သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရေနာင္းမွာ ျမန္မာအလုပ္သမား ၂၀၀ ေက်ာ္ လနဲ႔ခ်ီပိတ္မိ


ျမန္မာ-ထိုင္းနယ္စပ္၊ ရေနာင္းၿမိဳ႕ အေဆာက္အဦးတခုမွာ လူပြဲစားေတြက အလုပ္ရွာေပးမယ္ေျပာလို႔ ၂ လနီးပါးၾကာ ပိတ္မိေနတဲ့ အေထာက္အထားမဲ့ျမန္မာမ်ား။ (ၾသဂုတ္ ၁၁၊ ၂၀၂၂/Crd: CJ)

[[Zawgyi/Unicode]]

ထိုင္းျမန္မာနယ္စပ္ ရေနာင္းၿမိဳ႕က အေဆာက္အအုံတခုမွာ အေထာက္အထားမဲ့ ျမန္မာအလုပ္သမား ၂၀၀ ေက်ာ္ အလုပ္လုပ္ခြင့္လက္မွတ္ရမယ္ဆိုၿပီး လူပြဲစားေတြေခၚေဆာင္လာခဲ့ေပမယ့္ ၂ လနီးပါးၾကာတဲ့အထိ အျပင္မထြက္ရဘဲ ပိတ္မိေနပါတယ္။ ဒီအေျခအေနကို အလုပ္သမားေရးေဆာင္႐ြက္ေနတဲ့အဖြဲ႕အစည္းေတြဆီ တိုင္ၾကားခဲ့တာေၾကာင့္ သူတို႔ကို ဥပေဒေၾကာင္းအရ အကူအညီေပးႏိုင္ဖို႔ အလုပ္သမားအဖြဲ႕ေတြက ႀကိဳးစားေနပါတယ္။ ဒီအေၾကာင္း VOA သတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ထိုင္းျမန္မာနယ္စပ္ ရေနာင္းၿမိဳ႕က အေဆာက္အအုံတခုမွာ လူပြဲစားေတြေခၚလာတဲ့ အေထာက္အထားမဲ့ ျမန္မာအလုပ္သမား ၂၀၀ ေက်ာ္ဟာ အလုပ္လုပ္ခြင့္မရဘဲ ၂ လနီးပါးၾကာတဲ့အထိ ပိတ္မိေနတဲ့အတြက္ တိုင္ၾကားလာေၾကာင္း AAC အလုပ္သမားေရးအဖြဲ႕က အလုပ္သမားေရးလႈပ္ရွားသူကို ရဲမင္းကေျပာပါတယ္။

“လူ ၂၀၀ ေက်ာ္လို႔သိရပါတယ္။ ဒီထဲက လူ ၆၀ ေက်ာ္ေလာက္ကေတာ့ စာရင္းနဲ႔တကြ မွတ္တမ္းနဲ႔ေသခ်ာတိုင္ၾကားလာပါတယ္။ သူတို႔ကေတာ့ ထိုင္းႏိုင္ငံထဲကို တရားမဝင္ ဝင္ေရာက္လာသူေတြပဲျဖစ္ပါတယ္။ ပြဲစားေတြကေတာ့ တရားဝင္အေထာက္အထားရမယ္၊ အလုပ္ေတြရမယ္ဆိုၿပီး ေခၚလာတာေပါ့။ အခု တကယ္တန္းအလုပ္သမားေတြက တရားဝင္အေထာက္အထားေတြလည္း မရေသးဘူး။ အဲဒီေနရာမွာေစာင့္ေနရတာ ၅ လပိုင္း ၆ လပိုင္းကတည္းက ေစာင့္ေနရတာ တလခြဲ ၂ လနီးပါးရွိၿပီ။ စားဝတ္ေနေရးေတြလည္း ကိုယ့္ဖာသာေျဖရွင္းရေတာ့ အခက္အခဲေတြရွိလာတယ္။”

