သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီက်င္းပမယ့္ ေ႐ြးေကာက္ပြဲအလားအလာ အကဲခတ္ေတြရဲ႕အျမင္


ယခင္မွတ္တမ္းဓာတ္ပံု

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ ေရွ႕ႏွစ္ထဲ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ဖို႔ ႏိုင္ငံအေျခအေနတည္ၿငိမ္ေအာင္ႀကိဳးစားေနၿပီး ေ႐ႊ႕ဆိုင္းမယ္၊ မေ႐ႊ႕ဆိုင္းဘူးဆိုတာေျပာဖို႔ ေစာေသးတယ္လို႔ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က သူ႔႐ုရွားခရီးစဥ္အတြင္း ေျပာၾကားခဲ့ပါတယ္။ စစ္ေကာင္စီက ေ႐ြးခ်ယ္ခန႔္အပ္ထားတဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္ကလည္း အေျခခံ မဲဆႏၵရွင္စာရင္းေတြ မွန္ကန္ေအာင္ ေဆာင္ ႐ြက္မွာျဖစ္တယ္၊ ေနာက္ ေ႐ြးေကာက္ပြဲစနစ္ဥပေဒေတြကို ျပင္ဆင္ျပ႒ာန္း ေျပာင္းလဲက်င့္သုံးဖို႔ ရွိတယ္လို႔ ေျပာဆိုထားပါတယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ မဲမသမာမႈေတြ ရွိခဲ့တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အာဏာသိမ္းခဲ့တဲ့ စစ္ေကာင္စီက ဦးေဆာင္က်င္းပမယ့္ ေ႐ြးေကာက္ပြဲအေပၚ အျမင္သေဘာထားေတြကို မဆုမြန္ စုစည္းတင္ျပထားပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ေ႐ြးေကာက္ပြဲ မဲမသမာမႈေတြျဖစ္ခဲ့တယ္ဆိုတဲ့ အဓိက အေၾကာင္းျပခ်က္နဲ႔ ၂၀၂၁ ေဖေဖာ္ဝါရီလ ၁ရက္ေန႔ မွာ ျမန္မာႏိုင္ငံကို စစ္အာဏာသိမ္းခဲ့တဲ့ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အေနနဲ႔ ႐ုရွားခရီးစဥ္အတြင္း ႐ုရွားသတင္းဌာန နဲ႔ ေတြ႕ဆုံခ်ိန္ လာမယ့္ႏွစ္ ၂၀၂၃ ခုႏွစ္ထဲ ေ႐ြးေကာက္ပြဲ က်င္းပဖို႔ ျပင္ဆင္ေနတယ္။ ႏိုင္ငံရဲ႕ အေျခအေနကို တည္ၿငိမ္ေအာင္ ႀကိဳးစားေနၿပီးေတာ့ ေ႐ြးေကာက္ပြဲ ေ႐ႊ႕ဆိုင္းမယ္၊ မေ႐ႊ႕ဆိုင္းဘူးဆိုတာေျပာဖို႔ ေစာေသးတယ္ဆိုၿပီးေတာ့ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အေနနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔အညီ အာဏာကို ထိန္းသိမ္းထားတယ္ဆိုတာ ျပသခ်င္တာေၾကာင့္ေရာ၊ လက္ရွိ ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံ ႏိုင္ငံေရးအက်ပ္အတည္းကေန ထြက္ေပါက္တခုအေနနဲ႔ ေဆာင္႐ြက္မယ့္သေဘာျဖစ္တယ္လို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ လႊတ္ေတာ္သက္တမ္း ႏွစ္ႀကိမ္တာဝန္ထမ္းေဆာင္ခဲ့ဖူးသူ ႏိုင္ငံေရးေလ့လာအကဲခတ္ ဦးေဖသန္းက ရႈျမင္ပါတယ္။

“ဒီေတာ့ ဒီေ႐ြးေကာက္ပြဲက သူ႔အတြက္ သိပ္အေရးႀကီးတာေပါ့ေနာ္။ ေနာင္ႏွစ္ ၾသဂုတ္လမွာ ေ႐ြးေကာက္ပြဲလုပ္မယ္လို႔ သူ႔ဘက္က လ်ာထားတာေပါ့။ ဒါေၾကာင့္လည္း ေ႐ြးေကာက္ပြဲေကာ္မရွင္ ျပန္လည္ျပင္ဆင္တာတို႔၊ ဖြဲ႕စည္းတာတို႔၊ အထူးသျဖင့္ PR စနစ္နဲ႔သြားဖို႔ ရည္႐ြယ္တဲ့အတြက္ PR စနစ္နဲ႔ အက်ဳံးဝင္ေအာင္ ဖြဲ႔စည္းပုံကို ျပင္ရမွာေပါ့။ ဒါေပမယ့္ ဒီအခ်ိန္မွာေတာ့ ဥပေဒျပဳေရးလည္း စစ္တပ္ပဲ၊ အုပ္ခ်ဳပ္တာလည္း စစ္တပ္ပဲဆိုတာ့ သူကေတာ့ ေ႐ြးေကာက္ပြဲတခုျဖစ္ေအာင္ ဥပေဒေတြကို ျပ႒ာန္းၿပီး လုပ္ေတာ့မွာကေတာ့ ေသခ်ာတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔အညီ အာဏာကို ထိန္းထားပါတယ္လို႔ ေျပာတဲ့အခါမွာ ဖြဲ႕စည္းပုံနဲ႔အညီလို႔ေျပာၾကမယ္ဆို တကယ္က ႏွစ္ႏွစ္ခြဲေလာက္ေတာင္ အခ်ိန္ကို ေရာက္သြားမွာေပါ့။ ဒါေပမဲ့ အဲ့ဒီ့အခ်ိန္မွာ အာဏာကို ျပည္သူကိုျပန္အပ္မယ္ ဆိုတဲ့သေဘာနဲ႔ ေ႐ြးေကာက္ပြဲကို လုပ္မယ္ေပါ့။ ဒါက သူ႔အတြက္ေတာ့ ႏိုင္ငံေရးအက်ပ္အတည္းကေန ထြက္ေပါက္တခုလည္း ျဖစ္တယ္ေပါ့။ ဒီလို ေ႐ြးေကာက္ပြဲက်င္းပတဲ့အခါ ေ႐ြးေကာက္ပြဲ အဂၤါရပ္နဲ႔ညီမလား Free and Fair ျဖစ္မလား။ ျပည္သူေတြ ဘယ္ေလာက္ စိတ္ဝင္စားမႈ ရွိမလဲ။ သူ႔ဘက္ကေတာ့ မျဖစ္ျဖစ္ေအာင္ လုပ္မွာပဲ။ ေနရာေဒသ ဘယ္ေလာက္ကို လႊမ္းၿခဳံလုပ္ႏိုင္မလဲ ေနာက္ အဲ့ဒီ့အခ်ိန္အခါမွာ လုပ္ႏိုင္ေလာက္တဲ့ အခင္းအက်င္း အထူးသျဖင့္ နယ္ေျမတည္ၿငိမ္ေရး၊ လုံၿခဳံေရးေတြကေရာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေလာက္တဲ့ ပုံမွန္အေျခအေန ရွိမလား နယ္ေျမတည္ၿငိမ္မႈက ဘယ္ေလာက္ရွိမလဲ အဲ့တာေတြကေတာ့ စကားေျပာလာမွာေပါ့။”

