သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖ႐ူဆိုၿမိဳ႕နယ္ အေနာက္ျခမ္း စစ္ေဘးဒုကၡသည္ ၅,၀၀၀ ေက်ာ္ ရိကၡာျပတ္ 


ကယားေဒသ စစ္ေဘးေရွာင္ျပည္သူမ်ား (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ကယားျပည္နယ္ ဖ႐ူဆိုၿမိဳ႕နယ္ အေနာက္ဘက္ျခမ္းမွာ စစ္ေဘးဒုကၡသည္ ၅,၀၀၀ ေလာက္ရွိၿပီး မိုးရာသီလမ္းပန္းဆက္သြယ္ေရး ခက္ခဲတာ၊ အလွဴရွင္မရွိတာ၊ ဖုန္းလိုင္းျပတ္ေတာက္တာေတြေၾကာင့္ ကူညီေထာက္ပံ့ေရး အခက္အခဲေတြ ရင္ဆိုင္ရၿပီး ရိကၡာျပတ္ေတာက္ေနတာလည္း ၂ လ ေလာက္ရွိေနၿပီလို႔ ကူညီေပးေနသူေတြက ေျပာပါတယ္။ ဖ႐ူဆိုၿမိဳ႕က ဒုကၡသည္ေတြအေၾကာင္း ရန္ကုန္က လာတဲ့သတင္းကို မအိသန္႔စင္က တင္ျပေပးထားပါတယ္။

ဖ႐ူဆိုၿမိဳ႕နယ္ အေနာက္ဘက္ ကယားျပည္နယ္ (ကရင္နီ) နဲ႔ ရွမ္းျပည္ေတာင္ပိုင္းကေန စစ္ေဘးေရွာင္ ေရာက္လာသူ ၅,၃၀၀ ေက်ာ္ေလာက္ ရွိတယ္လို႔ အကူအညီေပးေနသူေတြက ေျပာပါတယ္။ အမ်ားစုက ယာယီတဲထိုးၿပီး ေနၾကသလို တခ်ိဳ႕ကလည္း အသိအိမ္မွာ ကပ္ေနရတာေတြ ရွိပါတယ္။

"က်ေနာ္တို႔ လမ္းပန္းဆက္သြယ္ေရး အရမ္းခက္ခဲတာရယ္၊ ဖ႐ူဆိုအေနာက္ဘက္ျခမ္းမွာ ၂ လေက်ာ္ေလာက္ ဖုန္းလိုင္းျပတ္ေတာက္မႈေတြနဲ႔ အင္တာနက္ခ်ိတ္ဆက္ မႈေတြလည္း မရွိဘူးေပါ့ေနာ္။ အခု ဒီအေနာက္ဘက္ျခမ္းမွာ စစ္ေရွာင္ေတြရွိလားဆိုတာ မသိတဲ့အေနအထားေတာင္ ရွိတာေပါ့ေနာ္။ အဲလိုဆိုေတာ့ ရိကၡာျပတ္လတ္မႈေတြကလည္း ေနာက္က်ၿပီးေတာ့ က်န္ခဲ့တာေတြလည္း ျဖစ္တဲ့အေနအထားေတာ့ ရွိတယ္။"

ဒုကၡသည္ေတြကို ကူညီေစာင့္ေရွာက္ေနသူတဦး ေျပာျပတာပါ။ စစ္ေရွာင္သူေတြမွာ အေျခခံစားေသာက္ႏိုင္ဖို႔ ခက္ခဲတာ၊ ေနာက္ဆက္တြဲ က်န္းမာေရးခ်ိဳ႕တဲ့တာေၾကာင့္ မိုးတြင္းကာလမွာ အျဖစ္မ်ားတဲ့ ရာသီတုတ္ေကြးလို ေရာဂါမ်ိဳးေတြကို ခံႏိုင္ဖို႔ ခက္ခဲေနတယ္လို႔ ဖ႐ူဆိုၿမိဳ႕နယ္ အေနာက္ဘက္ျခမ္း စစ္ေဘးေရွာင္ကူညီ ေစာင့္ေရွာက္ေရးေကာ္မတီရဲ႕ တာဝန္ရွိသူတဦးက ေျပာပါတယ္။

