သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ စီးပွားရေးမလုပ်ဖို့ ဂျပန်ကုမ္ပဏီတွေကို လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို  


Myanmar
Myanmar

[[Zawgyi/Unicode]]

လူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်နေတာရပ်ဆိုင်းလိုက်ဖို့ ဂျပန်ရင်းနှီးမြှုပ်နှံသူ အစုရှယ်ယာရှင်တွေကို လူ့အခွင့်အရေးအဖွဲ့ ၈ ဖွဲ့က ထပ်မံ တောင်းဆိုလိုက်ပါတယ်။ သြဂုတ်လ ၂၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ Mekong Watch နဲ့ Justice For Myanmar အဖွဲ့တို့ အပါအဝင် ၈ ဖွဲ့က ခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဂျပန်ကုမ္ပဏီကြီး ၃ ခုက မတည်ထားတဲ့ စင်္ကာပူကုမ္ပဏီ Yangon Museum Development Pte. Ltd. (YMD) က အစုရှယ်ယာ ၈၀ %၊ မြန်မာကုမ္ပဏီ ဖြစ်တဲ့ Yangon Technical and Trading Company Ltd. (YTT) က အစုရှယ်ယာ ၂၀ % ထည့်ဝင်ပြီး ဟိုတယ်နဲ့ရုံးခန်းအဆောက်အဦးတွေ တည်ဆောက် မယ့် စီမံချက်အတွက် Y Complex Company Ltd. ကို ဖွဲ့စည်းခဲ့ပါတယ်။

Y Complex Company Ltd က မြန်မာစစ်တပ်ရဲ့ စစ်ထောက်ချုပ်ရုံးကို မြေငှားခ တနှစ် ဒေါ်လာ ၂ သန်းနဲ့ အနှစ် ၅၀ ပေးသွင်းရမှာဖြစ်ပြီး ရင်းနှီးလွှဲပြောင်း စနစ် BOT နဲ့ လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့ ကြေညာချက်က ပြောပါတယ်။

အာဏာသိမ်းပြီး ၂၀၂၂ ဧပြီလအထိ ငွေပေးသွင်းပုံမရပေမယ့် ရင်းနှီးမြှုပ်နှံတဲ့ ဂျပန်ကုမ္ပဏီတွေဆီကို မေလက စာပေးပို့ခဲ့ရာမှာ ခိုင်မာတဲ့အဖြေ မပေးခဲ့ကြဘူးလို့ အဖွဲ့ ၈ ဖွဲ့က ပြောပါတယ်။ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ စိတ်ထင်သလို ထိန်းသိမ်းမှု၊ လိင်အကြမ်းဖက်မှု၊ ဖျောက်ဖျက်ပစ်မှုနဲ့ ညှင်းပန်းနှိပ်စက်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာစစ်တပ်က ကျူးလွန်အောင် Y Complex Company Ltd ရဲ့ စစ်တပ်ကို ပေးမယ့်ငွေတွေက ထောက်ကူပေးရာ ရောက်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

စင်္ကာပူကုမ္ပဏီ YMD ကို ဂျပန်ကုမ္ပဏီတွေဖြစ်ကြတဲ့ Tokyo Tatemono၊ Fujita Corporation (a subsidiary of Daiwa House Industry) နဲ့ ဂျပန် ဆောက်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း Japan Overseas Infrastructure Investment Corporation for Transport and Urban Development (JOIN) တို့က ထူထောင်ခဲ့ကြတာဖြစ်ပြီး JOIN ဟာ ဂျပန်အစိုးရ ထောက်ပံ့ငွေတချို့နဲ့ အလုပ်လုပ်နေတဲ့အဖွဲ့ ဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

[[Unicode]]







XS
SM
MD
LG