သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ူပေဗဒဆိုင္ရာ ႏိုဘဲလ္ဆု ပညာရွင္ ၃ ဦးပူးတြဲ ရရွိ


၂၀၂၂ ခုႏွစ္ ရူပေဗဒဆုိင္ရာႏိုဘဲလ္ဆုရွင္မ်ား (ဝဲမွယာ) ျပင္သစ္ႏိုင္ငံသား Alain Aspect ၊ အေမရိကန္ႏိုင္ငံသား John F. Clauser နဲ႔ ၾသစႀတီးယားႏိုင္ငံသား Anton Zeilinger

[[Zawgyi/Unicode]]

၂၀၂၂ ခုႏွစ္အတြက္ ႐ူပေဗဒဆိုင္ရာ ႏိုဘဲလ္ဆုကို ပညာရွင္ ၃ ဦး ပူးတြဲရရွိေၾကာင္း ဆုေ႐ြး ခ်ယ္ေရးအဖြဲ႔က ဒီကေန႔ ေၾကညာပါတယ္။

႐ူပေဗဒဆိုင္ရာ ႏိုဘဲလ္ဆုကို ျပင္သစ္ႏိုင္ငံသား Alain Aspect ၊ အေမရိကန္ႏိုင္ငံသား John F. Clauser နဲ႔ ၾသစႀတီးယားႏိုင္ငံသား Anton Zeilinger တို႔ ၃ ဦး ကိုပူးတြဲခ်ီးျမႇင့္ေၾကာင္း ႏိုဘဲလ္ဆုေ႐ြးခ်ယ္ေရး ေကာ္မီတီက ေၾကညာတာပါ။

သူတို႔ ၃ ဦးက ရႈပ္ေထြးတဲ့ အေျခအေနမွာရွိတဲ့ အမႈန္အမႊားေတြရဲ႕ ခ်ိတ္ဆက္ေရာယွက္ေနပုံကို ေလ့လာခဲ့တာပါ။ သူတို႔ရဲ႕ ေလ့လာေတြ႕ရွိခ်က္က quantum ႐ူပေဗဒနည္းပညာ အတြက္ ေခတ္သစ္ကို ေဖာ္ေဆာင္ေပးႏိုင္တဲ့ အေျခခံအုတ္ျမစ္ျဖစ္တာေၾကာင့္ အခုလို ဆုခ်ီးျမႇင့္တာျဖစ္တယ္လို႔ ဆုေ႐ြးခ်ယ္ေရးအဖြဲ႔က ေၾကညာပါတယ္။ ၿပီးခဲ့တဲ့၂၀၂၁ ခုႏွစ္တုန္းကလည္း ႐ူပေဗဒဆိုင္ရာ ႏိုဘဲလ္ဆုကို ဥတုရာသီေျပာင္းလဲမႈကို လူေတြ ပိုၿပီးသိရွိနားလည္ေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ ပညာရွင္ ၃ ဦး ပူးတြဲ ရရွိခဲ့ပါတယ္။

ဒီဆုအတြက္ ဆုေငြ ဆြီဒင္ ခ႐ိုနာ ၁၀ သန္း (ေဒၚလာ ၉ သိန္းနီးပါး) ခ်ီးျမႇင့္မွာျဖစ္ပါတယ္။ ကပ္ေရာဂါေၾကာင့္ ႏွစ္ႏွစ္ၾကာ ဆိုင္းငံ့ထားတဲ့ ႏိုဘယ္ဆုေပးပြဲေတြကို ဒီႏွစ္မွာေတာ့ ဒီဇင္ ဘာလ ၁၀ ရက္က်ရင္ ဆြီဒင္ႏိုင္ငံ၊ စေတာ့ဟုမ္းၿမိဳ႕မွာ လူကိုယ္တိုင္ခ်ီးျမႇင့္ေပးသြားဖို႔ စီစဥ္ထားပါတယ္။ ဓာတုေဗဒဆိုင္ရာ ႏိုဘယ္ဆုကို မနက္ျဖန္ ဗုဒၶဟူးေန႔၊ စာေပဆိုင္ရာဆုကို ၾကာသပေတးေန႔နဲ႔ စီးပြါးေရးဆိုင္ရာဆုကို လာမယ့္ ေသာၾကာေန႔တို႔မွာ အသီးသီး ေၾကညာသြားမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆု ပညာရှင် ၃ ဦးပူးတွဲ ရရှိ

၂၀၂၂ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆုကို ပညာရှင် ၃ ဦး ပူးတွဲရရှိကြောင်း ဆုရွေး ချယ်ရေးအဖွဲ့က ဒီကနေ့ ကြေညာပါတယ်။

ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆုကို ပြင်သစ်နိုင်ငံသား Alain Aspect ၊ အမေရိကန်နိုင်ငံသား John F. Clauser နဲ့ သြစတြီးယားနိုင်ငံသား Anton Zeilinger တို့ ၃ ဦး ကိုပူးတွဲချီးမြှင့်ကြောင်း နိုဘဲလ်ဆုရွေးချယ်ရေး ကော်မီတီက ကြေညာတာပါ။

သူတို့ ၃ ဦးက ရှုပ်ထွေးတဲ့ အခြေအနေမှာရှိတဲ့ အမှုန်အမွှားတွေရဲ့ ချိတ်ဆက်ရောယှက်နေပုံကို လေ့လာခဲ့တာပါ။ သူတို့ရဲ့ လေ့လာတွေ့ရှိချက်က quantum ရူပဗေဒနည်းပညာ အတွက် ခေတ်သစ်ကို ဖော်ဆောင်ပေးနိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တာကြောင့် အခုလို ဆုချီးမြှင့်တာဖြစ်တယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က ကြေညာပါတယ်။ ပြီးခဲ့တဲ့၂၀၂၁ ခုနှစ်တုန်းကလည်း ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆုကို ဥတုရာသီပြောင်းလဲမှုကို လူတွေ ပိုပြီးသိရှိနားလည်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ပညာရှင် ၃ ဦး ပူးတွဲ ရရှိခဲ့ပါတယ်။

ဒီဆုအတွက် ဆုငွေ ဆွီဒင် ခရိုနာ ၁၀ သန်း (ဒေါ်လာ ၉ သိန်းနီးပါး) ချီးမြှင့်မှာဖြစ်ပါတယ်။ ကပ်ရောဂါကြောင့် နှစ်နှစ်ကြာ ဆိုင်းငံ့ထားတဲ့ နိုဘယ်ဆုပေးပွဲတွေကို ဒီနှစ်မှာတော့ ဒီဇင် ဘာလ ၁၀ ရက်ကျရင် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ လူကိုယ်တိုင်ချီးမြှင့်ပေးသွားဖို့ စီစဉ်ထားပါတယ်။ ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုကို မနက်ဖြန် ဗုဒ္ဓဟူးနေ့၊ စာပေဆိုင်ရာဆုကို ကြာသပတေးနေ့နဲ့ စီးပွါးရေးဆိုင်ရာဆုကို လာမယ့် သောကြာနေ့တို့မှာ အသီးသီး ကြေညာသွားမှာဖြစ်ပါတယ်။

XS
SM
MD
LG