"လူဦးေရမ်ားၿပီးေတာ့ စစ္ေရွာင္ေတြရွိတဲ့ ႐ြာႀကီးတဲ့ ေနရာေတြ၊ ေဆး႐ုံ ေဆးခန္းရွိတဲ့ ေနရာေတြေလာက္မွာပဲ ဆရာဝန္ေတြကလည္း ရွိတယ္ေလေနာ္။ နည္းနည္း နယ္စြန္နယ္ဖ်ားေရာက္တဲ့ ေနရာေတြက်ေတာ့ ဆရာဝန္၊ ဆရာမေတြ မရွိတဲ့အတြက္ က်န္းမာေရးအေျခအေနက သူတို႔ကေတာ့ ေတာ္ေတာ္ဆိုး႐ြားတာေတြ ရွိတယ္။ အဓိက ကေလးငယ္ေတြနဲ႔ ကိုယ္ဝန္သည္ေတြရယ္ အာဟာရျပည့္ဝတာ မရွိေတာ့ ဒီလိုမ်ိဳး ရာသီတုပ္ေကြးျဖစ္လာတဲ့အခါမွာ သူတို႔မခံႏိုင္တဲ့ အေနအထားမ်ိဳးေတြ ျဖစ္တာေတြလည္း က်ေနာ္တို႔ၾကားရတာေပါ့ေနာ္။"

စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ကာကြယ္ေရးအဖြဲ႕ေတြၾကား အျပန္အလွန္ ပစ္ခတ္မႈေတြ ႀကိဳ႕ၾကားႀကိဳ႕ၾကား ရွိေနလို႔ ေနအိမ္စြန႔္ခြာ ေဘးလြတ္ရာ ထြက္ေျပးေနၾကရတဲ့ စစ္ေဘးေရွာင္သူေတြမွာ ၁ ႏွစ္ေက်ာ္ၾကာလာခ်ိန္မွာေတာ့ သူတို႔ရဲ႕ လိုအပ္ခ်က္ေတြကို ေရရွည္ ေထာက္ပံ့ႏိုင္ေရးလည္း အခက္အခဲေတြ ရွိလာပါတယ္။ ကိုယ့္ေနရပ္ဆီျပန္ၿပီး ေတာင္ယာစိုက္ပ်ိဳးေရး လုပ္ကိုင္ႏိုင္ဖို႔ကလည္း ေမွ်ာ္လင့္ ခ်က္ေတြ ေဝးေနေသးတယ္လို႔ ကူညီေဆာင္႐ြက္ေပးေနသူတဦးက ေျပာပါတယ္။

"၁ ႏွစ္ေက်ာ္သြားၿပီ ျဖစ္တဲ့အတြက္ တခ်ိဳ႕ေတြဆို မျပန္ႏိုင္ဘူးေလ။ ျပန္ၿပီးေတာ့ ေတာင္ယာေတြလည္း မလုပ္ႏိုင္တဲ့ အေနအထားမ်ိဳး ရွိတာေပါ့။ သူတို႔လည္း ဟိုတုန္းကလုပ္ထားတဲ့ဟာေလးနဲ႔ ရိကၡာလုံေလာက္မႈ မရွိတဲ့အခါက်ရင္ သူတို႔ဟာသူတို႔ ျဖည့္စြက္ၿပီးစားရတာေပါ့။ ဒါေပမဲ့ ၁ ႏွစ္လည္း ေက်ာ္သြားၿပီျဖစ္တဲ့အတြက္ သူတို႔ပါလာတာေတြလည္း ကုန္ၿပီေလေနာ္။ အလုပ္ေတြျပန္လုပ္မယ္ဆိုလည္း မရေတာ့တဲ့အေနအထား ျဖစ္ကုန္ေတာ့ အခုေနာက္ပိုင္းမွာ ပိုၿပီးေတာ့ အရမ္းခက္ ခဲလာတယ္ ေျပာရမွာေပါ့။"

