သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏို႐ူးမုန္တိုင္းေၾကာင့္ ဗီယက္နမ္မွာ အိမ္ေျခ ၁ သန္းေက်ာ္ မီးပ်က္


ဗီယက္နမ္ႏိုင္ငံ၊ ကြင္းနမ္ခ႐ိုင္ထဲ တုိက္ခတ္သြားတဲ့ တိုင္ဖြန္းမုန္တုိင္း ႏို႐ူးေၾကာင့္ က်ဳိးျပတ္လဲက်ေနတဲ့သစ္ပင္ေတြကို အစိုးရဝန္ထမ္းေတြက ဖယ္ရွားရွင္းလင္းေနၾကစဥ္။ (စက္တင္ဘာ ၂၈၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဗီယက္နမ္အလယ္ပိုင္းကမ္း႐ိုးတမ္းေဒသကို Noru တိုင္ဖြန္းမုန္တိုင္း ဒီေန႔ အေစာပိုင္းက ဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။ ဗီယက္နမ္ အပန္းေျဖကမ္းေျခၿမိဳ႕ျဖစ္တဲ့ Danang နားမွာ တနာရီ မိုင္ ၇၀ ေက်ာ္နဲ႔ ဝင္ေရာက္လာတဲ့ မုန္တိုင္းေၾကာင့္ အိမ္ေခါင္မိုးေတြလန္ထြက္၊ သစ္ပင္ေတြအျမစ္ကေန ကြၽတ္ထြက္ခဲ့ပါတယ္။

Noru မုန္တိုင္းေၾကာင့္ နယ္ေလးနယ္က အိမ္ေျခတသန္းေက်ာ္ မီးပ်က္ေနတယ္လို႔ Vietnam ျပည္တြင္းကလာတဲ့သတင္းေတြမွာ ထုတ္ျပန္ေနပါတယ္။ Noru မုန္တိုင္း မဝင္ခင္ကတည္းက ေထာင္နဲ႔ခ်ီတဲ့ေဒသခံေတြကို အာဏာပိုင္ေတြက ေဘးလြတ္ရာ ဖယ္ရွားေပးခဲ့ပါတယ္။ ေလဆိပ္အေတာ္မ်ားမ်ားကိုပိတ္ထားသလို အျပင္မထြက္ရအမိန႔္ကိုလည္း ထုတ္ျပန္ထားပါတယ္။ ေက်ာင္းေတြ၊ အမ်ားျပည္သူပြဲလမ္းေတြကိုလည္း ပိတ္ပင္လိုက္ပါတယ္။

ကယ္ဆယ္ေရးလုပ္ငန္းေတြ ေဆာင္႐ြက္ဖို႔ ျပင္ဆင္တဲ့အေနနဲ႔ ဗီယက္နာမ္ကာကြယ္ေရးဝန္ႀကီးဌာနက စစ္သည္ ၄၀,၀၀၀ ေလာက္နဲ႔ ျပည္သူ႔စစ္ ၂၀၀,၀၀၀ ကို သံခ်ပ္ကာယာဥ္ေတြနဲ႔ ေမာ္ေတာ္ဘုတ္ေတြနဲ႔ တပ္ျဖန႔္ခ်ထားတယ္လို႔ AFP သတင္းက ေဖာ္ျပပါတယ္။

ထိုင္းႏိုင္ငံ အေရွ႕ေျမာက္ပိုင္းကို ၾကာသပေတးေန႔မွာ ဝင္ေရာက္မယ္လို႔ ခန႔္မွန္းထားတဲ့ Noru မုန္တိုင္းေၾကာင့္ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေရႀကီးႏိုင္တယ္လို႔ ထိုင္းတာဝန္ရွိသူေတြ သတိေပးထားပါတယ္။ ဗီယက္နမ္ကိုမလာခင္ ဖိလစ္ပိုင္ႏိုင္ငံကို ဝင္ေရာက္တိုက္ခိုက္ခဲ့တဲ့မုန္တိုင္းေၾကာင့္ ၿမိဳ႕ေတာ္မနီလာမွာ ေရလႊမ္းမိုးတာနဲ႔ လွ်ပ္စစ္မီးျပတ္ေတာက္မႈေတြျဖစ္ခဲ့ပါတယ္။ လူ ရွစ္ဦးေသဆုံးခဲ့ၿပီး လူေပါင္း ၈,၀၀၀ နီးပါးကို အေရးေပၚစခန္းေတြကို ေ႐ႊ႕ထားခဲ့ရပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

နိုရူးမုန်တိုင်းကြောင့် ဗီယက်နမ်မှာ အိမ်ခြေ ၁ သန်းကျော် မီးပျက်

ဗီယက်နမ်အလယ်ပိုင်းကမ်းရိုးတမ်းဒေသကို Noru တိုင်ဖွန်းမုန်တိုင်း ဒီနေ့ အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဗီယက်နမ် အပန်းဖြေကမ်းခြေမြို့ဖြစ်တဲ့ Danang နားမှာ တနာရီ မိုင် ၇၀ ကျော်နဲ့ ဝင်ရောက်လာတဲ့ မုန်တိုင်းကြောင့် အိမ်ခေါင်မိုးတွေလန်ထွက်၊ သစ်ပင်တွေအမြစ်ကနေ ကျွတ်ထွက်ခဲ့ပါတယ်။

Noru မုန်တိုင်းကြောင့် နယ်လေးနယ်က အိမ်ခြေတသန်းကျော် မီးပျက်နေတယ်လို့ Vietnam ပြည်တွင်းကလာတဲ့သတင်းတွေမှာ ထုတ်ပြန်နေပါတယ်။ Noru မုန်တိုင်း မဝင်ခင်ကတည်းက ထောင်နဲ့ချီတဲ့ဒေသခံတွေကို အာဏာပိုင်တွေက ဘေးလွတ်ရာ ဖယ်ရှားပေးခဲ့ပါတယ်။ လေဆိပ်အတော်များများကိုပိတ်ထားသလို အပြင်မထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ထားပါတယ်။ ကျောင်းတွေ၊ အများပြည်သူပွဲလမ်းတွေကိုလည်း ပိတ်ပင်လိုက်ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ပြင်ဆင်တဲ့အနေနဲ့ ဗီယက်နာမ်ကာကွယ်ရေးဝန်ကြီးဌာနက စစ်သည် ၄၀,၀၀၀ လောက်နဲ့ ပြည်သူ့စစ် ၂၀၀,၀၀၀ ကို သံချပ်ကာယာဉ်တွေနဲ့ မော်တော်ဘုတ်တွေနဲ့ တပ်ဖြန့်ချထားတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းကို ကြာသပတေးနေ့မှာ ဝင်ရောက်မယ်လို့ ခန့်မှန်းထားတဲ့ Noru မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနိုင်တယ်လို့ ထိုင်းတာဝန်ရှိသူတွေ သတိပေးထားပါတယ်။ ဗီယက်နမ်ကိုမလာခင် ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့မုန်တိုင်းကြောင့် မြို့တော်မနီလာမှာ ရေလွှမ်းမိုးတာနဲ့ လျှပ်စစ်မီးပြတ်တောက်မှုတွေဖြစ်ခဲ့ပါတယ်။ လူ ရှစ်ဦးသေဆုံးခဲ့ပြီး လူပေါင်း ၈,၀၀၀ နီးပါးကို အရေးပေါ်စခန်းတွေကို ရွှေ့ထားခဲ့ရပါတယ် ခင်ဗျာ။

XS
SM
MD
LG