သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံအတြင္း တရားမဝင္ ျမန္မာ ၈၀ နဲ႔ လူေမွာင္ခို ၅ ဦး ဖမ္းမိ


ကန္ခ်နဘူရီျပည္နယ္မွာ ဖမ္းမိတဲ့ ျမန္မာမ်ား(ၾသဂုတ္ ၂၀၊ ၂၀၂၂/ Thai Police)

[[Zawgyi/Unicode]]

ထိုင္း-မေလးနယ္စပ္ ဆုံခလာျပည္နယ္နဲ့ ထုိင္းျမန္မာနယ္စပ္ ကမ္ခ်နဘူရီျပည္နယ္၊ တာခ့္ျပည္နယ္ေတြမွာ ဒီရက္ပိုင္းအတြင္း တရားမဝင္ ျမန္မာ ၈၀ ေလာက္နဲ့ လူေမွာင္ခုိပဲြစား ၅ ဦးကုိ ထုိင္းအာဏာပုိင္ေတြက ဖမ္းဆီးခဲ့ပါတယ္။ ထိုင္းႏို္င္ငံမွာအေထာက္အထားမဲ့ေတြအတြက္ ပန္းေရာင္ကဒ္လုိ့ေခၚတဲ့ အေထာက္အထားလက္မွတ္လုပ္ေပးခ်ိန္မွာ အခုလို တရားမဝင္ ဝင္ေရာက္လာသူေတြ အစုလိုက္အျပံဳလိုက္ ဝင္ေရာက္လာေနတာျဖစ္ပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ့ထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ျပည္နယ္ေတြကတဆင့္ ထုိင္း-မေလးနယ္စပ္ထိ အလုပ္အကိုင္ရွာေဖြဖို့လာၾကတဲ့ ျမန္မာေတြ အစုလိုက္အျပံုလိုက္ ဝင္ေရာက္လာေနတာပါ။ ဒီရက္ပုိင္းအတြင္း အေထာက္အထားမဲ့ျမန္မာ ၈၀ နီးပါးကိုဖမ္းမိေၾကာင္း၊ သူတုိ့နဲ့အတူ လူေမွာင္ခုိပဲြစား ၅ ဦးကုိလည္း ဖမ္းမိခဲ့တယ္လို့ ျမန္မာျပည္သားမ်ားအေရးပူးတဲြ လွဳပ္ရွားမႈ ေကာ္မတီရဲ ့ဥကၠ႒ ဦးမုိးႀကိဳးကအခုလိုေျပာပါတယ္။

“ထိုင္းေတာင္ပုိင္း မေလးရွားနဲ့ထုိင္းနယ္စပ္ ဆံုခလာျပည္နယ္ထဲက ရာဘာျခံတခုထဲမွာ တရားမ၀င္ျမန္မာ ၁၂ ေယာက္အဖမ္းခံရပါတယ္။ အဲဒီလိုပဲ တာ့ခ္ျပည္နယ္ ဝမ္ေက်ာက္ျမိဳ့နယ္ထဲမွာ တရားမဝင္ျမန္မာ ၂၀ နဲ့လူပဲြစားတေယာက္အဖမ္းခံရပါတယ္။ ထိုင္းေတာင္ပုိင္း ပရာက်ြတ္ခီရီကန္ထဲမွာ တရားမဝင္ျမန္မာ ၉ ဦးနဲ့ ထုိင္းပဲြစား ၂ ေယာက္တို့ အဖမ္းခံရပါတယ္။ ထုိင္းနဲ့မြန္ျပည္နယ္နယ္စပ္ကကမ္ခ်နဘူရီျပည္နယ္ထဲမွာ တရားမဝင္ ျမန္မာ ၂၃ ေယာက္နဲ႔ ပဲြစားတေယာက္အဖမ္းခံရပါတယ္။ တရားမဝင္ ျမန္မာ ၈၀ ခန့္နဲ့လူပဲြစား ၅ ေယာက္ ဖမ္းမိခဲ့တာျဖစ္ပါတယ္။”