စစ္ေကာင္စီအေနနဲ႔ အစိုးရဖြဲ႕စည္းႏိုင္ေရးအတြက္ေရာ ေ႐ြးေကာက္ပြဲက်င္းပခ်ိန္႔ ႏိုင္ေျခရွိတယ္လို႔ တြက္ဆထားတဲ့အတြက္ ၂၀၂၃ ေ႐ြးေကာက္ပြဲကို မျဖစ္မေန က်င္းပႏိုင္ေျခရွိတယ္လို႔လည္း ဦးေဖသန္းက ခန႔္မွန္းပါတယ္။

“ ေ႐ြးေကာက္ပြဲကေတာ့ စစ္ေကာင္စီဘက္ကေတာ့ မျဖစ္မေန လုပ္မွာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီအခ်ိန္မွာ ေ႐ြးေကာက္ပြဲ လုပ္ရင္ သူတို႔ဘက္က ကြၽတ္ကြၽတ္လြတ္လြတ္ အႏိုင္ရႏိုင္တယ္ဆိုတာ ေသခ်ာတယ္ေပါ့။ နဂိုကတည္းကလည္း လႊတ္ေတာ္ထဲမွာ ၂၅% က ယူထားၿပီးသားဆိုေတာ့ အခုအခါမွာ NLD လို အတိုက္အခံပါတီလည္း မရွိဘူး။ ေနာက္ ပါတီငယ္ေလးေတြပဲ ရွိမွာေပါ့။ သူတို႔ လိုသလို ကစားလို႔ရတာေပါ့။ ျပည္ခိုင္ၿဖိဳးပါတီကေတာ့ ျပန္ၿပီး ေခါင္းေထာင္လာမွာေပါ့။ ဒီလို ျပည္ခိုင္ၿဖိဳးပါတီရယ္ ေနာက္ လႊတ္ေတာ္ထဲမွာ စစ္တပ္ဘက္က တပ္မေတာ္သား ကိုယ္စားလွယ္ေတြရယ္၊ ေနာက္ သူတို႔နဲ႔ မဟာမိတ္ပါတီေတြရယ္ ေပါင္းလိုက္ရင္ေတာ့ သူ႔ဘက္က စစ္တပ္ဘက္က လြတ္လြတ္ကြၽတ္ကြၽတ္ အစိုးရဖြဲ႕ႏိုင္တဲ့ ရာခိုင္ႏႈန္း ျပည့္သြားမွာေပါ့။ အဲ့ဒီ့အားသာခ်က္ေတြေတာ့ သူ႔မွာ ရွိေနတယ္။ ဒါေၾကာင့္ ကတိကဝတ္အတိုင္း ေ႐ြးေကာက္ပြဲ လုပ္ေပးမယ္၊ နဂိုကတည္းကလည္း ဝန္ႀကီးသုံးေနရာယူထားတယ္ ဒုသမၼတလည္း ယူထားတယ္။ အခုဆို သမၼတလည္း သူတို႔ဘက္က ျဖစ္သြားႏိုင္ၿပီေပါ့။ အဲ့ဒီ့အခင္းအက်င္းကိုေတာ့ သူ႔ဘက္က လက္လြတ္ခံမွာ မဟုတ္ဘူး။ ဒါေပမယ့္ ျပည္သူူလူထု ဘယ္ေလာက္ စိတ္ဝင္စားမႈရွိသလဲ၊ ႏိုင္ငံတကာကေရာ ဘယ္ေလာက္ေထာက္ခံမလဲ။ ေ႐ြးေကာက္ပြဲက Free and Fair ျဖစ္ရဲ႕လား။ နယ္ေျမတည္ၿငိမ္မႈက ဘယ္လိုျဖစ္မလဲ၊ အဲ့တာေတြကေတာ့ ေစာင့္ၾကည့္ရမွာေပါ့။”

လတ္တေလာမွာေတာ့ စစ္ေကာင္စီ ခန႔္အပ္ထားတဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္က ေ႐ြးေကာက္ပြဲဆိုင္ရာ ဥပေဒတခ်ိဳ႕ကို ေျပာင္းလဲက်င့္သုံးႏိုင္ေရး၊ ေ႐ြးေကာက္ပြဲဆိုင္ရာ လုပ္ထုံးလုပ္နည္းတခ်ိဳ႕ကို ျပင္ဆင္ပယ္ဖ်က္ႏိုင္ဖို႔ ေဆာင္႐ြက္ေနတာေတြရွိပါတယ္။ လာမယ့္ေ႐ြးေကာက္ပြဲအတြက္ ျပင္ဆင္ေနတဲ့အေျခအေနကို ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးခင္ေမာင္ဦးက ၿပီးခဲ့တဲ့လက ေနျပည္ေတာ္မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ အခုလိုေျပာခဲ့ပါတယ္။

“ၿပီးခဲ့တဲ့၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ျဖစ္ခဲ့တဲ့ ျဖစ္စဥ္ေတြ ဒါေတြကို သုံးသပ္ပါတယ္။ ေနာက္တခုကေတာ့ ႏိုင္ငံေရးပါတီေတြကိုစစ္ပါတယ္။ စစ္တဲ့အခါ ေတြ႕ရွိရတဲ့ ေတြ႕ရွိခ်က္ေတြကို သုံးသပ္ပါတယ္။ အဲဒီအေပၚမူတည္ၿပီး ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္းဥပေဒနဲ႔ နည္းဥပေဒကို အသစ္ျပဌာန္းႏိုင္ဖို႔ ေဆာင္႐ြက္ေနပါတယ္။ မၾကာခင္ ၿပီးမယ္ထင္ပါတယ္။ အဲဒါၿပီးရင္ေတာ့ အဲဒီ ဥပေဒနဲ႔အညီ ထပ္ၿပီးေတာ့ မွတ္ပုံတင္ခ်င္တဲ့ ႏိုင္ငံေရးပါတီအသစ္အျဖစ္ တည္ေထာင္ခြင့္နဲ႔ ေလွ်ာက္ထားမယ့္ ပါတီေတြဟာအဲ ဥပေဒအတိုင္း ေဆာင္႐ြက္ခြင့္ရမွာျဖစ္ပါတယ္။”

အခုလို စစ္ေကာင္စီဘက္ကေရာ ေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္ကေရာ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရး ျပင္ဆင္ေနၾကတဲ့အခ်ိန္ စစ္အာဏာသိမ္းခံထားရတဲ့ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအေျခအေန အထူးသျဖင့္ အာဏာသိမ္းမႈကို ဆန႔္က်င္ဆႏၵျပေနၾကဆဲ ဆႏၵျပလႈပ္ရွားမႈေတြအပါအဝင္ ျပည္သူ႔ကာကြယ္ေရးတပ္ေတြဘက္က နယ္ေျမတခ်ိဳ႕မွာ လက္နက္ကိုင္ေတာ္လွန္ေနၾကတဲ့အေျခအေနနဲ႔ ျပည္သူလူထုရဲ႕ သေဘာထားကေရာ ဘယ္လိုအေျခအေန ရွိႏိုင္ပါသလဲ။ ျမန္မာႏိုင္ငံ ေရွ႕ေနမ်ားကြန္ယက္ဥကၠ႒ တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးႀကီးျမင့္က အခုလိုသုံးသပ္ပါတယ္။

“ ေ႐ြးေကာက္ပြဲကေတာ့ သူရဲ႕သေဘာထားကေတာ့ မျဖစ္ျဖစ္ေအာင္ကို လုပ္မွာ။ အဲ့ဒီ့ေ႐ြးေကာက္ပြဲကို ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ ေ႐ြးေကာက္ပြဲျဖစ္သြားလို႔ ေ႐ြးေကာက္ပြဲျဖစ္သြားတယ္ဆိုရင္ အစိုးရဖြဲ႕ႏိုင္ၿပီ ဆိုရင္ သူက သမၼတျဖစ္ၿပီ ျဖစ္ၿပီဆိုရင္ De Jure Government ျဖစ္ၿပီဆိုရင္ တရားဝင္အစိုးရျဖစ္သြားတယ္ဆိုၿပီး အာဆီယံႏိုင္ငံေတြကိုလိမ္မယ္။ သူ႔ကို မဟာမိတ္လုပ္ထားတဲ့ ႐ုရွားကို လိမ္မယ္။ တ႐ုတ္ကေတာ့ ယုံတဝက္ မယုံတဝက္ေပါ့ေလ ဘာပဲျဖစ္ျဖစ္ သူ႔မွာ သံတမန္ေရး ေအာင္ပြဲႀကီးရသြားမယ္လို႔ သူက ဒီလိုယုံၾကည္ထားတယ္။ သို႔ေသာ္လည္း တိုင္းျပည္ရဲ႕အေျခအေနက ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္ေတာ့တဲ့ အေျခအေနမ်ိဳး မဟုတ္ေတာ့ဘူးဆိုရင္-သူတို႔ဘက္ကေတာ့ အဆင္သင့္ျပင္ထားတာေပါ့။ အဲ့လိုျပင္ထားခ်ိန္မွာပဲ စစ္ကိုင္းတိုင္းလို မေကြးတိုင္းလို ကယားျပည္နယ္လို ခ်င္းျပည္နယ္လိုမ်ိဳး ကခ်င္ျပည္နယ္လိုမ်ိဳး ကရင္ျပည္နယ္လိုမ်ိဳး ရန္ကုန္တိုင္းလိုမ်ိဳးမွာ ဘယ္လိုလုပ္မလဲဆိုတာ က်ေနာ္ကေတာ့ျဖင့္ ေ႐ြးေကာက္ပြဲက အေတာ္ရင္ေလးစရာေကာင္းတယ္။ NUG ဘက္ကလည္း ေ႐ြးေကာက္ပြဲကို မျဖစ္ေအာင္ တိုက္မယ္လို႔ ဆုံးျဖတ္ထားတယ္။ ျပည္သူလူထုအတြက္ကလည္း အဲ့လိုဆုံးျဖတ္ထားတယ္။ ဆိုေတာ့ အဲ့ဒီ့ၾကားထဲမွာ ေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္က သူတို႔ ဘယ္လိုပဲျပင္ျပင္ေပါ့ေလ။ ျပင္ဖို႔ကေတာ့ သူတို႔ ဝတၱရားေပါ့ေလ ကမာၻႀကီးက အေမရိကန္တို႔ မေလးရွားတို႔ကဆိုရင္ ေျပာၿပီေလ မယုံၾကည္ရဘူး အတုအေယာင္ အလိမ္အညာ ေ႐ြးေကာက္ပြဲျဖစ္လိမ့္မယ္လို႔။ ေျပာတဲ့ၾကားက သူတို႔ မရွက္ရင္ေတာ့ လုပ္ေပါ့ေလ။ မျဖစ္ဖို႔လည္း မ်ားတယ္။ လူထုကေတာ့ လုံးဝ အယုံအၾကည္မရွိဘူးေလ ဒါေပမဲ့ မဲလာမေပးရင္ ဖမ္းမယ္ ဆီးမယ္ သတ္မယ္ ျဖတ္မယ္ ေထာင္ခ်မယ္ ဝန္ထမ္းေတြဆိုရင္ အေရးယူမယ္ အဲ့တာမ်ိဳး လုပ္လာရင္ေတာ့ တခ်ိဳ႕ေနရာေတြမွာ ျဖစ္သြားႏိုင္တာပဲ။ အမ်ားစုမွာေတာ့ မျဖစ္ႏိုင္ဘူး ဒါကေတာ့ ေသခ်ာတယ္။”

