သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Charles ဘုရင္ ေသာၾကာေန႔မွာ ပထမဆံုး ႏိုင္ငံေတာ္မိန္႔ခြန္း ေျပာၾကားမည္  


ကြယ္လြန္သူ ဘုရင္မႀကီး အဲလစ္ဇဘက္နဲ႔ ထီးေမြဆက္ခံသူ ဘုရင္သစ္ သားေတာ္ ခ်ားလ္စ္ (ေအပီ)

[[Zawgyi/Unicode]]

ၿဗိတိန္ဘုရင္မႀကီး အဲလစ္ဇဘက္ ၾကာသပေတးေန႔ကကြယ္လြန္ခဲ့ၿပီးတဲ့ေနာက္ နန္းတက္လာတဲ့သားေတာ္ တတိယေျမာက္ Charles ဘုရင္ဟာ ဒီကေန႔ ေသာၾကာေန႔မွာ ႏိုင္ငံကိုမိန္႔ခြန္းေျပာဖို႔ရွိပါတယ္။

သက္ေတာ္ ၉၆ ႏွစ္ရွိၿပီျဖစ္တဲ့ ဘုရင္မႀကီးအဲလစ္ဇဘက္ဟာ မေန႔က စေကာ့တလန္ ၿမိဳ႕ Balmoral စံအိမ္ေတာ္မွာ ကြယ္လြန္ခဲ့ၿပီး အခုလို ဘုရင္မႀကီး ကြယ္လြန္ သြားတဲ့အတြက္ ၿဗိတိန္ႏိုင္ငံတဝန္းမွာ ဝမ္းနည္းေၾကကဲြေနၾကပါတယ္။

သူကြယ္လြန္ၿပီး နန္းတက္လာတဲ့သားေတာ္ Charles ဘုရင္ဟာ အသက္ ၇၃ ႏွစ္ရွိၿပီျဖစ္ၿပီး နန္းတက္တဲ့အထဲမွာ အသက္အႀကီးဆုံးဘုရင္လည္းျဖစ္ပါတယ္။ Charles ဘုရင္ဟာ ႏိုင္ငံေတာ္အႀကီးအကဲအျဖစ္နဲ႔ သူ႔ရဲ႕ပထမဆုံးမိန႔္ခြန္းကို ေသာၾကာေန႔မွာ ႐ုပ္ျမင္သံၾကားကေနေျပာၾကားဖို႔ စီစဥ္ထားတာပါ။ ဒါ့အျပင္ သူဟာ Buckingham နန္းေတာ္မွာ ဝန္ႀကီးခ်ဳပ္အသစ္ LIz Truss နဲ႔အတူ လူထုပရိသတ္နဲ႔လည္း ဒီေန႔ ေတြ႕ဆုံဖို႔ရွိပါတယ္။ ၿဗိတိန္ရဲ႕နန္းသက္အရွည္ဆုံး ဘုရင္မႀကီး အဲလစ္ဇဘက္မကြယ္လြန္မီ ၿပီးခဲ့တဲ့ အဂၤါေန႔ကပဲ ဝန္ႀကီးခ်ဳပ္အသစ္ LIz Truss ကို အတည္ျပဳခန္႔အပ္ခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ Truss နဲ႔ တျခားဝန္ႀကီးေတြလည္း St. Paul ဘုရားေက်ာင္းမွာ ဒီေန႔ ဘုရင္မႀကီးအတြက္ ေအာက္ေမ့ဖြယ္ဆုေတာင္းပြဲကို တက္ေရာက္ဖို႔လည္း ရွိပါတယ္။ ေနာက္ပိုင္းမွာေတာ့ လန္ဒန္ၿမိဳ႕အလယ္ပိုင္း Hyde Park ပန္းၿခံနဲ႔ တျခားေန ရာေတြမွာ ဘုရင္မႀကီးအတြက္ ေသနတ္ေဖာက္ အေလးျပဳဖို႔ စီစဥ္ထားပါတယ္။ ကြယ္လြန္သူအဲလစ္ဇဘက္ ဘုရင္မႀကီးရဲ႕ ဈာပနအခမ္းအနားကို လာမယ့္ရက္ေတြအတြင္း လန္ဒန္ၿမိဳ႕ Westminster ဘုရားေက်ာင္းမွာ က်င္းပမွာျဖစ္ၿပီး အဲဒီေန႔ ကို ႏိုင္ငံတဝန္း ဝမ္းနည္းပူေဆြးဖြယ္ အမ်ားျပည္သူ အားလပ္ရက္အျဖစ္ သတ္မွတ္မွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

