သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွစ္ေလးလုံး ႏွစ္ပတ္လည္လႈပ္ရွားမႈတခ်ိဳ႕ ထိုင္းအာဏာပိုင္ေတြ ကန႔္သတ္


၃၄ ႏွစ္ေျမာက္ ၈ ေလးလံုးအေရးအခင္းႏွစ္ပတ္လည္ေန႔အခမ္းအနားကို ထုိင္းျမန္မာနယ္စပ္ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေရးအဖြဲ႔ FED က က်င္းပေပးစဥ္။ (ၾသဂုတ္ ၈၊ ၂၀၂၂/FED)

[[Zawgyi/Unicode]]

၃၄ ႏွစ္ေျမာက္ ရွစ္ေလးလုံး ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္ လႈပ္ရွားမႈေတြကို ထိုင္းျမန္မာနယ္စပ္နဲ႔ ထိုင္းႏိုင္ငံေတာင္ပိုင္းေတြမွာလည္း ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ က်င္းပၾကပါတယ္။ လူငယ္ေတြဟာ ရွစ္ေလးလုံး ဒီမိုကေရစီလႈပ္ရွားမႈထက္ ေႏြဦးေတာ္လွန္ေရးအေၾကာင္းကို ပိုၿပီးသိၾကတဲ့အေၾကာင္း အခမ္းအနားစီစဥ္သူေတြက ေျပာပါတယ္။ မဲေဆာက္ၿမိဳ႕ Burma Spring Center မွာ က်င္းပမယ့္ အခမ္းအနားကိုေတာ့ ထိုင္းအာဏာပိုင္ေတြက ခြင့္မျပဳခဲ့ပါဘူး။ ထိုင္းနယ္စပ္က လႈပ္ရွားမႈေတြအေၾကာင္း VOA ျမန္မာပိုင္းအစီအစဥ္ သတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

၃၄ ႏွစ္ေျမာက္ ၈၈၈၈ ႏွစ္ပတ္လည္ေန႔ေတြကို ထိုင္းျမန္မာနယ္စပ္နဲ႔ ထိုင္းႏိုင္ငံ ေတာင္ပိုင္းေတြမွာ အထိမ္းအမွတ္အခမ္းအနားေတြ က်င္းပပါတယ္။ ထိုင္းနယ္စပ္က ေ႐ႊ႕ေျပာင္းအလုပ္သမားေတြရဲ႕ သားသမီးေတြအတြက္ ပညာေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးအဖြဲ႕FED ေ႐ႊ႕ေျပာင္း စာသင္ေက်ာင္းမွာလည္း ရွစ္ေလးလုံး ဒီမိုကေရစီ လႈပ္ရွားမႈ ႏွစ္ပတ္လည္ အခမ္းအနားေတြ က်င္းပခဲ့ၿပီး ဒီႏွစ္ ၁၇ ႏွစ္ေျမာက္ က်င္းပတာျဖစ္ပါတယ္။

“အဓိကကေတာ့က်ေနာ္တို႔က ၈ ေလးလုံးေန႔ကို ပုံမွန္ႏွစ္စဥ္ႏွစ္တိုင္းလုပ္ျဖစ္ တယ္။ ကေလးေတြကို ၈၈၈၈ နဲ႔ပတ္သက္တဲ့သမိုင္းေတြ၊ စာေတြ၊ ကဗ်ာေတြကိုေလ့လာေစခ်င္တယ္။ ေနာက္တခုက အဓိက ျမန္မာျပည္ကို စစ္အာဏာရွင္စံနစ္ေအာက္ကေန ႐ုန္းထြက္ခဲ့တဲ့ လြန္ခဲ့တဲ့ ၃၄ ႏွစ္ကသမိုင္းေၾကာင္းေတြ၊ ဘာေၾကာင့္ ၈၈၈၈ ေန႔ျဖစ္လာသလဲဆိုတာကို လက္ရွိႏိုင္ငံေရးအေျခအေနေတြ လက္ရွိသူတို႔သိသင့္သိထိုက္တဲ့၊ သူတို႔နားလည္လြယ္တဲ့စကားလုံးေတြနဲ႔ ေ႐ြးျခယ္ၿပီး သူတို႔ကို ေဟာေျပာျဖစ္တာပါ။ အဓိကေတာ့ လက္ရွိျမန္မာျပည္ရရဲ႕ ႏိုင္ငံေရးအေျခအေနေတြကိုလည္း သူတို႔ကိုသိေစခ်င္တယ္။ အဲဒီရည္႐ြယ္ခ်က္ေတြနဲ႔ လုပ္ျဖစ္တာပါ။”

ငယ္႐ြယ္တဲ့ကေလးေတြကေတာ့ မၾကာေသးခင္က ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးျဖစ္ပြားခဲ့တဲ့ေႏြဦးေတာ္လွန္ေရးကို ပိုမို သိရွိတာေတြ႕ရတယ္လို႔ ဦးထူးခ်စ္ကဆိုပါတယ္။

“က်ေနာ္တို႔ကေတာ့ အဓိက အသက္ ၁၀ ႏွစ္ကေန ၁၇ ႏွစ္၊ ၁၈ ႏွစ္အ႐ြယ္ကေလးေတြကို ေျပာျပတာပါ။ တခ်ိဳ႕ကေတာ့ နားလည္တဲ့ကေလးေတြလည္း ရွိတယ္။ ဒါေပမယ့္ လက္ရွိကေတာ့ ၈၈၈၈ ထက္ လြန္ခဲ့တဲ့ႏွစ္က ျဖစ္သြားတဲ့ေႏြဦးေတာ္လွန္ေရးကိုေတာ့သူတို႔ကပိုသိတယ္။”

ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြနဲ႔ ႏိုင္ငံေရးေၾကာင့္ ခိုလႈံၾကတဲ့ျမန္မာေတြလည္း အမ်ားအျပားရွိေနတဲ့ ထိုင္းျမန္မာနယ္ စပ္မဲေဆာက္ၿမိဳ႕မွာေတာ့ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြလည္း အထိမ္းအမွတ္ပြဲေတြ တႏိုင္တပိုင္လုပ္ၾကတာေတြ ရွိသလို Burma Spring Center မွာလုပ္မယ့္ အထိမ္းအမွတ္ပြဲကေတာ့ ထိုင္းအာဏာပိုင္ေတြက ခြင့္မျပဳတဲ့အတြက္ လုပ္ခြင့္မရပါဘူး။ ဒီအေျခေနနဲ႔ပတ္သက္လို႔ အလုပ္သမားေရးလႈပ္ရွားသူ ဦးမိုးေက်ာ္ကလည္း အခုလိုေျပာပါတယ္။

“၈၈၈၈ လူထုအေရးေတာ္ပုံ အထိမ္းအမွတ္ ၃၄ ႏွစ္ေျမာက္ အခမ္းအနားေတြ ထိုင္းျမန္မာနယ္စပ္ မဲေဆာက္က အလုပ္သမားထုၾကားမွာလည္း အခမ္းအနားေတြတႏိုင္တပိုင္လုပ္ၾကတယ္။ သမိုင္းေၾကာင္းကို အမွတ္ရေစမယ့္ကိစၥေတြ လုပ္ၾကတယ္။ တခ်ိဳ႕အခမ္းအနားႀကီးေတြလုပ္ဖို႔ကေတာ့ အာဏာပိုင္ေတြက တားဆီးပိတ္ပင္တာေတြရွိပါတယ္။”

၈၈၈၈ အထိမ္းအမွတ္ပြဲေလးေတြကိုေတာ့ ထိုင္းႏိုင္ငံအႏွံ႔ တႏိုင္တပိုင္လုပ္ၾကတာမွာ ၈၈၈၈ အေရးအခင္းမွာ က်ဆုံးသြားသူေတြအတြက္ ဆြမ္းကပ္ အမွ်ေဝတာေတြ လည္း လုပ္ၾကတာေတြရွိသလို ကဗ်ာနဲ႔စာစီစာကုံး၊ ေဆာင္းပါး၊ ဝထၳဳတိုၿပိဳင္ပြဲေလးေတြကိုလည္း ေ႐ႊ႕ေျပာင္းျမန္မာစာသင္ေက်ာင္းေတြမွာ ျပဳလုပ္ခဲ့ၾကပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]


ရှစ်လေးလုံး နှစ်ပတ်လည်လှုပ်ရှားမှုတချို့ ထိုင်းအာဏာပိုင်တွေ ကန့်သတ်

၃၄ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ထိုင်းမြန်မာနယ်စပ်နဲ့ ထိုင်းနိုင်ငံတောင်ပိုင်းတွေမှာလည်း ရွှေ့ပြောင်းအလုပ်သမားတွေ ကျင်းပကြပါတယ်။ လူငယ်တွေဟာ ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုထက် နွေဦးတော်လှန်ရေးအကြောင်းကို ပိုပြီးသိကြတဲ့အကြောင်း အခမ်းအနားစီစဉ်သူတွေက ပြောပါတယ်။ မဲဆောက်မြို့ Burma Spring Center မှာ ကျင်းပမယ့် အခမ်းအနားကိုတော့ ထိုင်းအာဏာပိုင်တွေက ခွင့်မပြုခဲ့ပါဘူး။ ထိုင်းနယ်စပ်က လှုပ်ရှားမှုတွေအကြောင်း VOA မြန်မာပိုင်းအစီအစဉ် သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

၃၄ နှစ်မြောက် ၈၈၈၈ နှစ်ပတ်လည်နေ့တွေကို ထိုင်းမြန်မာနယ်စပ်နဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းတွေမှာ အထိမ်းအမှတ်အခမ်းအနားတွေ ကျင်းပပါတယ်။ ထိုင်းနယ်စပ်က ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေအတွက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့FED ရွှေ့ပြောင်း စာသင်ကျောင်းမှာလည်း ရှစ်လေးလုံး ဒီမိုကရေစီ လှုပ်ရှားမှု နှစ်ပတ်လည် အခမ်းအနားတွေ ကျင်းပခဲ့ပြီး ဒီနှစ် ၁၇ နှစ်မြောက် ကျင်းပတာဖြစ်ပါတယ်။

