သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေငြေၾကးမသမာမႈလုပ္ေဆာင္ခ်က္နဲ႔ ျမန္မာႏိုင္ငံကို အမည္မည္းစာရင္းသြင္းဖို႔စီစဥ္ေန


ျမန္မာေငြစကၠဴမ်ား

[[Zawgyi/Unicode]]

ေငြေၾကးခဝါခ်မႈနဲ႔ အၾကမ္းဖက္မႈေတြအေပၚ ေငြေၾကးေထာက္ပံ့မႈ တိုက္ဖ်က္ေရး ႏိုင္ငံတကာ အဖြဲ႕အစည္းတခုျဖစ္တဲ့ ျပင္သစ္အေျခစိုက္ FATF အဖြဲ႕ရဲ႕ အမည္မည္းစာရင္းမွာ ျမန္မာႏိုင္ငံကို ထည့္သြင္းမယ့္ပုံရွိေၾကာင္း အေနာက္ႏိုင္ငံနဲ႔ အာရွအစိုးရအရာရွိ ၄ ဦးရဲ႕ ေျပာဆိုခ်က္ကို ကိုးကားၿပီး Nikkei Asia သတင္းစာမွာ ေရးပါတယ္။

FATF အဖြဲ႔ဟာ အစိုးရေတြအတြင္း အသင္းအဖြဲ႔ေတြနဲ႔ တာဝန္ရွိသူေတြ ပူးေပါင္းဖြဲ႔စည္းထားတဲ့ ေငြေၾကးမသမာမႈ လုပ္ေဆာင္ခ်က္ေတြကို ေစာင့္ၾကပ္ၿပီး မူဝါဒေတြ ခ်မွတ္ေနတဲ့အဖြဲ႔ ျဖစ္ပါတယ္။ ေရွ႕လ ပါရီမွာက်င္းပမယ့္ FATF ရဲ႕ အစည္းအေဝးမွာ ျမန္မာႏိုင္ငံကို အမည္မည္းစာရင္းထည့္သြင္းေရး ဆုံးျဖတ္မယ္လို႔ ဒီကိစၥနဲ႔ နီးစပ္တဲ့ အစိုးရအရာရွိေတြေျပာဆိုတာကို Nikkei Asia သတင္းစာက ေရးသားေဖၚျပပါတယ္။

ျမန္မာႏိုင္ငံမွာ ေငြေၾကးခဝါခ်မႈလုပ္ငန္းေတြ ပုံစံမ်ိဳးစုံရွိေနၿပီး ႏိုင္ငံတကာ စံသတ္မွတ္ခ်က္ေတြနဲ႔အညီ လုပ္ေဆာင္ဖို႔ အားနည္းခ်က္ေတြ ေတြ႔ရတဲ့အေၾကာင္း ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္း အရင္ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အစိုးရလက္ထက္ ကတည္းက FATF အဖြဲ႔ႀကီးက မၾကာခဏေထာက္ျပခဲ့ပါတယ္။ ေ႐ႊႀတိဂံနယ္ေျမ က မူးယစ္လုပ္ငန္းေတြနဲ႔ ဆက္ႏြယ္ေနတဲ့ ရာဇဝတ္မႈေတြကို ထိန္းခ်ဳပ္ႏိုင္ေအာင္ ႀကိဳးစားလုပ္ေဆာင္ဖို႔ တိုက္တြန္းခဲ့ၿပီး ေစာင့္ၾကည့္ႏိုင္ငံမ်ားစာရင္းမွာ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလကစၿပီး ျမန္မာႏိုင္ငံကို ထည့္သြင္းခဲ့ပါတယ္။

