သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဟာရီကိန္း Ian  ျပင္းအားအဆင့္ ၄ နဲ႔အေမရိကန္ကို ဦးတည္


ဟာရီကိန္း Ian ဦးတည္ေရြ႕လ်ားေနတဲ့ ဖေလာ္ရီဒါျပည္နယ္၊ တမ္ပါရာပင္လယ္ေအာ္ရဲ႕ ေရမ်က္ႏွာျပင္။ (စက္တင္ဘာ ၂၈၊ ၂၀၂၂)  

[[Zawgyi/Unicode]]

ဟာရီကိန္းမုန္တိုင္း Ian ဟာ က်ဴးဘားႏိုင္ငံအေနာက္ဘက္ျခမ္း ကုန္းတြင္းပိုင္းကို အဂၤါေန႔ကဝင္ေရာက္ၿပီး နာရီပိုင္းအၾကာမွာပဲ အင္အားျပင္းဟာရီကိန္းမုန္တိုင္းႀကီးအျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။

မုန္တိုင္းဟာ အခုခ်ိန္မွာ ျပင္းအားအဆင့္ ၄ အျဖစ္ ေျပာင္းလဲသြားၿပီျဖစ္ၿပီး အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္ကို ဒီကေန႔ စက္တင္ဘာ ၂၈ ရက္ေန႔ေႏွာင္းပိုင္းမွာ ဝင္ေရာက္တိုက္ခတ္မယ္လို႔ အေမရိကန္အမ်ိဳးသား သမုဒၵရာနဲ႔ ေလထုဆိုင္ရာအုပ္ခ်ဳပ္ေရးအဖြဲ႕ NOAA က ဒီကေန႔ ထုတ္ျပန္ပါတယ္။

မုန္တိုင္းက ဒီလမ္းေၾကာင္းအတိုင္းဆက္ရွိေနမယ္ဆိုရင္ေတာ့ ဖေလာ္ရီဒါျပည္ နယ္ အေနာက္ဘက္ပင္လယ္ေကြ႕ကမ္း႐ိုးတန္း Tampa နဲ႔ St. Petersburg ၿမိဳ႕ေတြကို ဦးတည္တိုက္ခတ္ႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။

ဟာရီကိန္းမုန္တိုင္း Ian တိုက္ခတ္ႏိုင္တဲ့လမ္းေၾကာင္းတေလွ်ာက္ မုန္တိုင္း ဒီေရတက္မယ့္ သတိေပးခ်က္ေတြကိုလည္း ထုတ္ျပန္ထားၿပီး တခ်ိဳ႕ေနရာေတြမွာ အျမင့္ေပ ၁၆ ေပေလာက္အထိ တက္ႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။ မုန္တိုင္းေၾကာင့္ ပင္လယ္ေကြ႕ ကမ္း႐ိုးတန္းတေလွ်ာက္ေနထိုင္သူ ၂ သိန္းေလာက္ ေဘးလြတ္ရာေ႐ႊ႕ေျပာင္းဖို႔ ဖေလာ္ရီဒါျပည္နယ္ အာဏာပိုင္ေတြက သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။

သမၼတ Joe Biden က အေရးေပၚေၾကညာခ်က္ထုတ္ျပန္ထားၿပီး အစိုးရအေရးေပၚ စီမံခန႔္ခြဲမႈ ေအဂ်င္စီ FEMA အေနနဲ႔ သဘာဝ ေဘးအႏၲရာယ္ ကယ္ဆယ္ေရးလုပ္ငန္းေတြကို ညႇိႏႈိင္းေဆာင္႐ြက္ဖို႔နဲ႔ ျပည္ေထာင္စုအစိုးရရံပုံေငြေတြ ပံ့ပိုးေပးဖို႔ ခြင့္ျပဳထားပါတယ္။ ေဘးဒုကၡသည္ေရာက္ႏိုင္တဲ့ ျပည္သူေတြကို အလ်င္အျမန္ ကူညီေပးႏိုင္ဖို႔ ဖေလာ္ရီဒါျပည္နယ္အုပ္ခ်ဳပ္ေရးမႉးကလည္း ေထာင္နဲ႔ခ်ီတဲ့ ျပည္တြင္းကာကြယ္ေရး အရံတပ္ဖြဲ႕ဝင္ေတြကို တပ္လွန႔္ထားၿပီးျဖစ္ေၾကာင္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ဟာရီကိန်း Ian ပြင်းအားအဆင့် ၄ နဲ့အမေရိကန်ကို ဦးတည်

ဟာရီကိန်းမုန်တိုင်း Ian ဟာ ကျူးဘားနိုင်ငံအနောက်ဘက်ခြမ်း ကုန်းတွင်းပိုင်းကို အင်္ဂါနေ့ကဝင်ရောက်ပြီး နာရီပိုင်းအကြာမှာပဲ အင်အားပြင်းဟာရီကိန်းမုန်တိုင်းကြီးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

မုန်တိုင်းဟာ အခုချိန်မှာ ပြင်းအားအဆင့် ၄ အဖြစ် ပြောင်းလဲသွားပြီဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ကို ဒီကနေ့ စက်တင်ဘာ ၂၈ ရက်နေ့နှောင်းပိုင်းမှာ ဝင်ရောက်တိုက်ခတ်မယ်လို့ အမေရိကန်အမျိုးသား သမုဒ္ဒရာနဲ့ လေထုဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ NOAA က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မုန်တိုင်းက ဒီလမ်းကြောင်းအတိုင်းဆက်ရှိနေမယ်ဆိုရင်တော့ ဖလော်ရီဒါပြည် နယ် အနောက်ဘက်ပင်လယ်ကွေ့ကမ်းရိုးတန်း Tampa နဲ့ St. Petersburg မြို့တွေကို ဦးတည်တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဟာရီကိန်းမုန်တိုင်း Ian တိုက်ခတ်နိုင်တဲ့လမ်းကြောင်းတလျှောက် မုန်တိုင်း ဒီရေတက်မယ့် သတိပေးချက်တွေကိုလည်း ထုတ်ပြန်ထားပြီး တချို့နေရာတွေမှာ အမြင့်ပေ ၁၆ ပေလောက်အထိ တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းကြောင့် ပင်လယ်ကွေ့ ကမ်းရိုးတန်းတလျှောက်နေထိုင်သူ ၂ သိန်းလောက် ဘေးလွတ်ရာရွှေ့ပြောင်းဖို့ ဖလော်ရီဒါပြည်နယ် အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

သမ္မတ Joe Biden က အရေးပေါ်ကြေညာချက်ထုတ်ပြန်ထားပြီး အစိုးရအရေးပေါ် စီမံခန့်ခွဲမှု အေဂျင်စီ FEMA အနေနဲ့ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ညှိနှိုင်းဆောင်ရွက်ဖို့နဲ့ ပြည်ထောင်စုအစိုးရရံပုံငွေတွေ ပံ့ပိုးပေးဖို့ ခွင့်ပြုထားပါတယ်။ ဘေးဒုက္ခသည်ရောက်နိုင်တဲ့ ပြည်သူတွေကို အလျင်အမြန် ကူညီပေးနိုင်ဖို့ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူးကလည်း ထောင်နဲ့ချီတဲ့ ပြည်တွင်းကာကွယ်ရေး အရံတပ်ဖွဲ့ဝင်တွေကို တပ်လှန့်ထားပြီးဖြစ်ကြောင်း ပြောပါတယ်။

XS
SM
MD
LG