သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္ဝမ္ႏိုင္ငံေရးေခါင္းေဆာင္ေတြကို တ႐ုတ္ ပိတ္ဆို႔ဒဏ္ခတ္


တ႐ုတ္ႏုိင္ငံက ျပည္ဝင္ခြင့္ပိတ္လိုက္တဲ့ အေမရိကန္မွာ ခိုလႈံတဲ့ အေမရိကန္ဆိုင္ရာ တိုင္ဝမ္သံအမတ္ႀကီး Bi-khim Hsiao

[[Zawgyi/Unicode]]

ထိုင္ဝမ္အစိုးရကို ဖိအားေပးတဲ့အေနနဲ႔ တ႐ုတ္အစိုးရက ထိုင္ဝမ္ ႏိုင္ငံေရး ေခါင္းေဆာင္ေတြကို တ႐ုတ္ႏိုင္ငံထဲ ျပည္ဝင္ခြင့္ပိတ္ပင္လိုက္ၿပီး ပိတ္ဆို႔ ဒဏ္ခတ္မႈတခ်ိဳ႕လည္း ခ်မွတ္လိုက္ပါတယ္။

ေနာက္ထပ္ အေမရိကန္လႊတ္ေတာ္အမတ္ေတြ ထိုင္ဝမ္ကို သြားေရာက္ၿပီး မေန႔က ထိုင္ဝမ္သမၼတနဲ႔ ေတြဆုံခဲ့တာအတြက္ ထိုင္ဝမ္အနီး စစ္ေရးေလ့က်င့္မႈေတြ ပိုလုပ္သြားမယ္လို႔ တ႐ုတ္ ႏိုင္ငံက ေၾကညာခဲ့သလို ဒီကေန႔မွာေတာ့ ဒဏ္ခတ္ ပိတ္ဆို႔မႈေတြ ခ်မွတ္လိုက္တာျဖစ္ပါတယ္။ အေမရိကန္ ေအာက္လႊတ္ေတာ္ ဥကၠ႒ Nancy Pelosi ရဲ႕ ခရီးစဥ္ေၾကာင့္ တ႐ုတ္ႏိုင္ငံဘက္က ေဒါသထြက္ခဲ့တဲ့ အလားတူ အခု အေမရိကန္လႊတ္ေတာ္အမတ္ေတြရဲ႕ခရီးစဥ္ကို တ႐ုတ္ဘက္က တုံ႔ျပန္ ၿခိမ္းေျခာက္တာပါ။

အေမရိကန္ ျပည္ေထာင္စုဘက္ကေတာ့ လႊတ္ေတာ္အမတ္ေတြရဲ႕ ၿငိမ္းခ်မ္းစြာ သြားေရာက္တဲ့ ခရီးစဥ္အေပၚမွာ မလိုအပ္ဘဲ အလြန္အကြၽံတုံ႔ျပန္တာမ်ိဳးမလုပ္ဖို႔ တ႐ုတ္ႏိုင္ငံကိုသတိေပးၿပီး ထိုင္ဝမ္ ေရလက္ၾကားနဲ႔ပတ္သက္လို႔ လက္ရွိ အေနအထားကို တဘက္သတ္ ေျပာင္းလဲတာမ်ိဳးမလုပ္ဖို႔လည္း တိုက္တြန္းလိုက္ပါတယ္။ အေမရိကန္အထက္လႊတ္ေတာ္ အေရွ႕အာရွနဲ႔ ပစိတ္ဖိတ္ဆိုင္ရာ ႏိုင္ငံျခားဆက္ဆံေရး ေကာ္မတီနဲ႔ ႏိုင္ငံတကာ ဆိုက္ဘာလုံၿခဳံေရးဆိုင္ရာ ေကာ္မတီခြဲ ဥကၠ႒ အထက္လႊတ္ေတာ္အမတ္ Edward Markey ဦးေဆာင္တဲ့အဖြဲ႕ဟာ မေန႔က ထိုင္ဝမ္သမၼတ Tsai Ing-wen နဲ႔ ေတြ႔ဆံုခဲ့ၿပီး ဒီ ခရီးစဥ္ဟာ အေမရိကန္ျပည္ေထာင္စု ပါတီႀကီး ၂ ရပ္စလုံး အခ်ိန္ၾကာျမင့္စြာ သေဘာတူခ်မွတ္ထားတဲ့ မူဝါဒအရ သြားေရာက္တာ ျဖစ္တဲ့အေၾကာင္း အေမရိကန္ျပည္ေထာင္စုက ေျပာဆိုပါတယ္။

တ႐ုတ္ဘက္က ေနာက္ဆုံး အေရးယူဒဏ္ခတ္ခဲ့သူေတြထဲမွာ အေမရိကန္မွာ ခိုလႈံတဲ့ အေမရိကန္ဆိုင္ရာ တိုင္ဝမ္သံအမတ္ႀကီး Bi-khim Hsiao အျပင္ တိုင္ဝမ္လႊတ္ေတာ္အမတ္တခ်ိဳ႕လည္း ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

ထိုင်ဝမ်နိုင်ငံရေးခေါင်းဆောင်တွေကို တရုတ် ပိတ်ဆို့ဒဏ်ခတ်

ထိုင်ဝမ်အစိုးရကို ဖိအားပေးတဲ့အနေနဲ့ တရုတ်အစိုးရက ထိုင်ဝမ် နိုင်ငံရေး ခေါင်းဆောင်တွေကို တရုတ်နိုင်ငံထဲ ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ပြီး ပိတ်ဆို့ ဒဏ်ခတ်မှုတချို့လည်း ချမှတ်လိုက်ပါတယ်။

နောက်ထပ် အမေရိကန်လွှတ်တော်အမတ်တွေ ထိုင်ဝမ်ကို သွားရောက်ပြီး မနေ့က ထိုင်ဝမ်သမ္မတနဲ့ တွေဆုံခဲ့တာအတွက် ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုတွေ ပိုလုပ်သွားမယ်လို့ တရုတ် နိုင်ငံက ကြေညာခဲ့သလို ဒီကနေ့မှာတော့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်လိုက်တာဖြစ်ပါတယ်။ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ရဲ့ ခရီးစဉ်ကြောင့် တရုတ်နိုင်ငံဘက်က ဒေါသထွက်ခဲ့တဲ့ အလားတူ အခု အမေရိကန်လွှတ်တော်အမတ်တွေရဲ့ခရီးစဉ်ကို တရုတ်ဘက်က တုံ့ပြန် ခြိမ်းခြောက်တာပါ။

အမေရိကန် ပြည်ထောင်စုဘက်ကတော့ လွှတ်တော်အမတ်တွေရဲ့ ငြိမ်းချမ်းစွာ သွားရောက်တဲ့ ခရီးစဉ်အပေါ်မှာ မလိုအပ်ဘဲ အလွန်အကျွံတုံ့ပြန်တာမျိုးမလုပ်ဖို့ တရုတ်နိုင်ငံကိုသတိပေးပြီး ထိုင်ဝမ် ရေလက်ကြားနဲ့ပတ်သက်လို့ လက်ရှိ အနေအထားကို တဘက်သတ် ပြောင်းလဲတာမျိုးမလုပ်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်အထက်လွှတ်တော် အရှေ့အာရှနဲ့ ပစိတ်ဖိတ်ဆိုင်ရာ နိုင်ငံခြားဆက်ဆံရေး ကော်မတီနဲ့ နိုင်ငံတကာ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကော်မတီခွဲ ဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် Edward Markey ဦးဆောင်တဲ့အဖွဲ့ဟာ မနေ့က ထိုင်ဝမ်သမ္မတ Tsai Ing-wen နဲ့ တွေ့ဆုံခဲ့ပြီး ဒီ ခရီးစဉ်ဟာ အမေရိကန်ပြည်ထောင်စု ပါတီကြီး ၂ ရပ်စလုံး အချိန်ကြာမြင့်စွာ သဘောတူချမှတ်ထားတဲ့ မူဝါဒအရ သွားရောက်တာ ဖြစ်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ပြောဆိုပါတယ်။

တရုတ်ဘက်က နောက်ဆုံး အရေးယူဒဏ်ခတ်ခဲ့သူတွေထဲမှာ အမေရိကန်မှာ ခိုလှုံတဲ့ အမေရိကန်ဆိုင်ရာ တိုင်ဝမ်သံအမတ်ကြီး Bi-khim Hsiao အပြင် တိုင်ဝမ်လွှတ်တော်အမတ်တချို့လည်း ပါဝင်ပါတယ်။

XS
SM
MD
LG