သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကေလးၿမိဳ႕မွာ တိုက္ပြဲျပင္းထန္၊ ႏွစ္ဘက္ အေသအေပ်ာက္ ရွိ


စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕နယ္အတြင္း စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ ပကဖတို႔ တိုက္ပြဲျပင္းထန္ေနတဲ့ နတ္ေခ်ာင္းေက်းရြာတဝိုက္ (ဓာတ္ပံု MIMU)


[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕ေတာင္ပိုင္း နတ္ေျမာင္းနဲ႔ နတ္ေခ်ာင္းေက်း႐ြာေတြဘက္ မွာ စစ္ေကာင္စီစစ္ေၾကာင္းေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ တိုက္ပြဲ ျပင္းထန္စြာ ျဖစ္ပြားခဲ့ပါတယ္။ ၃ နာရီနီးပါး ၾကာျမင့္တဲ့ဒီတိုက္ပြဲမွာ စစ္ေကာင္စီဘက္က ၁၀ ဦးထက္မနည္း က်ဆုံးၿပီးေတာ့ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ဘက္က ၂ ဦးက်ဆုံးတယ္လို႔ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာက တင္ျပေပးထားပါတယ္။

စစ္ေကာင္စီတပ္ဖြဲ႔ေတြနဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႔ေတြအၾကား တိုက္ပြဲေတြ မၾကာခန ျဖစ္ပြားေလ့ရွိတဲ့ကေလးၿမိဳ႕မွာ ဇြန္လ ၂၀ ရက္ကေန ၂၂ ရက္ေန႔အထိ ထိေတြ႔ တိုက္ခိုက္မႈေတြ ျဖစ္ခဲ့တာလို႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ ပ.က.ဖ ရဲ႕ ျပန္ၾကားေရးတာဝန္ခံတဦးက ခုလိုေျပာပါတယ္။

“အင္အား ၂၀၀ ဝန္းက်င္ခန္႔ေလာက္ေပါ့ေႏွာ္၊ ၂၀ ရက္ေန႔ေလာက္ကတည္းက တပ္စြဲထားတာေပါ့၊ နတ္ေျမာင္း႐ြာ ဘုန္းႀကီးေက်ာင္းတို႔ စာသင္ေက်ာင္းတို႔မွာ တပ္စြဲထားၿပီးေတာ့ ၂၂ ရက္ေန႔မွာ ကေလးဘက္ကို ျပန္သြားတဲ့ စစ္ေၾကာင္းရွိသလို ေတာင္ဘက္ကို ျပန္ၿပီးေတာ့မွ ရန္ႀကီးေအာင္ဘက္ကို ထိုးလာတဲ့ တေၾကာင္းရွိတယ္ဗ်။ ရန္ႀကီးေအာင္ဘက္ကို ထြက္သြားတဲ့အဖြဲ႔ကို က်ေနာ္တို႔ ဟဲလုပ္႐ြာနားမွာ CNDFတို႔၊ CDFတို႔၊ RKDFတို႔၊ ပကဖတို႔ PDF တို႔ ပူးေပါင္းတပ္ဖြဲ႕ေတြနဲ႔ ထိေတြ႕ၿပီးမွာ တိုက္ပြဲျဖစ္ပြားခဲ့တာဗ်။”

ဇြန္လ၂၂ ရက္မြန္းလြဲ ၁ နာရီေလာက္ကေနစတင္တဲ့ တိုက္ပြဲဟာ ညေန ၃ နာရီေလာက္ထိ ျပင္းျပင္းထန္ထန္ ျဖစ္ခဲ့ၿပီး ႏွစ္ဘက္ ေသဆုံးမႈေတြ ရွိခဲ့တယ္လို႔ ေဒသခံျပည္သူ႔ကာကြယ္ေရးအဖြဲ႕က ေျပာပါတယ္။

“ခန္႔မွန္းေျခ သူတို႔ဘက္ကေတာ့ ၁၀ ဦးဝန္းက်င္ခန္႔ စစ္ေကာင္စီဘက္ကေပါ့၊ ၁၀ ဦးခန္႔ ေသတယ္ဗ်။ က်ေနာ္တို႔ PDF တပ္ရင္း ၂ ရင္းကေပါ့ေနာ္၊ တပ္ရင္း ၂ က တဦးနဲ႔ ေနာက္တပ္ရင္းတခုက တဦး က်တယ္ဗ်။”

