သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔နယ္စပ္လံုၿခံဳေရး ဘဂၤလားေဒ့ရွ္ တိုးျမႇင့္


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အကြားရှိ "no man's land" ကိုကာရံထားသည့် ခြံစည်းရိုးနားတွင် လုံခြုံရေးတာဝန်ယူထားသည့် မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ။ (တောင်ပြိုလက်ယာကျေးရွာအနီး၊ မောင်တောမြို့) (ဇွန် ၂၉၊ ၂၀၁၈)


[[Zawgyi/Unicode]]

ဘဂၤလားေဒရွ္႕ႏိုင္ငံဘက္ကို ျမန္မာဘက္က လက္နက္ႀကီးက်ည္ေတြ က်ေရာက္ခဲ့ၿပီးေနာက္ ဘဂၤလားေဒရွ္႕ဘက္က နယ္စပ္ေက်း႐ြာေတြမွာ ေနထိုင္တဲ့ သူတို႔ ႏိုင္ငံသားေတြကို ေဘးလြတ္ရာကို ေျပာင္းေရႊ႕ဖို႔ စီစဥ္ေနသလို နယ္စပ္လုံၿခဳံေရးကိုလည္း တိုးျမွင့္ခ်ထားပါတယ္။ ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာႏွစ္ႏိုင္ငံၾကား နယ္စပ္တင္းမာမႈ ပဋိပကၡေတြေပၚေပါက္ေနတာဟာ အၾကမ္းဖက္အဖြဲ႔ေတြေၾကာင့္ျဖစ္ၿပီး အထူးသျဖင့္ ကုလသမဂၢ အေထြေထြညီလာခံက်င္းပေနခ်ိန္နဲ႔ အခ်ိန္ကိုက္လုပ္ေဆာင္ေလ့ရွိတယ္လို႔ ျမန္မာစစ္ေကာင္စီဘက္က ေျပာပါတယ္။ ဘဂၤလားေဒ့ရွ္ နယ္စပ္ အေျခအေန သတင္းေပးပို႔ခ်က္ကို ကိုစံေက်ာ္က တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ေမာင္ေတာၿမိဳ႕နယ္ ဘဂၤလားေဒ့ရွ္နယ္စပ္ၿခံစည္း႐ိုးအနီးမွာ ရခိုင္လက္ နက္ကိုင္ AA အဖြဲ႔နဲ႔ စစ္ေကာင္စီၾကား တိုက္ပြဲအႀကီးအက်ယ္ျဖစ္ပြားေနၿပီး ဘဂၤလားေဒ့ရွ္ပိုင္နက္ထဲကို ေလယာဥ္ေတြ က်ဳးေက်ာ္ပ်ံသန္းတာ၊ လက္နက္ႀကီးက်ည္က်ေရာက္တာေတြေၾကာင့္ ဘဂၤလားေဒ့ရွ္အစိုးရဘက္က ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာပဲ ဘဂၤလားေဒ့ရွ္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီးကို ဆင့္ေခၚၿပီး သတိေပးခဲ့ပါတယ္။

ျမန္မာစစ္ေကာင္စီဘက္ကေတာ့ တဘက္ႏိုင္ငံထဲကိုက်ခဲ့တဲ့ လက္နက္ႀကီးက်ည္ေတြဟာ AA နဲ႔ ARSA အဖြဲ႔ေတြပစ္ခတ္တဲ့က်ည္ေတြျဖစ္ၿပီး ျမန္မာနဲ႔ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံၾကားပဋိပကၡျဖစ္ေအာင္ ဖန္တီးေနတာလို႔ ေနျပည္ေတာ္မွာ တနလၤာေန႔ကက်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

“က်ေနာ္တို႔ ဘူးသီးေတာင္ ေမာင္ေတာဘက္အျခမ္းက ဘယ္အခ်ိန္မွာ ျပႆနာျဖစ္ႏိုင္ေျခအရွိဆုံးလဲဆိုရင္ ကုလသမဂၢအေထြေထြညီလာခံလုပ္တဲ့အခ်ိန္မွာ အၿမဲတမ္းျဖစ္တယ္။ ႏွစ္စဥ္ႏွစ္တိုင္းလည္းျပန္ၾကည့္ပါ။ အဲဒီလုပ္တဲ့အခ်ိန္မွာ ျပႆနာအၿမဲတမ္းျဖစ္တာကိုေတြ႔ရတယ္။ဒီႏွစ္မွာလည္း AA၊ ARSA ပူးေပါင္းၿပီးေတာ့က် ႏွစ္ႏိုင္ငံနယ္ျခားမွာ ျပႆနာျဖစ္ေအာင္ ျဖစ္တီးလာတာျဖစ္ေၾကာင္း က်ေနာ္တို႔ ေျပာလိုပါတယ္။”

ျမန္မာဘက္က ခုလိုေျပာေပမယ့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို လက္နက္ႀကီးက်ည္က်ေရာက္တိုင္း ျမန္မာဘက္က AA အဖြဲ႔ကိုပဲ အၿမဲတေစလႊဲခ်ေနတယ္ဆိုၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံ ယာယီ ႏိုင္ငံျခားေရးအတြင္းဝန္ Md. Khorshed Alam တုံ႔ျပန္ေျပာဆိုတာကို ဒီေန႔ထုတ္ Dhaka Tribune သတင္းမွာ ေဖာ္ျပထားပါတယ္။

AA ရခိုင္ လက္နက္ကိုင္အဖြဲ႔ဟာ ျမန္မာစစ္တပ္နဲ႔ အပစ္အခတ္ရပ္ဆဲေရး လက္မွတ္ေရးထိုးထားတဲ့ အဖြဲ႔မဟုတ္ပါဘူး။ မၾကာေသးခင္က နယ္ျခားေစာင့္စခန္းေတြကို AA ဘက္က စတိုက္ခိုက္ခဲ့တာဟာ ၿငိမ္းခ်မ္းေရးကမ္းလွမ္းခ်က္ကို လက္မခံတဲ့လုပ္ရပ္ျဖစ္ၿပီး လိုအပ္တဲ့တုံ႔ျပန္မႈေတြလုပ္သြားမယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက သတင္းစာရွင္းလင္းပြဲမွာ ဆိုခဲ့ပါတယ္။

“ၿငိမ္းခ်မ္းေရးလမ္းကို မေလွ်ာက္လွမ္းခ်င္ေတာ့လို႔ ဦးစြာ အင္အားနည္းတဲ့ နယ္ျခားေစာင့္စခန္းကို ဝင္ေရာက္တိုက္ခိုက္တာ ျဖစ္တယ္။ အဲဒီေနာက္ကြယ္မွာလည္း အႀကံအစည္ မ်ားစြာပါတယ္။ အဲဒီအႀကံအစည္ေတြကိုလည္း က်ေနာ္တို႔သိၿပီးျဖစ္ပါတယ္။ က်ေနာ္တို႔အေနနဲ႔လည္း လိုအပ္တဲ့တုံ႔ျပန္မႈေတြ ဆက္လက္ ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း ေျပာလိုပါတယ္။”

လက္ရွိမွာလည္း ေမာင္ေတာၿမိဳ႕ နယ္စပ္ေဒသမွာ စစ္ေကာင္စီနဲ႔ AA အဖြဲ႔ၾကား တိုက္ပြဲေတြ ဆက္ျဖစ္ေနသလို ႏွစ္ဘက္စလုံးက အင္အားေတြ ထပ္တိုးခ်ထားပါတယ္။ နယ္စပ္ေဒသအေရးဟာ ပိုၿပီးေတာ့ ရႈပ္ေထြးလာႏိုင္တယ္လို႔လည္း ရခိုင္အေရးေလ့လာသုံးသပ္သူတဦးျဖစ္တဲ့ ဦးထြန္းၾကည္က သုံးသပ္ပါတယ္။

“ ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္စပ္အေရးဟာ လက္ရွိမွာ ပိုၿပီးေတာ့ ရႈပ္ေထြးလာႏိုင္တယ္လို႔ ေျပာလို႔ ရတယ္။ ျမန္မာစစ္တပ္ဘက္ကလည္း ၈ ေထာင္ေလာက္အထိ အင္းအာတိုးခ်ဲ႕ထားသ လို AA ဘက္ ကလည္း သူတို႔ရဲ႕အမာခံထိန္းခ်ဳပ္နယ္ေျမအထိ ျဖစ္လာႏိုင္ဖို႔ ဒီ boder lineကို အဓိကထားတယ္လို႔ ေျပာလို႔ရတယ္။ တဘက္မွာ ဒီဟာက ရခိုင္ရဲ႕စီးပြားထြက္ေပါက္တခုလည္းျဖစ္တယ္။ ဆိုေတာ့ ဒီအျခအေနက ေတာ္ေတာ္ရႈပ္ေထြးလာႏိုင္တယ္လို႔ ေျပာခ်င္ပါတယ္။”

အခုလို ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္စပ္မွာ တိုက္ပြဲေတြ ျပင္းထန္ေနတာေၾကာင့္ နယ္စပ္အနီးမွာ ေနထိုင္ တဲ့ ဘဂၤလားေဒရွ္ႏိုင္ငံသားေတြကို ေဘးလြတ္ရာေရႊ႕ေျပာင္းဖို႔ ေဒသခံအစိုးရအဖြဲ႕ေတြကို ၫႊန္ၾကားထားတဲ့အေၾကာင္း ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္အႀကီးအကဲ ဒုတိယဗိုလ္မွဴးႀကီး Faizur Rahman ေျပာတာကို UCA News မွာ ေဖာ္ျပပါတယ္။ နယ္စပ္လုံၿခံေရးေတြကို အရင္ကထက္ တိုးျမွင့္ ခ်ထားသလို ကင္းလွည့္တာေတြနဲ႔ ေစာင့္ၾကည့္တာေတြလည္း တိုးလုပ္ေနေၾကာင္း ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ အႀကီးအကဲက ေျပာထားပါတယ္။

လက္ရွိ ႏွစ္ႏိုင္ငံအၾကား ပဋိပကၡေတြေၾကာင့္ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္က စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး စစ္ဆင္မႈအတြင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ထြက္ေျပးလာၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ေရး အစီအစဥ္ေတြစတင္ဖို႔ကိစၥလည္း ေႏွာင့္ေႏွးျကန္႔ၾကာသြားႏိုင္တယ္လို႔ ဘဂၤလားေဒ့ရွ္ အရာရွိေတြ ေထာက္ျပေနပါတယ္။

ျမန္မာႏိုင္ငံဘက္က ႐ိုဟင္ဂ်ာဆိုတဲ့အမည္ကို လက္မခံေပမယ့္ ဒုကၡသည္ေတြကို စိစစ္လက္ခံမယ္လို႔ သေဘာတူထားတာေၾကာင့္ ႏွစ္နဲ႔ခ်ီရပ္တန္႔ေနတဲ့ ျပန္ပို႔ေရးအစီအစဥ္ ဒီႏွစ္ကုန္မွာ ျပန္စေကာင္း စႏိုင္ တယ္ဆိုၿပီး ဘဂၤလားေဒ့ရွ္ အစိုးရအရာရွိေတြက ခန္႔မွန္းေျပာဆိုထားတာပါ။

ကုလသမဂၢ အေထြေထြညီလာခံတက္ဖို႔ေရာက္ေနတဲ့ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ Sheikh Hasina ကေတာ့ ဒုကၡသည္ေတြ ေနရပ္ျပန္ပို႔ေရးမွာ ႏိ္ုင္ငံတကာအသိုင္းအဝိုင္းနဲ႔ ကုလသမဂၢက တိုးၿပီးပါဝင္ကူညီဖို႔ မေန႔က ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢမဟာမင္းႀကီး Filippo Grandi နဲ႔ နယူးေယာက္ၿမိဳ႕ မွာ ေတြ႔ဆုံခ်ိန္ ထပ္မံေတာင္းဆိုပါတယ္။ တခ်ိန္တည္းမွာ ICC ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံး ေရွ႕ေန Karim Khan လည္း ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ heikh Hasina နဲ႔ မေန႔က နယူးေယာက္ၿမိဳ႕မွာ ေတြ႕ဆုံပါတယ္။ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ညွင္းပမ္းႏွိပ္စက္ခံရတဲ့ကိစၥေတြမွာ တရားဥပေဒနဲ႔အညီ တာဝန္ရွိတဲ့သူေတြကို အေရးယူႏိုင္ေရး ICC ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံးနဲ႔ ပူးေပါင္းေဆာင္ရြက္သြားမယ့္အေၾကာင္း ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ အာမခံေျပာဆိုတာကို ဘဂၤလားေဒ့ရွ္ႏိ္ုင္ငံထုတ္ သတင္းေတြမွာ ေဖၚျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[Unicode]]

မြန်မာနဲ့နယ်စပ်လုံခြုံရေး ဘင်္ဂလားဒေ့ရှ် တိုးမြှင့်


ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို မြန်မာဘက်က လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့ပြီးနောက် ဘင်္ဂလားဒေရှ့်ဘက်က နယ်စပ်ကျေးရွာတွေမှာ နေထိုင်တဲ့ သူတို့ နိုင်ငံသားတွေကို ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ စီစဉ်နေသလို နယ်စပ်လုံခြုံရေးကိုလည်း တိုးမြှင့်ချထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံကြား နယ်စပ်တင်းမာမှု ပဋိပက္ခတွေပေါ်ပေါက်နေတာဟာ အကြမ်းဖက်အဖွဲ့တွေကြောင့်ဖြစ်ပြီး အထူးသဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပနေချိန်နဲ့ အချိန်ကိုက်လုပ်ဆောင်လေ့ရှိတယ်လို့ မြန်မာစစ်ကောင်စီဘက်က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်စပ် အခြေအနေ သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုးအနီးမှာ ရခိုင်လက် နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားနေပြီး ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကို လေယာဉ်တွေ ကျုးကျော်ပျံသန်းတာ၊ လက်နက်ကြီးကျည်ကျရောက်တာတွေကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး သတိပေးခဲ့ပါတယ်။

မြန်မာစစ်ကောင်စီဘက်ကတော့ တဘက်နိုင်ငံထဲကိုကျခဲ့တဲ့ လက်နက်ကြီးကျည်တွေဟာ AA နဲ့ ARSA အဖွဲ့တွေပစ်ခတ်တဲ့ကျည်တွေဖြစ်ပြီး မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြားပဋိပက္ခဖြစ်အောင် ဖန်တီးနေတာလို့ နေပြည်တော်မှာ တနင်္လာနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျနော်တို့ ဘူးသီးတောင် မောင်တောဘက်အခြမ်းက ဘယ်အချိန်မှာ ပြဿနာဖြစ်နိုင်ခြေအရှိဆုံးလဲဆိုရင် ကုလသမဂ္ဂအထွေထွေညီလာခံလုပ်တဲ့အချိန်မှာ အမြဲတမ်းဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်းလည်းပြန်ကြည့်ပါ။ အဲဒီလုပ်တဲ့အချိန်မှာ ပြဿနာအမြဲတမ်းဖြစ်တာကိုတွေ့ရတယ်။ဒီနှစ်မှာလည်း AA၊ ARSA ပူးပေါင်းပြီးတော့ကျ နှစ်နိုင်ငံနယ်ခြားမှာ ပြဿနာဖြစ်အောင် ဖြစ်တီးလာတာဖြစ်ကြောင်း ကျနော်တို့ ပြောလိုပါတယ်။”

မြန်မာဘက်က ခုလိုပြောပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လက်နက်ကြီးကျည်ကျရောက်တိုင်း မြန်မာဘက်က AA အဖွဲ့ကိုပဲ အမြဲတစေလွှဲချနေတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီ နိုင်ငံခြားရေးအတွင်းဝန် Md. Khorshed Alam တုံ့ပြန်ပြောဆိုတာကို ဒီနေ့ထုတ် Dhaka Tribune သတင်းမှာ ဖော်ပြထားပါတယ်။

AA ရခိုင် လက်နက်ကိုင်အဖွဲ့ဟာ မြန်မာစစ်တပ်နဲ့ အပစ်အခတ်ရပ်ဆဲရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့မဟုတ်ပါဘူး။ မကြာသေးခင်က နယ်ခြားစောင့်စခန်းတွေကို AA ဘက်က စတိုက်ခိုက်ခဲ့တာဟာ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို လက်မခံတဲ့လုပ်ရပ်ဖြစ်ပြီး လိုအပ်တဲ့တုံ့ပြန်မှုတွေလုပ်သွားမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ဆိုခဲ့ပါတယ်။

“ငြိမ်းချမ်းရေးလမ်းကို မလျှောက်လှမ်းချင်တော့လို့ ဦးစွာ အင်အားနည်းတဲ့ နယ်ခြားစောင့်စခန်းကို ဝင်ရောက်တိုက်ခိုက်တာ ဖြစ်တယ်။ အဲဒီနောက်ကွယ်မှာလည်း အကြံအစည် များစွာပါတယ်။ အဲဒီအကြံအစည်တွေကိုလည်း ကျနော်တို့သိပြီးဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့လည်း လိုအပ်တဲ့တုံ့ပြန်မှုတွေ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောလိုပါတယ်။”

