သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရဲဖမ်းဆီးတဲ့ အထောက်အထားမဲ့မြန်မာ  ၅ ရက်အတွင်း ၅၀ ကျော်


ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်နဲ့အယုဒ္ဓယပြည်နယ်ထဲမှာ ဇန်နဝါရီလ ၂၂ ရက်နေ့တနေ့တည်း တရားမဝင် မြန်မာ၂၀ ကျော်ဖမ်းမိပုံ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)
ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်နဲ့အယုဒ္ဓယပြည်နယ်ထဲမှာ ဇန်နဝါရီလ ၂၂ ရက်နေ့တနေ့တည်း တရားမဝင် မြန်မာ၂၀ ကျော်ဖမ်းမိပုံ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)

[[Zawgyi/Unicode]]

ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်နဲ့အယုဒ္ဓယပြည်နယ်ထဲမှာ ဇန်နဝါရီလ ၂၂ ရက်နေ့တနေ့တည်း တရားမဝင် မြန်မာ၂၀ ကျော် ဖမ်းမိခဲ့ပါတယ်။ ၅ ရက်အတွင်းမှာတော့ မြန်မာ ၅၀ ကျော်ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်နဲ့အယုဒ္ဓယပြည်နယ်ထဲမှာ ဇန်နဝါရီလ ၂၂ ရက်နေ့တနေ့တည်း တရားမဝင် မြန် မာ၂၀ ကျော်ကို အစုလိုက်အပြုံလိုက် ဖမ်းမိခဲ့တယ်လို့မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

“၂၂ ရက်နေ့ညပိုင်းတုန်းက ထိုင်းနိုင်ငံတာ့ခ်ပြည်နယ် ဝမ်ကျောက်မြို့နယ်ထဲက နာဂိုကျေးရွာအုပ်စုနားမှာ မသင်္ကာစရာ ပစ်ကပ်ကားတစီးကိုတွေ့တော့ ပစ်ကပ်ကားကထွက်ပြေးတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက လိုက် လံဖမ်းဆီးတဲ့အခါမှာ တရားမဝင် မြန်မာနိုင်ငံသားအမျိုးသား ၆ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၁၃ ဦးကို ဖမ်းမိတယ်။ သူတို့နဲ့အတူထိုင်းယာဉ်မောင်းကိုပါ ဖမ်းမိတယ်။ သူတို့တွေကို လုံခြုံရေးတပ်ဖွဲ့တွေကတရားမဝင် မြန်မာ ၁၃ ဦးကို စစ်ဆေးတဲ့အခါမှာ သူတို့တွေဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကိုထွက်လာဖို့ ပွဲစားတွေကို ဘတ်ငွေ ၂ သောင်းခွဲကနေ ၃ သောင်းထိပေးပြီး လာကြသူတွေဖြစ်တယ်။ အလားတူပဲ ဇန်နဝါရီ ၂၂ ရက်နေ့မှာပဲ ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယပြည်နယ်ထဲမှာလည်း မသင်္ကာစရာပစ်ကပ်ကို ဖမ်းဆီးတော့မြန်မာနိုင်ငံသား ကျား ၈ ယောက်၊ အမျိုးသမီး ၂ ယောက် စုစုပေါင်း ၁၀ ယောက် ဖမ်းမိတယ်။”

အခုဆိုရင် ၅ ရက်အတွင်း တရားမဝင် မြန်မာတွေကို ဖမ်းမိတာ ၅၀ ကျော်သွားပြီဖြစ်သလို အားလုံးကလူကုန်ကူးသူတွေက သယ်ဆောင်လာတာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

“ဇန်နဝါရီလ ၁၈ ရက်နေ့တုန်းက တရားမဝင် မြန်မာတွေသယ်လာတဲ့ကားတိမ်းမှောက်တယ်။ ဖာတလုံခရိုင်ထဲမှာ တိမ်းမှောက်မယ်။ ဖာထလုံခရိုင်ဆိုတာ ပရာကျွတ်ခီရီကမ်ပြည်နယ်ကနေ ထိုင်းတောင်ပိုင်းကို သွားတဲ့လမ်းမှာဖြစ်တယ်။ မြန်မာနိုင်ငံသားတဦးလက်ကျိုးတယ်။ မြန်မာနိုင်ငံသားတွေက ထွက်ပြေးကြတယ်။ အာဏာပိုင်တွေက ပိုက်စိတ်တိုက်ဖမ်းတော့ မြန်မာနိုင်ငံသား၂၈ ယောက်ဖမ်းမိတယ်။ ဇန်နဝါရီလ ၁၈ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ မြန်မာနိုင်ငံသား ၅၂ ယောက်နဲ့လူပွဲစားတယောက်ကို ဖမ်းမိပါတယ်။ တခြားလူပွဲစားတွေကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်။”

ထိုင်းနိုင်ငံထဲကိုတရားမဝင်မြန်မာတွေက နေ့စဉ် ဝင်ရောက်လာနေပြီး ထိုင်းနိုင်ငံထဲမှာ အထောက်အထားမရှိသူတွေကို အထောက်အထားလက်မှတ်လုပ်ပေးတဲ့ကာလကစပြီး နေ့စဉ်ရာနဲ့ချီ ဝင်ရောက်လာနေပြီး နေ့စဉ်လည်း ဖမ်းမိနေပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း တနှစ်လုံးအတိုင်းအတာနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာတွေအရေအတွက်ဟာ ၄ဝ,၀၀၀ ကျော်လောက်ရှိတယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေက ပြောဆိုကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]








XS
SM
MD
LG