သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီးမော့ဆိုမြို့နယ်အနီး လက်နက်ကြီးကျလို့ အရပ်သား ၇ ဦး ထိခိုက် ဒဏ်ရာရ


Kayah ကယား ကရင်နီ စစ်ဘေးဒုက္ခသည် (ယခင် မှတ်တမ်းဓာတ်ပုံ)
Kayah ကယား ကရင်နီ စစ်ဘေးဒုက္ခသည် (ယခင် မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုနယ်အရှေ့ခြမ်း ထီးဖိုးကလို ကျေးရွာအုပ်စုမှာ သြဂုတ်လ ၁၇ ရက် မနေ့ညပိုင်းက လက်နက်ကြီးကျလို့ အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့နဲ့ ရွာခံတချို့က VOA ကို ပြောပါတယ်။ စစ်ကောင်စီတပ်တွေအနေနဲ့ အခုနောက်ပိုင်း အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာ တွေ့ရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောဆိုပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ထီးဖိုးကလိုကျေးရွာအုပ်စု၊ ထီးဖိုးကလိုကျေးရွာမှာ သြဂုတ်လ ၁၇ ရက် မနေ့ညက လက်နက်ကြီးကျလို့ အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွ့ဲ ဒါရိုက်တာ ကိုဗညားက VOA ကို ပြောပါတယ်။

“မနေ့ညပေါ့ ၈ နာရီဝန်းကျင်လောက်မှာ ကျနော်တို့ ထီးဖိုးကလိုကျေးရွာအုပ်စုထဲက ထီးဖိုးကလိုရွာပေါ့နော်၊ အဲ့ဒီရွာထဲကို လက်နက်ကြီး ၃ လုံးကျတယ်။ အဲ့တော့ လက်နက်ကြီးက ဘယ်ကနေပစ်လာမှန်းတော့ မသိဘူး၊ တခါတည်းကျကွဲ အသံပဲကြားတယ်ပေါ့နော်။ အဲ့ဒီပစ်ခတ်မှုကြောင့် ကျနော်တို့ လူနေအိမ်တလုံး နှစ်လုံးပေါ့ အနည်းငယ်တော့ ထိခိုက်သွားတာရှိတယ်။ အဲ့ဒီအိမ်ထဲမှာ နှီးဖျာနေတဲ့ ရွာခံတွေပေါ့နော်၊ ရွာခံက ၄ ဦးရယ်၊ နောက်ပြီးတော့မှ စစ်ဘေးရှောင်ပေါ့နော် သော်တမငယ်ကနေပြောင်းလာတဲ့ စစ်ဘေးရှောင် ၃ ဦးပေါ့နော် စုစုပေါင်း ၇ ဦးထိခိုက်ဒဏ်ရာရရှိပါတယ်။”

ထီးဖိုကလိုးကျေးရွာဟာ တိုက်ပွဲနဲ့ စစ်ရေးအရလှုပ်ရှားမှုမရှိတဲ့ ကျေးရွာတွေဖြစ်ပြီး ရွာခံတွေနဲ့အတူ စစ်ပြေး ဒုက္ခသည်တွေလည်း လာရောက်ခိုလှုံ နေကြတာပါ။ လက်နက်ကြီးကြောင့် အပစ်မဲ့အရပ်သား ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးအနက် တဦးက ပြင်းထန်စွာ ဒဏ်ရာရရှိထားတယ်လို့ ဆိုပါတယ်။

လက်နက်ကြီးကျတဲ့ ထီးဖိုးကလိုကျေးရွာတဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ တိုက်ခိုက်ခံရတာလို့ ရွာခံတဦးက အခုလို ပြောပါတယ်။

“(လက်နက်ကြီး) ရွာထဲမှာကျလာတာ၊ မနေ့က တိုက်ပွဲတော့ မရှိဘူး။ ပစ်ခတ်သံလည်းမကြားရဘူး။ ခါတိုင်းဆိုရင် နေ့ခင်းပိုင်းဆိုရင် ပစ်ပြီးတော့မှ ညဘက်မှ သူတို့ကလှမ်းထုတာ၊ ဒါပေမယ့် မနေ့ညခါကျတော့ နေ့ခင်းပိုင်းက ဘာမှအသံမကြားရဘဲနဲ့ ညဘက်အချိန်က သူက လှမ်းထုလိုက်တာပဲ။ အခုချိန်တော့ မလုံခြုံတော့ဘူးပေါ့နော် ဘာလို့လဲဆိုတော့ အမြဲတမ်း အခြေအနေက ဆိုးတာထက် ဆိုးဆိုးသွားတော့ မလုံခြုံတော့ဘူး။”

ထီးဖိုးကလိုကျေးရွာဟာ ဒါနဲ့ဆို ၄ ကြိမ်ထက်မနည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် ဒေသခံတွေက အသက်အန္တရာယ်စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်နေ့တုန်းကလည်း လွိုင်လင်းလေးမြို့နယ်ဘက် လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခံလို့ အရပ်သား တဦးသေဆုံး၊ ၂ ဦးဒဏ်ရရှိပြီး ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ ဒီလို တိုက်ခိုက်ခံရတဲ့ နေရာတွေမှာ တိုက်ပွဲမရှိဘူးလို့ ဒေသခံတွေက VOA ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေအနေနဲ့ အခုနောက်ပိုင်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်လာတာ တွေ့ရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဒီသြဂုတ်လ နှစ်ပတ်ကျော်အတွင်း ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်း ကျေးရွာတွေဘက်ဆိုရင် လက်နက်ကြီးတွေနဲ့ ၄ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခံရပြီး အရပ်သား ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သိရှိနိုင်ဖို့ ဗွီအိုအေက စစ်ကောင်စီ ပြောခွင့်ရကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]


ဒီးမော့ဆိုမွို့နယျအနီး လကျနကျကွီးကလြို့ အရပျသား ၇ ဦး ထိခိုကျ ဒဏျရာရ







ထီးဖိုးကလိုကြေးရှာဟာ ဒါနဲ့ဆို ၄ ကွိမျထကျမနညျး လကျနကျကွီးနဲ့ ပဈခတျခံရတာကွောင့ျ ဒသေခံတှကေ အသကျအန်တရာယျစိုးရိမျနကွေပါတယျ။




XS
SM
MD
LG