သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ဳိးေအာင္ကို ေထာင္ဒဏ္ ၁၅ ႏွစ္ ခ်မွတ္


ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ဳိးေအာင္ (ဝဲမွယာ)/ယခင္မွတ္တမ္းဓာတ္ပံု။

[[Zawgyi/Unicode]]

NLD အစိုးရလက္ထက္ေနျပည္ေတာ္ ေကာင္စီဥကၠ႒ ေဒါက္တာမ်ိဳးေအာင္ကို စစ္ေကာင္စီ တရား႐ုံးက ဒီကေန႔ ေထာင္ဒဏ္ ၁၅ ႏွစ္ ခ်မွတ္လိုက္ပါတယ္။ သူ႔အေပၚ စြဲဆိုထားတဲ့ အဂတိမႈ (၅) မႈမွာ တမႈကို သုံးႏွစ္စီနဲ႔ ေထာင္ဒဏ္ စုစုေပါင္း ၁၅ ႏွစ္ ခ်မွတ္လိုက္တာပါ။

ေဒါက္တာမ်ဳိးေအာင္အေပၚ ဒီကေန႔ခ်မွတ္လိုက္တဲ့အမႈေတြကေတာ့ ေနျပည္ေတာ္ ေကာင္စီဥကၠ႒တာဝန္ယူထားခ်ိန္မွာ ေျမေနရာခ်ထားမႈေတြနဲ႔ စီမံကိန္းခ်ထားမႈေတြမွာ အဂတိလိုက္စားခဲ့တယ္လို႔ စြဲခ်က္ တင္ခံခဲ့ရတာ ျဖစ္ပါတယ္။

အလားတူပဲ ေနျပည္ေတာ္ ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦးကို စစ္ေကာင္စီက ေထာင္ ၃ ႏွစ္ ခ်မွတ္ခဲ့ပါတယ္။

ဦးရဲမင္းဦးဟာ ၿပီးခဲ့တဲ့ ဇြန္ ၂၀ ရက္ေန႔တုန္းကလည္း ေနျပည္ေတာ္ ဖြံ႕ၿဖိဳးေရးဘဏ္ ကိစၥနဲ႔ပတ္သက္ၿပီး သူ႔ကိုစြဲဆိုထားတဲ့ အဂတိမႈေတြအတြက္ ေထာင္ ၁၅ ႏွစ္ မွတ္ခံထားရၿပီး ခုထပ္မံခ်မွတ္ခံရတဲ့ ေထာင္ ၃ ႏွစ္နဲ႔ဆိုရင္ စုစုေပါင္း ေထာင္ ၁၈ ႏွစ္ ရွိသြားၿပီ ျဖစ္ပါတယ္။ ဒီအမႈေတြအတြက္ သီးျခားစီက်ခံရမယ္လို႔ တရား႐ုံးက အမိန႔္ခ်ပါတယ္။

ဒါေပမယ့္ ကာယကံရွင္ေတြက အျပစ္မရွိေၾကာင္း ျငင္းဆိုထားၿပီး အမႈအရ အဂတိ လိုက္စားမႈေျမာက္တယ္လို႔ တဘက္တရားစြဲအဖြဲ႔ဘက္က တိတိက်က် တင္ျပႏိုင္တာ မရွိဘူးလို႔ သိရပါတယ္။ ေနာက္တပတ္ ႐ုံးခ်ိန္းကစၿပီး အထက္တရား႐ုံးအဆင့္ဆင့္ တက္ေရာက္သြားဖို႔ ရွိေနပါတယ္။

#ေဒါက္တာမ်ဳိးေအာင္ #ေထာင္ဒဏ္၁၅ႏွစ္ #အဂတိမႈငါးမႈ #ဗီြအိုေအ
================

[[Unicode]]


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်

NLD အစိုးရလက်ထက်နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကို စစ်ကောင်စီ တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။ သူ့အပေါ် စွဲဆိုထားတဲ့ အဂတိမှု (၅) မှုမှာ တမှုကို သုံးနှစ်စီနဲ့ ထောင်ဒဏ် စုစုပေါင်း ၁၅ နှစ် ချမှတ်လိုက်တာပါ။

ဒေါက်တာမျိုးအောင်အပေါ် ဒီကနေ့ချမှတ်လိုက်တဲ့အမှုတွေကတော့ နေပြည်တော် ကောင်စီဥက္ကဋ္ဌတာဝန်ယူထားချိန်မှာ မြေနေရာချထားမှုတွေနဲ့ စီမံကိန်းချထားမှုတွေမှာ အဂတိလိုက်စားခဲ့တယ်လို့ စွဲချက် တင်ခံခဲ့ရတာ ဖြစ်ပါတယ်။

အလားတူပဲ နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးကို စစ်ကောင်စီက ထောင် ၃ နှစ် ချမှတ်ခဲ့ပါတယ်။

ဦးရဲမင်းဦးဟာ ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့တုန်းကလည်း နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် ကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုစွဲဆိုထားတဲ့ အဂတိမှုတွေအတွက် ထောင် ၁၅ နှစ် မှတ်ခံထားရပြီး ခုထပ်မံချမှတ်ခံရတဲ့ ထောင် ၃ နှစ်နဲ့ဆိုရင် စုစုပေါင်း ထောင် ၁၈ နှစ် ရှိသွားပြီ ဖြစ်ပါတယ်။ ဒီအမှုတွေအတွက် သီးခြားစီကျခံရမယ်လို့ တရားရုံးက အမိန့်ချပါတယ်။

ဒါပေမယ့် ကာယကံရှင်တွေက အပြစ်မရှိကြောင်း ငြင်းဆိုထားပြီး အမှုအရ အဂတိ လိုက်စားမှုမြောက်တယ်လို့ တဘက်တရားစွဲအဖွဲ့ဘက်က တိတိကျကျ တင်ပြနိုင်တာ မရှိဘူးလို့ သိရပါတယ်။ နောက်တပတ် ရုံးချိန်းကစပြီး အထက်တရားရုံးအဆင့်ဆင့် တက်ရောက်သွားဖို့ ရှိနေပါတယ်။

#ဒေါက်တာမျိုးအောင် #ထောင်ဒဏ်၁၅နှစ် #အဂတိမှုငါးမှု #ဗွီအိုအေ
================

XS
SM
MD
LG