တရားမဝင္ ေက်ာက္စိမ္းထုတ္လုပ္မႈ၊ လက္နက္ ေမွာင္ခိုကူးမႈ၊ သစ္ခိုးထုတ္မႈေတြေၾကာင့္ ျမန္မာႏိုင္ငံအတြင္း ေငြျဖဴ၊ ေငြမည္းခဝါခ်တဲ့ ျပႆနာေတြ ေပၚေပါက္ေစတယ္လို႔ ၿပီးခဲ့တဲ့ႏွစ္ပိုင္းေတြအတြင္း FATF အဖြဲ႔ကထုတ္ျပန္တဲ့ အစီရင္ခံစာေတြမွာလည္း ေဖၚျပခဲ့ဖူးပါတယ္။ FATF အဖြဲ႕ႀကီးရဲ႕ အမည္မည္းစာရင္းမွာ ထည့္သြင္းခံရမယ္ဆိုရင္ ရင္းႏွီးျမွဳပ္ႏွံမႈကို ထိခိုက္ေစတဲ့ အေရးယူပိတ္ဆို႔မႈေတြ ရင္ဆိုင္ရႏိုင္ ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ငွေကြေးမသမာမှုလုပ်ဆောင်ချက်နဲ့ မြန်မာနိုင်ငံကို အမည်မည်းစာရင်းသွင်းဖို့စီစဉ်နေ

ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုတွေအပေါ် ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်တဲ့ ပြင်သစ်အခြေစိုက် FATF အဖွဲ့ရဲ့ အမည်မည်းစာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းမယ့်ပုံရှိကြောင်း အနောက်နိုင်ငံနဲ့ အာရှအစိုးရအရာရှိ ၄ ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Nikkei Asia သတင်းစာမှာ ရေးပါတယ်။

FATF အဖွဲ့ဟာ အစိုးရတွေအတွင်း အသင်းအဖွဲ့တွေနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ငွေကြေးမသမာမှု လုပ်ဆောင်ချက်တွေကို စောင့်ကြပ်ပြီး မူဝါဒတွေ ချမှတ်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။ ရှေ့လ ပါရီမှာကျင်းပမယ့် FATF ရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံကို အမည်မည်းစာရင်းထည့်သွင်းရေး ဆုံးဖြတ်မယ်လို့ ဒီကိစ္စနဲ့ နီးစပ်တဲ့ အစိုးရအရာရှိတွေပြောဆိုတာကို Nikkei Asia သတင်းစာက ရေးသားဖေါ်ပြပါတယ်။

မြန်မာနိုင်ငံမှာ ငွေကြေးခဝါချမှုလုပ်ငန်းတွေ ပုံစံမျိုးစုံရှိနေပြီး နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့အညီ လုပ်ဆောင်ဖို့ အားနည်းချက်တွေ တွေ့ရတဲ့အကြောင်း ပြီးခဲ့တဲ့ နှစ်တွေအတွင်း အရင် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ကတည်းက FATF အဖွဲ့ကြီးက မကြာခဏထောက်ပြခဲ့ပါတယ်။ ရွှေတြိဂံနယ်မြေ က မူးယစ်လုပ်ငန်းတွေနဲ့ ဆက်နွယ်နေတဲ့ ရာဇဝတ်မှုတွေကို ထိန်းချုပ်နိုင်အောင် ကြိုးစားလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပြီး စောင့်ကြည့်နိုင်ငံများစာရင်းမှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလကစပြီး မြန်မာနိုင်ငံကို ထည့်သွင်းခဲ့ပါတယ်။

တရားမဝင် ကျောက်စိမ်းထုတ်လုပ်မှု၊ လက်နက် မှောင်ခိုကူးမှု၊ သစ်ခိုးထုတ်မှုတွေကြောင့် မြန်မာနိုင်ငံအတွင်း ငွေဖြူ၊ ငွေမည်းခဝါချတဲ့ ပြဿနာတွေ ပေါ်ပေါက်စေတယ်လို့ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း FATF အဖွဲ့ကထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာလည်း ဖေါ်ပြခဲ့ဖူးပါတယ်။ FATF အဖွဲ့ကြီးရဲ့ အမည်မည်းစာရင်းမှာ ထည့်သွင်းခံရမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုကို ထိခိုက်စေတဲ့ အရေးယူပိတ်ဆို့မှုတွေ ရင်ဆိုင်ရနိုင် ပါတယ်။

XS
SM
MD
LG