သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၂၀၂၂ ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆု လူ႔အခြင့္အေရးေဆာင္ရြက္သူ ၁ ဦးန႔ဲ အဖဲြ႕အစည္း ၂ ခု ပူးတြဲရရွိ


၂၀၂၂ ခုႏွစ္ ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆုရွင္ေတြကို ေၾကညာေပးေနတဲ့ ဆုေ႐ြးခ်ယ္ေရးေကာ္မတီ ဥကၠ႒ Berit Reiss-Andersen(ေအာက္တိုဘာ ၇၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဒီႏွစ္ ၂၀၂၂ ခုႏွစ္အတြက္ ႏိုဘဲလ္ ၿငိမ္းခ်မ္းေရးဆုကို ဘဲလား႐ုစ္ႏိုင္ငံက လူ႔အခြင့္အေရး ဦးေဆာင္လႈပ္ရွားသူတဦးနဲ႔အတူ ယူကရိန္းလူ႔အခြင့္အေရးအဖြဲ႔တခုနဲ႔ ႐ုရွားလူ႔အခြင့္အေရးအဖြဲ႔ တခုတို႔ကို ပူးတြဲ ခ်ီးျမႇင့္လိုက္ပါတယ္။

ဒီႏွစ္အတြက္ ႏိုဘဲလ္ ၿငိမ္းခ်မ္းေရးဆုကို အက်ဥ္းက်ခံေနရတဲ့ ဘဲလား႐ုစ္လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူ အဲလက္စ္ ဘီယာေလယာစကီ [Ales Bialiatski] ၊ ႐ုရွားလူ႔အခြင့္အေရးအဖြဲ႔ Memorial နဲ႔ ယူကရိန္း လူ႔အခြင့္အေရးအဖြဲ႔ Center for Civil Liberties တို႔ကို ခ်ီးျမႇင့္လိုက္” တဲ့အေၾကာင္း ဆုေ႐ြးခ်ယ္ေရးေကာ္မတီ ဥကၠ႒ Berit Reiss-Andersen က ဒီကေန႔ ေၾကညာသြားတာပါ။

သူတို႔ဟာ ဘဲလား႐ုစ္၊ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံေတြမွာ ၿငိမ္းခ်မ္းေရး၊ လူ႔အခြင့္အေရး၊ ဒီမိုကေရစီေရးအတြက္ ေရွ႕တန္းကေန စြမ္းစြမ္းတမံ ေဆာင္ရြက္ခဲ့ၾကတာေၾကာင့္ ခုလို ခ်ီးျမွင့္တာ ျဖစ္တယ္လို႔ ဆုေရြးခ်ယ္ေရး ေကာ္မတီက ေျပာပါတယ္။ သူတို႔ဟာ ႏိုင္ငံတြင္းက အရပ္ဘက္ လူမႈအဖြဲ႔အစည္းေတြကို ကိုယ္စားျပဳၿပီး အာဏာရွင္ေတြကို ေဝဖန္ ေထာက္ျပခြင့္ေတြ ပိုမို ရရွိလာေအာင္၊ ႏိုင္ငံသားေတြရဲ႕ အေျခခံအခြင့္အေရးေတြကို ကာကြယ္ေပးႏိုင္ဖို႔ ႏွစ္ေပါင္းမ်ားစြာ ႀကိဳးပမ္းခဲ့ၾကသူေတြျဖစ္တယ္လို႔လည္း ဆုေရြးခ်ယ္ေရး ေကာ္မတီဥကၠ႒က ေျပာသြားပါတယ္။

ဒီႏွစ္ ဆုရွင္တဦးျဖစ္တဲ့ အဲလက္စ္ ဘီယာေလယာစကီ ဟာ ၿပီးခဲ့တဲ့ႏွစ္က ဘဲလား႐ုစ္ႏိုင္ငံရဲ႕ ဒီမိုကေရစီေရး လႈပ္ရွားမႈေတြမွာ ဦးေဆာင္ပါဝင္ခဲ့ၿပီး အတိုက္အခံေတြ အင္အားသံုး ႏွိမ္နင္းခံရခ်ိန္မွာ ဖမ္းဆီး ေထာင္ခ်ခံခဲ့ရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆုကို ဖိလစ္ပိုင္ သတင္းစာဆရာမ Maria Ressa နဲ႔ ႐ုရွားသတင္းစာဆရာ Dmitry Muratov တို႔ကို ပူးတြဲ ခ်ီးႁမွင့္ခံခဲ့ရပါတယ္။ ဒီ့မတိုင္ခင္ ဆုရွင္ေတြထဲမွာေတာ့ အေမရိကန္ျပည္ေထာင္စုမွာ တန္းတူညီမွ်ေရးအတြက္ တိုက္ပြဲဝင္ခဲ့တဲ့ ျပည္သူ႔အခြင့္အေရး ေခါင္းေဆာင္ မာတင္လူသာကင္း ဂ်ဴနီယာ၊ ေတာင္အာဖရိကရဲ႕ အသားအေရာင္ ခြဲျခားမႈ တိုက္ဖ်က္ေရး လူထုေခါင္းေဆာင္ နယ္လ္ဆင္မန္ဒဲလား၊ ျမန္မာ့ ဒီမိုကေရစီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ အေမရိကန္သမၼတေဟာင္း ဘရက္ခ္အိုဘားမားတို႔လည္း ခ်ီးျမွင့္ခံခဲ့ရဖူးပါတယ္။

ဒီႏွစ္ ႏိုဘဲလ္ ၿငိမ္းခ်မ္းေရးဆုအတြက္ ဆုေငြ ဆြီဒင္ ခ႐ိုနာ ၁၀ သန္း (အေမရိကန္ေဒၚလာ ၁ သန္းနီးပါး) နဲ႔ ေရြတံဆိပ္ဆုကိုေတာ့ ဆုရရွိသူေတြ အညီအမွ် ခြဲေဝယူၾကရမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

၂၀၂၂ နိုဘဲလ်ငြိမ်းချမ်းရေးဆု လူ့အခွင့်အရေးဆောင်ရွက်သူ ၁ ဦးနဲ့ အဖွဲ့အစည်း ၂ ခု ပူးတွဲရရှိ

ဒီနှစ် ၂၀၂၂ ခုနှစ်အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆုကို ဘဲလားရုစ်နိုင်ငံက လူ့အခွင့်အရေး ဦးဆောင်လှုပ်ရှားသူတဦးနဲ့အတူ ယူကရိန်းလူ့အခွင့်အရေးအဖွဲ့တခုနဲ့ ရုရှားလူ့အခွင့်အရေးအဖွဲ့ တခုတို့ကို ပူးတွဲ ချီးမြှင့်လိုက်ပါတယ်။

ဒီနှစ်အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆုကို အကျဉ်းကျခံနေရတဲ့ ဘဲလားရုစ်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အဲလက်စ် ဘီယာလေယာစကီ [Ales Bialiatski] ၊ ရုရှားလူ့အခွင့်အရေးအဖွဲ့ Memorial နဲ့ ယူကရိန်း လူ့အခွင့်အရေးအဖွဲ့ Center for Civil Liberties တို့ကို ချီးမြှင့်လိုက်” တဲ့အကြောင်း ဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ Berit Reiss-Andersen က ဒီကနေ့ ကြေညာသွားတာပါ။

သူတို့ဟာ ဘဲလားရုစ်၊ ရုရှားနဲ့ ယူကရိန်းနိုင်ငံတွေမှာ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးအတွက် ရှေ့တန်းကနေ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြတာကြောင့် ခုလို ချီးမြှင့်တာ ဖြစ်တယ်လို့ ဆုရွေးချယ်ရေး ကော်မတီက ပြောပါတယ်။ သူတို့ဟာ နိုင်ငံတွင်းက အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို ကိုယ်စားပြုပြီး အာဏာရှင်တွေကို ဝေဖန် ထောက်ပြခွင့်တွေ ပိုမို ရရှိလာအောင်၊ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို ကာကွယ်ပေးနိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြသူတွေဖြစ်တယ်လို့လည်း ဆုရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌက ပြောသွားပါတယ်။

ဒီနှစ် ဆုရှင်တဦးဖြစ်တဲ့ အဲလက်စ် ဘီယာလေယာစကီ ဟာ ပြီးခဲ့တဲ့နှစ်က ဘဲလားရုစ်နိုင်ငံရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီး အတိုက်အခံတွေ အင်အားသုံး နှိမ်နင်းခံရချိန်မှာ ဖမ်းဆီး ထောင်ချခံခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ဖိလစ်ပိုင် သတင်းစာဆရာမ Maria Ressa နဲ့ ရုရှားသတင်းစာဆရာ Dmitry Muratov တို့ကို ပူးတွဲ ချီးမြှင့်ခံခဲ့ရပါတယ်။ ဒီ့မတိုင်ခင် ဆုရှင်တွေထဲမှာတော့ အမေရိကန်ပြည်ထောင်စုမှာ တန်းတူညီမျှရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ပြည်သူ့အခွင့်အရေး ခေါင်းဆောင် မာတင်လူသာကင်း ဂျူနီယာ၊ တောင်အာဖရိကရဲ့ အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေး လူထုခေါင်းဆောင် နယ်လ်ဆင်မန်ဒဲလား၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမေရိကန်သမ္မတဟောင်း ဘရက်ခ်အိုဘားမားတို့လည်း ချီးမြှင့်ခံခဲ့ရဖူးပါတယ်။

ဒီနှစ် နိုဘဲလ် ငြိမ်းချမ်းရေးဆုအတွက် ဆုငွေ ဆွီဒင် ခရိုနာ ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး) နဲ့ ရွေတံဆိပ်ဆုကိုတော့ ဆုရရှိသူတွေ အညီအမျှ ခွဲဝေယူကြရမှာဖြစ်ပါတယ်။

XS
SM
MD
LG