စစ္ေဘးေရွာင္ ဒုကၡသည္ေတြထဲမွာ ကေလးငယ္ေတြနဲ႔ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြ၊ အသက္ႀကီးသူအမ်ားစုလည္း ပါဝင္ေနပါတယ္။ က်န္းမာေရး ေစာင့္ေရွာက္ေပးဖို႔နဲ႔ ရိကၡာ အခက္အခဲေၾကာင့္ အလႉရွင္ေတြ လိုအပ္ေနသလို ဆက္သြယ္ေရး ျပတ္ေတာက္မႈကလည္း အဓိက ရင္ဆိုင္ရတဲ့ အခက္အခဲ ျဖစ္တဲ့အေၾကာင္း ကူညီကယ္ဆယ္ေရး ေဆာင္႐ြက္ေနသူေတြက ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ဖရူဆိုမြို့နယ် အနောက်ခြမ်း စစ်ဘေးဒုက္ခသည် ၅,၀၀၀ ကျော် ရိက္ခာပြတ်

ကယားပြည်နယ် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးဒုက္ခသည် ၅,၀၀၀ လောက်ရှိပြီး မိုးရာသီလမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ အလှူရှင်မရှိတာ၊ ဖုန်းလိုင်းပြတ်တောက်တာတွေကြောင့် ကူညီထောက်ပံ့ရေး အခက်အခဲတွေ ရင်ဆိုင်ရပြီး ရိက္ခာပြတ်တောက်နေတာလည်း ၂ လ လောက်ရှိနေပြီလို့ ကူညီပေးနေသူတွေက ပြောပါတယ်။ ဖရူဆိုမြို့က ဒုက္ခသည်တွေအကြောင်း ရန်ကုန်က လာတဲ့သတင်းကို မအိသန့်စင်က တင်ပြပေးထားပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဘက် ကယားပြည်နယ် (ကရင်နီ) နဲ့ ရှမ်းပြည်တောင်ပိုင်းကနေ စစ်ဘေးရှောင် ရောက်လာသူ ၅,၃၀၀ ကျော်လောက် ရှိတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ အများစုက ယာယီတဲထိုးပြီး နေကြသလို တချို့ကလည်း အသိအိမ်မှာ ကပ်နေရတာတွေ ရှိပါတယ်။

"ကျနော်တို့ လမ်းပန်းဆက်သွယ်ရေး အရမ်းခက်ခဲတာရယ်၊ ဖရူဆိုအနောက်ဘက်ခြမ်းမှာ ၂ လကျော်လောက် ဖုန်းလိုင်းပြတ်တောက်မှုတွေနဲ့ အင်တာနက်ချိတ်ဆက် မှုတွေလည်း မရှိဘူးပေါ့နော်။ အခု ဒီအနောက်ဘက်ခြမ်းမှာ စစ်ရှောင်တွေရှိလားဆိုတာ မသိတဲ့အနေအထားတောင် ရှိတာပေါ့နော်။ အဲလိုဆိုတော့ ရိက္ခာပြတ်လတ်မှုတွေကလည်း နောက်ကျပြီးတော့ ကျန်ခဲ့တာတွေလည်း ဖြစ်တဲ့အနေအထားတော့ ရှိတယ်။"

ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နေသူတဦး ပြောပြတာပါ။ စစ်ရှောင်သူတွေမှာ အခြေခံစားသောက်နိုင်ဖို့ ခက်ခဲတာ၊ နောက်ဆက်တွဲ ကျန်းမာရေးချို့တဲ့တာကြောင့် မိုးတွင်းကာလမှာ အဖြစ်များတဲ့ ရာသီတုတ်ကွေးလို ရောဂါမျိုးတွေကို ခံနိုင်ဖို့ ခက်ခဲနေတယ်လို့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင်ကူညီ စောင့်ရှောက်ရေးကော်မတီရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

