သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္မိုးပ်ံပူေဖာင္းကိစၥ အေမရိကန္မွာ ႏိုင္ငံေရးအရ အျငင္းပြား 


USA-CHINA/SPY

[[Zawgyi/Unicode]]

တ႐ုတ္ႏိုင္ငံက ေထာက္လွမ္းေရးအတြက္ရည္ရြယ္တယ္လို႔သံသယရွိတဲ့ မိုးပ်ံပူေဖာင္းႀကီးကို အေမရိကန္ကပစ္ခ်လိုက္တဲ့အေပၚ ႏိုင္ငံေရးအရ သေဘာထားကဲြျပားမႈေတြထြက္ေပၚေနပါတယ္။ သမၼတ Joe Biden အစိုးရကေတာ့ အႏၲရာယ္ကင္းေအာင္ အတၱလန္တိတ္သမုဒၵရာေပၚမွာ ပစ္ခ်ခဲ့တာျဖစ္ေၾကာင္း ကာကြယ္ေျပာဆိုထားတဲ့တခ်ိန္တည္းမွာပဲ အတိုက္အခံ ရီပတ္ဘလစ္ကန္ေတြကေတာ့ အေရးႀကီးတဲ့ စစ္ဘက္ဆိုင္ရာေနရာေတြေပၚကို ျဖတ္သန္းခဲ့တဲ့ ပူေဖာင္းႀကီးကို လြန္ခဲ့တဲ့ သီတင္းတပတ္ေက်ာ္ေလာက္ကတည္းက ပစ္ခ်သင့္တယ္လို႔ ေျပာေနၾကတာပါ။

သယ္ယူပို႔ေဆာင္ေရးဝန္ႀကီး Pete Buttigieg ကေတာ့ တ႐ုတ္ႏိုင္ငံရဲ႕လုပ္ရပ္ဟာ တိုင္းျပည္အခ်ဳပ္အျခာအာဏာကို ခ်ဳိးေဖာက္မႈအျဖစ္လက္မခံႏိုင္ေၾကာင္း အေမရိကန္ရုပ္သံ CNN နဲ႔ ေမးျမန္းခန္းမွာ ေျပာခဲ့ပါတယ္။ မိုးပ်ံပူေဖာင္းႀကီးကို ပစ္ခ်ဖို႔ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ကတည္းက သမၼတဘိုင္ဒန္က စစ္တပ္ကိုအမိန္႔ေပးထားေပမဲ့ အေမရိကန္ေျမေပၚမွာ အႏၲရာယ္ျဖစ္မွာစိုးတာေၾကာင့္ စေနေန႔ကမွ ပစ္ခ်ခဲ့တာလို႔လည္း ေျပာပါတယ္။ အျမင့္ေပ ၁၈,၀၀၀ ေက်ာ္မွာရွိေနခဲ့တဲ့ ပူေဖာင္းႀကီးကို တိုက္ေလယာဥ္က မစ္ဇိုင္းဒုံးနဲ႔ပစ္ခ်ခဲ့ရာမွာ ေတာင္ကယ္႐ိုလိုင္းနားျပည္နယ္ကမ္းလြန္မွာ ပ်က္က်ခဲ့ၿပီး အပ်က္အစီးအပိုင္းအစေတြဟာ ၇ မိုင္ေလာက္ ျပန္႔က်ဲသြားခဲ့တယ္လို႔လည္း သယ္ယူပို႔ေဆာင္ေရးဝန္ႀကီးက ေျပာပါတယ္။

သမုဒၵရာထဲကအပ်က္အစီးေတြကိုေတာ့ အေမရိကန္ေရတပ္သေဘၤာေတြက လိုက္လံဆယ္ယူခဲ့ၿပီး ဝါရွင္တန္ၿမိဳ႕ေတာ္အနီးက အေမရိကန္ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရးဗ်ူ႐ို (FBI) ဓာတ္ခဲြခန္းကို ေပးပို႔ထားပါတယ္။ ရီပတ္ဘလစ္ကန္ေတြကေတာ့ အေမရိကန္အေနာက္ေျမာက္ဖ်ားက Alaska ျပည္နယ္၊ Aleutian ကၽြန္းစုေပၚမွာ ဇန္နဝါရီ ၂၈ ရက္ေန႔က စတင္ေတြ႕ရွိခ်ိန္ကတည္းကပစ္ခ်သင့္တယ္လို႔ ေျပာဆိုေနၾကတာပါ။