Charles ဘုရင် သောကြာနေ့မှာ ပထမဆုံး နိုင်ငံတော်မိန့်ခွန်း ပြောကြားမည်

ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် ကြာသပတေးနေ့ကကွယ်လွန်ခဲ့ပြီးတဲ့နောက် နန်းတက်လာတဲ့သားတော် တတိယမြောက် Charles ဘုရင်ဟာ ဒီကနေ့ သောကြာနေ့မှာ နိုင်ငံကိုမိန့်ခွန်းပြောဖို့ရှိပါတယ်။

သက်တော် ၉၆ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မကြီးအဲလစ်ဇဘက်ဟာ မနေ့က စကော့တလန် မြို့ Balmoral စံအိမ်တော်မှာ ကွယ်လွန်ခဲ့ပြီး အခုလို ဘုရင်မကြီး ကွယ်လွန် သွားတဲ့အတွက် ဗြိတိန်နိုင်ငံတဝန်းမှာ ဝမ်းနည်းကြေကွဲနေကြပါတယ်။

သူကွယ်လွန်ပြီး နန်းတက်လာတဲ့သားတော် Charles ဘုရင်ဟာ အသက် ၇၃ နှစ်ရှိပြီဖြစ်ပြီး နန်းတက်တဲ့အထဲမှာ အသက်အကြီးဆုံးဘုရင်လည်းဖြစ်ပါတယ်။ Charles ဘုရင်ဟာ နိုင်ငံတော်အကြီးအကဲအဖြစ်နဲ့ သူ့ရဲ့ပထမဆုံးမိန့်ခွန်းကို သောကြာနေ့မှာ ရုပ်မြင်သံကြားကနေပြောကြားဖို့ စီစဉ်ထားတာပါ။ ဒါ့အပြင် သူဟာ Buckingham နန်းတော်မှာ ဝန်ကြီးချုပ်အသစ် LIz Truss နဲ့အတူ လူထုပရိသတ်နဲ့လည်း ဒီနေ့ တွေ့ဆုံဖို့ရှိပါတယ်။ ဗြိတိန်ရဲ့နန်းသက်အရှည်ဆုံး ဘုရင်မကြီး အဲလစ်ဇဘက်မကွယ်လွန်မီ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ ဝန်ကြီးချုပ်အသစ် LIz Truss ကို အတည်ပြုခန့်အပ်ခဲ့ပါတယ်။

ဝန်ကြီးချုပ် Truss နဲ့ တခြားဝန်ကြီးတွေလည်း St. Paul ဘုရားကျောင်းမှာ ဒီနေ့ ဘုရင်မကြီးအတွက် အောက်မေ့ဖွယ်ဆုတောင်းပွဲကို တက်ရောက်ဖို့လည်း ရှိပါတယ်။ နောက်ပိုင်းမှာတော့ လန်ဒန်မြို့အလယ်ပိုင်း Hyde Park ပန်းခြံနဲ့ တခြားနေ ရာတွေမှာ ဘုရင်မကြီးအတွက် သေနတ်ဖောက် အလေးပြုဖို့ စီစဉ်ထားပါတယ်။ ကွယ်လွန်သူအဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ဈာပနအခမ်းအနားကို လာမယ့်ရက်တွေအတွင်း လန်ဒန်မြို့ Westminster ဘုရားကျောင်းမှာ ကျင်းပမှာဖြစ်ပြီး အဲဒီနေ့ ကို နိုင်ငံတဝန်း ဝမ်းနည်းပူဆွေးဖွယ် အများပြည်သူ အားလပ်ရက်အဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။

XS
SM
MD
LG