လတ္တေလာမွာေတာ့ တိုင္းရင္းေဒသတခ်ိဳ႕မွာ မဲဆႏၵေပးပိုင္ခြင့္ရွိသူ ျပည္သူေတြရဲ႕စာရင္းေတြ လိုက္လံေကာက္ယူေနၿပီျဖစ္ပါတယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲတုန္းက နယ္ေျမမတည္ၿငိမ္မႈေတြအပါအဝင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မက်င္းပျဖစ္ခဲ့တဲ့ ရခိုင္ျပည္နယ္က မဲဆႏၵနယ္တိုင္းရင္းနယ္ေျမတခ်ိဳ႕မွာ ျပန္က်င္းပႏိုင္ေျခရွိမရွိ ဆိုတဲ့အေပၚမွာလည္း အကဲခတ္ေတြဘက္က ေမးခြန္းထုတ္တာရွိပါတယ္။ ဒီအေပၚ ရခိုင္လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းဦးေဖသန္းရဲ႕အျမင္က-

“စစ္ေကာင္စီဘက္က တိုင္းရင္းသားပါတီေတြကို ဖိတ္ေခၚၿပီးေတာ့ PR စနစ္ကို လက္ခံဖို႔-ေဆြးေႏြးေနတာေတြရွိတယ္။ တိုင္းရင္းသားပါတီေတြဘက္ကလည္း ေ႐ြးေကာက္ပြဲကို ဝင္ၿပိဳင္ၾကတာလည္း ရွိမွာပဲ။ ဒါေပမဲ့ ဒီဖြဲ႕စည္းပုံအရဆိုရင္လည္း တိုင္းရင္းသားေတြ ေမွ်ာ္မွန္းထားတဲ့ အခြင့္အေရးမ်ိဳးကေတာ့ ရလာဖို႔မရွိဘူး။ ဒီလိုအေျခအေနမ်ိဳးမွာေပါ့ေနာ္ ေ႐ြးေကာက္ပြဲကို က်ေနာ္တို႔ ရခိုင္ျပည္နယ္မွာ က်င္းပလို႔ရမလား၊ မရဘူးလားဆိုတာက လုံၿခဳံေရး စစ္ေရးအေျခအေနက စကားေျပာပါတယ္။ အရင္တုန္းကလည္းပဲ NLD အစိုးရလက္ထက္မွာ သူတို႔ႏိုင္ေျခမရွိတဲ့နယ္ေျမၿမိဳ႕နယ္ေတြကို ျဖဳတ္ပစ္ခဲ့တယ္ ေ႐ြးေကာက္ပြဲ မလုပ္ဘူးေပါ့။ စစ္ေကာင္စီဘက္ကလည္း အခုလည္း အဲ့လိုပဲေပါ့ သူတို႔ႏိုင္ေျခမရွိတဲ့ မဲဆႏၵနယ္ကို သူတို႔က ျဖဳတ္ပစ္ခဲ့မွာပဲ အကုန္လုံးပါဝင္ႏိုင္တဲ့ ေ႐ြးေကာက္ပြဲေတာ့ မျဖစ္ေလာက္ဘူး။ ဒါေၾကာင့္မို႔လို႔ သူတို႔ဘက္ကေတာ့ ျဖစ္ႏိုင္တဲ့ေနရာေတြကို လုပ္သြားမယ္။ အစိုးရသစ္ေပၚလာမယ့္ အခင္းအက်င္းကို သူတို႔ ဖန္တီးသြားမယ္ေပါ့။

လာမယ့္ႏွစ္ ၂၀၂၃ မွာ စစ္ေကာင္စီက ဦးေဆာင္က်င္းပမယ့္ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ အေမရိကန္ျပည္ေထာင္စုရဲ႕သေဘာထားကို ကေမာၻဒီးယားႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၾသဂုတ္လ က က်င္းပခဲ့တဲ့ အေရွ႕အာရွ ထိပ္သီးညီလာခံနဲ႔ အာဆီယံ ေဒသတြင္းလုံၿခဳံေရးေဆြးေႏြးပြဲေတြကို တက္ေရာက္ခဲ့တဲ့ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကလည္း ျပတ္ျပတ္သားသားေျပာဆိုထားပါတယ္။

“ ျမန္မာႏိုင္ငံမွာ ေရွ႕ႏွစ္ စစ္ေကာင္စီ က်င္းပမယ့္ အတုအေယာင္ ေ႐ြးေကာက္ပြဲကို မေထာက္ခံမိဖို႔ ႏိုင္ငံတကာ အသိုင္းအဝိုင္းကို အျပင္းအထန္တိုက္တြန္းခ်င္ပါတယ္။ လက္ရွိအေျခအေနေတြေအာက္ က်င္းပတဲ့ ေ႐ြးေကာက္ပြဲဟာ လြတ္လပ္မွ်တမႈရွိတဲ့ ေ႐ြးေကာက္ပြဲ မျဖစ္ႏိုင္ပါဘူး။”

လတ္တေလာမွာေတာ့ ေ႐ြးေကာက္ပြဲ မသမာမႈေတြရွိခဲ့တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ - ၂၀၂၀ေ႐ြးေကာက္ပြဲအႏိုင္ရပါတီ NLD က ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ပါတီထိပ္တန္းေခါင္းေဆာင္ေတြကို ေ႐ြးေကာက္ပြဲအႏိုင္ရေရး မေလ်ာ္ၾသဇာ သုံးခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ အခုခ်ိန္အထိ ေထာင္ဒဏ္အသီးသီးခ်မွတ္ေနတာပါ။ ျမန္မာႏိုင္ငံ တိုင္းနဲ႔ျပည္နယ္ ေဒသတခ်ိဳ႕မွာ စစ္အာဏာရွင္ဆန႔္က်င္ေရး ျပည္သူ႔ကာကြယ္ေရးတပ္ေတြရဲ႕ လက္နက္ကိုင္လႈပ္ရွားမႈေတြ အရွိန္ျမင့္ေနဆဲျဖစ္ပါတယ္။

ဒါေပမယ့္ အာဏာသိမ္းစစ္ေကာင္စီရဲ႕ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဘက္ကေတာ့ ျမန္မာႏိုင္ငံမွာျဖစ္ပြားေနတဲ့ ပဋိပကၡေတြ ထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္ေၾကာင္းနဲ႔ ေရွ႕လာမယ့္ ေ႐ြးေကာက္ပြဲကို စီစဥ္ထားတဲ့အတိုင္း ၾသဂုတ္လ ေလာက္မွာ က်င္းပဖို႔ရွိတယ္။ လက္ရွိမွာ ႏိုင္ငံတြင္း ၿငိမ္းခ်မ္းေရးနဲ႔ စီးပြားအားေကာင္းတည္ၿငိမ္ေအာင္ ႀကိဳးစားေနၿပီး ေ႐ြးေကာက္ပြဲ ျဖစ္ေအာင္ ႀကိဳးစားေဆာင္႐ြက္ေနပါတယ္လို႔ သူ႔ရဲ႕ ႐ုရွားခရီးစဥ္အတြင္း Russian News Agency ကိုေျပာဆိုထားတာေၾကာင့္ လာမယ့္ႏွစ္ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ျခင္း ရွိ-မရွိဆိုတာကေတာ့ ေစာင့္ၾကည့္ေနရဦးမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------

[[Unicode]]

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအလားအလာ အကဲခတ်တွေရဲ့အမြင်

မြန်မာနိုင်ငံမှာ ရှေ့နှစ်ထဲ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နိုင်ငံအခြေအနေတည်ငြိမ်အောင်ကြိုးစားနေပြီး ရွှေ့ဆိုင်းမယ်၊ မရွှေ့ဆိုင်းဘူးဆိုတာပြောဖို့ စောသေးတယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရုရှားခရီးစဉ်အတွင်း ပြောကြားခဲ့ပါတယ်။ စစ်ကောင်စီက ရွေးချယ်ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဘက်ကလည်း အခြေခံ မဲဆန္ဒရှင်စာရင်းတွေ မှန်ကန်အောင် ဆောင် ရွက်မှာဖြစ်တယ်၊ နောက် ရွေးကောက်ပွဲစနစ်ဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်း ပြောင်းလဲကျင့်သုံးဖို့ ရှိတယ်လို့ ပြောဆိုထားပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် အမြင်သဘောထားတွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ မဲမသမာမှုတွေဖြစ်ခဲ့တယ်ဆိုတဲ့ အဓိက အကြောင်းပြချက်နဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့ မှာ မြန်မာနိုင်ငံကို စစ်အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ရုရှားခရီးစဉ်အတွင်း ရုရှားသတင်းဌာန နဲ့ တွေ့ဆုံချိန် လာမယ့်နှစ် ၂၀၂၃ ခုနှစ်ထဲ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတယ်။ နိုင်ငံရဲ့ အခြေအနေကို တည်ငြိမ်အောင် ကြိုးစားနေပြီးတော့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းမယ်၊ မရွှေ့ဆိုင်းဘူးဆိုတာပြောဖို့ စောသေးတယ်ဆိုပြီးတော့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အာဏာကို ထိန်းသိမ်းထားတယ်ဆိုတာ ပြသချင်တာကြောင့်ရော၊ လက်ရှိ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ နိုင်ငံရေးအကျပ်အတည်းကနေ ထွက်ပေါက်တခုအနေနဲ့ ဆောင်ရွက်မယ့်သဘောဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လွှတ်တော်သက်တမ်း နှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူ နိုင်ငံရေးလေ့လာအကဲခတ် ဦးဖေသန်းက ရှုမြင်ပါတယ်။

