သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္က ထိုင္ဝမ္ကိုက်ဴးေက်ာ္ရင္ စစ္ေရးအရ အကာကြယ္ေပးမည္ (သမၼတ ဘိုင္ဒန္) 


ဂ်ပန္ႏိုင္ငံမွာေရာက္ေနတဲ့ အေမရိကန္သမၼတဂ်ဳိးဘုိင္ဒန္က ဂ်ပန္ဝန္ႀကီးခ်ဳပ္နဲ႔အတူ သတင္းစာရွင္းလင္းပြဲက်င္းပစဥ္။ (ေမ ၂၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

တကယ္လို႔ တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ကို က်ဴးေက်ာ္ခဲ့မယ္ဆိုရင္ အေမရိကန္က ထိုင္ဝမ္ကို စစ္ေရးနဲ႔ အကာအကြယ္ေပးဖို႔ လိုလိုလားလားရွိတယ္လို႔ သမၼတ Joe Biden က ေျပာၾကားလိုက္ပါတယ္။

“တ႐ုတ္တျပည္ေထာင္မူကို က်ေနာ္တို႔ သေဘာတူညီပါတယ္။ ဒါေပမယ့္စစ္ေရးနဲ႔ ေဆာင္႐ြက္မွာမ်ိဳးေတာ့ မလုပ္သင့္ပါဘူး။ ေဒသတခုလုံး အေနအထားေတြ ပ်က္သြားမွာျဖစ္ၿပီး ယူကရိန္းမွာျဖစ္တာမ်ိဳးနဲ႔ ေနာက္ထပ္ အလားတူ အေျခအေနေတြျဖစ္လာလိမ့္မယ္” လို႔ သမၼတ Joe Biden က ေျပာၾကားသြားတာျဖစ္ပါတယ္။

ယူကရိန္းအေပၚ ႐ုရွားက်ဴးေက်ာ္စစ္မွာ အေမရိကန္က စစ္ေရးနဲ႔ကူညီဖို႔ တြန႔္ဆုတ္ေနခ်ိန္ ထိုင္ဝမ္ကို တ႐ုတ္က ဝင္တိုက္ရင္ စစ္ေရးအရ အကာအကြယ္ေပးမလားဆိုၿပီး သတင္းစာရွင္းပြဲမွာ သတင္းေထာက္ရဲ႕အေမးကို သမၼတ Biden ကေျဖၾကားခဲ့တာျဖစ္ပါတယ္။ ဒါက အေမရိကန္က ကတိျပဳထားတဲ့ကိစၥျဖစ္တယ္လို႔ သမၼတက ေျပာၾကားပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ အခ်ဳပ္ အျခာအာဏာနဲ႔ပတ္သက္လာရင္ လုံးဝ အေပးအယူ၊ အေလွ်ာ့ေပးမွာ မဟုတ္ဘူးလို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ခ်က္ခ်င္းပဲ တုံ႔ျပန္ပါတယ္။

သမၼတ Biden က ၂၀၂၁ ေအာက္တိုဘာတုန္းကလည္း အလားတူေျပာၾကားခ်က္မ်ိဳး ေျပာၾကားခဲ့ၿပီး မၾကာခင္မွာ အိမ္ျဖဴေတာ္မွာသမၼတရဲ႕ ေျပာၾကားခ်က္ေတြကို ရွင္းလင္းခဲ့ရပါတယ္။ တ႐ုတ္တျပည္ေထာင္မႈကို အေမရိကန္က လက္ကိုင္ထားၿပီး ထိုင္ဝမ္ေရလက္ၾကားတေလွ်ာက္ ၿငိမ္းခ်မ္းတည္ၿငိမ္ဖို႔ အေမရိကန္က ကတိျပဳထားတယ္လို႔ သမၼတ Biden က ထပ္မံေျပာၾကားတာျဖစ္တဲ့အေၾကာင္း အိမ္ျဖဴေတာ္က ရွင္းလင္းေျပာခဲ့ရပါတယ္။ အခုတခါ ထိုင္ဝမ္ကို စစ္ေရးနဲ႔ အကာအကြယ္ေပးမယ္ဆိုတဲ့ ေျပာၾကားခ်က္နဲ႔ပတ္သက္လို႔ အေမရိကန္တာဝန္ရွိသူေတြဘက္က တစုံတရာေျပာၾကားျခင္း မရွိေသးပါဘူး။ ထိုင္ဝမ္ကြၽန္းဟာ တ႐ုတ္ႏိုင္ငံျဖစ္တယ္လို႔ တ႐ုတ္အစိုးရက လက္ခံထားၿပီး လိုအပ္ရင္ အင္အားသုံး ျပန္သိမ္းယူမယ္လို႔ အၿမဲတမ္းေျပာၾကားေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]


တရုတ်က ထိုင်ဝမ်ကိုကျူးကျော်ရင် စစ်ရေးအရ အကာကွယ်ပေးမည် (သမ္မတ ဘိုင်ဒန်)

တကယ်လို့ တရုတ်နိုင်ငံက ထိုင်ဝမ်ကို ကျူးကျော်ခဲ့မယ်ဆိုရင် အမေရိကန်က ထိုင်ဝမ်ကို စစ်ရေးနဲ့ အကာအကွယ်ပေးဖို့ လိုလိုလားလားရှိတယ်လို့ သမ္မတ Joe Biden က ပြောကြားလိုက်ပါတယ်။

“တရုတ်တပြည်ထောင်မူကို ကျနော်တို့ သဘောတူညီပါတယ်။ ဒါပေမယ့်စစ်ရေးနဲ့ ဆောင်ရွက်မှာမျိုးတော့ မလုပ်သင့်ပါဘူး။ ဒေသတခုလုံး အနေအထားတွေ ပျက်သွားမှာဖြစ်ပြီး ယူကရိန်းမှာဖြစ်တာမျိုးနဲ့ နောက်ထပ် အလားတူ အခြေအနေတွေဖြစ်လာလိမ့်မယ်” လို့ သမ္မတ Joe Biden က ပြောကြားသွားတာဖြစ်ပါတယ်။

ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်မှာ အမေရိကန်က စစ်ရေးနဲ့ကူညီဖို့ တွန့်ဆုတ်နေချိန် ထိုင်ဝမ်ကို တရုတ်က ဝင်တိုက်ရင် စစ်ရေးအရ အကာအကွယ်ပေးမလားဆိုပြီး သတင်းစာရှင်းပွဲမှာ သတင်းထောက်ရဲ့အမေးကို သမ္မတ Biden ကဖြေကြားခဲ့တာဖြစ်ပါတယ်။ ဒါက အမေရိကန်က ကတိပြုထားတဲ့ကိစ္စဖြစ်တယ်လို့ သမ္မတက ပြောကြားပါတယ်။ တရုတ်နိုင်ငံရဲ့ အချုပ် အခြာအာဏာနဲ့ပတ်သက်လာရင် လုံးဝ အပေးအယူ၊ အလျှော့ပေးမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်းပဲ တုံ့ပြန်ပါတယ်။

သမ္မတ Biden က ၂၀၂၁ အောက်တိုဘာတုန်းကလည်း အလားတူပြောကြားချက်မျိုး ပြောကြားခဲ့ပြီး မကြာခင်မှာ အိမ်ဖြူတော်မှာသမ္မတရဲ့ ပြောကြားချက်တွေကို ရှင်းလင်းခဲ့ရပါတယ်။ တရုတ်တပြည်ထောင်မှုကို အမေရိကန်က လက်ကိုင်ထားပြီး ထိုင်ဝမ်ရေလက်ကြားတလျှောက် ငြိမ်းချမ်းတည်ငြိမ်ဖို့ အမေရိကန်က ကတိပြုထားတယ်လို့ သမ္မတ Biden က ထပ်မံပြောကြားတာဖြစ်တဲ့အကြောင်း အိမ်ဖြူတော်က ရှင်းလင်းပြောခဲ့ရပါတယ်။ အခုတခါ ထိုင်ဝမ်ကို စစ်ရေးနဲ့ အကာအကွယ်ပေးမယ်ဆိုတဲ့ ပြောကြားချက်နဲ့ပတ်သက်လို့ အမေရိကန်တာဝန်ရှိသူတွေဘက်က တစုံတရာပြောကြားခြင်း မရှိသေးပါဘူး။ ထိုင်ဝမ်ကျွန်းဟာ တရုတ်နိုင်ငံဖြစ်တယ်လို့ တရုတ်အစိုးရက လက်ခံထားပြီး လိုအပ်ရင် အင်အားသုံး ပြန်သိမ်းယူမယ်လို့ အမြဲတမ်းပြောကြားနေပါတယ်။
============

XS
SM
MD
LG