သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သတင္းမီဒီယာအေပၚ  စစ္တပ္ဖိႏွိပ္မႈ ဥေရာပပါလီမန္ ျပစ္တင္ 


ဘယ္လ္ဂ်ီယံႏုိင္ငံ၊ ဘရပ္ဆဲလ္ၿမိဳ႕ အီးယူအဖြဲ႔ခ်ဳပ္႐ံုးေရွ႕မွာ လႊင့္ထူထားတဲ့ အီးယူ ဥေရာပသမဂၢအလံမ်ား။ (ဇြန္ ၁၇၊ ၂၀၂၂)

[[Zawgyi/Unicode]]

ျမန္မာစစ္တပ္အေနနဲ႔ အၾကမ္းဖက္လုပ္ရပ္ေတြနဲ႔အတူ တရားမဝင္ အုပ္ခ်ဳပ္ေနမႈကို ခ်က္ျခင္းရပ္တန္႔ဖို႔ ေတာင္းဆိုထားတဲ့ဆုံးျဖတ္ခ်က္ကို အီးယူ ဥေရာပပါလီမန္ က ဒီကေန႔ ေအာက္တိုဘာ ၆ ရက္ေန႔မွာ ခ်မွတ္လိုက္ပါတယ္။ ဒါ့အျပင္ ျမန္မာစစ္တပ္အေနနဲ႔ သတင္းမီဒီယာေတြနဲ႔ သတင္းေထာက္ေတြအေပၚ ႏိုင္ငံေရးရည္မွန္းခ်က္နဲ႔ ဖမ္းဆီး အေရးယူမႈေတြကိုလည္း ခ်က္ျခင္းရပ္တန္႔ၿပီး မတရားသျဖင့္ ဖမ္းဆီးထားတဲ့ သတင္းေထာက္ေတြ အားလုံးကိုလည္း ခ်က္ျခင္း ျပန္လႊတ္ေပးဖို႔ ဥေရာပ ပါလီမန္အမတ္ေတြက ေတာင္းဆိုလိုက္ၾကပါတယ္။

အလားတူပဲ ျမန္မာစစ္တပ္အေနနဲ႔ ဥပေဒမဲ့ ဖမ္းဆီး ေထာင္ခ်မႈေတြ၊ ညႇဥ္းပန္းႏွိပ္စက္မႈေတြ၊ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြနဲ႔ တျခား မတရားတဲ့လုပ္ရပ္ေတြအပါအဝင္ အၾကမ္းဖက္လုပ္ရပ္ေတြ အားလုံးရပ္တန္႔ဖို႔နဲ႔ သတင္းမီဒီယာဝန္ထမ္းေတြကို တရားမွ်တမႈမရွိစြာ တရားရင္ဆိုင္ခိုင္းေနတဲ့လုပ္ရပ္ေတြကို ရပ္တန္႔ဖို႔ ဥေရာပ ပါလီမန္ရဲ႕ဆုံးျဖတ္ခ်က္မွာ ေတာင္းဆိုထားပါတယ္။

ျမန္မာႏိုင္ငံအတြင္း သတင္းမီဒီယာေတြအေပၚ ဖိႏွိပ္မႈေတြအျဖစ္ မၾကာေသးခင္က ျပစ္ဒဏ္စီရင္ခံလိုက္ရတဲ့သတင္းေထာက္ မထက္ထက္ခိုင္အပါအဝင္ ဦးစည္ သူေအာင္ျမင့္နဲ႔ မၿငိမ္းၿငိမ္းေအးတို႔ရဲ႕အမႈေတြကို မီးေမာင္းထိုး ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ စစ္တပ္က အာဏာသိမ္းတဲ့အခ်ိန္ကတည္းက ဖမ္းဆီးထားတဲ့ သမၼတ ဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ကို လႊတ္ေပးဖို႔ အတြက္လည္း ေတာင္းဆိုထားၿပီး - အီးယူလႊတ္ေတာ္အမတ္ေတြအေနနဲ႔ စစ္တပ္က ထုတ္ျပန္ထားတဲ့ တရားမဝင္ အေရးေပၚအေျခအေနကို ျပန္႐ုပ္သိမ္းၿပီး အရပ္သားအစိုးရ ျပန္လည္ေပၚေပါက္ေရး၊ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္လာေရးနဲ႔ ေရြးေကာက္ခံထားရတဲ့ လႊတ္ေတာ္အမတ္ေတြပါဝင္တဲ့ လႊတ္ေတာ္ အသစ္ကို ေခၚယူေပးေရးတို႔ကို ဆုံးျဖတ္ခ်က္မွာ ထည့္သြင္း ေတာင္းဆိုထားပါတယ္။

ျမန္မာစစ္တပ္နဲ႔ သူတို႔ရဲ႕ စီးပြားေရးလုပ္ငန္းေတြအေပၚ အီးယူက ဒဏ္ခတ္ အေရးယူမႈေတြကို ႀကိဳဆိုေၾကာင္း ဒီကေန႔ ခ်မွတ္တဲ့ ဆုံးျဖတ္ခ်က္မွာ ေဖာ္ျပထားၿပီး စစ္ေကာင္စီကို ႏိုင္ငံေရး၊ စီးပြားေရးနဲ႔ စစ္ေရးအရ ကူညီ ပံ့ပိုးေပးေနတဲ့ ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံတို႔ကို ျပစ္တင္ ရႈတ္ခ်ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။
ဒီဆုံးျဖတ္ခ်က္ကိုေတာ့ အီးယူ လႊတ္ေတာ္အမတ္ေတြက လက္ေထာင္ၿပီး ေထာက္ခံမဲေပးခဲ့ၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

သတင်းမီဒီယာအပေါ် စစ်တပ်ဖိနှိပ်မှု ဥရောပပါလီမန် ပြစ်တင်

မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့အတူ တရားမဝင် အုပ်ချုပ်နေမှုကို ချက်ခြင်းရပ်တန့်ဖို့ တောင်းဆိုထားတဲ့ဆုံးဖြတ်ချက်ကို အီးယူ ဥရောပပါလီမန် က ဒီကနေ့ အောက်တိုဘာ ၆ ရက်နေ့မှာ ချမှတ်လိုက်ပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်အနေနဲ့ သတင်းမီဒီယာတွေနဲ့ သတင်းထောက်တွေအပေါ် နိုင်ငံရေးရည်မှန်းချက်နဲ့ ဖမ်းဆီး အရေးယူမှုတွေကိုလည်း ချက်ခြင်းရပ်တန့်ပြီး မတရားသဖြင့် ဖမ်းဆီးထားတဲ့ သတင်းထောက်တွေ အားလုံးကိုလည်း ချက်ခြင်း ပြန်လွှတ်ပေးဖို့ ဥရောပ ပါလီမန်အမတ်တွေက တောင်းဆိုလိုက်ကြပါတယ်။

အလားတူပဲ မြန်မာစစ်တပ်အနေနဲ့ ဥပဒေမဲ့ ဖမ်းဆီး ထောင်ချမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ တခြား မတရားတဲ့လုပ်ရပ်တွေအပါအဝင် အကြမ်းဖက်လုပ်ရပ်တွေ အားလုံးရပ်တန့်ဖို့နဲ့ သတင်းမီဒီယာဝန်ထမ်းတွေကို တရားမျှတမှုမရှိစွာ တရားရင်ဆိုင်ခိုင်းနေတဲ့လုပ်ရပ်တွေကို ရပ်တန့်ဖို့ ဥရောပ ပါလီမန်ရဲ့ဆုံးဖြတ်ချက်မှာ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံအတွင်း သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုတွေအဖြစ် မကြာသေးခင်က ပြစ်ဒဏ်စီရင်ခံလိုက်ရတဲ့သတင်းထောက် မထက်ထက်ခိုင်အပါအဝင် ဦးစည် သူအောင်မြင့်နဲ့ မငြိမ်းငြိမ်းအေးတို့ရဲ့အမှုတွေကို မီးမောင်းထိုး ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်တပ်က အာဏာသိမ်းတဲ့အချိန်ကတည်းက ဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို လွှတ်ပေးဖို့ အတွက်လည်း တောင်းဆိုထားပြီး - အီးယူလွှတ်တော်အမတ်တွေအနေနဲ့ စစ်တပ်က ထုတ်ပြန်ထားတဲ့ တရားမဝင် အရေးပေါ်အခြေအနေကို ပြန်ရုပ်သိမ်းပြီး အရပ်သားအစိုးရ ပြန်လည်ပေါ်ပေါက်ရေး၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာရေးနဲ့ ရွေးကောက်ခံထားရတဲ့ လွှတ်တော်အမတ်တွေပါဝင်တဲ့ လွှတ်တော် အသစ်ကို ခေါ်ယူပေးရေးတို့ကို ဆုံးဖြတ်ချက်မှာ ထည့်သွင်း တောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်နဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် အီးယူက ဒဏ်ခတ် အရေးယူမှုတွေကို ကြိုဆိုကြောင်း ဒီကနေ့ ချမှတ်တဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပြီး စစ်ကောင်စီကို နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးအရ ကူညီ ပံ့ပိုးပေးနေတဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတို့ကို ပြစ်တင် ရှုတ်ချကြောင်းလည်း ဖော်ပြထားပါတယ်။
ဒီဆုံးဖြတ်ချက်ကိုတော့ အီးယူ လွှတ်တော်အမတ်တွေက လက်ထောင်ပြီး ထောက်ခံမဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG