သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္ဝမ္မွာ စစ္ေရးေလ့က်င့္


TAIWAN-DEFENCE/

[[Zawgyi/Unicode]]

အင္အားႀကီးတ႐ုတ္ရဲ႕ စစ္ေရးၿခိမ္းေျခာက္မႈကို သီတင္းပတ္အေတာ္ၾကာခံေနရတဲ့ ထိုင္ဝမ္က ဒီကေန႔ ဗုဒၶဟူးေန႔မွာ တင့္ကားေတြ၊ တိုက္ဂ်က္ေလယာဥ္ေတြပါတဲ့ စစ္ေရးေလ့က်င့္မႈေတြလုပ္ၿပီး သူ႔ရဲ႕စစ္အင္အားကို ျပသခဲ့ပါတယ္။

ေျမျပင္တိုက္ခိုက္ေရးအတြက္ အၿမဲအသင့္ရွိေနေရးဟာ စစ္တပ္အတြက္ အဓိကျဖစ္တာေၾကာင့္ အခ်ိန္တိုင္း ေလ့က်င့္ေပးဖို႔လိုအပ္တယ္လို႔ ထိုင္ဝမ္ကာကြယ္ေရး ဝန္ႀကီးဌာန ေျပာခြင့္ရ Sun Li-Fang က ထိုင္ဝမ္စစ္တပ္ စစ္ေရးေလ့က်င့္ေနတဲ့ ထိုင္ဝမ္ေတာင္ဘက္ အစြန္အဖ်ားက Pingtung မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

ထိုင္ဝမ္နဲ႔ ထိုင္ဝမ္ပိုင္ကၽြန္းေတြမွာ စစ္ေရးေလ့က်င့္ေနတာဟာ ထိုင္ဝမ္ပိုင္နက္အတြက္ ၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္တာျဖစ္သလို စစ္ပြဲအတြက္အဆင္သင့္ျဖစ္ဖို႔၊ ေနရာမေရြးတာဝန္ေက်ေက် တိုက္ခိုက္ႏိုင္ဖို႔ဟာ ထိုင္ဝမ္စစ္ဝန္ထမ္းအားလံုးရဲ႕ အေျခခံသေဘာထားျဖစ္ေၾကာင္း ေျပာသြားတာပါ။

ဒါ့အျပင္ ထိုင္ဝမ္စစ္တပ္ဟာ ယူကရိန္းစစ္ပြဲအပါအဝင္ ကမာၻတလႊား စစ္ေရး ျဖစ္ထြန္းမႈအားလံုးကို အနီးကပ္ေစာင့္ၾကည့္ ေလ့လာေနၿပီး ေဝဖန္အၾကံျပဳခ်က္ေတြကို သံုးသပ္ေနတာေၾကာင္းလည္း ေျပာပါတယ္။

ထိုင္ဝမ္စစ္တပ္ဟာ လက္နက္ေကာင္းေတြတပ္ဆင္ထားေပမယ့္ တ႐ုတ္စစ္တပ္ပမာဏထက္ေတာ့ ေသးငယ္ပါတယ္။ ဒါေၾကာင့္ ထိုင္ဝမ္သမၼတ Tsai Ing-wen ကေတာ့ ကာကြယ္ေရးအသံုးစရိတ္ကို ဦးစားေပး ျမႇင့္တင္ၿပီး ေခတ္မီေအာင္ လုပ္ေနတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လထဲ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ထိုင္ဝမ္ကို လာေရာက္ခဲ့ခ်ိန္ကစၿပီး ထိုင္ဝမ္တဝိုက္မွာ တ႐ုတ္က စစ္ေရးေလ့က်င့္မႈေတြ လုပ္ေနတာျဖစ္ပါတယ္။

ထိုင္ဝမ္မွာ စစ္ေရးေလ့က်င့္.mp3
please wait

No media source currently available

0:00 0:00:48 0:00
တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ထိုင်ဝမ်မှာ စစ်ရေးလေ့ကျင့်

အင်အားကြီးတရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုကို သီတင်းပတ်အတော်ကြာခံနေရတဲ့ ထိုင်ဝမ်က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ တင့်ကားတွေ၊ တိုက်ဂျက်လေယာဉ်တွေပါတဲ့ စစ်ရေးလေ့ကျင့်မှုတွေလုပ်ပြီး သူ့ရဲ့စစ်အင်အားကို ပြသခဲ့ပါတယ်။

မြေပြင်တိုက်ခိုက်ရေးအတွက် အမြဲအသင့်ရှိနေရေးဟာ စစ်တပ်အတွက် အဓိကဖြစ်တာကြောင့် အချိန်တိုင်း လေ့ကျင့်ပေးဖို့လိုအပ်တယ်လို့ ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ Sun Li-Fang က ထိုင်ဝမ်စစ်တပ် စစ်ရေးလေ့ကျင့်နေတဲ့ ထိုင်ဝမ်တောင်ဘက် အစွန်အဖျားက Pingtung မှာ သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်ဝမ်နဲ့ ထိုင်ဝမ်ပိုင်ကျွန်းတွေမှာ စစ်ရေးလေ့ကျင့်နေတာဟာ ထိုင်ဝမ်ပိုင်နက်အတွက် ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တာဖြစ်သလို စစ်ပွဲအတွက်အဆင်သင့်ဖြစ်ဖို့၊ နေရာမရွေးတာဝန်ကျေကျေ တိုက်ခိုက်နိုင်ဖို့ဟာ ထိုင်ဝမ်စစ်ဝန်ထမ်းအားလုံးရဲ့ အခြေခံသဘောထားဖြစ်ကြောင်း ပြောသွားတာပါ။

ဒါ့အပြင် ထိုင်ဝမ်စစ်တပ်ဟာ ယူကရိန်းစစ်ပွဲအပါအဝင် ကမ္ဘာတလွှား စစ်ရေး ဖြစ်ထွန်းမှုအားလုံးကို အနီးကပ်စောင့်ကြည့် လေ့လာနေပြီး ဝေဖန်အကြံပြုချက်တွေကို သုံးသပ်နေတာကြောင်းလည်း ပြောပါတယ်။

ထိုင်ဝမ်စစ်တပ်ဟာ လက်နက်ကောင်းတွေတပ်ဆင်ထားပေမယ့် တရုတ်စစ်တပ်ပမာဏထက်တော့ သေးငယ်ပါတယ်။ ဒါကြောင့် ထိုင်ဝမ်သမ္မတ Tsai Ing-wen ကတော့ ကာကွယ်ရေးအသုံးစရိတ်ကို ဦးစားပေး မြှင့်တင်ပြီး ခေတ်မီအောင် လုပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လထဲ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ထိုင်ဝမ်ကို လာရောက်ခဲ့ချိန်ကစပြီး ထိုင်ဝမ်တဝိုက်မှာ တရုတ်က စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတာဖြစ်ပါတယ်။

XS
SM
MD
LG