သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းရဲတပ္ဖဲြ႕ဝင္ေဟာင္းပစ္ခတ္လို႔ ကေလးငယ္ ၂၀ ေက်ာ္ေသဆံုး


Thailand Childcare Center Shooting

[[Zawgyi/Unicode]]

ထိုင္းႏိုင္ငံ အေရွ႕ေျမာက္ပိုင္း ေနာင္ဘြာလန္ဖူးျပည္နယ္ နခလန္းခ႐ိုင္မွာရွိတဲ့ ေန႔ကေလးထိန္းေက်ာင္းထဲကို ရဲတပ္ဖြဲ႔ဝင္ေဟာင္းတေယာက္က ဝင္ေရာက္ပစ္ခတ္ခဲ့တာေၾကာင့္ ကေလးငယ္ ၂၀ ေက်ာ္အပါအ၀င္ လူ ၃၀ ထက္မနည္း ေသဆုံးတယ္လို႔ ျပည္နယ္ရဲတပ္ဖြဲ႔က အတည္ျပဳပါတယ္။ ခုလို အမ်ားအျပားေသဆံုးတဲ့ ပစ္ခတ္မႈေတြျဖစ္ေလ့မရွိသေလာက္နည္းတဲ့ ထိုင္းႏိုင္ငံမွာ ဒီပစ္ခတ္မႈအေပၚ တုန္လႈပ္ဝမ္းနည္းမိတဲ့အေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha ကေျပာၾကားခဲ့ပါတယ္။ ဒီသတင္းကို ထိုင္းအေျခစိုက္ ဗြီအိုေအ သတင္းေထာက္မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ဒီေန႔ ေအာက္တိုဘာလ ၆ ရက္ေန႔ ထိုင္းႏိုင္ငံအေရွ႕ေျမာက္ပိုင္း ေနာင္ဘြာလန္ဖူးျပည္နယ္ နခလန္းခ႐ိုင္မွာရွိတဲ့ ေန႔ကေလးထိန္းေက်ာင္းထဲကို ရဲတပ္ဝင္ေဟာင္းတဦး ေသနတ္နဲ႔ဝင္ေရာက္ၿပီး ကေလးငယ္ေတြကိုပစ္ခတ္ခဲ့တယ္လို႔ တာဝန္ရွိ ေဒသခံ ထိုင္းရဲတပ္ဖြဲ႔အႀကီးအကဲက ေျပာပါတယ္။ ကေလးသူငယ္ဖြံ႕ၿဖိဳးတိုးတက္ေရးစင္ တာကို ဝင္ေရာက္ပစ္ခတ္ခဲ့သူဟာ မူးယစ္ေဆးသုံးမႈနဲ႔ ရဲတပ္ဖြဲ႕ကေန ၿပီးခဲ့တဲ့ႏွစ္ က အေရးယူထုတ္ပယ္ခံရသူ ရဲဝန္ထမ္းေဟာင္းတဦးျဖစ္တယ္လို႔လည္း ရဲတပ္ဖြဲ႔ မွဴး Gen. Damrongsak Kittipraphat (ဒန္႐ုံဆပ္ ကစ္တီပရဖတ္) က ထိုင္းဘာသာနဲ႔ အတည္ျပဳေျပာၾကားပါတယ္။

“ရဲဝန္ထမ္းေဟာင္း ေသနတ္သမားဟာ အလုပ္ထုတ္ခံရတာကို မေက်မနပ္ျဖစ္ၿပီး ဘာမွ ခုခံႏိုင္စြမ္းမရွိတဲ့ ကေလးသူငယ္ေတြရဲ႕ေက်ာင္းကိုမွေ႐ြးၿပီး တိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။ သူဟာ ေမာင္းျပန္ေသနတ္နဲ႔ဓါးကိုကိုင္ေဆာင္ထားၿပီး ေက်ာင္းထဲကိုဝင္ေရာက္ၿပီး ျမင္ျမင္သမွ် ကေလး လူႀကီးေတြကို ပစ္ခတ္ခဲ့တာပါ။ ေက်ာင္းထဲကျပန္အထြက္မွာလည္း လမ္းတေလွ်ာက္က ေတြ႔တဲ့လူေတြကို ကားနဲ႔တိုက္ၿပီးပစ္ခတ္ သြားတဲ့အတြက္ အေတာ္မ်ားမ်ား အတြင္းလူနာေတြအျဖစ္ အေရးေပၚ ကုသေနရတယ္။” လို႔လည္း ရဲတပ္ဖြဲ႕မႉး Gen. Damrongsak Kittipraphat က ေျပာဆိုသြားတာပါ။

