သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အဂတိလိုက္စားမႈ ၄ မႈအတြက္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေနာက္ထပ္ အမိန႔္ ခ်ႏိုင္


ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု - Aung San Suu Kyi - ေမ ၁၄၊ ၂၀၂၀)

[[Zawgyi/Unicode]]

ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားတဲ့အမႈေတြထဲက ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းနဲ႔ဆက္စပ္ၿပီး တရားစြဲဆိုထားတဲ့ လေရာင္ေတာစီမံကိန္းနဲ႔ ပတ္သက္တဲ့ အမႈ ၃ မႈနဲ႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ဦးၿဖိဳးမင္းသိန္းဆီက ေ႐ႊနဲ႔ ေဒၚလာေတြ ရယူထားတယ္ဆိုတဲ့ အမႈေတြကို လာမယ့္ ၾသဂုတ္လ ၁၅ ရက္ေန႔မွာ အၿပီးသတ္အမိန႔္ခ်မွတ္မယ္လို႔ တရားေရးသတင္းရပ္ကြက္က ေမွ်ာ္လင့္ ထားပါတယ္။

လေရာင္ေတာ စိုက္ပ်ိဳးသက္ေမြးပညာသင္တန္းေက်ာင္း စီမံကိန္း ေျမေနရာႏွစ္ ခုရယူခဲ့တာနဲ႔ ဆက္စပ္တဲ့အမႈႏွစ္ခုနဲ႔ လေရာင္ေတာစီမံကိန္းအတြင္း ေနထိုင္ဖို႔ ေနအိမ္ေဆာက္လုပ္တယ္ဆိုၿပီးစြဲဆိုထားတာ ျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ အမႈေပါင္း ဒါဇင္ေက်ာ္နဲ႔ တရားစြဲဆိုတာမွာ အဲဒီထဲမွာ အဂတိလိုက္စားတဲ့ စြပ္စြဲခ်က္နဲ႔ တရားစြဲဆိုထားတဲ့အမႈ ၁၀ မႈလည္းပါဝင္ပါတယ္။ ဒီ ၁၀ မႈထဲက ကနဦး စြဲဆိုထားတဲ့ အဂတိမႈ ၄ မႈကို အၿပီးသတ္ အမိန႔္ခ်မွတ္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားတဲ့ အမႈေတြနဲ႔ပတ္သက္လို႔ တရား႐ုံး ၾကားနာမႈေတြကို သတင္းေထာက္ေတြ လာေရာက္ခြင့္ မရွိသလို ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြကိုလည္း အမႈနဲ႔ပတ္သက္ၿပီး သတင္းမီဒီယာေတြကို မေျပာဖို႔ စစ္ေကာင္စီက ပိတ္ပင္ထားပါတယ္။

အသက္ ၇၇ ႏွစ္ ရွိၿပီျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္အက္ဥပေဒခ်ိဳးေဖာက္မႈ၊ သဘာဝကပ္ေဘးဥပေဒ ခ်ိဳးေဖာက္မႈ၊ ေ႐ြးေကာက္ပြဲဥပေဒခ်ိဳးေဖာက္မႈ၊ အဂတိလိုက္စားမႈ အမႈအေတာ္မ်ားမ်ားနဲ႔ စစ္ေကာင္စီဘက္ စြဲဆို ထားတာပါ ။ စစ္တပ္ အာဏာသိမ္းခဲ့ၿပီးေနာက္ စစ္ေကာင္စီက ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေလာေလာဆယ္အထိအမႈေပါင္း ၁၈ မႈနဲ႔ တရားစြဲခဲ့ၿပီး အမႈ ၆ မႈအတြက္ ေထာင္ဒဏ္ ၁၁ ႏွစ္ ျပစ္ဒဏ္ ခ်မွတ္ခံထားရပါတယ္။

#ေဒၚေအာင္ဆန္းစုၾကည္ #အဂတိမႈ #လေရာင္ေတာ
=============

[[Unicode]]

အဂတိလိုက်စားမှု ၄ မှုအတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် နောက်ထပ် အမိန့် ချနိုင်

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုတွေထဲက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ဆက်စပ်ပြီး တရားစွဲဆိုထားတဲ့ လရောင်တောစီမံကိန်းနဲ့ ပတ်သက်တဲ့ အမှု ၃ မှုနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ ဒေါ်လာတွေ ရယူထားတယ်ဆိုတဲ့ အမှုတွေကို လာမယ့် သြဂုတ်လ ၁၅ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ်မယ်လို့ တရားရေးသတင်းရပ်ကွက်က မျှော်လင့် ထားပါတယ်။

လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း စီမံကိန်း မြေနေရာနှစ် ခုရယူခဲ့တာနဲ့ ဆက်စပ်တဲ့အမှုနှစ်ခုနဲ့ လရောင်တောစီမံကိန်းအတွင်း နေထိုင်ဖို့ နေအိမ်ဆောက်လုပ်တယ်ဆိုပြီးစွဲဆိုထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုပေါင်း ဒါဇင်ကျော်နဲ့ တရားစွဲဆိုတာမှာ အဲဒီထဲမှာ အဂတိလိုက်စားတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုထားတဲ့အမှု ၁၀ မှုလည်းပါဝင်ပါတယ်။ ဒီ ၁၀ မှုထဲက ကနဦး စွဲဆိုထားတဲ့ အဂတိမှု ၄ မှုကို အပြီးသတ် အမိန့်ချမှတ်မယ်လို့ မျှော်လင့်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေနဲ့ပတ်သက်လို့ တရားရုံး ကြားနာမှုတွေကို သတင်းထောက်တွေ လာရောက်ခွင့် မရှိသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကိုလည်း အမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို မပြောဖို့ စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။

အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေချိုးဖောက်မှု၊ သဘာဝကပ်ဘေးဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေချိုးဖောက်မှု၊ အဂတိလိုက်စားမှု အမှုအတော်များများနဲ့ စစ်ကောင်စီဘက် စွဲဆို ထားတာပါ ။ စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် လောလောဆယ်အထိအမှုပေါင်း ၁၈ မှုနဲ့ တရားစွဲခဲ့ပြီး အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရပါတယ်။

#ဒေါ်အောင်ဆန်းစုကြည် #အဂတိမှု #လရောင်တော
=============

XS
SM
MD
LG