သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းဝန္ႀကီးခ်ဳပ္ Prayut ရဲ႕တာဝန္ ယာယီဆိုင္းင့ံ


ရာထူးက ယာယီရပ္ဆုိင္းခံထားရသူ ထုိင္းဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး Prayut Chan-o-cha 

[[Zawgyi/Unicode]]

ထိုင္းဝန္ႀကီးခ်ဳပ္ Prayut Chan-o-cha ရဲ႕ တရားဝင္တာဝန္ထမ္းေဆာင္မႈကို ယာယီဆိုင္းငံ့ထားဖို႔ ထိုင္း ဖြဲ႔စည္းပုံ အေျခခံဥပေဒဆိုင္ရာတရား႐ုံးက ဗုဒၶဟူးေန႔မွာ ဆုံးျဖတ္လိုက္ပါတယ္။

Prayut Chan-o-cha ဝန္ႀကီးခ်ဳပ္ တာဝန္ထမ္းေဆာင္တဲ့သက္တမ္းကာလကို ဥပေဒေၾကာင္းအရ ျပန္လည္ သုံးသပ္ေနတဲ့အတြက္ သူ႔ရဲ႕တာဝန္ေတြကို ဆိုင္းငံ့လိုက္တာပါ။ ထိုင္းႏိုင္ငံရဲ႕ ၂၀၁၇ ခုႏွစ္ ဖြဲ႔စည္းပုံအေျခခံဥပေဒအရ မည္သူမဆို ဝန္ႀကီးခ်ဳပ္ရာထူးကို ၈ ႏွစ္ထက္ပိုၿပီး မထမ္းေဆာင္ဖို႔ တားျမစ္ထားပါတယ္။

၂၀၁၄ ခုႏွစ္မွာ အာဏာသိမ္းထားတဲ့ စစ္တပ္အႀကီးအကဲေဟာင္း Prayut ရဲ႕ သက္တမ္း ၈ ႏွစ္ျပည့္သြားၿပီျဖစ္ေၾကာင္း အတိုက္အခံေတြက ေထာက္ျပၿပီး ရာထူးကႏုတ္ထြက္ေပးဖို႔ ေတာင္းဆိုေနပါတယ္။ ဒါေပမယ့္လည္း Prayut ကို ေထာက္ခံသူေတြက သူ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္စထမ္းေဆာင္တာ ၂၀၁၇ ခုႏွစ္က စစ္တပ္ ဦးေဆာင္ ေရးဆြဲတဲ့ လက္ရွိ ဖြဲ႔စည္းပုံ အေျခခံဥပေဒ အတည္ျပဳၿပီးမွ ထမ္းေဆာင္ တာ ျဖစ္တယ္၊ ဒါမွမဟုတ္ အျငင္းပြားခဲ့တဲ့ ၂၀၁၉ ႏိုင္ငံလုံးဆိုင္ရာ ဆႏၵခံယူပြဲေတြၿပီးမွ တာဝန္ထမ္းခဲ့တာျဖစ္တယ္လို႔ ျပန္လည္ တုံ႔ျပန္ေနပါတယ္။

ေလာေလာဆယ္ စစ္တပ္အႀကီးအကဲေဟာင္း အသက္ ၇၇ ႏွစ္အရြယ္ ဒုတိယဝန္ႀကီးခ်ဳပ္ Prawit Wongsuwan ၾကားကာလ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ႏိုင္ပါတယ္။ ဝန္ႀကီးခ်ဳပ္ Prayut Chan-o-cha ကို ရာထူးကဖယ္ရွားေရး ဥပေဒေၾကာင္းအရ ေတာင္းဆိုေနခ်ိန္နဲ႔ ဆုံးျဖတ္ခ်က္ခ်ေရး ဖြဲ႕စည္းပုံ အေျခခံဥပေဒတရား႐ုံးက သုံးသပ္ေနခ်ိန္အတြင္း ဒီရက္ပိုင္း ဘန္ေကာက္ၿမိဳ႕ေတာ္မွာ ဆႏၵျပပြဲေတြ ေပၚေပါက္လာႏိုင္တယ္ဆိုၿပီး သတိေပးခ်က္ေတြ ထြက္ေပၚေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[ZUnicode]]


ထိုင်းဝန်ကြီးချုပ် Prayut ရဲ့တာဝန် ယာယီဆိုင်းငံ့

ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha ရဲ့ တရားဝင်တာဝန်ထမ်းဆောင်မှုကို ယာယီဆိုင်းငံ့ထားဖို့ ထိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံးက ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

Prayut Chan-o-cha ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်တဲ့သက်တမ်းကာလကို ဥပဒေကြောင်းအရ ပြန်လည် သုံးသပ်နေတဲ့အတွက် သူ့ရဲ့တာဝန်တွေကို ဆိုင်းငံ့လိုက်တာပါ။ ထိုင်းနိုင်ငံရဲ့ ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မည်သူမဆို ဝန်ကြီးချုပ်ရာထူးကို ၈ နှစ်ထက်ပိုပြီး မထမ်းဆောင်ဖို့ တားမြစ်ထားပါတယ်။

၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းထားတဲ့ စစ်တပ်အကြီးအကဲဟောင်း Prayut ရဲ့ သက်တမ်း ၈ နှစ်ပြည့်သွားပြီဖြစ်ကြောင်း အတိုက်အခံတွေက ထောက်ပြပြီး ရာထူးကနုတ်ထွက်ပေးဖို့ တောင်းဆိုနေပါတယ်။ ဒါပေမယ့်လည်း Prayut ကို ထောက်ခံသူတွေက သူ ဝန်ကြီးချုပ်အဖြစ် တာဝန်စထမ်းဆောင်တာ ၂၀၁၇ ခုနှစ်က စစ်တပ် ဦးဆောင် ရေးဆွဲတဲ့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပြီးမှ ထမ်းဆောင် တာ ဖြစ်တယ်၊ ဒါမှမဟုတ် အငြင်းပွားခဲ့တဲ့ ၂၀၁၉ နိုင်ငံလုံးဆိုင်ရာ ဆန္ဒခံယူပွဲတွေပြီးမှ တာဝန်ထမ်းခဲ့တာဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်နေပါတယ်။

လောလောဆယ် စစ်တပ်အကြီးအကဲဟောင်း အသက် ၇၇ နှစ်အရွယ် ဒုတိယဝန်ကြီးချုပ် Prawit Wongsuwan ကြားကာလ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နိုင်ပါတယ်။ ဝန်ကြီးချုပ် Prayut Chan-o-cha ကို ရာထူးကဖယ်ရှားရေး ဥပဒေကြောင်းအရ တောင်းဆိုနေချိန်နဲ့ ဆုံးဖြတ်ချက်ချရေး ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက သုံးသပ်နေချိန်အတွင်း ဒီရက်ပိုင်း ဘန်ကောက်မြို့တော်မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာနိုင်တယ်ဆိုပြီး သတိပေးချက်တွေ ထွက်ပေါ်နေပါတယ်။

XS
SM
MD
LG