သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေတာင္နဲ႔ ေျမာက္ကိုရီးယား ႏွစ္ႏိုင္ငံအၾကား အျပန္အလွန္ သတိေပးပစ္ခတ္မႈေတြျဖစ္ခဲ့


South Korea Koreas Tensions

[[Zawgyi/Unicode]]

အျငင္းပြါးဖြယ္ရာျဖစ္တဲ့အေနာက္ဘက္ကမ္းေျခမွာ အျပန္အလွန္ သတိေပးပစ္ခတ္ခဲ့ၾကတယ္လို႔ ေတာင္ နဲ႔ ေျမာက္ကိုရီးယားတို႔က ေျပာၾကပါတယ္။

တနလၤာေန႔မနက္ေစာက ေျမာက္ကိုရီးယား ကုန္သြယ္ေရးသေဘၤာဟာ တရားဝင္အသိအမွတ္ျပဳထားျခင္းမရွိတဲ့ ႏွစ္ႏိုင္ငံေရပိုင္နက္ကိုျဖတ္သြားတာေၾကာင့္ သတိေပးပစ္ခတ္ခဲ့တာျဖစ္တယ္လို႔ ေတာင္ကိုရီးယားက ဆိုပါတယ္။ ေနာက္ မိနစ္ ၉၀ အၾကာမွာေတာ့ ေျမာက္ကိုရီးယားက ၁၀ ႀကိမ္ သတိေပးပစ္ခတ္ခဲ့ပါတယ္။ ေတာင္ကိုရီးယားစစ္သေဘၤာက နယ္စပ္ကိုျဖတ္ခဲ့တယ္လို႔လည္း ေျမာက္ကိုရီးယားက စြပ္စြဲလိုက္ပါတယ္။

ေတာင္ကိုရီးယား စစ္တပ္ ေျပာေရးဆိုခြင့္ရွိသူ KIM JOON-RAK က ခုလို ေျပာပါတယ္။

ေျမာက္ကိုရီးယားရဲ႕လုပ္ရပ္ဟာ ႏွစ္ႏိုင္ငံ စစ္တပ္ၾကား သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တာ ျဖစ္တယ္လို႔ ေျပာသြားတာပါ။ ရန္စတာေတြရပ္ဖို႔လည္း သူက တိုက္တြန္းသြားပါတယ္။ ေျမာက္ကိုရီးယားဟာ ဒီႏွစ္မွာ ဒုံးက်ည္စမ္းသပ္မႈေတြကို စံခ်ိန္တင္ေလာက္ေအာင္ စမ္းသပ္ခဲ့ၿပီး ႏွစ္ႏိုင္ငံ ပင္လယ္နယ္စပ္ အနီးမွာ ပစ္ခတ္တာေတြလည္း လုပ္ခဲ့ပါတယ္။

အရင္တုန္းကေတာ့ အေမရိကန္နဲ႔မေဆြးေႏြးမီမွာ စစ္ေရးတင္းမာလာေအာင္ ေျမာက္ကိုရီးယားက လုပ္ေလ့ရွိၿပီး အဲဒီ တင္းမာမႈေတြကို အေပးအယူသေဘာ အသုံးခ်ေလ့ရွိပါတယ္။ ဒါေပမဲ့ အေမရိကန္က ေဆြးေႏြးဖို႔ကမ္းလွမ္းတာေတြကို ေျမာက္ကိုရီးယားက စိုက္လိုက္မတ္တပ္ပယ္ခ်ခဲ့ၿပီး ႏ်ဴကလီယား လက္နက္ မဖ်က္သိမ္း၊ မေဆြးေႏြး၊ အေပးအယူလုပ္လိမ့္မယ္ မဟုတ္ဘူးလို႔ ေျမာက္ကိုရီးယား ေခါင္းေဆာင္ Kim Jong Un က စက္တင္ဘာလထဲမွာ ေျပာထားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]


တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြား အပြန်အလှန် သတိပေးပစ်ခတ်မှုတွေဖြစ်ခဲ့

အငြင်းပွါးဖွယ်ရာဖြစ်တဲ့အနောက်ဘက်ကမ်းခြေမှာ အပြန်အလှန် သတိပေးပစ်ခတ်ခဲ့ကြတယ်လို့ တောင် နဲ့ မြောက်ကိုရီးယားတို့က ပြောကြပါတယ်။

တနင်္လာနေ့မနက်စောက မြောက်ကိုရီးယား ကုန်သွယ်ရေးသင်္ဘောဟာ တရားဝင်အသိအမှတ်ပြုထားခြင်းမရှိတဲ့ နှစ်နိုင်ငံရေပိုင်နက်ကိုဖြတ်သွားတာကြောင့် သတိပေးပစ်ခတ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားက ဆိုပါတယ်။ နောက် မိနစ် ၉၀ အကြာမှာတော့ မြောက်ကိုရီးယားက ၁၀ ကြိမ် သတိပေးပစ်ခတ်ခဲ့ပါတယ်။ တောင်ကိုရီးယားစစ်သင်္ဘောက နယ်စပ်ကိုဖြတ်ခဲ့တယ်လို့လည်း မြောက်ကိုရီးယားက စွပ်စွဲလိုက်ပါတယ်။

တောင်ကိုရီးယား စစ်တပ် ပြောရေးဆိုခွင့်ရှိသူ KIM JOON-RAK က ခုလို ပြောပါတယ်။

မြောက်ကိုရီးယားရဲ့လုပ်ရပ်ဟာ နှစ်နိုင်ငံ စစ်တပ်ကြား သဘောတူညီချက်ကို ချိုးဖောက်တာ ဖြစ်တယ်လို့ ပြောသွားတာပါ။ ရန်စတာတွေရပ်ဖို့လည်း သူက တိုက်တွန်းသွားပါတယ်။ မြောက်ကိုရီးယားဟာ ဒီနှစ်မှာ ဒုံးကျည်စမ်းသပ်မှုတွေကို စံချိန်တင်လောက်အောင် စမ်းသပ်ခဲ့ပြီး နှစ်နိုင်ငံ ပင်လယ်နယ်စပ် အနီးမှာ ပစ်ခတ်တာတွေလည်း လုပ်ခဲ့ပါတယ်။

အရင်တုန်းကတော့ အမေရိကန်နဲ့မဆွေးနွေးမီမှာ စစ်ရေးတင်းမာလာအောင် မြောက်ကိုရီးယားက လုပ်လေ့ရှိပြီး အဲဒီ တင်းမာမှုတွေကို အပေးအယူသဘော အသုံးချလေ့ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်က ဆွေးနွေးဖို့ကမ်းလှမ်းတာတွေကို မြောက်ကိုရီးယားက စိုက်လိုက်မတ်တပ်ပယ်ချခဲ့ပြီး နျူကလီယား လက်နက် မဖျက်သိမ်း၊ မဆွေးနွေး၊ အပေးအယူလုပ်လိမ့်မယ် မဟုတ်ဘူးလို့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က စက်တင်ဘာလထဲမှာ ပြောထားခဲ့ပါတယ်။

XS
SM
MD
LG