ဒီတိုက္ပြဲမွာ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြဘက္ကလည္း ၄ ဦး ထိခိုက္မႈ ရွိခဲ့တယ္လို႔ PDF ကေလး အဖြဲ႕က ထုတ္ျပန္ပါတယ္။ ဒီကေန႔ ဇြန္လ ၂၃ ရက္ေန႔မွာေတာ့ အရင္ေန႔ကတိုက္ပြဲမွာ က်ဆုံးခဲ့တဲ့ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ဝင္ ၂ ဦးကို အမိန္႔ျပန္တမ္းဖတ္ၿပီး သၿဂိဳဟ္တယ္လို႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရး အဖြဲ႕တခုက ေျပာပါတယ္။

ဇြန္ ၂၂ ရက္ ညေန ၄ နာရီဝန္းက်င္ေလာက္မွာ ကေလးၿမိဳ႕ဘက္ကေန တမူးၿမိဳ႕ ဘက္ကို ေမာင္းႏွင္လာတဲ့ စစ္ေကာင္စီကား (၇) စီးကို ကေလး-တမူး လမ္းမႀကီး နယ္ေက်ာ္ေလးအနီးမွာ ကေလးျပည္သူ႔ကာကြယ္ ေရးအဖြဲ႕ေတြက ပေဒသာမိုင္းနဲ႔ တိုက္ခိုက္ခဲ့တဲ့အတြက္ စစ္ေကာင္စီတပ္သားေတြ ထိခိုက္ ေသဆုံးမႈ အမ်ားႀကီး ရွိႏိုင္တယ္လို႔ ကေလးၿမိဳ႕ျပည္သူ႔ကာကြယ္ေရးအဖြဲ႕က ထုန္ျပန္ထားပါတယ္။

တိုက္ပြဲျဖစ္ပြားခ်ိန္မွာေတာ့ အနီးအနားက ေက်း႐ြာေတြက ႐ြာသားေတြ စစ္ေရွာင္ၾကရေပမယ့္ ဒီေန႔မွာေတာ့ ႐ြာထဲကိုျပန္ဝင္ၿပီး ေနေနၾကၿပီလို႔ ေျပာပါတယ္။ နတ္ေျမာင္းဘက္က ႐ြာေတြကေတာ့ တိုက္ပြဲၿပီးခ်ိန္ ႐ြာထဲ ျပန္ဝင္လာလို႔ ရၾကေပမယ့္ နတ္ေခ်ာင္းဘက္က ေက်း႐ြာေတြကေတာ့ စစ္ေရွာင္ေနၾကရတာ အေတာ္ၾကာေနၿပီျဖစ္ေပမယ့္ ခုခ်ိန္ထိ႐ြာထဲကို ျပန္မဝင္ရဲၾကေသးတဲ့ အေျခအေနကို ေဒသခံ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ ပ.က.ဖ ရဲ႕ ျပန္ၾကားေရးတာဝန္ခံတဦးက ခုလိုေျပာပါတယ္။

“နတ္ေခ်ာင္း႐ြာေတြဘက္ကေတာ့ ျပန္ၿပီးေတာ့ ကပ္လို႔မရဘူးဗ်။ သြားရင္ ဝင္ဆြဲတတ္ေတာ့ သြားၿပီး မကပ္ရဲၾကဘူးေပါေႏွာ္။ ျပန္ၿပီး ႐ြာမွာ မေနရဲၾကေတာ့ဘူးဗ်။ တခ်ိဳ႕တေလပဲ ေနထိုင္ရဲၾကေတာ့ေတာေပါ့။ ၿမိဳ႕ေပၚမွာ ေရွာင္တိမ္းတာမ်ိဳးေတြ၊ တခ်ိဳ႕ေက်း႐ြာေတြ ေတာေတြထဲမွာ ေရွာင္တိမ္းတာမ်ိဳးေတြ၊ စစ္ေဘးေရွာင္စခန္းေတြလဲ ဖြင့္ထားေတာ့ စစ္ေဘးေရွာင္စခန္းေတြမွာပဲ ေနၾကေတာ့တာဗ်။ ႐ြာက အိမ္ေတြမွာက်ေတာ့ ခဏတျဖဳတ္လာၿပီး ျပန္သြားၾကတာေလာက္ပဲဗ်။ နတ္ေခ်ာင္း႐ြာဘက္က သူတို႔ဝင္ခ်င္သလိုဝင္ၿပီး မထင္ရင္ မထင္သလို သတ္ျဖတ္မႈေတြကလည္းရွိေတာ့ ႐ြာေတြကလည္း အိမ္ေတြကလည္း မီးရႈိ႕ခံရတာေတြရွိေတာ့ ေနစရာအိမ္လည္းမရွိေတာ့ စစ္ေရွာင္စခန္းေတြမွာပဲ ေနထိုင္ရေတာ့တာဗ်။ ၿပီးေတာ့ အရမ္းေၾကာက္သြားတဲ့အပိုင္းလည္း ပါတာေပါ့ဗ်၊ ျပည္သူေတြက။”

ကေလးၿမိဳ႕နယ္ေတာင္ပိုင္းေဒသမွာ စစ္ေရးပဋိပကၡေၾကာင့္ေဒသခံေသာင္းေက်ာ္ေလာက္ဟာ စစ္ေရွာင္စခန္းေတြ၊ ေတာေတာင္ထဲမွာနဲ႔ နီးစပ္ရာေဆြမ်ိဳးသားျခင္းနဲ႔ ဘုန္းႀကီးေက်ာင္းေတြမွာခိုလႈံေနရဆဲျဖစ္သလို စားေသာက္ေနထိုင္ေရးမွာ အခက္အခဲျဖစ္ေနၾကပါတယ္။

စစ္ေဘးေရွာင္ေတြကို ေဒသခံေတြကေန ကူညီေပးေနတယ္ဆိုေပမဲ့လည္း ေရရွည္ျဖစ္လာၿပီျဖစ္တဲ့အတြက္ အလႉရွင္ေတြ ရွားပါးလာၿပီလို႔လည္း စစ္ေရွာင္ ကူညီေပးေရးအဖြဲ႕ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

============


[[Unicode]]

ကလေးမြို့မှာ တိုက်ပွဲပြင်းထန်၊ နှစ်ဘက် အသေအပျောက် ရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း နတ်မြောင်းနဲ့ နတ်ချောင်းကျေးရွာတွေဘက် မှာ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ ၃ နာရီနီးပါး ကြာမြင့်တဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ကျဆုံးပြီးတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ၂ ဦးကျဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေ မကြာခန ဖြစ်ပွားလေ့ရှိတဲ့ကလေးမြို့မှာ ဇွန်လ ၂၀ ရက်ကနေ ၂၂ ရက်နေ့အထိ ထိတွေ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ ရဲ့ ပြန်ကြားရေးတာဝန်ခံတဦးက ခုလိုပြောပါတယ်။

“အင်အား ၂၀၀ ဝန်းကျင်ခန့်လောက်ပေါ့နှော်၊ ၂၀ ရက်နေ့လောက်ကတည်းက တပ်စွဲထားတာပေါ့၊ နတ်မြောင်းရွာ ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့မှာ တပ်စွဲထားပြီးတော့ ၂၂ ရက်နေ့မှာ ကလေးဘက်ကို ပြန်သွားတဲ့ စစ်ကြောင်းရှိသလို တောင်ဘက်ကို ပြန်ပြီးတော့မှ ရန်ကြီးအောင်ဘက်ကို ထိုးလာတဲ့ တကြောင်းရှိတယ်ဗျ။ ရန်ကြီးအောင်ဘက်ကို ထွက်သွားတဲ့အဖွဲ့ကို ကျနော်တို့ ဟဲလုပ်ရွာနားမှာ CNDFတို့၊ CDFတို့၊ RKDFတို့၊ ပကဖတို့ PDF တို့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့ပြီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဗျ။”

ဇွန်လ၂၂ ရက်မွန်းလွဲ ၁ နာရီလောက်ကနေစတင်တဲ့ တိုက်ပွဲဟာ ညနေ ၃ နာရီလောက်ထိ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပြီး နှစ်ဘက် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

“ခန့်မှန်းခြေ သူတို့ဘက်ကတော့ ၁၀ ဦးဝန်းကျင်ခန့် စစ်ကောင်စီဘက်ကပေါ့၊ ၁၀ ဦးခန့် သေတယ်ဗျ။ ကျနော်တို့ PDF တပ်ရင်း ၂ ရင်းကပေါ့နော်၊ တပ်ရင်း ၂ က တဦးနဲ့ နောက်တပ်ရင်းတခုက တဦး ကျတယ်ဗျ။”

ဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း ၄ ဦး ထိခိုက်မှု ရှိခဲ့တယ်လို့ PDF ကလေး အဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီကနေ့ ဇွန်လ ၂၃ ရက်နေ့မှာတော့ အရင်နေ့ကတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးကို အမိန့်ပြန်တမ်းဖတ်ပြီး သဂြိုဟ်တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့တခုက ပြောပါတယ်။