ေသနတ္သမားဟာ သူ႔အိမ္ျပန္အေရာက္မွာ သူ႔ကေလးနဲ႔ဇနီးကိုပစ္သတ္ခဲ့ၿပီး သူ ကိုယ္တိုင္လည္း အဆုံးစီရင္သြားခဲ့တယ္လို႔ နယ္ေျမရဲတပ္က ေျပာေၾကာင္း ထိုင္းသတင္းေတြမွာေဖာ္ျပၾကပါတယ္။ ေသနတ္သမားဟာ အသက္ ၃၄ ႏွစ္အ႐ြယ္ Mr. Panya Khamrab ျဖစ္ပါတယ္။ ဒီအျဖစ္အပ်က္ေၾကာင့္ အသက္ဆုံးရႈံးခဲ့ရသူမ်ားရဲ႕ မိသားစုမ်ားအား ဦးစြာဝမ္းနည္းေၾကာင္း ေျပာၾကားလိုတယ္လို႔ ထိုင္း ရဲမွဴးခ်ဳပ္က ေျပာၾကားခဲ့ပါတယ္။

ေနာင္ဘြာလန္းဖူးျပည္နယ္ဟာ ဘန္ေကာက္ၿမိဳ႕ အေရွ႕ေျမာက္ဘက္ မိုင္ ၃၃၀ ေဝးၿပီး Udon Thani ၿမိဳ႕ ရဲ႕ အေနာက္ေတာင္ဘက္ ၂၇ မိုင္ေလာက္ ေဝးပါတယ္။ လူဦးေရ ငါးသိန္းေက်ာ္ ရွိတဲ့ ျပည္နယ္ျဖစ္ပါတယ္။ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ေလာေလာဆယ္ ကေလးငယ္ ၂၀ ေက်ာ္အပါအဝင္ အသက္ေသဆုံးသူ ၃၆ ေယာက္ထိရွိေနၿပီလို႔လည္း ထိုင္းသတင္းေတြမွာေဖာ္ျပၾကပါတယ္။ ဒီပစ္ခတ္တိုက္ခိုက္ မႈအတြက္ တုန္လႈပ္ဝမ္းနည္းမိတဲ့အေၾကာင္းနဲ႔ မိသားစုေတြနဲ႔ထပ္တူ ေၾကကြဲဝမ္းနည္းရတဲ့အေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha ကလည္း ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ထိုင်းရဲတပ်ဖွဲ့ဝင်ဟောင်းပစ်ခတ်လို့ ကလေးငယ် ၂၀ ကျော်သေဆုံး

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နောင်ဘွာလန်ဖူးပြည်နယ် နခလန်းခရိုင်မှာရှိတဲ့ နေ့ကလေးထိန်းကျောင်းထဲကို ရဲတပ်ဖွဲ့ဝင်ဟောင်းတယောက်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၂၀ ကျော်အပါအဝင် လူ ၃၀ ထက်မနည်း သေဆုံးတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။ ခုလို အများအပြားသေဆုံးတဲ့ ပစ်ခတ်မှုတွေဖြစ်လေ့မရှိသလောက်နည်းတဲ့ ထိုင်းနိုင်ငံမှာ ဒီပစ်ခတ်မှုအပေါ် တုန်လှုပ်ဝမ်းနည်းမိတဲ့အကြောင်း ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha ကပြောကြားခဲ့ပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဒီနေ့ အောက်တိုဘာလ ၆ ရက်နေ့ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နောင်ဘွာလန်ဖူးပြည်နယ် နခလန်းခရိုင်မှာရှိတဲ့ နေ့ကလေးထိန်းကျောင်းထဲကို ရဲတပ်ဝင်ဟောင်းတဦး သေနတ်နဲ့ဝင်ရောက်ပြီး ကလေးငယ်တွေကိုပစ်ခတ်ခဲ့တယ်လို့ တာဝန်ရှိ ဒေသခံ ထိုင်းရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။ ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးစင် တာကို ဝင်ရောက်ပစ်ခတ်ခဲ့သူဟာ မူးယစ်ဆေးသုံးမှုနဲ့ ရဲတပ်ဖွဲ့ကနေ ပြီးခဲ့တဲ့နှစ် က အရေးယူထုတ်ပယ်ခံရသူ ရဲဝန်ထမ်းဟောင်းတဦးဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့ မှူး Gen. Damrongsak Kittipraphat (ဒန်ရုံဆပ် ကစ်တီပရဖတ်) က ထိုင်းဘာသာနဲ့ အတည်ပြုပြောကြားပါတယ်။

“ရဲဝန်ထမ်းဟောင်း သေနတ်သမားဟာ အလုပ်ထုတ်ခံရတာကို မကျေမနပ်ဖြစ်ပြီး ဘာမှ ခုခံနိုင်စွမ်းမရှိတဲ့ ကလေးသူငယ်တွေရဲ့ကျောင်းကိုမှရွေးပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ သူဟာ မောင်းပြန်သေနတ်နဲ့ဓါးကိုကိုင်ဆောင်ထားပြီး ကျောင်းထဲကိုဝင်ရောက်ပြီး မြင်မြင်သမျှ ကလေး လူကြီးတွေကို ပစ်ခတ်ခဲ့တာပါ။ ကျောင်းထဲကပြန်အထွက်မှာလည်း လမ်းတလျှောက်က တွေ့တဲ့လူတွေကို ကားနဲ့တိုက်ပြီးပစ်ခတ် သွားတဲ့အတွက် အတော်များများ အတွင်းလူနာတွေအဖြစ် အရေးပေါ် ကုသနေရတယ်။” လို့လည်း ရဲတပ်ဖွဲ့မှူး Gen. Damrongsak Kittipraphat က ပြောဆိုသွားတာပါ။

သေနတ်သမားဟာ သူ့အိမ်ပြန်အရောက်မှာ သူ့ကလေးနဲ့ဇနီးကိုပစ်သတ်ခဲ့ပြီး သူ ကိုယ်တိုင်လည်း အဆုံးစီရင်သွားခဲ့တယ်လို့ နယ်မြေရဲတပ်က ပြောကြောင်း ထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။ သေနတ်သမားဟာ အသက် ၃၄ နှစ်အရွယ် Mr. Panya Khamrab ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများရဲ့ မိသားစုများအား ဦးစွာဝမ်းနည်းကြောင်း ပြောကြားလိုတယ်လို့ ထိုင်း ရဲမှူးချုပ်က ပြောကြားခဲ့ပါတယ်။

နောင်ဘွာလန်းဖူးပြည်နယ်ဟာ ဘန်ကောက်မြို့ အရှေ့မြောက်ဘက် မိုင် ၃၃၀ ဝေးပြီး Udon Thani မြို့ ရဲ့ အနောက်တောင်ဘက် ၂၇ မိုင်လောက် ဝေးပါတယ်။ လူဦးရေ ငါးသိန်းကျော် ရှိတဲ့ ပြည်နယ်ဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လောလောဆယ် ကလေးငယ် ၂၀ ကျော်အပါအဝင် အသက်သေဆုံးသူ ၃၆ ယောက်ထိရှိနေပြီလို့လည်း ထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။ ဒီပစ်ခတ်တိုက်ခိုက် မှုအတွက် တုန်လှုပ်ဝမ်းနည်းမိတဲ့အကြောင်းနဲ့ မိသားစုတွေနဲ့ထပ်တူ ကြေကွဲဝမ်းနည်းရတဲ့အကြောင်း ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha ကလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG