သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚစုအမႈေတြကို အက်ဥ္းေထာင္တရား႐ုံးမွာ ေျပာင္းေ႐ႊ႕ စစ္ေဆးေတာ့မလား


ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု - Myanmar State Counsellor Office - ၾသဂုတ္ ၂၈၊ ၂၀၂၀)

[[Zawgyi/Unicode]]

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စစ္ေဆးေနတဲ့ အမႈေတြကို ေနျပည္ေတာ္ အက်ဥ္းေထာင္အတြင္း တရား႐ုံးမွာ ေျပာင္းေ႐ႊ႕ စစ္ေဆးဖို႔ စီစဥ္ေနတယ္လို႔ ဒီအမႈနဲ႔ နီးစပ္သူေတြ ေျပာဆိုတာကို ကိုးကားၿပီး AFP သတင္းမွာ ေဖာ္ျပထားပါတယ္။

အရင္က ေနျပည္ေတာ္ အထူး တရား႐ုံးမွာ စစ္ေဆးေနတာကေန အက်ဥ္းေထာင္အတြင္း တရား႐ုံးအသစ္ ေဆာက္လုပ္ၿပီးစီး သြားၿပီျဖစ္လို႔ ေနာင္ၾကားနာ စစ္ေဆးတဲ့ အမႈေတြကို ေနျပည္ေတာ္ အက်ဥ္းေထာင္ အထူးတရား႐ုံးမွာပဲ ဆက္လက္ စစ္ေဆးမယ္လို႔ အမႈနဲ႔ နီးစပ္တဲ့ သတင္းရပ္ကြက္က ေျပာဆိုတဲ့ သတင္းေတြ ထြက္ေနတာပါ။

ဒီသတင္းနဲ႔ပတ္သက္လို႔ ဗြီအိုေအက သီးျခား အတည္ျပဳခ်က္ရဖို႔ စစ္ေကာင္စီ ေျပာခြင့္ရကို ဆက္သြယ္ေနေပမဲ့၊ ခုထိေတာ့ ဆက္သြယ္လို႔ မရေသးပါဘူး။ ေနျပည္ေတာ္ ရဲတပ္ဖြဲ႕ကို ဆက္သြယ္ ေမးျမန္း တာမွာေတာ့ ဒီကိစၥ သူတို႔ သိရွိမထားဘူးလို႔ ဗြီအိုေအကို ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေဆးတဲ့အမႈေတြနဲ႔ ပတ္သက္လို႔ သတင္းေထာက္ေတြ လာေရာက္ခြင့္ မရွိသလို ေရွ႕ေနေတြကိုလည္း အမႈနဲ႔ပတ္သက္ၿပီး မီဒီယာေတြနဲ႔ ေျပာဆိုခြင့္ စစ္ေကာင္စီဘက္က ပိတ္ပင္ထားတာေၾကာင့္ အမႈကိစၥ ၾကားနာ စစ္ေဆးမႈအေသးစိတ္ေတြကို မသိရပါဘူး။

ေနျပည္ေတာ္နဲ႔ ရန္ကုန္မွာ ေဒၚခင္ၾကည္ ေဖာင္ေဒးရွင္းအတြက္ ေျမေနရာရယူမႈ၊ အေဆာက္အဦး ေဆာက္လုပ္မႈ စတဲ့ အမႈေတြ အတြက္ ျပန္ေခၚ သက္ေသေတြကို ေနျပည္ေတာ္ အထူးတရား႐ုံးမွာ ဒီကေန႔ ဇြန္လ ၂၁ ရက္ေန႔မွာ စစ္ေဆးပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံေတာ္ လွ်ိဳ႕ဝွက္ အက္ဥပေဒခ်ိဳး ေဖာက္မႈ၊ သဘာဝ ေဘးအႏၲရာယ္ဆိုင္ရာ ဥပေဒ ခ်ိဳးေဖာက္မႈ၊ ေ႐ြးေကာက္ပြဲဥပေဒ ခ်ိဳးေဖာက္မႈ၊ အဂတိလိုက္စားမႈ စတဲ့ အမႈအေတာ္မ်ားမ်ားနဲ႔ စစ္ေကာင္စီဘက္ စြဲဆိုထားတာပါ။

စစ္တပ္ကအာဏာသိမ္းခဲ့ၿပီးေနာက္ပိုင္း စစ္ေကာင္စီက ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေလာေလာဆယ္အထိ အမႈေပါင္း ၁၈ မႈနဲ႔ တရားစြဲခဲ့ၿပီး၊ အမႈ ၆ မႈအတြက္ ေထာင္ဒဏ္ ၁၁ ႏွစ္ ျပစ္ဒဏ္ ခ်မွတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ဒေါ်စုအမှုတွေကို အကျဉ်းထောင်တရားရုံးမှာ ပြောင်းရွှေ့ စစ်ဆေးတော့မလား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ဆေးနေတဲ့ အမှုတွေကို နေပြည်တော် အကျဉ်းထောင်အတွင်း တရားရုံးမှာ ပြောင်းရွှေ့ စစ်ဆေးဖို့ စီစဉ်နေတယ်လို့ ဒီအမှုနဲ့ နီးစပ်သူတွေ ပြောဆိုတာကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြထားပါတယ်။

အရင်က နေပြည်တော် အထူး တရားရုံးမှာ စစ်ဆေးနေတာကနေ အကျဉ်းထောင်အတွင်း တရားရုံးအသစ် ဆောက်လုပ်ပြီးစီး သွားပြီဖြစ်လို့ နောင်ကြားနာ စစ်ဆေးတဲ့ အမှုတွေကို နေပြည်တော် အကျဉ်းထောင် အထူးတရားရုံးမှာပဲ ဆက်လက် စစ်ဆေးမယ်လို့ အမှုနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောဆိုတဲ့ သတင်းတွေ ထွက်နေတာပါ။

ဒီသတင်းနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်ပြုချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရကို ဆက်သွယ်နေပေမဲ့၊ ခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။ နေပြည်တော် ရဲတပ်ဖွဲ့ကို ဆက်သွယ် မေးမြန်း တာမှာတော့ ဒီကိစ္စ သူတို့ သိရှိမထားဘူးလို့ ဗွီအိုအေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးတဲ့အမှုတွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေ လာရောက်ခွင့် မရှိသလို ရှေ့နေတွေကိုလည်း အမှုနဲ့ပတ်သက်ပြီး မီဒီယာတွေနဲ့ ပြောဆိုခွင့် စစ်ကောင်စီဘက်က ပိတ်ပင်ထားတာကြောင့် အမှုကိစ္စ ကြားနာ စစ်ဆေးမှုအသေးစိတ်တွေကို မသိရပါဘူး။

နေပြည်တော်နဲ့ ရန်ကုန်မှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် မြေနေရာရယူမှု၊ အဆောက်အဦး ဆောက်လုပ်မှု စတဲ့ အမှုတွေ အတွက် ပြန်ခေါ် သက်သေတွေကို နေပြည်တော် အထူးတရားရုံးမှာ ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့မှာ စစ်ဆေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေချိုး ဖောက်မှု၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှု၊ အဂတိလိုက်စားမှု စတဲ့ အမှုအတော်များများနဲ့ စစ်ကောင်စီဘက် စွဲဆိုထားတာပါ။

စစ်တပ်ကအာဏာသိမ်းခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် လောလောဆယ်အထိ အမှုပေါင်း ၁၈ မှုနဲ့ တရားစွဲခဲ့ပြီး၊ အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ထားပါတယ်။
=============

XS
SM
MD
LG