"လူဦးရေများပြီးတော့ စစ်ရှောင်တွေရှိတဲ့ ရွာကြီးတဲ့ နေရာတွေ၊ ဆေးရုံ ဆေးခန်းရှိတဲ့ နေရာတွေလောက်မှာပဲ ဆရာဝန်တွေကလည်း ရှိတယ်လေနော်။ နည်းနည်း နယ်စွန်နယ်ဖျားရောက်တဲ့ နေရာတွေကျတော့ ဆရာဝန်၊ ဆရာမတွေ မရှိတဲ့အတွက် ကျန်းမာရေးအခြေအနေက သူတို့ကတော့ တော်တော်ဆိုးရွားတာတွေ ရှိတယ်။ အဓိက ကလေးငယ်တွေနဲ့ ကိုယ်ဝန်သည်တွေရယ် အာဟာရပြည့်ဝတာ မရှိတော့ ဒီလိုမျိုး ရာသီတုပ်ကွေး ဖြစ်လာတဲ့အခါမှာ သူတို့မခံနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်တာတွေလည်း ကျနော်တို့ကြားရတာပေါ့နော်။"

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ ကြို့ကြားကြို့ကြား ရှိနေလို့ နေအိမ်စွန့်ခွာ ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်သူတွေမှာ ၁ နှစ်ကျော်ကြာလာချိန်မှာတော့ သူတို့ရဲ့ လိုအပ်ချက်တွေကို ရေရှည် ထောက်ပံ့နိုင်ရေးလည်း အခက်အခဲတွေ ရှိလာပါတယ်။ ကိုယ့်နေရပ်ဆီပြန်ပြီး တောင်ယာစိုက်ပျိုးရေး လုပ်ကိုင်နိုင်ဖို့ကလည်း မျှော်လင့် ချက်တွေ ဝေးနေသေးတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတဦးက ပြောပါတယ်။

"၁ နှစ်ကျော်သွားပြီ ဖြစ်တဲ့အတွက် တချို့တွေဆို မပြန်နိုင်ဘူးလေ။ ပြန်ပြီးတော့ တောင်ယာတွေလည်း မလုပ်နိုင်တဲ့ အနေအထားမျိုး ရှိတာပေါ့။ သူတို့လည်း ဟိုတုန်းကလုပ်ထားတဲ့ဟာလေးနဲ့ ရိက္ခာလုံလောက်မှု မရှိတဲ့အခါကျရင် သူတို့ဟာသူတို့ ဖြည့်စွက်ပြီးစားရတာပေါ့။ ဒါပေမဲ့ ၁ နှစ်လည်း ကျော်သွားပြီဖြစ်တဲ့အတွက် သူတို့ပါလာတာတွေလည်း ကုန်ပြီလေနော်။ အလုပ်တွေပြန်လုပ်မယ်ဆိုလည်း မရတော့တဲ့အနေအထား ဖြစ်ကုန်တော့ အခုနောက်ပိုင်းမှာ ပိုပြီးတော့ အရမ်းခက် ခဲလာတယ် ပြောရမှာပေါ့။"

စစ်ဘေးရှောင် ဒုက္ခသည်တွေထဲမှာ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ အသက်ကြီးသူအများစုလည်း ပါဝင်နေပါတယ်။ ကျန်းမာရေး စောင့်ရှောက်ပေးဖို့နဲ့ ရိက္ခာ အခက်အခဲကြောင့် အလှူရှင်တွေ လိုအပ်နေသလို ဆက်သွယ်ရေး ပြတ်တောက်မှုကလည်း အဓိက ရင်ဆိုင်ရတဲ့ အခက်အခဲ ဖြစ်တဲ့အကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောဆိုပါတယ်။

XS
SM
MD
LG