ျမန္မာ၂၀၀ ေက်ာ္ဟာ အေထာက္အထားမဲ့ေတြအျဖစ္ ထိုင္းႏိုင္ငံထဲကိုေရာက္ရွိလာၿပီး ထိုင္းအစိုးရက လုပ္ေပးမယ့္ ပန္းေရာင္ကဒ္လို႔ေခၚတဲ့ အလုပ္လုပ္ခြင့္လက္မွတ္ရဖို႔လည္း က်ပ္ေငြ ၁၇ သိန္းထက္မနည္းေပးၿပီး လာခဲ့ၾကသလို အလုပ္အကိုင္အခြင့္အလန္းရဖို႔ ေစာင့္စားေနၾကတာပါ။ အခုအခါမွာေတာ့ အလုပ္အကိုင္မရွိတာေၾကာင့္ စားဝတ္ေနေရးအခက္အခဲေတြလည္းႀကဳံေနရပါတယ္။ သူတို႔ရဲ႕ျပႆနာကို ဥပေဒေၾကာင္းအရ ေျဖရွင္းေပးႏိုင္ဖို႔ လုပ္ေဆာင္ေနတယ္လို႔လည္း ကိုရဲမင္းကေျပာပါတယ္။

“ပြဲစားေတြက အလုပ္သမားေတြနစ္နာခ်က္ေတြကိုမေျဖရွင္းေပးဘူးဆိုရင္ ဥပေဒအရ ရင္ဆိုင္ဖို႔ တရားစြဲဆိုဖို႔ေတြကို က်ေနာ္တို႔ လုပ္ေဆာင္ေပးေနပါတယ္။ အခု ဒီကိစၥမ်ိဳးကို အေတာ္လုပ္ရကိုင္ရခက္ေနပါတယ္။ အလုပ္သမားေတြကလည္း အေထာက္အထားမရွိဘူး။ ထိုင္းဥပေဒအရ ရင္ဆိုင္မယ္ဆိုရင္လည္း သူတို႔အဖမ္းအဆီးခံရႏိုင္တယ္၊ အဲဒီလိုမလုပ္ဘူးဆိုရင္လည္း ပြဲစားေတြလုပ္သမွ် ေခင္းငုံ႔ခံေနရတာေတြျဖစ္ေနမယ္။”

အခုဆိုရင္ ၾသဂုတ္လ ၁ ရက္ေန႔ကေန ၁၅ ရက္ေန႔အထိ ထိုင္းႏိုင္ငံထဲမွာရွိတဲ့ ျမန္မာအပါအဝင္ အိမ္နီးခ်င္း ၄ ႏိုင္ငံက အေထာက္အထားမဲ့ေတြအတြက္ ပန္းေရာင္ကဒ္လို႔ေခၚတဲ့ အလုပ္လုပ္ခြင့္လက္မွတ္ေတြလုပ္ဖို႔ စာရင္းတင္သြင္းခြင့္ျပဳထားတာပါ။ အခုလိုမ်ိဳး တရားဝင္အေထာက္ အထားလက္မွတ္ လုပ္ေပးမယ္ဆိုတာေၾကာင့္ ျမန္မာႏိုင္ငံသားေတြဟာ တရားမဝင္လမ္းေၾကာင္းေတြကေနတဆင့္ ေန႔စဥ္ ရာနဲ႔ခ်ီၿပီး ခိုးဝင္လာေနၾကပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ရနောင်းမှာ မြန်မာအလုပ်သမား ၂၀၀ ကျော် လနဲ့ချီပိတ်မိ

