင္မနင္းေတြေတြကအစ ကားေတြနဲ႔ပါ ထမ္းၿပီး သယ္ သြားၾကတယ္။ တကယ္ ေနာက္တာမဟုတ္ဘူး။ အိမ္ေတြပါ ဖ်က္ဆီးၿပီး မီးေတြပါ႐ိႈ႕တယ္။ အဲဒီေလာက္ေတြအထိ ဆိုးဆိုးဝါးဝါးႀကံဳခဲ့ရတယ္။ ေနာက္ဆံုးဗ်ာ-အရွင္းဆံုးေျပာတာ။ စားစရာမရွိလို႔ ဆန္ေလးပါယူၿပီးေတာ့မွ ကိုယ့္ဖာသာကိုယ္ ခ်က္စားတယ္ဆိုရင္ေတာင္မွ မေျပာလိုပါဘူး။ သူတို႔က အကုန္လံုး ရြာသူရြာသားေတြရဲ႕မ်က္ႏွာေတြကို မေထာက္တဲ့အျပင္ ရြာသူရြာသားေတြရဲ႕အိမ္ေတြကအစ အကုန္လံုး မီးေလာင္တုိက္ပါသြင္းတယ္။ အဲဒါေတြကို က်ေနာ္တို႔က ျမင္ေတြ႔ ခဲ့ရတယ္။

စစ္သားေတြၾကားမွာလည္း တိုင္းရင္သားလက္နက္ကိုင္ေတြနဲ႔ျဖစ္ေစ ျပည္တြင္းက ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ျဖစ္ေစ အခုလိုမ်ိဳး တိုက္ခိုက္ရတာ စိတ္ပင္ပန္းေနၿပီး စစ္တိုက္ရတာကို အခ်ည္းႏွီးျဖစ္ေနတယ္လို႔ ျမင္လာေၾကာင္း ဒုတပ္ၾကပ္ ထင္ေက်ာ္က ေျပာပါတယ္။

“သူတို႔က မိသားစုနဲ႔ဖက္ၿပီးေတာ့ ေနတာ။ က်ေနာ္တို႔က ဒီမွာ အငတ္ငတ္ အျပတ္ျပတ္နဲ႔၊ ေပတိေပစုတ္နဲ႔ ေတာထဲမွာ က်ေနာ္တို႔ေနခဲ့ရတာ။ သူ႔ကိုလည္း မုန္းတာလည္းမဟုတ္ဘူး၊ ကိုယ့္ကိုလည္း မုန္းတာလည္းမဟုတ္ဘဲနဲ႔ လူလူခ်င္း စစ္တုိက္ေနရတာ။ က်ေနာ္က အဲဒါကို လက္မခံဘူး။ လက္မခံေတာ့ အခ်င္းခ်င္း ရန္သူကိုမိတ္ေဆြဖြဲ႔တာ၊ က်ေနာ္ လက္နက္ခ်တယ္၊ အညံ့ခံတယ္၊

စစ္ေကာင္စီဘက္က လက္နက္ခ်ကူးေျပာင္းလာတဲ့ တပ္သားမင္းသူ၊ ဒုတပ္ၾကပ္ ထင္ေက်ာ္တို႔ရဲ႕ ေျပာျပခ်က္ေတြပါ။ စစ္ေကာင္စီဘက္ကေတာ့ တိုက္ပြဲေတြအတြင္း ထိခိုက္ဒဏ္ရာရတဲ့ စစ္သား အေရအတြက္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြဘက္က ေျပာသေလာက္ မမ်ားတဲ့အေၾကာင္းနဲ႔ ျမန္မာစစ္တပ္က တပ္သားအမ်ားအျပား ထြက္ေျပးေနတယ္၊ စိတ္ဓါတ္က်ေနတယ္ဆိုတဲ့ သတင္းေတြလည္း မဟုတ္မမွန္ေၾကာင္း ျငင္းဆိုထားပါတယ္။ အခုခ်ိန္မွာ စစ္ေကာင္စီဘက္က တပ္သား ဘယ္ႏွစ္ေယာက္ ထြက္ေျပးေနၾကတယ္ဆိုတဲ့ အေရအတြက္နဲ႔ပတ္သက္ လို႔ သီးျခားအတည္ျပဳခ်က္ေတြေတာ့မရရွိေသးပါဘူးရွင္။

တိုက္႐ိုက္ လင့္ခ္

a
====================

[[Unicode]]

လက်နက်ချ မြန်မာစစ်သားနှစ်ဦးနဲ့ တွေ့ဆုံမေးမြန်းမှု

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တိုက်ပွဲတွေမှာ စစ်တပ်ဘက်က အကျအဆုံးများခဲ့သလို တပ်ထဲက စစ်သားတွေထဲ တိုက်ခိုက်ချင်စိတ်တွေ ကျဆင်းနေတယ်လို့ KNU ကရင်အမျိုးသား အစည်းအရုံးကို လက်နက်ချလာတဲ့ မြန်မာစစ်သား ၂ ဦးက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာရတဲ့ စစ်သား အရေအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ပြောသလောက် မများတဲ့အကြောင်း ငြင်းဆိုထားပါတယ်။ မြန်မာစစ်တပ်က တပ်သားအများအပြား ထွက်ပြေးနေတယ်ဆိုတဲ့သတင်းတွေကိုလည်း ငြင်းပယ်နေပါတယ်။ KNU နယ်မြေရောက် မြန်မာစစ်တပ်က လက်နက်ချလာတဲ့ တပ်ဖွဲ့ဝင် ၂ ဦးကို ဦးကို ဗွီအိုအေသတင်းထောက် မအေးအေးမာ တွေ့ဆုံမေးမြန်းထားပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့၊ PDF ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ပူးပေါင်းတပ်ဖွဲ့တွေအကြား နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေအတွင်း ကေအန်ယူနဲ့ပူးပေါင်းတပ်တွေဘက်ကို စစ်ကောင်စီတပ်သားတချို့ ကူးပြောင်းလာတာရှိသလို ရှေ့တန်းကနေ ထွက်ပြေးကြသူတွေလည်း ရှိနေပါတယ်။ အဲဒီအထဲမှာ ကေအန်ယူ PDF ပူးပေါင်းထားတဲ့ Cobra စစ်ကြောင်းကို စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ ခမရ (၁၀၂) ကလက်နက်ချလာတဲ့ စစ်ကောင်စီတပ်သား ၂ ဦးလည်းအပါအဝင်ဖြစ်ပါတယ်။

“ကျနော်တို့က ဓားစာခံတွေလေဗျာ၊ ဓားစာခံတွေ၊ ထိုးကျွေးခံနေရတယ်။ သူတို့ တဘို့တည်းကောင်းစားဖို့အတွက် ကျနော်တို့က အသက်တွေရော၊ ချွေးတွေရော ရင်းပြီး ပေးထားခဲ့ရတာ။ သူတို့က ရှေ့ကိုတက်တာမဟုတ်ဘူး။ သူတို့က နောက်ကနေ အမိန့်ပဲပေးနေတာ။ လုပ်ရတာ ကျနော်တို့က လက်တွေ့ကျကျလုပ်ရတာ။ အားလုံး လက်အောက်ငယ်သားတွေကအစ လုံးဝကို တိုက်ချင်ခိုက်ချင်တဲ့စိတ်မရှိတော့ဘူး။ အားလုံးက နောက်တန်းပြန်ဝင်ဖို့ချည့်ပဲ တာစူနေကြတယ်။ ..မရဘူး။ အထက်က အာဏာရှင်တွေက ဒီနေရာမှဒီနေရာပဲ။ ရအောင်တိုက်မယ်ဆိုတဲ့လူမျိုးတွေချည့်ဖြစ်နေတယ်။


စစ်တပ်ထဲဝင်ရောက်လာလာတာ၂ နှစ် ပဲရှိသေးပြီး လက်နက်ချ ကူးပြောင်းလာတဲ့ တပ်သားမင်းသူ ပြောပြသွားတာပါ။ သြဂုတ်လ ၁၉ ရက်နေ့မှာ မြဝတီ ဝေါ်လေ ကားလမ်းမအနီး ဘုရားကုန်း သုံးထပ်ကွေ့စတဲ့နေရာတွေက တိုက်ပွဲတွေအတွင်းမှာ လက်နက်ချခဲ့တာဖြစ်ပါတယ်။ တပ်ထဲမှာ ထွက်ပြေးချင်တဲ့သူတွေရှိပေမယ့် တယောက်နဲ့တယောက်မပြောရဲကြဘူးလို့ ၁၆ နှစ်ကြာ စစ်မှုထမ်းခဲ့တဲ့ ဒုတပ်ကြပ် ထင်ကျော်က ပြောပါတယ်။

“ဟိုဘက်ကိုလည်း ကျနော်တို့မတိုက်ချင်ဘူး။ ဒီဘက်ကိုလည်း ကျနော်တို့မတိုက် ချင်ဘူး။ အဲဒါကြောင့်မို့လို့ စစ်ဖြစ်တယ်၊ ကျနော်တို့ကို တိုးခိုင်းတယ်။ ကျနော်တို့ဘက်ကလည်း အသေအပျောက်များတယ်။ လူတွေကလည်း ကျနော်တို့ဆီကအဖွဲ့ကလည်း စိတ်ဓာတ်တွေကျဆင်းနေကြတယ်။ တဦးကိုတဦး မပြောရဲကြဘူး။ ရင်ဖွင့်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ informer တွေရှိလို့။ သူတို့ပေးထားတာ အနားမှာရှိတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ထိတွေ့မှုဖြစ်တယ်။ အတိုက်ခိုင်းတယ်၊ ကျနော်တို့ကို အသေခံတိုက်ခိုင်းတယ်။ ..သူတို့က နောက်ပြန်ဆုတ်သွားတယ်။ ကျနော်နဲ့ ကျနော့်တပြည့်နှစ်ယောက် ကျန်ခဲ့တယ်။ အဲဒါ ကျနော်တို့က လက် နက်ချတယ်။ နင်တို့လည်း ငါ့ကိုမပစ်နဲ့၊ ငါလည်း နင်တို့ကိုမပစ် ဘူး။ ...တွေ့ တယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ကို ခေါ်ထားတယ်။

စစ်တပ်ထဲကို ရောက်ပြီးနောက် စိတ်မချမ်းမြေ့စရာလူ့အခွင့်ရေးချိုးဖောက်မူတွေကိုကြုံရကြောင်း မကွေးတိုင်းအတွင်းမှာ စစ်တပ်ရဲ့လူ့အခွင့်ရေးချိုးဖောက်မူတွေကို သူ ကိုယ်တိုင်မြင်ခဲ့ရတယ်လို့ တပ်သားမင်းသူကပြောပါတယ်။

“ကျနော်စစ်ကြောင်းသွားတဲ့တလျှောက်မှာ စိတ်မချမ်းသာစရာတွေ မြင်တွေ့ခဲ့ရတယ်။ ...ကြီးနဲ့ သက္ကယ်တောင်မှာဆိုရင် ရွာသူရွာသားတွေရဲ့အိမ် ဖျက်ဆီးရုံတင်မဟုတ်ဘူး။ ပစ္စည်းတွေကို မနိုင်မနင်းတွေတွေကအစ ကားတွေနဲ့ပါ ထမ်းပြီး သယ် သွားကြတယ်။ တကယ် နောက်တာမဟုတ်ဘူး။ အိမ်တွေပါ ဖျက်ဆီးပြီး မီးတွေပါရှို့တယ်။ အဲဒီလောက်တွေအထိ ဆိုးဆိုးဝါးဝါးကြုံခဲ့ရတယ်။ နောက်ဆုံးဗျာ-အရှင်းဆုံးပြောတာ။ စားစရာမရှိလို့ ဆန်လေးပါယူပြီးတော့မှ ကိုယ့်ဖာသာကိုယ် ချက်စားတယ်ဆိုရင်တောင်မှ မပြောလိုပါဘူး။ သူတို့က အကုန်လုံး ရွာသူရွာသားတွေရဲ့မျက်နှာတွေကို မထောက်တဲ့အပြင် ရွာသူရွာသားတွေရဲ့အိမ်တွေကအစ အကုန်လုံး မီးလောင်တိုက်ပါသွင်းတယ်။ အဲဒါတွေကို ကျနော်တို့က မြင်တွေ့ ခဲ့ရတယ်။

စစ်သားတွေကြားမှာလည်း တိုင်းရင်သားလက်နက်ကိုင်တွေနဲ့ဖြစ်စေ ပြည်တွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ဖြစ်စေ အခုလိုမျိုး တိုက်ခိုက်ရတာ စိတ်ပင်ပန်းနေပြီး စစ်တိုက်ရတာကို အချည်းနှီးဖြစ်နေတယ်လို့ မြင်လာကြောင်း ဒုတပ်ကြပ် ထင်ကျော်က ပြောပါတယ်။

“သူတို့က မိသားစုနဲ့ဖက်ပြီးတော့ နေတာ။ ကျနော်တို့က ဒီမှာ အငတ်ငတ် အပြတ်ပြတ်နဲ့၊ ပေတိပေစုတ်နဲ့ တောထဲမှာ ကျနော်တို့နေခဲ့ရတာ။ သူ့ကိုလည်း မုန်းတာလည်းမဟုတ်ဘူး၊ ကိုယ့်ကိုလည်း မုန်းတာလည်းမဟုတ်ဘဲနဲ့ လူလူချင်း စစ်တိုက်နေရတာ။ ကျနော်က အဲဒါကို လက်မခံဘူး။ လက်မခံတော့ အချင်းချင်း ရန်သူကိုမိတ်ဆွေဖွဲ့တာ၊ ကျနော် လက်နက်ချတယ်၊ အညံ့ခံတယ်၊

စစ်ကောင်စီဘက်က လက်နက်ချကူးပြောင်းလာတဲ့ တပ်သားမင်းသူ၊ ဒုတပ်ကြပ် ထင်ကျော်တို့ရဲ့ ပြောပြချက်တွေပါ။ စစ်ကောင်စီဘက်ကတော့ တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာရတဲ့ စစ်သား အရေအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ပြောသလောက် မများတဲ့အကြောင်းနဲ့ မြန်မာစစ်တပ်က တပ်သားအများအပြား ထွက်ပြေးနေတယ်၊ စိတ်ဓါတ်ကျနေတယ်ဆိုတဲ့ သတင်းတွေလည်း မဟုတ်မမှန်ကြောင်း ငြင်းဆိုထားပါတယ်။ အခုချိန်မှာ စစ်ကောင်စီဘက်က တပ်သား ဘယ်နှစ်ယောက် ထွက်ပြေးနေကြတယ်ဆိုတဲ့ အရေအတွက်နဲ့ပတ်သက် လို့ သီးခြားအတည်ပြုချက်တွေတော့မရရှိသေးပါဘူးရှင်။
====================

XS
SM
MD
LG