“ဒီတော့ ဒီရွေးကောက်ပွဲက သူ့အတွက် သိပ်အရေးကြီးတာပေါ့နော်။ နောင်နှစ် သြဂုတ်လမှာ ရွေးကောက်ပွဲလုပ်မယ်လို့ သူ့ဘက်က လျာထားတာပေါ့။ ဒါကြောင့်လည်း ရွေးကောက်ပွဲကော်မရှင် ပြန်လည်ပြင်ဆင်တာတို့၊ ဖွဲ့စည်းတာတို့၊ အထူးသဖြင့် PR စနစ်နဲ့သွားဖို့ ရည်ရွယ်တဲ့အတွက် PR စနစ်နဲ့ အကျုံးဝင်အောင် ဖွဲ့စည်းပုံကို ပြင်ရမှာပေါ့။ ဒါပေမယ့် ဒီအချိန်မှာတော့ ဥပဒေပြုရေးလည်း စစ်တပ်ပဲ၊ အုပ်ချုပ်တာလည်း စစ်တပ်ပဲဆိုတာ့ သူကတော့ ရွေးကောက်ပွဲတခုဖြစ်အောင် ဥပဒေတွေကို ပြဋ္ဌာန်းပြီး လုပ်တော့မှာကတော့ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အာဏာကို ထိန်းထားပါတယ်လို့ ပြောတဲ့အခါမှာ ဖွဲ့စည်းပုံနဲ့အညီလို့ပြောကြမယ်ဆို တကယ်က နှစ်နှစ်ခွဲလောက်တောင် အချိန်ကို ရောက်သွားမှာပေါ့။ ဒါပေမဲ့ အဲ့ဒီ့အချိန်မှာ အာဏာကို ပြည်သူကိုပြန်အပ်မယ် ဆိုတဲ့သဘောနဲ့ ရွေးကောက်ပွဲကို လုပ်မယ်ပေါ့။ ဒါက သူ့အတွက်တော့ နိုင်ငံရေးအကျပ်အတည်းကနေ ထွက်ပေါက်တခုလည်း ဖြစ်တယ်ပေါ့။ ဒီလို ရွေးကောက်ပွဲကျင်းပတဲ့အခါ ရွေးကောက်ပွဲ အင်္ဂါရပ်နဲ့ညီမလား Free and Fair ဖြစ်မလား။ ပြည်သူတွေ ဘယ်လောက် စိတ်ဝင်စားမှု ရှိမလဲ။ သူ့ဘက်ကတော့ မဖြစ်ဖြစ်အောင် လုပ်မှာပဲ။ နေရာဒေသ ဘယ်လောက်ကို လွှမ်းခြုံလုပ်နိုင်မလဲ နောက် အဲ့ဒီ့အချိန်အခါမှာ လုပ်နိုင်လောက်တဲ့ အခင်းအကျင်း အထူးသဖြင့် နယ်မြေတည်ငြိမ်ရေး၊ လုံခြုံရေးတွေကရော ရွေးကောက်ပွဲ ကျင်းပနိုင်လောက်တဲ့ ပုံမှန်အခြေအနေ ရှိမလား နယ်မြေတည်ငြိမ်မှုက ဘယ်လောက်ရှိမလဲ အဲ့တာတွေကတော့ စကားပြောလာမှာပေါ့။”

စစ်ကောင်စီအနေနဲ့ အစိုးရဖွဲ့စည်းနိုင်ရေးအတွက်ရော ရွေးကောက်ပွဲကျင်းပချိန့် နိုင်ခြေရှိတယ်လို့ တွက်ဆထားတဲ့အတွက် ၂၀၂၃ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပနိုင်ခြေရှိတယ်လို့လည်း ဦးဖေသန်းက ခန့်မှန်းပါတယ်။

“ ရွေးကောက်ပွဲကတော့ စစ်ကောင်စီဘက်ကတော့ မဖြစ်မနေ လုပ်မှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်မှာ ရွေးကောက်ပွဲ လုပ်ရင် သူတို့ဘက်က ကျွတ်ကျွတ်လွတ်လွတ် အနိုင်ရနိုင်တယ်ဆိုတာ သေချာတယ်ပေါ့။ နဂိုကတည်းကလည်း လွှတ်တော်ထဲမှာ ၂၅% က ယူထားပြီးသားဆိုတော့ အခုအခါမှာ NLD လို အတိုက်အခံပါတီလည်း မရှိဘူး။ နောက် ပါတီငယ်လေးတွေပဲ ရှိမှာပေါ့။ သူတို့ လိုသလို ကစားလို့ရတာပေါ့။ ပြည်ခိုင်ဖြိုးပါတီကတော့ ပြန်ပြီး ခေါင်းထောင်လာမှာပေါ့။ ဒီလို ပြည်ခိုင်ဖြိုးပါတီရယ် နောက် လွှတ်တော်ထဲမှာ စစ်တပ်ဘက်က တပ်မတော်သား ကိုယ်စားလှယ်တွေရယ်၊ နောက် သူတို့နဲ့ မဟာမိတ်ပါတီတွေရယ် ပေါင်းလိုက်ရင်တော့ သူ့ဘက်က စစ်တပ်ဘက်က လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်တဲ့ ရာခိုင်နှုန်း ပြည့်သွားမှာပေါ့။ အဲ့ဒီ့အားသာချက်တွေတော့ သူ့မှာ ရှိနေတယ်။ ဒါကြောင့် ကတိကဝတ်အတိုင်း ရွေးကောက်ပွဲ လုပ်ပေးမယ်၊ နဂိုကတည်းကလည်း ဝန်ကြီးသုံးနေရာယူထားတယ် ဒုသမ္မတလည်း ယူထားတယ်။ အခုဆို သမ္မတလည်း သူတို့ဘက်က ဖြစ်သွားနိုင်ပြီပေါ့။ အဲ့ဒီ့အခင်းအကျင်းကိုတော့ သူ့ဘက်က လက်လွတ်ခံမှာ မဟုတ်ဘူး။ ဒါပေမယ့် ပြည်သူူလူထု ဘယ်လောက် စိတ်ဝင်စားမှုရှိသလဲ၊ နိုင်ငံတကာကရော ဘယ်လောက်ထောက်ခံမလဲ။ ရွေးကောက်ပွဲက Free and Fair ဖြစ်ရဲ့လား။ နယ်မြေတည်ငြိမ်မှုက ဘယ်လိုဖြစ်မလဲ၊ အဲ့တာတွေကတော့ စောင့်ကြည့်ရမှာပေါ့။”