ဇွန် ၂၂ ရက် ညနေ ၄ နာရီဝန်းကျင်လောက်မှာ ကလေးမြို့ဘက်ကနေ တမူးမြို့ ဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီကား (၇) စီးကို ကလေး-တမူး လမ်းမကြီး နယ်ကျော်လေးအနီးမှာ ကလေးပြည်သူ့ကာကွယ် ရေးအဖွဲ့တွေက ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သားတွေ ထိခိုက် သေဆုံးမှု အများကြီး ရှိနိုင်တယ်လို့ ကလေးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုန်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်မှာတော့ အနီးအနားက ကျေးရွာတွေက ရွာသားတွေ စစ်ရှောင်ကြရပေမယ့် ဒီနေ့မှာတော့ ရွာထဲကိုပြန်ဝင်ပြီး နေနေကြပြီလို့ ပြောပါတယ်။ နတ်မြောင်းဘက်က ရွာတွေကတော့ တိုက်ပွဲပြီးချိန် ရွာထဲ ပြန်ဝင်လာလို့ ရကြပေမယ့် နတ်ချောင်းဘက်က ကျေးရွာတွေကတော့ စစ်ရှောင်နေကြရတာ အတော်ကြာနေပြီဖြစ်ပေမယ့် ခုချိန်ထိရွာထဲကို ပြန်မဝင်ရဲကြသေးတဲ့ အခြေအနေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ ရဲ့ ပြန်ကြားရေးတာဝန်ခံတဦးက ခုလိုပြောပါတယ်။

“နတ်ချောင်းရွာတွေဘက်ကတော့ ပြန်ပြီးတော့ ကပ်လို့မရဘူးဗျ။ သွားရင် ဝင်ဆွဲတတ်တော့ သွားပြီး မကပ်ရဲကြဘူးပေါနှော်။ ပြန်ပြီး ရွာမှာ မနေရဲကြတော့ဘူးဗျ။ တချို့တလေပဲ နေထိုင်ရဲကြတော့တောပေါ့။ မြို့ပေါ်မှာ ရှောင်တိမ်းတာမျိုးတွေ၊ တချို့ကျေးရွာတွေ တောတွေထဲမှာ ရှောင်တိမ်းတာမျိုးတွေ၊ စစ်ဘေးရှောင်စခန်းတွေလဲ ဖွင့်ထားတော့ စစ်ဘေးရှောင်စခန်းတွေမှာပဲ နေကြတော့တာဗျ။ ရွာက အိမ်တွေမှာကျတော့ ခဏတဖြုတ်လာပြီး ပြန်သွားကြတာလောက်ပဲဗျ။ နတ်ချောင်းရွာဘက်က သူတို့ဝင်ချင်သလိုဝင်ပြီး မထင်ရင် မထင်သလို သတ်ဖြတ်မှုတွေကလည်းရှိတော့ ရွာတွေကလည်း အိမ်တွေကလည်း မီးရှို့ခံရတာတွေရှိတော့ နေစရာအိမ်လည်းမရှိတော့ စစ်ရှောင်စခန်းတွေမှာပဲ နေထိုင်ရတော့တာဗျ။ ပြီးတော့ အရမ်းကြောက်သွားတဲ့အပိုင်းလည်း ပါတာပေါ့ဗျ၊ ပြည်သူတွေက။”

ကလေးမြို့နယ်တောင်ပိုင်းဒေသမှာ စစ်ရေးပဋိပက္ခကြောင့်ဒေသခံသောင်းကျော်လောက်ဟာ စစ်ရှောင်စခန်းတွေ၊ တောတောင်ထဲမှာနဲ့ နီးစပ်ရာဆွေမျိုးသားခြင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာခိုလှုံနေရဆဲဖြစ်သလို စားသောက်နေထိုင်ရေးမှာ အခက်အခဲဖြစ်နေကြပါတယ်။

စစ်ဘေးရှောင်တွေကို ဒေသခံတွေကနေ ကူညီပေးနေတယ်ဆိုပေမဲ့လည်း ရေရှည်ဖြစ်လာပြီဖြစ်တဲ့အတွက် အလှူရှင်တွေ ရှားပါးလာပြီလို့လည်း စစ်ရှောင် ကူညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

============

XS
SM
MD
LG