“အဓိကကတော့ကျနော်တို့က ၈ လေးလုံးနေ့ကို ပုံမှန်နှစ်စဉ်နှစ်တိုင်းလုပ်ဖြစ် တယ်။ ကလေးတွေကို ၈၈၈၈ နဲ့ပတ်သက်တဲ့သမိုင်းတွေ၊ စာတွေ၊ ကဗျာတွေကိုလေ့လာစေချင်တယ်။ နောက်တခုက အဓိက မြန်မာပြည်ကို စစ်အာဏာရှင်စံနစ်အောက်ကနေ ရုန်းထွက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၃၄ နှစ်ကသမိုင်းကြောင်းတွေ၊ ဘာကြောင့် ၈၈၈၈ နေ့ဖြစ်လာသလဲဆိုတာကို လက်ရှိနိုင်ငံရေးအခြေအနေတွေ လက်ရှိသူတို့သိသင့်သိထိုက်တဲ့၊ သူတို့နားလည်လွယ်တဲ့စကားလုံးတွေနဲ့ ရွေးခြယ်ပြီး သူတို့ကို ဟောပြောဖြစ်တာပါ။ အဓိကတော့ လက်ရှိမြန်မာပြည်ရရဲ့ နိုင်ငံရေးအခြေအနေတွေကိုလည်း သူတို့ကိုသိစေချင်တယ်။ အဲဒီရည်ရွယ်ချက်တွေနဲ့ လုပ်ဖြစ်တာပါ။”

ငယ်ရွယ်တဲ့ကလေးတွေကတော့ မကြာသေးခင်က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးဖြစ်ပွားခဲ့တဲ့နွေဦးတော်လှန်ရေးကို ပိုမို သိရှိတာတွေ့ရတယ်လို့ ဦးထူးချစ်ကဆိုပါတယ်။

“ကျနော်တို့ကတော့ အဓိက အသက် ၁၀ နှစ်ကနေ ၁၇ နှစ်၊ ၁၈ နှစ်အရွယ်ကလေးတွေကို ပြောပြတာပါ။ တချို့ကတော့ နားလည်တဲ့ကလေးတွေလည်း ရှိတယ်။ ဒါပေမယ့် လက်ရှိကတော့ ၈၈၈၈ ထက် လွန်ခဲ့တဲ့နှစ်က ဖြစ်သွားတဲ့နွေဦးတော်လှန်ရေးကိုတော့သူတို့ကပိုသိတယ်။”

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ နိုင်ငံရေးကြောင့် ခိုလှုံကြတဲ့မြန်မာတွေလည်း အများအပြားရှိနေတဲ့ ထိုင်းမြန်မာနယ် စပ်မဲဆောက်မြို့မှာတော့ ရွှေ့ပြောင်းအလုပ်သမားတွေလည်း အထိမ်းအမှတ်ပွဲတွေ တနိုင်တပိုင်လုပ်ကြတာတွေ ရှိသလို Burma Spring Center မှာလုပ်မယ့် အထိမ်းအမှတ်ပွဲကတော့ ထိုင်းအာဏာပိုင်တွေက ခွင့်မပြုတဲ့အတွက် လုပ်ခွင့်မရပါဘူး။ ဒီအခြေနေနဲ့ပတ်သက်လို့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကျော်ကလည်း အခုလိုပြောပါတယ်။

“၈၈၈၈ လူထုအရေးတော်ပုံ အထိမ်းအမှတ် ၃၄ နှစ်မြောက် အခမ်းအနားတွေ ထိုင်းမြန်မာနယ်စပ် မဲဆောက်က အလုပ်သမားထုကြားမှာလည်း အခမ်းအနားတွေတနိုင်တပိုင်လုပ်ကြတယ်။ သမိုင်းကြောင်းကို အမှတ်ရစေမယ့်ကိစ္စတွေ လုပ်ကြတယ်။ တချို့အခမ်းအနားကြီးတွေလုပ်ဖို့ကတော့ အာဏာပိုင်တွေက တားဆီးပိတ်ပင်တာတွေရှိပါတယ်။”

၈၈၈၈ အထိမ်းအမှတ်ပွဲလေးတွေကိုတော့ ထိုင်းနိုင်ငံအနှံ့ တနိုင်တပိုင်လုပ်ကြတာမှာ ၈၈၈၈ အရေးအခင်းမှာ ကျဆုံးသွားသူတွေအတွက် ဆွမ်းကပ် အမျှဝေတာတွေ လည်း လုပ်ကြတာတွေရှိသလို ကဗျာနဲ့စာစီစာကုံး၊ ဆောင်းပါး၊ ဝထ္ထုတိုပြိုင်ပွဲလေးတွေကိုလည်း ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းတွေမှာ ပြုလုပ်ခဲ့ကြပါတယ်ရှင်။

XS
SM
MD
LG