သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင်ကမ်းရိုးတန်းမှာ ထိုင်ဝမ် စစ်ရေးလေ့ကျင့်


မကြာခင်က တရုတ်စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ ထိုင်ဝမ်စစ်သားတွေက Pingtung ခရိုင်ထဲမှာ စစ်ရေးလေ့ကျင့်နေကြစဉ်။ (သြဂုတ် ၉ ၊ ၂၀၂၂)
မကြာခင်က တရုတ်စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ ထိုင်ဝမ်စစ်သားတွေက Pingtung ခရိုင်ထဲမှာ စစ်ရေးလေ့ကျင့်နေကြစဉ်။ (သြဂုတ် ၉ ၊ ၂၀၂၂)

[[Zawgyi/Unicode]]

တရုတ်နဲ့ဆက်ဆံရေး တင်းမာမှုတွေ လတ်တလော အရှိန်မြင့်နေချိန်မှာပဲ ထိုင်ဝမ်က အရှေ့တောင်ကမ်းရိုးတန်းမှာ ဒီကနေ့ လက်နက်ကြီးတွေနဲ့ပစ်ခတ် စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

Pingtung ခရိုင်မှာလုပ်တဲ့ ဒီစစ်ရေး လေ့ကျင့်မှုတွေဟာ တရုတ်က ထိုင်ဝမ်ကျွန်းအနီးတဝိုက်မှာ သိပ်မကြာခင်က လက်နက်ကြီးတွေသုံးပြီး စစ်ရေး လေ့ကျင့်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်မှုလာရင် အသင့်အနေအထား ပြင်ဆင်ထားနိုင်ဖို့ ဖြစ်တယ်လို့ ထိုင်ဝမ်အစိုးရအရာရှိတွေက ပြောပါတယ်။ ထိုင်ဝမ်စစ်တပ်အနေနဲ တရုတ်ရဲ့ရန်လိုမှုတွေကိုကိုင်တွယ်ဖို့ အသင့် ဖြစ်နေဖို့ လိုအပ်တယ်လို့ ထိုင်ဝမ်စစ်တပ် အမှတ် (၈) ကွပ်ကဲရေးဌာန ပြောခွင့်ရ ဗိုလ်ချုပ် Lou Woei-jye က ပြောပါတယ်။

တရုတ်အစိုးရကလည်း ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုတွေ တိုးချဲ့သွားမယ့်အကြောင်း တနင်္လာနေ့က ခြိမ်းခြောက်ပြောဆိုခဲ့သလို ကမ္ဘာ့ကုန်သွယ်ရေးမှာ အခရာကျတဲ့ ထိုင်ဝမ်ရေလက်ကြားမှာ သင်္ဘောတွေနဲ့ လေကြောင်း ဖြတ်သန်း သွားလာမှုတွေ သိသိသာသာ ထိခိုက်နေရတဲ့အပြင် ဒေသတွင်းပဋိပက္ခ ပိုဆိုးလာမယ့်အရေး စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်ဝမ်ကို သွားရောက်ခဲ့ပြီးတဲ့နောက် တင်းမာမှုတွေ တိုးလာနေတဲ့အခြေအနေက အခုတခါ တရုတ်က စစ်ရေးလေ့ကျင့်မှုတွေတိုးချဲ့မယ်လို့ ထပ်မံ ကြေညာလိုက်တာကြောင့် ပဋိပက္ခ အခြေအနေ ပိုပြီး ဆိုးလာနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=========== ===========

[[Unicode]]





XS
SM
MD
LG