တ႐ုတ္အစိုးရကေတာ့ မိုးပ်ံပူေဖာင္းႀကီးဟာ မိုးေလဝသဆိုင္ရာ သုေတသနေလ့လာေရးအတြက္ျဖစ္ၿပီး ေလေၾကာင္းေျပာင္းၿပီး အေမရိကန္ေပၚကို ေရာက္သြားတာလို႔ ကာကြယ္ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=====================

[[Unicode]]
တရုတ်မိုးပျံပူဖောင်းကိစ္စ အမေရိကန်မှာ နိုင်ငံရေးအရ အငြင်းပွား

တရုတ်နိုင်ငံက ထောက်လှမ်းရေးအတွက်ရည်ရွယ်တယ်လို့သံသယရှိတဲ့ မိုးပျံပူဖောင်းကြီးကို အမေရိကန်ကပစ်ချလိုက်တဲ့အပေါ် နိုင်ငံရေးအရ သဘောထားကွဲပြားမှုတွေထွက်ပေါ်နေပါတယ်။ သမ္မတ Joe Biden အစိုးရကတော့ အန္တရာယ်ကင်းအောင် အတ္တလန်တိတ်သမုဒ္ဒရာပေါ်မှာ ပစ်ချခဲ့တာဖြစ်ကြောင်း ကာကွယ်ပြောဆိုထားတဲ့တချိန်တည်းမှာပဲ အတိုက်အခံ ရီပတ်ဘလစ်ကန်တွေကတော့ အရေးကြီးတဲ့ စစ်ဘက်ဆိုင်ရာနေရာတွေပေါ်ကို ဖြတ်သန်းခဲ့တဲ့ ပူဖောင်းကြီးကို လွန်ခဲ့တဲ့ သီတင်းတပတ်ကျော်လောက်ကတည်းက ပစ်ချသင့်တယ်လို့ ပြောနေကြတာပါ။

သယ်ယူပို့ဆောင်ရေးဝန်ကြီး Pete Buttigieg ကတော့ တရုတ်နိုင်ငံရဲ့လုပ်ရပ်ဟာ တိုင်းပြည်အချုပ်အခြာအာဏာကို ချိုးဖောက်မှုအဖြစ်လက်မခံနိုင်ကြောင်း အမေရိကန်ရုပ်သံ CNN နဲ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။ မိုးပျံပူဖောင်းကြီးကို ပစ်ချဖို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတည်းက သမ္မတဘိုင်ဒန်က စစ်တပ်ကိုအမိန့်ပေးထားပေမဲ့ အမေရိကန်မြေပေါ်မှာ အန္တရာယ်ဖြစ်မှာစိုးတာကြောင့် စနေနေ့ကမှ ပစ်ချခဲ့တာလို့လည်း ပြောပါတယ်။ အမြင့်ပေ ၁၈,၀၀၀ ကျော်မှာရှိနေခဲ့တဲ့ ပူဖောင်းကြီးကို တိုက်လေယာဉ်က မစ်ဇိုင်းဒုံးနဲ့ပစ်ချခဲ့ရာမှာ တောင်ကယ်ရိုလိုင်းနားပြည်နယ်ကမ်းလွန်မှာ ပျက်ကျခဲ့ပြီး အပျက်အစီးအပိုင်းအစတွေဟာ ၇ မိုင်လောက် ပြန့်ကျဲသွားခဲ့တယ်လို့လည်း သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။

သမုဒ္ဒရာထဲကအပျက်အစီးတွေကိုတော့ အမေရိကန်ရေတပ်သင်္ဘောတွေက လိုက်လံဆယ်ယူခဲ့ပြီး ဝါရှင်တန်မြို့တော်အနီးက အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ဓာတ်ခွဲခန်းကို ပေးပို့ထားပါတယ်။ ရီပတ်ဘလစ်ကန်တွေကတော့ အမေရိကန်အနောက်မြောက်ဖျားက Alaska ပြည်နယ်၊ Aleutian ကျွန်းစုပေါ်မှာ ဇန်နဝါရီ ၂၈ ရက်နေ့က စတင်တွေ့ရှိချိန်ကတည်းကပစ်ချသင့်တယ်လို့ ပြောဆိုနေကြတာပါ။

တရုတ်အစိုးရကတော့ မိုးပျံပူဖောင်းကြီးဟာ မိုးလေဝသဆိုင်ရာ သုတေသနလေ့လာရေးအတွက်ဖြစ်ပြီး လေကြောင်းပြောင်းပြီး အမေရိကန်ပေါ်ကို ရောက်သွားတာလို့ ကာကွယ်ပြောဆိုထားပါတယ်။

XS
SM
MD
LG