သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္း ဆုန္ခလာျပည္နယ္မွာ ထိုင္းႏိုင္ငံသားတဦးအသတ္ခံရမႈ ျမန္မာ ၃ ဦးကို အေရးယူ 


ထိုင္းႏုိင္ငံသားတဦးကို သတ္မႈနဲ႔ ဖမ္းဆီးခံထားရတဲ့ ထိုင္းႏိုင္ငံမွာအလုပ္ရွာေဖြဖို႔ ထြက္လာသူလူငယ္ ၈ ဦး (ဓာတ္ပံု-ထုိင္းရဲတပ္ဖြဲ႔/ ဇြန္ ၂၄၊ ၂၀၂၂)

[[Zawgyi/Unicode]]

ထိုင္းႏိုင္ငံ ဆုန္ခလာျပည္နယ္ ဟတ္ယိုင္ၿမိဳ႕နယ္မွာ ဇြန္လ ၁ ရက္က ထိုင္းႏိုင္ငံသားတဦးကုိသတ္ျဖတ္ျပီး အေလာင္းေဖ်ာက္ဖ်က္ထားတဲ့အတြက္ အေထာက္အထားမဲ့ ျမန္မာႏိုင္ငံသား ၈ ဦးကို ထုိင္းရဲတပ္ဖဲြ့က ဖမ္းဆီးထားျပီး အဲဒီထဲက ၃ ဦိးကိုေတာ့ လူသတ္မႈ၊ အေလာင္းေဖ်ာက္ဖ်က္မႈနဲ့ တရားစဲြဆုိုလိုက္ပါတယ္။ ဒီသတင္းကို ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ့ထားပါတယ္။

ထိုင္းႏိုင္ငံ ဆုန္ခလာျပည္နယ္ ဟတ္ယိုင္ၿမိဳ႕နယ္မွာ ဇြန္လ ၁ ရက္က ထိုင္းႏိုင္ငံသားတဦး သတ္ျဖတ္ခံရတဲ့ကိစၥနဲ့ပတ္သက္လို့ ရာနဲ့ခ်ီရိိွတဲ့ျမန္မာႏို္င္ငံသားေတြကိုဖမ္းဆီးစစ္ေဆးခဲ့ျပိီး ဒီအမႈမွာ ပါ၀င္ပတ္သက္သူေတြကို ထုိင္းရဲတပ္ဖဲြက ဖမ္းဆီးခဲ့ပါတယ္။ ဒီထဲက ၃ ဦးကိုေတာ့ လူသတ္မႈနဲ႔တရားစဲြဆုိခဲ့ေၾကာင္း ထုိင္းဒုရဲခ်ဳပ္ ဆူရေခ် ဟတ္ဖန္က သတင္းစာရွင္းလင္းပဲြမွာ ထိုင္းဘာသာနဲ့ ေျပာသြားပါတယ္။

“တရားမဝင္ အေထာက္အထားမဲ့ ျမန္မာ ၃ ဦးကို ထုိင္းႏိုင္ငံသားကုိ သတ္ျဖတ္ အေလာင္းေဖ်ာက္ဖ်က္မႈနဲ့ တရာစဲြဆုိ” လိုက္ျပီျဖစ္ေၾကာင္းေျပာဆုိသြားတာပါ။

ျမန္မာႏုိင္ငံသား ၃ ဦးကို လူသတ္မႈနဲ့တရားစဲြဆိုခဲ့ျပီးတဲ့ေနာက္ ေနာက္ထပ္၂ ဦးကိုလည္း ဖမ္းဝရမ္းထုတ္ထားတယ္လို့ ထုိင္းေတာင္ပိုင္းအေျခစုိက္ ပညာေရးန့ဲ ဖြံျဖိုးတိုးတက္ေရးေဖာင္ေဒးရွင္းက အလုပ္သမားေရးရာတာ၀န္ခံ ဦးမင္ဦးက အခုလိုေျပာျပပါတယ္။

“အသက္ ၄၀ အရြယ္ ထုိင္းႏုိင္ငံသားအမ်ိဳးသားေပါ့ေနာ္-အသတ္ခံရတဲ့ကိစၥနဲ႔ပတ္သက္ျပီး ျမန္မာ ၃ ေယာက္ကို လူသတ္မႈနဲ့တရားစဲြထားတာေပါ့ေနာ္၊ ေနာက္တခုကက်ေတာ့ ၂ ေယာက္ကုိေတာ့ ဝရမ္းထုတ္ထားတယ္ေျပာတယ္။ အဲဒီတုန္းက ဖမ္းတာကေတာ့ အမ်ားႀကီးဖမ္းတယ္။ အမႈစစ္က စစ္ျပီး ထုတ္ပစ္လိုက္တာ။ ထုတ္လိုက္ျပီး ဒီေန့သတင္းအရ အဲဒီထဲကမွ ၃ ေယာက္ကိုေတာ့ လူသတ္မႈ၊ အေလာင္းေဖ်ာက္ဖ်က္မႈေတြနဲ့ဖမ္းလိုက္ျပီ။”

ျမန္မာအလုုပ္သမားသံအရာရိွရံုးရဲ ျပီးခဲ့ဲ့တဲ့အပတ္က သတင္းထုတ္ျပန္ခ်က္မွာေတာ့ မေလးရွားႏုိင္ငံကိုသြားမယ့္ ေရႊေျပာင္းအလုပ္သမား ၁၀၉ ဦးဟာ ေမလ ၃၁ ရက္ေန့က ထုိင္းႏိုင္ငံေတာင္ပိုင္း ဆုန္ခလာခရိုင္ကို ေရာက္ရွိလာခဲ့ေၾကာင္း၊ ညပို္င္းမွာေတာ့ အမည္မသိ ထုိင္းလူမ်ိဳးတဦးက အဲဒီထဲကအမ်ိဳးသမီးတဦးကို ေသနတ္နဲ့ခ်ိန္၊ ဓါးနဲ႔ေထာက္ျပီး ျပန္ေပးဆဲြ၊ ေငြေတာင္းခံခဲ့တယ္လို့ဆိုပါတယ္ ။ ေတာင္းခံတဲ့ေငြကိုေပးျပီးတာေတာင္ ျမန္မာအမ်ိဳးသမီးကို ျပန္လႊတ္မေပးတဲ့အတြက္ အမ်ိဳးသမီးနဲ့အတူပါလာတဲ့ ခရီးသြားျမန္မာလူငယ္ေတြက ထုိင္းအမ်ိဳးသားကို ေက်ာက္ခဲနဲ့ပစ္ခတ္ခဲ့တယ္လို့ဆိုပါတယ္။

ေသဆံုးသူအပါအ၀င္ ထုိင္းႏိုင္ငံသား ၂ ဦးဟာ အေထာက္အထားမဲ့ျမန္မာေတြ ပုန္းေအာင္းေနတဲ့ေနရာကုိလာျပီး ဖုန္းေတြလုတာေ၊ ငြညွစ္ေတာင္းခံတာေတြရိွခဲ့တယ္လို့ ျမန္မာအလုပ္သမားေတြကေျပာဆုိၾကေၾကာင္း ဦးမင္းဦးက အခုလိုေျပာပါတယ္။

“သဘာဝအမ်ိဳးသားဥယ်ာဥ္လုပ္ထားတဲ့ေနရာမွာ တရားမဝင္ ေရႊ႕ေျပာင္းအလုပ္သမားေတြအတြက္ ယာယီလုပ္ထားတဲ့စခန္းရွိတယ္။ လူပဲြစားေတြကထားထားတာပါ။ အဲဒီမွာထားျပီး တဆင့္တဆင့္ ကယ္ရီလုပ္ျပီးပို့တာပါ။ အဲဒီလိုပုိ့တာကို ေသတဲ့သူနဲ့ သူတို့ညီအကုိက အဲဒီေနရာကိုသိတယ္။ အဲဒီေနရာမွာ သူတို့ကေဟာက္စားေျခာက္စားျပီး ေငြေတာင္းတာ၊ ဖုန္းေတာင္းတာေတြလုပ္ေနတာလို ့ျမန္မာအမ်ားစုကေျပာတယ္။ သူတုိ့က ဒီလူေတြကို တရားမဝင္လူေတြမွန္းလည္း သိတယ္။ သူတို့ကေတာ့ အဲဒီလိုလုပ္တာကို မွတ္တမ္းမွတ္ရာနဲ့လုပ္ထားတာမရွိေတာ့လည္း အတည္ျပဳဖို့ခက္တယ္။”

ဆံုခလာျပည္နယ္ ဟတ္ရိုင္ျမိဳ ့နယ္ထဲမွာ မေလးရွားႏိုင္ငံကုိ ခုိးဝင္ျပီးအလုပ္လုပ္ဖို့အတြက္ လူပဲြစားေတြ ေခၚလာတဲ့ျမန္မာႏိုင္ငံသားေတြ ရာနဲ့ခ်ီရွိေနတာပါ။ သူတို့ေတြကို ေတာအုပ္ေတြထဲမွာလူကုန္ကူးသူေတြက ဖြက္ထားျပီး မေလးရွားႏုိင္ငံကုိပုိ့ေပးေနတာပါ။ တခ်ိဳ့လည္း ထုိင္းမေလးနယ္စပ္မွာပဲ အဖမ္းခံရတာေတြရွိျပီး အခုလူသတ္မႈျဖစ္ျပီးတဲ့ေနာက္မွာေတာ့ ထုိင္းအာဏာပိုင္ေတြက ပိုက္စိတ္တုိက္ လုိက္လံရွာေဖြတဲ့အတြက္ အဲဒီနယ္ေျမထဲမွာပဲ ျမန္မာႏို္င္ငံသား ၃၀၀ ေက်ာ္ အဖမ္းဆီးခံခဲ့ရပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ထိုင်း ဆုန်ခလာပြည်နယ်မှာ ထိုင်းနိုင်ငံသားတဦးအသတ်ခံရမှု မြန်မာ ၃ ဦးကို အရေးယူ

ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ် ဟတ်ယိုင်မြို့နယ်မှာ ဇွန်လ ၁ ရက်က ထိုင်းနိုင်ငံသားတဦးကိုသတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်ထားတဲ့အတွက် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး အဲဒီထဲက ၃ ဦိးကိုတော့ လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ် ဟတ်ယိုင်မြို့နယ်မှာ ဇွန်လ ၁ ရက်က ထိုင်းနိုင်ငံသားတဦး သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ ရာနဲ့ချီရှိတဲ့မြန်မာနိုင်ငံသားတွေကိုဖမ်းဆီးစစ်ဆေးခဲ့ပြီး ဒီအမှုမှာ ပါဝင်ပတ်သက်သူတွေကို ထိုင်းရဲတပ်ဖွဲက ဖမ်းဆီးခဲ့ပါတယ်။ ဒီထဲက ၃ ဦးကိုတော့ လူသတ်မှုနဲ့တရားစွဲဆိုခဲ့ကြောင်း ထိုင်းဒုရဲချုပ် ဆူရချေ ဟတ်ဖန်က သတင်းစာရှင်းလင်းပွဲမှာ ထိုင်းဘာသာနဲ့ ပြောသွားပါတယ်။

“တရားမဝင် အထောက်အထားမဲ့ မြန်မာ ၃ ဦးကို ထိုင်းနိုင်ငံသားကို သတ်ဖြတ် အလောင်းဖျောက်ဖျက်မှုနဲ့ တရာစွဲဆို” လိုက်ပြီဖြစ်ကြောင်းပြောဆိုသွားတာပါ။

မြန်မာနိုင်ငံသား ၃ ဦးကို လူသတ်မှုနဲ့တရားစွဲဆိုခဲ့ပြီးတဲ့နောက် နောက်ထပ်၂ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားတယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက အလုပ်သမားရေးရာတာဝန်ခံ ဦးမင်ဦးက အခုလိုပြောပြပါတယ်။

“အသက် ၄၀ အရွယ် ထိုင်းနိုင်ငံသားအမျိုးသားပေါ့နော်-အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာ ၃ ယောက်ကို လူသတ်မှုနဲ့တရားစွဲထားတာပေါ့နော်၊ နောက်တခုကကျတော့ ၂ ယောက်ကိုတော့ ဝရမ်းထုတ်ထားတယ်ပြောတယ်။ အဲဒီတုန်းက ဖမ်းတာကတော့ အများကြီးဖမ်းတယ်။ အမှုစစ်က စစ်ပြီး ထုတ်ပစ်လိုက်တာ။ ထုတ်လိုက်ပြီး ဒီနေ့သတင်းအရ အဲဒီထဲကမှ ၃ ယောက်ကိုတော့ လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုတွေနဲ့ဖမ်းလိုက်ပြီ။”

မြန်မာအလုပ်သမားသံအရာရှိရုံးရဲ ပြီးခဲ့ဲ့တဲ့အပတ်က သတင်းထုတ်ပြန်ချက်မှာတော့ မလေးရှားနိုင်ငံကိုသွားမယ့် ရွှေပြောင်းအလုပ်သမား ၁၀၉ ဦးဟာ မေလ ၃၁ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင်ကို ရောက်ရှိလာခဲ့ကြောင်း၊ ညပိုင်းမှာတော့ အမည်မသိ ထိုင်းလူမျိုးတဦးက အဲဒီထဲကအမျိုးသမီးတဦးကို သေနတ်နဲ့ချိန်၊ ဓါးနဲ့ထောက်ပြီး ပြန်ပေးဆွဲ၊ ငွေတောင်းခံခဲ့တယ်လို့ဆိုပါတယ် ။ တောင်းခံတဲ့ငွေကိုပေးပြီးတာတောင် မြန်မာအမျိုးသမီးကို ပြန်လွှတ်မပေးတဲ့အတွက် အမျိုးသမီးနဲ့အတူပါလာတဲ့ ခရီးသွားမြန်မာလူငယ်တွေက ထိုင်းအမျိုးသားကို ကျောက်ခဲနဲ့ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

သေဆုံးသူအပါအဝင် ထိုင်းနိုင်ငံသား ၂ ဦးဟာ အထောက်အထားမဲ့မြန်မာတွေ ပုန်းအောင်းနေတဲ့နေရာကိုလာပြီး ဖုန်းတွေလုတာေ၊ ငွညှစ်တောင်းခံတာတွေရှိခဲ့တယ်လို့ မြန်မာအလုပ်သမားတွေကပြောဆိုကြကြောင်း ဦးမင်းဦးက အခုလိုပြောပါတယ်။

“သဘာဝအမျိုးသားဥယျာဉ်လုပ်ထားတဲ့နေရာမှာ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ယာယီလုပ်ထားတဲ့စခန်းရှိတယ်။ လူပွဲစားတွေကထားထားတာပါ။ အဲဒီမှာထားပြီး တဆင့်တဆင့် ကယ်ရီလုပ်ပြီးပို့တာပါ။ အဲဒီလိုပို့တာကို သေတဲ့သူနဲ့ သူတို့ညီအကိုက အဲဒီနေရာကိုသိတယ်။ အဲဒီနေရာမှာ သူတို့ကဟောက်စားခြောက်စားပြီး ငွေတောင်းတာ၊ ဖုန်းတောင်းတာတွေလုပ်နေတာလို့မြန်မာအများစုကပြောတယ်။ သူတို့က ဒီလူတွေကို တရားမဝင်လူတွေမှန်းလည်း သိတယ်။ သူတို့ကတော့ အဲဒီလိုလုပ်တာကို မှတ်တမ်းမှတ်ရာနဲ့လုပ်ထားတာမရှိတော့လည်း အတည်ပြုဖို့ခက်တယ်။”

ဆုံခလာပြည်နယ် ဟတ်ရိုင်မြို့နယ်ထဲမှာ မလေးရှားနိုင်ငံကို ခိုးဝင်ပြီးအလုပ်လုပ်ဖို့အတွက် လူပွဲစားတွေ ခေါ်လာတဲ့မြန်မာနိုင်ငံသားတွေ ရာနဲ့ချီရှိနေတာပါ။ သူတို့တွေကို တောအုပ်တွေထဲမှာလူကုန်ကူးသူတွေက ဖွက်ထားပြီး မလေးရှားနိုင်ငံကိုပို့ပေးနေတာပါ။ တချို့လည်း ထိုင်းမလေးနယ်စပ်မှာပဲ အဖမ်းခံရတာတွေရှိပြီး အခုလူသတ်မှုဖြစ်ပြီးတဲ့နောက်မှာတော့ ထိုင်းအာဏာပိုင်တွေက ပိုက်စိတ်တိုက် လိုက်လံရှာဖွေတဲ့အတွက် အဲဒီနယ်မြေထဲမှာပဲ မြန်မာနိုင်ငံသား ၃၀၀ ကျော် အဖမ်းဆီးခံခဲ့ရပါတယ်ရှင်။
============

XS
SM
MD
LG