သံုးရလြယ္ကူေစသည့္ Link မ်ား

ေန႔ကေလးထိန္းေက်ာင္းရွိရာ ဝန္ႀကီးခ်ဳပ္ပရာရြတ္သြားေရာက္ ႏွစ္သိမ့္


APTOPIX Thailand Childcare Center Shooting

[[Zawgyi/Unicode]]

ထိုင္းေျမာက္ပိုင္းက ေန႔ကေလးထိန္းေက်ာင္းတခုမွာ ကေလးငယ္အမ်ားစုေသဆံုးခဲ့ရတဲ့ သတ္ျဖတ္မႈျဖစ္ခဲ့ရာကို ထိုင္းဝန္ႀကီးခ်ဳပ္ Prayuth Chan-Ocha သြားေရာက္ၿပီး က်န္ရစ္သူ မိသားစုေတြကို ႏွစ္သိမ့္ အားေပးခဲ့ပါတယ္။

မူးယစ္မႈနဲ႔ အလုပ္ကထုတ္ခံထားရတဲ့ ရဲဝန္ထမ္းေဟာင္းတေယာက္က ၾကာသပေတးေန႔တုန္းက ေန႔ ကေလးထိန္းေက်ာင္းထဲက ကေလးေတြ ေန႔ခင္း အိပ္စက္နားေနခ်ိန္မွာ ဓါးနဲ႔ခုတ္၊ ေသနတ္နဲ႔ပစ္ခတ္ ခဲ့လို႔ ကေလးငယ္ ၂၄ ဦးအပါအဝင္ စုစုေပါင္း ၃၈ ဦးေသဆံုးခဲ့တာပါ။

Nong Bua Lamphu ျပည္နယ္က ေန႔ကေလးထိန္းေက်ာင္းရွိရာကို ဒီေန႔ေရာက္လာတဲ့ ဝန္ႀကီးခ်ဳပ္ Prayuth က အသက္ေသဆံုးခဲ့သူေတြရဲ႕ မိသားစုဝင္ေတြကို ေထာက္ပံ့ေၾကးေတြ ေပးခဲ့ပါတယ္။ ေဒၚလာ ၃ ေထာင္ကေန ၅ ေထာင္ေက်ာ္တန္ဖိုးနဲ႔ညီတဲ့ ထိုင္းဘတ္ေငြ ၁ သိန္းကေန ၂ သိန္းၾကား ပမာဏေရးထားတဲ့ ခ်က္လက္မွတ္ေတြကို ဝန္ႀကီးခ်ဳပ္က မိသားစုဝင္ေတြကို ေဝေပးခဲ့ပါတယ္။

ထိုင္းႏိုင္ငံမွာ ခုလို ကေလးငယ္အမ်ားအျပားပါတဲ့ အစုလိုက္သတ္ျဖတ္ခံရမႈအတြက္ ႏိုင္ငံတဝန္း ပူေဆြးေသာကေရာက္ေနၾကပါတယ္။ အခုလို ထိုင္းႏိုင္ငံမွာျဖစ္တဲ့ စိတ္မေကာင္းစရာအျဖစ္အတြက္ အေမရိကန္ႏိုင္ငံကိုယ္စား အထူးဝမ္းနည္းေၾကကြဲရေၾကာင္းနဲ႔ မိသားစုေတြနဲ႔အတူဆံုး႐ႈံးမႈကို ထပ္တူ ခံစားရေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယေျပာခြင့္ရ Vedant Patel ကေျပာၾကားခဲ့ပါတယ္။

အေမရိကန္ ကယ္လီဖိုးနီးယားျပည္နယ္ Los Angeles ၿမိဳ႕ ထိုင္းအသိုင္းအဝိုင္းကလည္း တုန္လႈပ္ေျခာက္ျခား ယူၾကံဳးမရျဖစ္ေၾကာင္းနဲ႔ ထိုင္းဘုန္းႀကီးေက်ာင္းမွာစုၿပီး ေသဆံုးသူနဲ႔ မိသားစုဝင္ေတြအတြက္ ဆုေတာင္းေမတၱာပို႔ခဲ့ၾကပါတယ္။

#ေန႔ကေလးထိန္းေက်ာင္း #ထိုင္းႏိုင္ငံ #ပရာရြတ္ #ရဲဝန္ထမ္းေဟာင္း

===============

[[Unicode]]

နေ့ကလေးထိန်းကျောင်းရှိရာ ဝန်ကြီးချုပ်ပရာရွတ်သွားရောက် နှစ်သိမ့်

ထိုင်းမြောက်ပိုင်းက နေ့ကလေးထိန်းကျောင်းတခုမှာ ကလေးငယ်အများစုသေဆုံးခဲ့ရတဲ့ သတ်ဖြတ်မှုဖြစ်ခဲ့ရာကို ထိုင်းဝန်ကြီးချုပ် Prayuth Chan-Ocha သွားရောက်ပြီး ကျန်ရစ်သူ မိသားစုတွေကို နှစ်သိမ့် အားပေးခဲ့ပါတယ်။

မူးယစ်မှုနဲ့ အလုပ်ကထုတ်ခံထားရတဲ့ ရဲဝန်ထမ်းဟောင်းတယောက်က ကြာသပတေးနေ့တုန်းက နေ့ ကလေးထိန်းကျောင်းထဲက ကလေးတွေ နေ့ခင်း အိပ်စက်နားနေချိန်မှာ ဓါးနဲ့ခုတ်၊ သေနတ်နဲ့ပစ်ခတ် ခဲ့လို့ ကလေးငယ် ၂၄ ဦးအပါအဝင် စုစုပေါင်း ၃၈ ဦးသေဆုံးခဲ့တာပါ။

Nong Bua Lamphu ပြည်နယ်က နေ့ကလေးထိန်းကျောင်းရှိရာကို ဒီနေ့ရောက်လာတဲ့ ဝန်ကြီးချုပ် Prayuth က အသက်သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ကြေးတွေ ပေးခဲ့ပါတယ်။ ဒေါ်လာ ၃ ထောင်ကနေ ၅ ထောင်ကျော်တန်ဖိုးနဲ့ညီတဲ့ ထိုင်းဘတ်ငွေ ၁ သိန်းကနေ ၂ သိန်းကြား ပမာဏရေးထားတဲ့ ချက်လက်မှတ်တွေကို ဝန်ကြီးချုပ်က မိသားစုဝင်တွေကို ဝေပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ခုလို ကလေးငယ်အများအပြားပါတဲ့ အစုလိုက်သတ်ဖြတ်ခံရမှုအတွက် နိုင်ငံတဝန်း ပူဆွေးသောကရောက်နေကြပါတယ်။ အခုလို ထိုင်းနိုင်ငံမှာဖြစ်တဲ့ စိတ်မကောင်းစရာအဖြစ်အတွက် အမေရိကန်နိုင်ငံကိုယ်စား အထူးဝမ်းနည်းကြေကွဲရကြောင်းနဲ့ မိသားစုတွေနဲ့အတူဆုံးရှုံးမှုကို ထပ်တူ ခံစားရကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောခွင့်ရ Vedant Patel ကပြောကြားခဲ့ပါတယ်။

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့ ထိုင်းအသိုင်းအဝိုင်းကလည်း တုန်လှုပ်ခြောက်ခြား ယူကြုံးမရဖြစ်ကြောင်းနဲ့ ထိုင်းဘုန်းကြီးကျောင်းမှာစုပြီး သေဆုံးသူနဲ့ မိသားစုဝင်တွေအတွက် ဆုတောင်းမေတ္တာပို့ခဲ့ကြပါတယ်။

#နေ့ကလေးထိန်းကျောင်း #ထိုင်းနိုင်ငံ #ပရာရွတ် #ရဲဝန်ထမ်းဟောင်း

===============

XS
SM
MD
LG