လတ်တလောမှာတော့ စစ်ကောင်စီ ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဘက်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတချို့ကို ပြောင်းလဲကျင့်သုံးနိုင်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းတချို့ကို ပြင်ဆင်ပယ်ဖျက်နိုင်ဖို့ ဆောင်ရွက်နေတာတွေရှိပါတယ်။ လာမယ့်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့အခြေအနေကို ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ပြီးခဲ့တဲ့လက နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောခဲ့ပါတယ်။

“ပြီးခဲ့တဲ့၂၀၂၀ ရွေးကောက်ပွဲမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေ ဒါတွေကို သုံးသပ်ပါတယ်။ နောက်တခုကတော့ နိုင်ငံရေးပါတီတွေကိုစစ်ပါတယ်။ စစ်တဲ့အခါ တွေ့ရှိရတဲ့ တွေ့ရှိချက်တွေကို သုံးသပ်ပါတယ်။ အဲဒီအပေါ်မူတည်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ နည်းဥပဒေကို အသစ်ပြဌာန်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ မကြာခင် ပြီးမယ်ထင်ပါတယ်။ အဲဒါပြီးရင်တော့ အဲဒီ ဥပဒေနဲ့အညီ ထပ်ပြီးတော့ မှတ်ပုံတင်ချင်တဲ့ နိုင်ငံရေးပါတီအသစ်အဖြစ် တည်ထောင်ခွင့်နဲ့ လျှောက်ထားမယ့် ပါတီတွေဟာအဲ ဥပဒေအတိုင်း ဆောင်ရွက်ခွင့်ရမှာဖြစ်ပါတယ်။”

အခုလို စစ်ကောင်စီဘက်ကရော ရွေးကောက်ပွဲကော်မရှင်ဘက်ကရော ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်နေကြတဲ့အချိန် စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ အထူးသဖြင့် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေကြဆဲ ဆန္ဒပြလှုပ်ရှားမှုတွေအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က နယ်မြေတချို့မှာ လက်နက်ကိုင်တော်လှန်နေကြတဲ့အခြေအနေနဲ့ ပြည်သူလူထုရဲ့ သဘောထားကရော ဘယ်လိုအခြေအနေ ရှိနိုင်ပါသလဲ။ မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က အခုလိုသုံးသပ်ပါတယ်။

“ ရွေးကောက်ပွဲကတော့ သူရဲ့သဘောထားကတော့ မဖြစ်ဖြစ်အောင်ကို လုပ်မှာ။ အဲ့ဒီ့ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရွေးကောက်ပွဲဖြစ်သွားလို့ ရွေးကောက်ပွဲဖြစ်သွားတယ်ဆိုရင် အစိုးရဖွဲ့နိုင်ပြီ ဆိုရင် သူက သမ္မတဖြစ်ပြီ ဖြစ်ပြီဆိုရင် De Jure Government ဖြစ်ပြီဆိုရင် တရားဝင်အစိုးရဖြစ်သွားတယ်ဆိုပြီး အာဆီယံနိုင်ငံတွေကိုလိမ်မယ်။ သူ့ကို မဟာမိတ်လုပ်ထားတဲ့ ရုရှားကို လိမ်မယ်။ တရုတ်ကတော့ ယုံတဝက် မယုံတဝက်ပေါ့လေ ဘာပဲဖြစ်ဖြစ် သူ့မှာ သံတမန်ရေး အောင်ပွဲကြီးရသွားမယ်လို့ သူက ဒီလိုယုံကြည်ထားတယ်။ သို့သော်လည်း တိုင်းပြည်ရဲ့အခြေအနေက ရွေးကောက်ပွဲ မကျင်းပနိုင်တော့တဲ့ အခြေအနေမျိုး မဟုတ်တော့ဘူးဆိုရင်-သူတို့ဘက်ကတော့ အဆင်သင့်ပြင်ထားတာပေါ့။ အဲ့လိုပြင်ထားချိန်မှာပဲ စစ်ကိုင်းတိုင်းလို မကွေးတိုင်းလို ကယားပြည်နယ်လို ချင်းပြည်နယ်လိုမျိုး ကချင်ပြည်နယ်လိုမျိုး ကရင်ပြည်နယ်လိုမျိုး ရန်ကုန်တိုင်းလိုမျိုးမှာ ဘယ်လိုလုပ်မလဲဆိုတာ ကျနော်ကတော့ဖြင့် ရွေးကောက်ပွဲက အတော်ရင်လေးစရာကောင်းတယ်။ NUG ဘက်ကလည်း ရွေးကောက်ပွဲကို မဖြစ်အောင် တိုက်မယ်လို့ ဆုံးဖြတ်ထားတယ်။ ပြည်သူလူထုအတွက်ကလည်း အဲ့လိုဆုံးဖြတ်ထားတယ်။ ဆိုတော့ အဲ့ဒီ့ကြားထဲမှာ ရွေးကောက်ပွဲကော်မရှင်ဘက်က သူတို့ ဘယ်လိုပဲပြင်ပြင်ပေါ့လေ။ ပြင်ဖို့ကတော့ သူတို့ ဝတ္တရားပေါ့လေ ကမ္ဘာကြီးက အမေရိကန်တို့ မလေးရှားတို့ကဆိုရင် ပြောပြီလေ မယုံကြည်ရဘူး အတုအယောင် အလိမ်အညာ ရွေးကောက်ပွဲဖြစ်လိမ့်မယ်လို့။ ပြောတဲ့ကြားက သူတို့ မရှက်ရင်တော့ လုပ်ပေါ့လေ။ မဖြစ်ဖို့လည်း များတယ်။ လူထုကတော့ လုံးဝ အယုံအကြည်မရှိဘူးလေ ဒါပေမဲ့ မဲလာမပေးရင် ဖမ်းမယ် ဆီးမယ် သတ်မယ် ဖြတ်မယ် ထောင်ချမယ် ဝန်ထမ်းတွေဆိုရင် အရေးယူမယ် အဲ့တာမျိုး လုပ်လာရင်တော့ တချို့နေရာတွေမှာ ဖြစ်သွားနိုင်တာပဲ။ အများစုမှာတော့ မဖြစ်နိုင်ဘူး ဒါကတော့ သေချာတယ်။”

