သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တူရကီမွာ ေနာက္ထပ္ အင္အားျပင္းငလ်င္ေၾကာင့္ ေသဆုံးသူ ၈ ဦးအထိရွိ 


Turkey Syria Earthqauke Antakya

{{Zawgyi/Unicode}}

တူရကီနဲ႔ ဆီးရီးယားနယ္စပ္ေဒသမွာ တနလၤာေန႔က လႈပ္ခတ္ခဲ့တဲ့ငလ်င္ေၾကာင့္ ေသဆုံးသူအေရအတြက္ အနည္းဆုံးရွစ္ဦးအထိျမင့္တက္လာၿပီး ကယ္ဆယ္ေရးလုပ္သားေတြကလည္း ၿပိဳက်ေနတဲ့အေဆာက္အအုံေတြထဲက ပိတ္မိေနသူေတြကို ဆက္လက္ ရွာေဖြေနၾကပါတယ္။

လူေပါင္း ေလးေသာင္းခြဲ (၄၅,၀၀၀) နီးပါး အသက္ဆုံးရႈံးခဲ့ရတဲ့ ဧရာမငလ်င္ႀကီး လႈပ္ခတ္ၿပီး ႏွစ္ပတ္အၾကာမွာ ျပင္းအား ၆.၄ ရွိတဲ့ ေနာက္ထပ္ငလ်င္တခုလႈပ္ခဲ့တာပါ။

အရင္ ေဖေဖာ္ဝါရီ ၆ ရက္ကလႈပ္ခဲ့တဲ့ ငလ်င္ႀကီးဒဏ္ေၾကာင့္ အျပင္းအထန္ပ်က္စီးဆုံးရႈံးမႈေတြႀကဳံခဲ့ရတဲ့ တူရကီႏိုင္ငံ ဟတိုင္း (Hatay) ျပည္နယ္၊ ဒစ္ဖ္နဲ (Defne) ၿမိဳ႕ ကို ဗဟိုျပဳၿပီး တနလၤာေန႔က ငလ်င္ ထပ္မံလႈပ္ခဲ့တာျဖစ္ၿပီး ဒီငလ်င္ဒဏ္ဟာ အိမ္နီးခ်င္း ဆီးရီးယား၊ ေဂ်ာ္ဒန္၊ လက္ဘႏြန္နဲ႔ အီဂ်စ္ႏိုင္ငံေတြကိုပါ ႐ိုက္ခတ္ခဲ့ၿပီး ေနာက္ဆက္တြဲ အျဖစ္လည္း ျပင္းအား ၅.၈ အဆင့္ရွိ ငလ်င္တခု ထပ္လႈပ္ခတ္ခဲ့ပါတယ္။

ဆီးရီးယားႏိုင္ငံက အလက္ပိုမွာလည္း လူေျခာက္ဦး ဒဏ္ရာရခဲ့တယ္လို႔ ဆီးရီးယားႏိုင္ငံပိုင္သတင္းဌာန SANA က ဆိုပါတယ္။

တၿပိဳင္တည္းမွာပဲ ကယ္ဆယ္ေရးပစၥည္းေတြ တင္ေဆာင္လာတဲ့ ကုလသမဂၢယာဥ္တန္းဟာ အသစ္ဖြင့္လွစ္လိုက္တဲ့ အယ္လ္ရာရီ (al-Ra'ee) နယ္စပ္ကေန ဆီးရီးယားဘက္ကို တနလၤာေန႔ကေရာက္သြားၿပီလို႔ ကုလသမဂၢက ေျပာပါတယ္။ အခုဆိုရင္ သူပုန္ေတြထိန္းခ်ဳပ္ထားတဲ့ ဆီးရီးယားေျမာက္ပိုင္းက ငလ်င္ဒဏ္သင့္ျပည္သူေတြကို ကူညီဖို႔ ကုလသမဂၢအေနနဲ႔ နယ္စပ္ကို အျပည့္အဝျဖတ္ေက်ာ္ႏိုင္တဲ့လမ္းေၾကာင္း ၃ ခုရွိတယ္ ဆိုပါတယ္။

လက္ရွိမွာ အကူအညီယာဥ္တန္း ၂၂၇ စီး ေစလႊတ္ထားၿပီး နယ္စပ္ျဖတ္ေက်ာ္တဲ့လမ္းေၾကာင္း သုံးခုစလုံးကေန ေနာက္ထပ္အကူအညီေတြေပးပို႔ဖို႔ ျပင္ဆင္ေနတယ္လို႔ လည္း ကုလသမဂၢက သတင္းထုတ္ျပန္ထားပါတယ္။

ဒါ့ျပင္ တူရကီနဲ႔ ဆီးရီးယားငလ်င္ေဘးအတြက္ အေမရိကန္ႏိုင္ငံကလည္း ေနာက္ထပ္အကူအညီ ေဒၚလာ သန္း ၁၀၀ ေပးဖို႔ရွိတယ္လို႔ ေၾကညာခဲ့လို႔ အေမရိကန္ရဲ႕အကူအညီဟာ စုစုေပါင္း ေဒၚလာ ၁၈၅ သန္း ရွိလာပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္ထိုနီ ဘလင္ကန္နဲ႔ တူရကီသမၼတ အာဒိုဝန္တို႔လည္း တနလၤာေန႔က အန္ကာရာမွာ ေတြ႕ဆုံခဲ့ၿပီး ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြမွာ အေမရိကန္က အကူအညီေပးသြားမွာျဖစ္တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

{{Unicode}}

တူရကီမှာ နောက်ထပ် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၈ ဦးအထိရှိ

တူရကီနဲ့ ဆီးရီးယားနယ်စပ်ဒေသမှာ တနင်္လာနေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် သေဆုံးသူအရေအတွက် အနည်းဆုံးရှစ်ဦးအထိမြင့်တက်လာပြီး ကယ်ဆယ်ရေးလုပ်သားတွေကလည်း ပြိုကျနေတဲ့အဆောက်အအုံတွေထဲက ပိတ်မိနေသူတွေကို ဆက်လက် ရှာဖွေနေကြပါတယ်။

လူပေါင်း လေးသောင်းခွဲ (၄၅,၀၀၀) နီးပါး အသက်ဆုံးရှုံးခဲ့ရတဲ့ ဧရာမငလျင်ကြီး လှုပ်ခတ်ပြီး နှစ်ပတ်အကြာမှာ ပြင်းအား ၆.၄ ရှိတဲ့ နောက်ထပ်ငလျင်တခုလှုပ်ခဲ့တာပါ။

အရင် ဖေဖော်ဝါရီ ၆ ရက်ကလှုပ်ခဲ့တဲ့ ငလျင်ကြီးဒဏ်ကြောင့် အပြင်းအထန်ပျက်စီးဆုံးရှုံးမှုတွေကြုံခဲ့ရတဲ့ တူရကီနိုင်ငံ ဟတိုင်း (Hatay) ပြည်နယ်၊ ဒစ်ဖ်နဲ (Defne) မြို့ ကို ဗဟိုပြုပြီး တနင်္လာနေ့က ငလျင် ထပ်မံလှုပ်ခဲ့တာဖြစ်ပြီး ဒီငလျင်ဒဏ်ဟာ အိမ်နီးချင်း ဆီးရီးယား၊ ဂျော်ဒန်၊ လက်ဘနွန်နဲ့ အီဂျစ်နိုင်ငံတွေကိုပါ ရိုက်ခတ်ခဲ့ပြီး နောက်ဆက်တွဲ အဖြစ်လည်း ပြင်းအား ၅.၈ အဆင့်ရှိ ငလျင်တခု ထပ်လှုပ်ခတ်ခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံက အလက်ပိုမှာလည်း လူခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆီးရီးယားနိုင်ငံပိုင်သတင်းဌာန SANA က ဆိုပါတယ်။

တပြိုင်တည်းမှာပဲ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုလသမဂ္ဂယာဉ်တန်းဟာ အသစ်ဖွင့်လှစ်လိုက်တဲ့ အယ်လ်ရာရီ (al-Ra'ee) နယ်စပ်ကနေ ဆီးရီးယားဘက်ကို တနင်္လာနေ့ကရောက်သွားပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ အခုဆိုရင် သူပုန်တွေထိန်းချုပ်ထားတဲ့ ဆီးရီးယားမြောက်ပိုင်းက ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီဖို့ ကုလသမဂ္ဂအနေနဲ့ နယ်စပ်ကို အပြည့်အဝဖြတ်ကျော်နိုင်တဲ့လမ်းကြောင်း ၃ ခုရှိတယ် ဆိုပါတယ်။

လက်ရှိမှာ အကူအညီယာဉ်တန်း ၂၂၇ စီး စေလွှတ်ထားပြီး နယ်စပ်ဖြတ်ကျော်တဲ့လမ်းကြောင်း သုံးခုစလုံးကနေ နောက်ထပ်အကူအညီတွေပေးပို့ဖို့ ပြင်ဆင်နေတယ်လို့ လည်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် တူရကီနဲ့ ဆီးရီးယားငလျင်ဘေးအတွက် အမေရိကန်နိုင်ငံကလည်း နောက်ထပ်အကူအညီ ဒေါ်လာ သန်း ၁၀၀ ပေးဖို့ရှိတယ်လို့ ကြေညာခဲ့လို့ အမေရိကန်ရဲ့အကူအညီဟာ စုစုပေါင်း ဒေါ်လာ ၁၈၅ သန်း ရှိလာပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကန်နဲ့ တူရကီသမ္မတ အာဒိုဝန်တို့လည်း တနင်္လာနေ့က အန်ကာရာမှာ တွေ့ဆုံခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အမေရိကန်က အကူအညီပေးသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG