သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တူရကီငလ်င္ ၁၂ ရက္အၾကာ အသက္ရွင္က်န္ရစ္သူေတြ ထပ္ေတြ႔ဆဲ 


တူရကီငလ်င္လႈပ္ၿပီးေနာက္ ၁၂ ရက္အၾကာမွာ ကယ္ဆယ္ေရးလုပ္သားေတြက ဆီးရီးယားေရႊ႕ေျပာင္းလုပ္သား Samir Muhammed Accar နဲ႔ဇနီးကို အသက္ရွင္လ်က္ကယ္ဆယ္ႏိုင္ခဲ့စဥ္။ (ဇန္နဝါရီ ၁၈၊ ၂၀၂၃)  

[[Zawgyi/Unicode]]

တူရကီမွာငလ်င္ႀကီးလႈပ္ခဲ့ၿပီး ၁၂ ရက္အၾကာ ၿပိဳက်ေနတဲ့တိုက္ခန္းအေဆာက္ အဦးေတြၾကားက အသက္ရွင္လ်က္ရွိတဲ့ သားအမိသားအဖ ၃ ေယာက္ကို ရွာေဖြေတြ႔ရွိၿပီး ကယ္တင္ႏိုင္ခဲ့ေၾကာင္း တူရကီအစိုးရသတင္းဌာနက စေနေန႔တုန္းက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

အသက္ ၄၉ ႏွစ္အရြယ္ Samir Muhammed Accar နဲ႔ အသက္ ၄၀ အရြယ္သူ႔ရဲ႕ ဇနီးသည္တို႔နဲ႔အတူ အသက္ ၁၂ အရြယ္ သူတို႔ရဲ႕သားကိုကယ္ဆယ္ႏိုင္ခဲ့တာပါ။

Kyrgyzstan ကေန လာေရာက္ကူညီတဲ့ ရွာေဖြကယ္ဆယ္ေရးအသင္းက ေတြ႔ရွိကယ္တင္ႏိုင္ခဲ့တာပါ။ သူတို႔ဟာဒဏ္ရာေတြရခဲ့ၿပီး အေဆာက္အဦးပ်က္ေတြေအာက္မွာ နာရီေပါင္း ၃၀၀ နီးပါးေနခဲ့ရပါတယ္။

ဖခင္ျဖစ္သူ Samir ကသတိရေနၿပီး Uustafa Kemal တကၠသိုလ္ေဆး႐ုံမွာ ေဆးကုသေပးေနတယ္လို႔ ငလ်င္ဒဏ္ခံခဲ့ရတဲ့ Hatay ခ႐ိုင္ၿမိဳ႕ေတာ္ Antakya ကိုေရာက္ရွိေနတဲ့ တူရကီက်န္မာေရးဝန္ႀကီးကေျပာပါတယ္။ သားျဖစ္သူကေတာ့ ေဆး႐ုံေရာက္ၿပီးေနာက္ ေသဆုံးသြားခဲ့ပါတယ္။ သူတို႔ကိုရွာေတြ႔တဲ့ေနရာမွာ ေနာက္ထပ္ ေသဆုံးေနတဲ့ကေလး ၂ ဦးကိုလည္းေတြ႔ရွိခဲ့ရပါတယ္။ သူတို႔ဟာ လည္း Samir Accar ရဲ႕ကေလးေတြျဖစ္ၾကပါတယ္။

ၿပီးခဲ့တဲ့ေဖေဖၚဝါရီလ ၆ ရက္ေန႔က ျပင္းအား ၇.၈ ရွိတဲ့ငလ်င္ဟာ တူရကီနဲ႔ဆီးရီးယားတေလွ်ာက္လႈပ္ခတ္ခဲ့ၿပီး ေသဆုံးသူစုစုေပါင္း ၄၆,၀၀၀ ေက်ာ္ေလာက္ေသဆုံးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============
[[Unicode]]

တူရကီငလျင် ၁၂ ရက်အကြာ အသက်ရှင်ကျန်ရစ်သူတွေ ထပ်တွေ့ဆဲ

တူရကီမှာငလျင်ကြီးလှုပ်ခဲ့ပြီး ၁၂ ရက်အကြာ ပြိုကျနေတဲ့တိုက်ခန်းအဆောက် အဦးတွေကြားက အသက်ရှင်လျက်ရှိတဲ့ သားအမိသားအဖ ၃ ယောက်ကို ရှာဖွေတွေ့ရှိပြီး ကယ်တင်နိုင်ခဲ့ကြောင်း တူရကီအစိုးရသတင်းဌာနက စနေနေ့တုန်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အသက် ၄၉ နှစ်အရွယ် Samir Muhammed Accar နဲ့ အသက် ၄၀ အရွယ်သူ့ရဲ့ ဇနီးသည်တို့နဲ့အတူ အသက် ၁၂ အရွယ် သူတို့ရဲ့သားကိုကယ်ဆယ်နိုင်ခဲ့တာပါ။

Kyrgyzstan ကနေ လာရောက်ကူညီတဲ့ ရှာဖွေကယ်ဆယ်ရေးအသင်းက တွေ့ရှိကယ်တင်နိုင်ခဲ့တာပါ။ သူတို့ဟာဒဏ်ရာတွေရခဲ့ပြီး အဆောက်အဦးပျက်တွေအောက်မှာ နာရီပေါင်း ၃၀၀ နီးပါးနေခဲ့ရပါတယ်။

ဖခင်ဖြစ်သူ Samir ကသတိရနေပြီး Uustafa Kemal တက္ကသိုလ်ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ ငလျင်ဒဏ်ခံခဲ့ရတဲ့ Hatay ခရိုင်မြို့တော် Antakya ကိုရောက်ရှိနေတဲ့ တူရကီကျန်မာရေးဝန်ကြီးကပြောပါတယ်။ သားဖြစ်သူကတော့ ဆေးရုံရောက်ပြီးနောက် သေဆုံးသွားခဲ့ပါတယ်။ သူတို့ကိုရှာတွေ့တဲ့နေရာမှာ နောက်ထပ် သေဆုံးနေတဲ့ကလေး ၂ ဦးကိုလည်းတွေ့ရှိခဲ့ရပါတယ်။ သူတို့ဟာ လည်း Samir Accar ရဲ့ကလေးတွေဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ ၆ ရက်နေ့က ပြင်းအား ၇.၈ ရှိတဲ့ငလျင်ဟာ တူရကီနဲ့ဆီးရီးယားတလျှောက်လှုပ်ခတ်ခဲ့ပြီး သေဆုံးသူစုစုပေါင်း ၄၆,၀၀၀ ကျော်လောက်သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG