သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ အက်ဥ္းေထာင္ေျပာင္းေ႐ႊ႕မႈ HRW ႐ႈတ္ခ် 


ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ၂၁ ရာစုပင္လံုညီလာခံ အပိတ္မိန္႔ခြန္းေျပာၾကားစဥ္။ (ဓာတ္ပံု-VOA ျမန္မာပိုင္း/ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]


ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးကတည္းက ဖမ္းဆီးခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို အက်ဥ္းေထာင္ထဲ ေျပာင္းေရႊ႕လိုက္တာဟာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အတိုက္အခံေတြ အားလံုးကို ၿခိမ္းေျခာက္လိုက္တာျဖစ္ၿပီး အေျခအေနကို ပိုဆိုးေအာင္ လုပ္တာ ျဖစ္တယ္လို႔ ႏိုင္ငံတကာ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႔ Human Rights Watch (HRW) ရဲ႕ အာရွေဒသဆိုင္ရာ ၫႊန္ၾကားေရးမွဴး Phil Robertson က ေျပာပါတယ္။

“ဒီလုပ္ရပ္က ေဒၚေအာင္ဆန္းစုၾကည္ကို သာမက သူ႔ကို ေထာက္ခံတဲ့သူေတြ အားလံုးကိုပါ စစ္ေကာင္စီက ၿခိမ္းေျခာက္လိုက္တာဆိုတာကေတာ့ ရွင္းပါတယ္။ စစ္တပ္အေနနဲ႔ သူ႔ကို အတိုက္အခံလုပ္တဲ့သူေတြကို ေခ်မႈန္းဖို႔ ဘယ္ေလာက္ေတာင္ အသည္းအသန္ ျဖစ္ေနဆိုတာကို ျပလိုက္ပါပဲ။ ေဒၚေအာင္ဆန္းစုၾကည္ကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေစခ်င္တာေတြကို ဆန္႔က်င္ၿပီး သူတို႔ႀကိဳက္သလို ထိန္းသိမ္းထားမယ္ဆိုတာမ်ိဳး NLD ကို ျပတာပဲ။” လို႔ HRW) အာရွေဒသဆိုင္ရာ ၫႊန္ၾကားေရးမွဴး Phil Robertson ေျပာသြားတာပါ။

အခုလုပ္ရပ္ေၾကာင့္ စစ္အာဏာပိုင္ေတြကို ဆန္႔က်င္တာေတြ ပိုျပင္းထန္လာႏိုင္တယ္လို႔လည္း Robertson က AFP သတင္းဌာနနဲ႔ ေမးျမန္းခန္းမွာ ေျပာပါတယ္။ ျမန္မာစစ္ေကာင္စီကေတာ့ တရားရံုးေတြက ေဒၚေအာင္ဆန္းစုၾကည္ကို စီရင္ခ်က္ ခ်ၿပီး ျဖစ္တာေၾကာင့္ ျပစ္မႈဆိုင္ရာ ေထာင္ကို ေျပာင္းေရႊ႕တာျဖစ္တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာ တံု႔ျပန္မႈေတြနဲ႔ ပတ္သက္လို႔လည္း အေမရိကန္နဲ႔ ဥေရာပႏိုင္ငံေတြလို အရွိန္အဝါရွိတဲ့ ႏိုင္ငံေတြက အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႔ အာဆီယံကိုပဲ ပံုခ် လႊဲထားတာမ်ိဳး ျဖစ္ေနၿပီး တကယ္တမ္းမွာ အာဆီယံက ဘာမွ ထိထိေရာက္ေရာက္ ကိုင္တြယ္ႏိုင္စြမ္း မရွိဘူးလို႔လည္း သူက ေဝဖန္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ပြောင်းရွှေ့မှု HRW ရှုတ်ချ


မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ထဲ ပြောင်းရွှေ့လိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံတွေ အားလုံးကို ခြိမ်းခြောက်လိုက်တာဖြစ်ပြီး အခြေအနေကို ပိုဆိုးအောင် လုပ်တာ ဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch (HRW) ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

“ဒီလုပ်ရပ်က ဒေါ်အောင်ဆန်းစုကြည်ကို သာမက သူ့ကို ထောက်ခံတဲ့သူတွေ အားလုံးကိုပါ စစ်ကောင်စီက ခြိမ်းခြောက်လိုက်တာဆိုတာကတော့ ရှင်းပါတယ်။ စစ်တပ်အနေနဲ့ သူ့ကို အတိုက်အခံလုပ်တဲ့သူတွေကို ချေမှုန်းဖို့ ဘယ်လောက်တောင် အသည်းအသန် ဖြစ်နေဆိုတာကို ပြလိုက်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်တာတွေကို ဆန့်ကျင်ပြီး သူတို့ကြိုက်သလို ထိန်းသိမ်းထားမယ်ဆိုတာမျိုး NLD ကို ပြတာပဲ။” လို့ HRW) အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Phil Robertson ပြောသွားတာပါ။

အခုလုပ်ရပ်ကြောင့် စစ်အာဏာပိုင်တွေကို ဆန့်ကျင်တာတွေ ပိုပြင်းထန်လာနိုင်တယ်လို့လည်း Robertson က AFP သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။ မြန်မာစစ်ကောင်စီကတော့ တရားရုံးတွေက ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက် ချပြီး ဖြစ်တာကြောင့် ပြစ်မှုဆိုင်ရာ ထောင်ကို ပြောင်းရွှေ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာ တုံ့ပြန်မှုတွေနဲ့ ပတ်သက်လို့လည်း အမေရိကန်နဲ့ ဥရောပနိုင်ငံတွေလို အရှိန်အဝါရှိတဲ့ နိုင်ငံတွေက အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံကိုပဲ ပုံချ လွှဲထားတာမျိုး ဖြစ်နေပြီး တကယ်တမ်းမှာ အာဆီယံက ဘာမှ ထိထိရောက်ရောက် ကိုင်တွယ်နိုင်စွမ်း မရှိဘူးလို့လည်း သူက ဝေဖန်ပါတယ်။

============

XS
SM
MD
LG