ဒီလူေတြဟာ ၾသဂုတ္လ ၂၀ ရက္ေန႔အထိ ၃ ရက္အတြင္း ဖမ္းမိခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္ ထုိင္းႏို္င္ငံမွာ ျမန္မာအပါအဝင္ အိမ္နီးခ်င္းေလးႏိုင္ငံက အေထာက္အထားမဲ့ေတြအတြက္ ပန္းေရာင္ကဒ္လုိ့ေခၚတဲ့ အေထာက္အထားလက္မွတ္ လုပ္ေပးေနတဲ့ကာလျဖစ္တာမို့ လူပဲြစားေတြကေန ဖ်ားေယာင္းေသြးေဆာင္ျပီး တရားမဝင္ျမန္မာေတြကို လူကုန္ကူးေနတာျဖစ္တယ္လို့လည္း ဦးမုိးႀကိဳးကေျပာပါတယ္။

“ထိုင္းႏုိင္ငံမွာ ၾသဂုတ္လ ၁ ရက္ေန့ကေန ၁၅ ရက္ေန့အထိ ထုိ္င္းအစုိးရက ပန္းေရာင္ကဒ္လုိ့ေခၚတဲ့အေထာက္အထားအသစ္လုပ္ေပးဖို့ သက္ဆုိင္ရာအလုပ္ရွင္ေတြက အမည္စာရင္းတင္သြင္းျပီးတဲ့ေနာက္မွာ ျမန္မာႏိုင္ငံအနယ္နယ္အရပ္ရပ္က လူပဲြစားေတြက ေနာက္တမ်ိဳးနဲ့ ထုိင္းမွာ အလုပ္လုပ္ဖို့ အတြက္ ဆြယ္တရားေဟာၾကတယ္။ တရားဝင္ ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္ (MOU) နဲ့သြားရင္ ၾကာတယ္၊ တရားမဝင္သြားမွသာျမန္တယ္ဆိုတဲ့အေၾကာင္း ဆြယ္တရားေျပာၾကတာပါ။”

ကန္ခ်နဘူရီျပည္နယ္ထဲမွာ ဖမ္းဆီးခံရတဲ့ သူေတြကေတာ့ ပဲခူး၊ ေမာ္လျမိဳင္ မုဒံု၊ ဘုရားသံုးဆူ စတဲ့ေနရာေတြကျဖစ္ျပီး ထုိင္းအတြင္းပုိင္း ဘန္ေကာက္၊ ဆမြတ္ပရာကန္၊ နခြန္ပထံု၊ ႏြန္ထဘူရီျပည္နယ္ထဲမွာ အလုပ္ရဖုိ့အတြက္ ဘတ္ေငြ ၂ ေသာင္းကေန ၃ ေသာင္းထိေပးလာခဲ့ၾကသူေတြျဖစ္ပါတယ္။ ပရာက်ြတ္ခီရီကန္မွာဖမ္းမိသူေတြကေတာ့ ကရင္ျပည္နယ္နဲ့ ရခိုင္ျပည္နယ္ကေနလာၾကသူေတြျဖစ္ျပီး သူတို့ကေတာ့ ထုိင္းနယ္စပ္ကတဆင့္ မေလးရွားထိ သြားဖို့လာခဲ့ႀကသူေတြျဖစ္ပါတယ္။