လတ်တလောမှာတော့ တိုင်းရင်းဒေသတချို့မှာ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ပြည်သူတွေရဲ့စာရင်းတွေ လိုက်လံကောက်ယူနေပြီဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲတုန်းက နယ်မြေမတည်ငြိမ်မှုတွေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မကျင်းပဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က မဲဆန္ဒနယ်တိုင်းရင်းနယ်မြေတချို့မှာ ပြန်ကျင်းပနိုင်ခြေရှိမရှိ ဆိုတဲ့အပေါ်မှာလည်း အကဲခတ်တွေဘက်က မေးခွန်းထုတ်တာရှိပါတယ်။ ဒီအပေါ် ရခိုင်လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးဖေသန်းရဲ့အမြင်က-

“စစ်ကောင်စီဘက်က တိုင်းရင်းသားပါတီတွေကို ဖိတ်ခေါ်ပြီးတော့ PR စနစ်ကို လက်ခံဖို့-ဆွေးနွေးနေတာတွေရှိတယ်။ တိုင်းရင်းသားပါတီတွေဘက်ကလည်း ရွေးကောက်ပွဲကို ဝင်ပြိုင်ကြတာလည်း ရှိမှာပဲ။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံအရဆိုရင်လည်း တိုင်းရင်းသားတွေ မျှော်မှန်းထားတဲ့ အခွင့်အရေးမျိုးကတော့ ရလာဖို့မရှိဘူး။ ဒီလိုအခြေအနေမျိုးမှာပေါ့နော် ရွေးကောက်ပွဲကို ကျနော်တို့ ရခိုင်ပြည်နယ်မှာ ကျင်းပလို့ရမလား၊ မရဘူးလားဆိုတာက လုံခြုံရေး စစ်ရေးအခြေအနေက စကားပြောပါတယ်။ အရင်တုန်းကလည်းပဲ NLD အစိုးရလက်ထက်မှာ သူတို့နိုင်ခြေမရှိတဲ့နယ်မြေမြို့နယ်တွေကို ဖြုတ်ပစ်ခဲ့တယ် ရွေးကောက်ပွဲ မလုပ်ဘူးပေါ့။ စစ်ကောင်စီဘက်ကလည်း အခုလည်း အဲ့လိုပဲပေါ့ သူတို့နိုင်ခြေမရှိတဲ့ မဲဆန္ဒနယ်ကို သူတို့က ဖြုတ်ပစ်ခဲ့မှာပဲ အကုန်လုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတော့ မဖြစ်လောက်ဘူး။ ဒါကြောင့်မို့လို့ သူတို့ဘက်ကတော့ ဖြစ်နိုင်တဲ့နေရာတွေကို လုပ်သွားမယ်။ အစိုးရသစ်ပေါ်လာမယ့် အခင်းအကျင်းကို သူတို့ ဖန်တီးသွားမယ်ပေါ့။

လာမယ့်နှစ် ၂၀၂၃ မှာ စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့သဘောထားကို ကမ္ဘောဒီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ သြဂုတ်လ က ကျင်းပခဲ့တဲ့ အရှေ့အာရှ ထိပ်သီးညီလာခံနဲ့ အာဆီယံ ဒေသတွင်းလုံခြုံရေးဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း ပြတ်ပြတ်သားသားပြောဆိုထားပါတယ်။

“ မြန်မာနိုင်ငံမှာ ရှေ့နှစ် စစ်ကောင်စီ ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို မထောက်ခံမိဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို အပြင်းအထန်တိုက်တွန်းချင်ပါတယ်။ လက်ရှိအခြေအနေတွေအောက် ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုရှိတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ပါဘူး။”

လတ်တလောမှာတော့ ရွေးကောက်ပွဲ မသမာမှုတွေရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ - ၂၀၂၀ရွေးကောက်ပွဲအနိုင်ရပါတီ NLD က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီထိပ်တန်းခေါင်းဆောင်တွေကို ရွေးကောက်ပွဲအနိုင်ရရေး မလျော်သြဇာ သုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အခုချိန်အထိ ထောင်ဒဏ်အသီးသီးချမှတ်နေတာပါ။ မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ် ဒေသတချို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေ အရှိန်မြင့်နေဆဲဖြစ်ပါတယ်။

ဒါပေမယ့် အာဏာသိမ်းစစ်ကောင်စီရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်ကတော့ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းနဲ့ ရှေ့လာမယ့် ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်း သြဂုတ်လ လောက်မှာ ကျင်းပဖို့ရှိတယ်။ လက်ရှိမှာ နိုင်ငံတွင်း ငြိမ်းချမ်းရေးနဲ့ စီးပွားအားကောင်းတည်ငြိမ်အောင် ကြိုးစားနေပြီး ရွေးကောက်ပွဲ ဖြစ်အောင် ကြိုးစားဆောင်ရွက်နေပါတယ်လို့ သူ့ရဲ့ ရုရှားခရီးစဉ်အတွင်း Russian News Agency ကိုပြောဆိုထားတာကြောင့် လာမယ့်နှစ် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း ရှိ-မရှိဆိုတာကတော့ စောင့်ကြည့်နေရဦးမှာဖြစ်ပါတယ်။

XS
SM
MD
LG