သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေးကျောင်းဆရာသတ်ဖြတ်ခံရမှု အမေရိကန်ရှုတ်ချ 


အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price 
အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price 

[[Zawgyi/Unicode]]

မကွေးတိုင်း ပေါက်မြို့နယ်မှာ ကျောင်းဆရာတဦးကို စစ်ကောင်စီတပ်က လူမြင်ကွင်းမှာ ကိုယ်အင်္ဂါတွေ ဖြတ်တောက်သတ်ဖြတ်ထားတဲ့အပေါ် အမေရိကန်က ရှုတ်ချလိုက်ပါတယ်။

မကွေးတိုင်း တောင်မြင့်ကျေးရွာက ကျောင်းဆရာ ဦးစောထွန်းမိုးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး ခေါင်းနဲ့ ခြေလက်တွေဖြတ် သတ်ခဲ့တဲ့သတင်းက တုန်လှုပ်စရာကောင်းလွန်းတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က ရှုတ်ချလိုက်ပါတယ်။ ခုလို ကျောင်းဆရာ ဆရာမတွေအပါအဝင် ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်တပ်လုပ်ရပ်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် တုံ့ပြန်ကြဖို့လည်း ပြောခွင့်ရ Price က တွစ်တာလူမှုကွန်ယက်ပေါ်ကနေ ဗုဒ္ဓဟူးနေ့က တောင်းဆိုခဲ့ပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရ ကျေးရွာစာသင်ကျောင်းက ဆရာဦးစောထွန်းမိုးကို အောက်တိုဘာ ၁၆ ရက် တနင်္ဂနွေနေ့က စစ်တပ် က လာဖမ်းသွားတာလို့ ဒေသခံတွေက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။ အောက်တိုဘာ ၁၇ ရက် တနင်္လာနေ့မှာတော့ ရက်ရက်စက်စက်သတ်ဖြတ်ခံထားရတဲ့ အလောင်းပုံနဲ့ ခေါင်းပြတ်ကို ကျောင်းတံခါးဂိတ်မှာ ချိတ်ဆွဲထားတဲ့ဓါတ်ပုံတွေ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အဲဒီနယ်မြေမှာ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်တာမရှိကြောင်းနဲ့ ဒေသခံ အချင်းချင်း မသင့်မြတ်လို့ သတ်ဖြတ်မှုသာဖြစ်ပြီး စစ်တပ်ကသတ်တာမဟုတ်ကြောင်း VOA ရဲ့ အမေးကိုတုံ့ပြန်ထားပါတယ်။

အာဏာသိမ်းအပြီး စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား လက်နက်ကိုင်တိုက်ခိုက်မှုတွေရှိလာနေတဲ့ မကွေးတိုင်းဒေသကြီးထဲမှာ၊ ခုလို အရပ်သားပြည်သူ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေ ရှိနေပြီး၊ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေလည်း တနေ့တခြား တိုးလာနေတယ်လို့ လေ့လာစောင့်ကြည်သူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]







XS
SM
MD
LG