သူတို့ေတြဟာ လူပဲြစားေတာင္းခံတဲ့ ေငြေၾကးပမာဏရဲ ့တဝက္ေလာက္ကုိေပးေခ်ခဲ့ျပီး သတ္မွတ္ ထားတဲ့ေနရာေရာက္မွ ေငြအေၾကေပးဖို႔ သေဘာတူခဲ့ၾကတယ္လို့လည္း ဆုိပါတယ္။ ထုိင္းႏိိုင္ငံထဲမွာေတာ့ ေနစဥ္အေထာက္အထားမဲ့ေတြကို ဖမ္းဆီးေနေပမယ့္ ျမန္မာႏိုင္ငံမွာႏို္င္ငံေရးစီးပြားေရးမတည္ျငိမ္မႈေတြေၾကာင့္ အလုပ္အကိုင္ရွာေဖြလိုသူေတြဟာ ေန႔စဥ္အစံုလိုက္ အၿပံုလိုက္ နယ္စပ္လမ္းေတြကေန ဝင္ေရာက္လာေနဆဲျဖစ္ပါတယ္ရွင္။

#ထုိင္းမေလးနယ္စပ္ #အေထာက္အထားမဲ့ျမန္မာ #လူေမွာင္ခုိ

=============

[[Unicode]]

ထိုင်းနိုင်ငံအတွင်း တရားမဝင် မြန်မာ ၈၀ နဲ့ လူမှောင်ခို ၅ ဦး ဖမ်းမိ

ထိုင်း-မလေးနယ်စပ် ဆုံခလာပြည်နယ်နဲ့ ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်၊ တာခ့်ပြည်နယ်တွေမှာ ဒီရက်ပိုင်းအတွင်း တရားမဝင် မြန်မာ ၈၀ လောက်နဲ့ လူမှောင်ခိုပွဲစား ၅ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာအထောက်အထားမဲ့တွေအတွက် ပန်းရောင်ကဒ်လို့ခေါ်တဲ့ အထောက်အထားလက်မှတ်လုပ်ပေးချိန်မှာ အခုလို တရားမဝင် ဝင်ရောက်လာသူတွေ အစုလိုက်အပြုံလိုက် ဝင်ရောက်လာနေတာဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်ပြည်နယ်တွေကတဆင့် ထိုင်း-မလေးနယ်စပ်ထိ အလုပ်အကိုင်ရှာဖွေဖို့လာကြတဲ့ မြန်မာတွေ အစုလိုက်အပြုံလိုက် ဝင်ရောက်လာနေတာပါ။ ဒီရက်ပိုင်းအတွင်း အထောက်အထားမဲ့မြန်မာ ၈၀ နီးပါးကိုဖမ်းမိကြောင်း၊ သူတို့နဲ့အတူ လူမှောင်ခိုပွဲစား ၅ ဦးကိုလည်း ဖမ်းမိခဲ့တယ်လို့ မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှု ကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

“ထိုင်းတောင်ပိုင်း မလေးရှားနဲ့ထိုင်းနယ်စပ် ဆုံခလာပြည်နယ်ထဲက ရာဘာခြံတခုထဲမှာ တရားမဝင်မြန်မာ ၁၂ ယောက်အဖမ်းခံရပါတယ်။ အဲဒီလိုပဲ တာ့ခ်ပြည်နယ် ဝမ်ကျောက်မြို့နယ်ထဲမှာ တရားမဝင်မြန်မာ ၂၀ နဲ့လူပွဲစားတယောက်အဖမ်းခံရပါတယ်။ ထိုင်းတောင်ပိုင်း ပရာကျွတ်ခီရီကန်ထဲမှာ တရားမဝင်မြန်မာ ၉ ဦးနဲ့ ထိုင်းပွဲစား ၂ ယောက်တို့ အဖမ်းခံရပါတယ်။ ထိုင်းနဲ့မွန်ပြည်နယ်နယ်စပ်ကကမ်ချနဘူရီပြည်နယ်ထဲမှာ တရားမဝင် မြန်မာ ၂၃ ယောက်နဲ့ ပွဲစားတယောက်အဖမ်းခံရပါတယ်။ တရားမဝင် မြန်မာ ၈၀ ခန့်နဲ့လူပွဲစား ၅ ယောက် ဖမ်းမိခဲ့တာဖြစ်ပါတယ်။”

ဒီလူတွေဟာ သြဂုတ်လ ၂၀ ရက်နေ့အထိ ၃ ရက်အတွင်း ဖမ်းမိခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ထိုင်းနိုင်ငံမှာ မြန်မာအပါအဝင် အိမ်နီးချင်းလေးနိုင်ငံက အထောက်အထားမဲ့တွေအတွက် ပန်းရောင်ကဒ်လို့ခေါ်တဲ့ အထောက်အထားလက်မှတ် လုပ်ပေးနေတဲ့ကာလဖြစ်တာမို့ လူပွဲစားတွေကနေ ဖျားယောင်းသွေးဆောင်ပြီး တရားမဝင်မြန်မာတွေကို လူကုန်ကူးနေတာဖြစ်တယ်လို့လည်း ဦးမိုးကြိုးကပြောပါတယ်။

“ထိုင်းနိုင်ငံမှာ သြဂုတ်လ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ထိုင်းအစိုးရက ပန်းရောင်ကဒ်လို့ခေါ်တဲ့အထောက်အထားအသစ်လုပ်ပေးဖို့ သက်ဆိုင်ရာအလုပ်ရှင်တွေက အမည်စာရင်းတင်သွင်းပြီးတဲ့နောက်မှာ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်က လူပွဲစားတွေက နောက်တမျိုးနဲ့ ထိုင်းမှာ အလုပ်လုပ်ဖို့ အတွက် ဆွယ်တရားဟောကြတယ်။ တရားဝင် နှစ်နိုင်ငံသဘောတူစာချုပ် (MOU) နဲ့သွားရင် ကြာတယ်၊ တရားမဝင်သွားမှသာမြန်တယ်ဆိုတဲ့အကြောင်း ဆွယ်တရားပြောကြတာပါ။”

ကန်ချနဘူရီပြည်နယ်ထဲမှာ ဖမ်းဆီးခံရတဲ့ သူတွေကတော့ ပဲခူး၊ မော်လမြိုင် မုဒုံ၊ ဘုရားသုံးဆူ စတဲ့နေရာတွေကဖြစ်ပြီး ထိုင်းအတွင်းပိုင်း ဘန်ကောက်၊ ဆမွတ်ပရာကန်၊ နခွန်ပထုံ၊ နွန်ထဘူရီပြည်နယ်ထဲမှာ အလုပ်ရဖို့အတွက် ဘတ်ငွေ ၂ သောင်းကနေ ၃ သောင်းထိပေးလာခဲ့ကြသူတွေဖြစ်ပါတယ်။ ပရာကျွတ်ခီရီကန်မှာဖမ်းမိသူတွေကတော့ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကနေလာကြသူတွေဖြစ်ပြီး သူတို့ကတော့ ထိုင်းနယ်စပ်ကတဆင့် မလေးရှားထိ သွားဖို့လာခဲ့ကြသူတွေဖြစ်ပါတယ်။

သူတို့တွေဟာ လူပွဲစားတောင်းခံတဲ့ ငွေကြေးပမာဏရဲ့တဝက်လောက်ကိုပေးချေခဲ့ပြီး သတ်မှတ် ထားတဲ့နေရာရောက်မှ ငွေအကြေပေးဖို့ သဘောတူခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ ထိုင်းနိုင်ငံထဲမှာတော့ နေစဉ်အထောက်အထားမဲ့တွေကို ဖမ်းဆီးနေပေမယ့် မြန်မာနိုင်ငံမှာနိုင်ငံရေးစီးပွားရေးမတည်ငြိမ်မှုတွေကြောင့် အလုပ်အကိုင်ရှာဖွေလိုသူတွေဟာ နေ့စဉ်အစုံလိုက် အပြုံလိုက် နယ်စပ်လမ်းတွေကနေ ဝင်ရောက်လာနေဆဲဖြစ်ပါတယ်ရှင်။

#ထိုင်းမလေးနယ်စပ် #အထောက်အထားမဲ့မြန်မာ #လူမှောင်ခို

=============

XS
SM
MD
LG