သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ် ကုန်စည်စီးဆင်းမှုတွေ ရပ်ဆိုင်းသလောက်ဖြစ်နေ


ထိုင်းနဲ့မြန်မာ ကုန်စည်စီးဆင်းလည်ပတ်ရာမှာပြေးဆွဲနေကြတဲ့ကားတွေ ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ခရီးမဆက်နိုင်ဘဲ ပိတ်မိနေစဉ်။ (ဒီဇင်ဘာ ၂၆၊ ၂၀၂၂/Crd: CJ)
ထိုင်းနဲ့မြန်မာ ကုန်စည်စီးဆင်းလည်ပတ်ရာမှာပြေးဆွဲနေကြတဲ့ကားတွေ ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ခရီးမဆက်နိုင်ဘဲ ပိတ်မိနေစဉ်။ (ဒီဇင်ဘာ ၂၆၊ ၂၀၂၂/Crd: CJ)

[[Zawgyi/Unicode]]

ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေတာကြောင့်ကော၊ ကော့ကရိတ်လမ်းကတံတားတခု မိုင်းထိပြီး ကျိုးကျနေတာကြောင့်ပါ ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုတွေ ရပ်သလောက် ဖြစ်နေပါတယ်။ ဒီအတွက် ထိုင်းဘက်က တနေ့ကို ဘတ်သန်းရာချီဆုံးရှုံးနေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား (၂) ဟာ ထိုင်းဘက်ကရော မြန်မာဘက်ကပါအသုံးပြုတဲ့ တရားဝင် ကုန်စည်လမ်းကြောင်းဖြစ်ပါတယ်။ အခုအခါမှာတော့ ကရင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေတာကြောင့်ကော ကော့ကရိတ်လမ်းကတံတားတစင်းမိုင်းထိပြီးကျိုးကျနေတာကြောင့်ပါ ထိုင်းမြန်မာနှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုတွေကြန်ကြာနေပြီး ရပ်နားထားရသလောက်ဖြစ်နေတဲ့အတွက် ထိုင်းဘက်မှာစီးပွါးရေးအရ နစ်နာနေတယ်လို့ ထိုင်းသတင်းတွေမှာလည်း ရေးသားဖော်ပြကြပါတယ်။

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကိုပို့ဆောင်မယ့် ကုန်စည်ကားတန်းတွေဟာ နယ်စပ် မှာပိတ်မိနေသလို မြန်မာဘက်က ပို့ဆောင်မယ့်ကုန်စည်တွေလည်း ပိတ်မိနေတဲ့အကြောင်း နိုင်ငံတကာကုန်ပစည်းပို့ဆောင်နေတဲ့ DHL ကုမ္ပဏီတာဝန်ခံတဦးကပြောပြပါတယ်။

“ကျနော်တို့ပစ္စည်းပုံးတွေ အတော်များများ ပါဆယ်ပုံးတွေ မလာကြဘူး။ မလာတာတော့ ၃ ရက် ၄ ရက်ရှိပြီ။ လမ်းအခြေအနေကြောင့် အတော်များများ မလာဘူး။ တံတားကျိုးနေတော့ အဲဒီလမ်းကိုမဖြတ်ရဲဘူး။တခြားလမ်းတွေက ကွေ့လာတော့လည်း တခြားလမ်းကြောင်းကိုလည်း ကားတွေကမဖြတ်ရဲကြဘူး။ မြန်မာဘက် က ပစည်းတွေလည်းမလာဘူး။ ထိုင်းဘက်ကလည်း ပို့လို့မရဘူး။ မြဝတီထဲထိရောက်ပေမယ့် မြဝတီထဲမှာဝင်နေပြီး အောက်ကိုသွားမရတော့ စောင့်နေရတာပေါ့။ သွားမရဘူး။ မြဝတီဘက်မှာပစ္စည်းတွေပို့ရင်လည်း ပစ္စည်းတွေကိုလည်း ဖွင့်ပြရတယ်။ တချို့ပစ္စည်းပို့တဲ့ကားတွေကလည်း လှည့်ပြန်နေရတယ်။ ပစ္စည်းတွေလည်းမရောက်လာတော့ဘူး။”

အခုလို လမ်းပမ်းဆက်သွယ်ရေးခက်ခဲပြီး လုံခြုံမှုမရှိတဲ့အခြေအနေကြောင့် မြန်မာဘက်ကို ပုံမှန်ပို့နေတဲ့အိမ်ဆောက်ပစ္စည်းတွေ၊ သံထည်ပစ္စည်းတွေနဲ့စားသောက်ကုန်စတဲ့ နေ့စဉ်ကုန်စည်စီးဆင်းနေတာတွေ ရပ်နားထားရပြီး ဘတ်ငွေ သန်းရာချီပြီး နစ်နာတယ်လို့လည်း ထိုင်းဝါရင့်သတင်းထောက်တဦးကပြောပြပါတယ်။

“ မြန်မာဘက်က သွားလာလို့မရလို့သွားမရဘူး။ တနှစ်မှာဆိုရင် ကုန်သွယ်တာ သန်း ၇ သောင်း၊ ၈ သောင်းလောက်ရှိတယ်။ တနှစ်မှာပေါ့ ။မီလီလျှံပေါ့။ တနေ့ မှာတော့ သန်း ၂၀၀ လောက်ရှိတယ် နစ်နာတာ 1 Day (တနေ့)မှာပဲ။”

အခုလာမယ့် ၂၀၂၃ နှစ်စမှာ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားပြန်ဖွင့်မယ်လို့ အစောပိုင်းက သတင်းထွက်နေပေမယ့် မြန်မာဘက်က ကရင်လက်နက်ကိုင်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ဖွင့်ဖို့ရက်လည်း ဆိုင်းငံ့ထားတာတွေဖြစ်လာနိုင်တယ်လို့လည်းထိုင်းကုန်သည်အသိုင်းအဝိုင်းကဆိုပါတယ်။

မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းပြီးကတည်းက နယ်စပ်မှာတိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး မြဝတီခရိုင်မှာ နယ်မြေတည်ငြိမ်မှုပျက်ပြားနေပြီး ကျေးလက်ဒေသနေ ကရင်ပြည်သူတွေမှာလည်း စစ်ဘေးရှောင်နေရတာ တနှစ်ကျော်လာပြီဖြစ်ပါတယ်။ အခုလတ်တလော ဒီဇင်ဘာလ ၁၆ ရက်နေ့ကစပြီး နှစ်ဘက်တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်နေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]










XS
SM
MD
LG