သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ ေထာင္ဝင္စာ ပို႔ခြင့္ရ  


ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု - Myanmar State Counsellor Office - ၾသဂုတ္ ၂၈၊ ၂၀၂၀)

[[Zawgyi/Unicode]]

ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ေနျပည္ေတာ္ အက်ဥ္းေထာင္ကို ေျပာင္းေရႊ႕ခံခဲ့ရတဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ဒီကေန႔ ပထမဆံုးအႀကိမ္ အက်ဥ္းေထာင္ထဲ ေထာင္၀င္စာ ေပးခြင့္ရတယ္လို႔ နီးစပ္တဲ့ အသိုင္းအဝိုင္းက ေျပာပါတယ္။

အက်ဥ္းေထာင္ စည္းမ်ဥ္းေတြအတိုင္း လိုက္နာက်င့္သံုးခြင့္နဲ႔ ေနထိုင္ခြင့္ ျပဳထားၿပီး အက်ဥ္းဦးစီးဘက္က သီးသန္႔ စီစဥ္ေပးထားတဲ့ ၀န္ထမ္း ၆ ေယာက္ကို ေဒၚေအာင္ဆန္းစုၾကည္ ေဘးနားမွာ ထားေပးတယ္လို႔လည္း သိရပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ ေနျပည္ေတာ္ အက်ဥ္းေထာင္ထဲကို ေျပာင္းေ႐ႊ႕လိုက္တယ္ဆိုတာကိုသာ အတည္ျပဳၿပီး တျခားကိစၥ အေသးစိတ္ ေျပာဆိုျခင္း မရွိေသးပါဘူး။

ဒီကေန႔ ေနျပည္ေတာ္အက်ဥ္းေထာင္မွာ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္ နဲ႔ NLD အစိုးရလက္ထက္ အစိုးရအဖြဲ႕ျပည္ေထာင္စုဝန္ႀကီး ဦးမင္းသူတို႔ကို စြဲဆိုထားတဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ မဲမသမာမႈ ျဖစ္ေအာင္ လုပ္တယ္ဆိုတဲ့ အမႈကို ဆက္လက္ စစ္ေဆးၾကားနာခဲ့ပါတယ္။

႐ုံးခ်ိန္းမွာ ေဒၚေအာင္ဆန္းစုၾကည္ကို က်န္းက်န္းမာမာ ေတြ႕ရၿပီး သမၼတ ဦးဝင္းျမင့္ကေတာ့ စဖမ္းခ်ိန္ ကတည္းကထားတဲ့အတိုင္း ေနအိမ္အက်ယ္ခ်ဳပ္မွာ ေနၿပီး လာေရာက္ ၾကားနာတယ္လို႔ သိရပါတယ္။

ဒီေန႔႐ုံးခ်ိန္းမွာ ျပန္ေခၚသက္ေသအျဖစ္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးရဲရင့္လြင္ကို စစ္ေဆးခဲ့ပါတယ္။ ဒီကေန႔ စစ္ေဆးတဲ့အမႈ အပါအ၀င္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားတဲ့ အမႈေတြနဲ႔ပတ္သက္လို႔ တရား႐ံုး ၾကားနာမႈေတြကို သတင္းေထာက္ေတြ လာေရာက္ခြင့္ မရွိသလို ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြကိုလည္း အမႈနဲ႔ပတ္သက္ၿပီး သတင္းမီဒီယာေတြကို မေျပာဖို႔ စစ္ေကာင္စီက ပိတ္ပင္ထားပါတယ္။

လတ္တေလာအခ်ိန္ထိေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို စြပ္စြဲထားတဲ့ အမႈေပါင္း ၁၈ ခုထက္မနည္းရွိေနၿပီး ဒီထဲက ၆ မႈအတြက္ ေထာင္ဒဏ္ ၁၁ ႏွစ္ ျပစ္ဒဏ္ ခ်မွတ္ထားၿပီး ျဖစ္ပါတယ္။


ေဒၚေအာင္ဆန္းစုၾကည္ ေထာင္ဝင္စာ ပို႔ခြင့္ရ.mp3
please wait

No media source currently available

0:00 0:01:27 0:00
တိုက္႐ိုက္ လင့္ခ္

---------------

[[Unicode]]

ဒေါ်အောင်ဆန်းစုကြည် ထောင်ဝင်စာ ပို့ခွင့်ရ

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ နေပြည်တော် အကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ပထမဆုံးအကြိမ် အကျဉ်းထောင်ထဲ ထောင်ဝင်စာ ပေးခွင့်ရတယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

အကျဉ်းထောင် စည်းမျဉ်းတွေအတိုင်း လိုက်နာကျင့်သုံးခွင့်နဲ့ နေထိုင်ခွင့် ပြုထားပြီး အကျဉ်းဦးစီးဘက်က သီးသန့် စီစဉ်ပေးထားတဲ့ ဝန်ထမ်း ၆ ယောက်ကို ဒေါ်အောင်ဆန်းစုကြည် ဘေးနားမှာ ထားပေးတယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီဘက်ကတော့ နေပြည်တော် အကျဉ်းထောင်ထဲကို ပြောင်းရွှေ့လိုက်တယ်ဆိုတာကိုသာ အတည်ပြုပြီး တခြားကိစ္စ အသေးစိတ် ပြောဆိုခြင်း မရှိသေးပါဘူး။

ဒီကနေ့ နေပြည်တော်အကျဉ်းထောင်မှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် နဲ့ NLD အစိုးရလက်ထက် အစိုးရအဖွဲ့ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ကို စွဲဆိုထားတဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှု ဖြစ်အောင် လုပ်တယ်ဆိုတဲ့ အမှုကို ဆက်လက် စစ်ဆေးကြားနာခဲ့ပါတယ်။

ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းကျန်းမာမာ တွေ့ရပြီး သမ္မတ ဦးဝင်းမြင့်ကတော့ စဖမ်းချိန် ကတည်းကထားတဲ့အတိုင်း နေအိမ်အကျယ်ချုပ်မှာ နေပြီး လာရောက် ကြားနာတယ်လို့ သိရပါတယ်။

ဒီနေ့ရုံးချိန်းမှာ ပြန်ခေါ်သက်သေအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးရဲရင့်လွင်ကို စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ စစ်ဆေးတဲ့အမှု အပါအဝင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေနဲ့ပတ်သက်လို့ တရားရုံး ကြားနာမှုတွေကို သတင်းထောက်တွေ လာရောက်ခွင့် မရှိသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကိုလည်း အမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို မပြောဖို့ စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။

လတ်တလောအချိန်ထိတော့ ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အမှုပေါင်း ၁၈ ခုထက်မနည်းရှိနေပြီး ဒီထဲက ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ထားပြီး ဖြစ်ပါတယ်။
---------------

XS
SM
MD
LG