လက်ရှိမှာလည်း မောင်တောမြို့ နယ်စပ်ဒေသမှာ စစ်ကောင်စီနဲ့ AA အဖွဲ့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေသလို နှစ်ဘက်စလုံးက အင်အားတွေ ထပ်တိုးချထားပါတယ်။ နယ်စပ်ဒေသအရေးဟာ ပိုပြီးတော့ ရှုပ်ထွေးလာနိုင်တယ်လို့လည်း ရခိုင်အရေးလေ့လာသုံးသပ်သူတဦးဖြစ်တဲ့ ဦးထွန်းကြည်က သုံးသပ်ပါတယ်။

“မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အရေးဟာ လက်ရှိမှာ ပိုပြီးတော့ ရှုပ်ထွေးလာနိုင်တယ်လို့ ပြောလို့ ရတယ်။ မြန်မာစစ်တပ်ဘက်ကလည်း ၈ ထောင်လောက်အထိ အင်းအာတိုးချဲ့ထားသ လို AA ဘက် ကလည်း သူတို့ရဲ့အမာခံထိန်းချုပ်နယ်မြေအထိ ဖြစ်လာနိုင်ဖို့ ဒီ boder lineကို အဓိကထားတယ်လို့ ပြောလို့ရတယ်။ တဘက်မှာ ဒီဟာက ရခိုင်ရဲ့စီးပွားထွက်ပေါက်တခုလည်းဖြစ်တယ်။ ဆိုတော့ ဒီအခြအနေက တော်တော်ရှုပ်ထွေးလာနိုင်တယ်လို့ ပြောချင်ပါတယ်။”

အခုလို မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နယ်စပ်အနီးမှာ နေထိုင် တဲ့ ဘင်္ဂလားဒေရှ်နိုင်ငံသားတွေကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ ဒေသခံအစိုးရအဖွဲ့တွေကို ညွှန်ကြားထားတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်အကြီးအကဲ ဒုတိယဗိုလ်မှူးကြီး Faizur Rahman ပြောတာကို UCA News မှာ ဖော်ပြပါတယ်။ နယ်စပ်လုံခြံရေးတွေကို အရင်ကထက် တိုးမြှင့် ချထားသလို ကင်းလှည့်တာတွေနဲ့ စောင့်ကြည့်တာတွေလည်း တိုးလုပ်နေကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အကြီးအကဲက ပြောထားပါတယ်။

လက်ရှိ နှစ်နိုင်ငံအကြား ပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေစတင်ဖို့ကိစ္စလည်း နှောင့်နှေးကြန့်ကြာသွားနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် အရာရှိတွေ ထောက်ပြနေပါတယ်။

မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာဆိုတဲ့အမည်ကို လက်မခံပေမယ့် ဒုက္ခသည်တွေကို စိစစ်လက်ခံမယ်လို့ သဘောတူထားတာကြောင့် နှစ်နဲ့ချီရပ်တန့်နေတဲ့ ပြန်ပို့ရေးအစီအစဉ် ဒီနှစ်ကုန်မှာ ပြန်စကောင်း စနိုင် တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိတွေက ခန့်မှန်းပြောဆိုထားတာပါ။

ကုလသမဂ္ဂ အထွေထွေညီလာခံတက်ဖို့ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးမှာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂက တိုးပြီးပါဝင်ကူညီဖို့ မနေ့က ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi နဲ့ နယူးယောက်မြို့ မှာ တွေ့ဆုံချိန် ထပ်မံတောင်းဆိုပါတယ်။ တချိန်တည်းမှာ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး ရှေ့နေ Karim Khan လည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် heikh Hasina နဲ့ မနေ့က နယူးယောက်မြို့မှာ တွေ့ဆုံပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ ညှင်းပမ်းနှိပ်စက်ခံရတဲ့ကိစ္စတွေမှာ တရားဥပဒေနဲ့အညီ တာဝန်ရှိတဲ့သူတွေကို အရေးယူနိုင်ရေး ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် အာမခံပြောဆိုတာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းတွေမှာ ဖေါ်ပြပါတယ်။

XS
SM
MD
LG