ထိုင်းမြန်မာနယ်စပ် ရနောင်းမြို့က အဆောက်အအုံတခုမှာ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၂၀၀ ကျော် အလုပ်လုပ်ခွင့်လက်မှတ်ရမယ်ဆိုပြီး လူပွဲစားတွေခေါ်ဆောင်လာခဲ့ပေမယ့် ၂ လနီးပါးကြာတဲ့အထိ အပြင်မထွက်ရဘဲ ပိတ်မိနေပါတယ်။ ဒီအခြေအနေကို အလုပ်သမားရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေဆီ တိုင်ကြားခဲ့တာကြောင့် သူတို့ကို ဥပဒေကြောင်းအရ အကူအညီပေးနိုင်ဖို့ အလုပ်သမားအဖွဲ့တွေက ကြိုးစားနေပါတယ်။ ဒီအကြောင်း VOA သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ရနောင်းမြို့က အဆောက်အအုံတခုမှာ လူပွဲစားတွေခေါ်လာတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၂၀၀ ကျော်ဟာ အလုပ်လုပ်ခွင့်မရဘဲ ၂ လနီးပါးကြာတဲ့အထိ ပိတ်မိနေတဲ့အတွက် တိုင်ကြားလာကြောင်း AAC အလုပ်သမားရေးအဖွဲ့က အလုပ်သမားရေးလှုပ်ရှားသူကို ရဲမင်းကပြောပါတယ်။

“လူ ၂၀၀ ကျော်လို့သိရပါတယ်။ ဒီထဲက လူ ၆၀ ကျော်လောက်ကတော့ စာရင်းနဲ့တကွ မှတ်တမ်းနဲ့သေချာတိုင်ကြားလာပါတယ်။ သူတို့ကတော့ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသူတွေပဲဖြစ်ပါတယ်။ ပွဲစားတွေကတော့ တရားဝင်အထောက်အထားရမယ်၊ အလုပ်တွေရမယ်ဆိုပြီး ခေါ်လာတာပေါ့။ အခု တကယ်တန်းအလုပ်သမားတွေက တရားဝင်အထောက်အထားတွေလည်း မရသေးဘူး။ အဲဒီနေရာမှာစောင့်နေရတာ ၅ လပိုင်း ၆ လပိုင်းကတည်းက စောင့်နေရတာ တလခွဲ ၂ လနီးပါးရှိပြီ။ စားဝတ်နေရေးတွေလည်း ကိုယ့်ဖာသာဖြေရှင်းရတော့ အခက်အခဲတွေရှိလာတယ်။”

မြန်မာ၂၀၀ ကျော်ဟာ အထောက်အထားမဲ့တွေအဖြစ် ထိုင်းနိုင်ငံထဲကိုရောက်ရှိလာပြီး ထိုင်းအစိုးရက လုပ်ပေးမယ့် ပန်းရောင်ကဒ်လို့ခေါ်တဲ့ အလုပ်လုပ်ခွင့်လက်မှတ်ရဖို့လည်း ကျပ်ငွေ ၁၇ သိန်းထက်မနည်းပေးပြီး လာခဲ့ကြသလို အလုပ်အကိုင်အခွင့်အလန်းရဖို့ စောင့်စားနေကြတာပါ။ အခုအခါမှာတော့ အလုပ်အကိုင်မရှိတာကြောင့် စားဝတ်နေရေးအခက်အခဲတွေလည်းကြုံနေရပါတယ်။ သူတို့ရဲ့ပြဿနာကို ဥပဒေကြောင်းအရ ဖြေရှင်းပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း ကိုရဲမင်းကပြောပါတယ်။

“ပွဲစားတွေက အလုပ်သမားတွေနစ်နာချက်တွေကိုမဖြေရှင်းပေးဘူးဆိုရင် ဥပဒေအရ ရင်ဆိုင်ဖို့ တရားစွဲဆိုဖို့တွေကို ကျနော်တို့ လုပ်ဆောင်ပေးနေပါတယ်။ အခု ဒီကိစ္စမျိုးကို အတော်လုပ်ရကိုင်ရခက်နေပါတယ်။ အလုပ်သမားတွေကလည်း အထောက်အထားမရှိဘူး။ ထိုင်းဥပဒေအရ ရင်ဆိုင်မယ်ဆိုရင်လည်း သူတို့အဖမ်းအဆီးခံရနိုင်တယ်၊ အဲဒီလိုမလုပ်ဘူးဆိုရင်လည်း ပွဲစားတွေလုပ်သမျှ ခေင်းငုံ့ခံနေရတာတွေဖြစ်နေမယ်။”

အခုဆိုရင် သြဂုတ်လ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ထိုင်းနိုင်ငံထဲမှာရှိတဲ့ မြန်မာအပါအဝင် အိမ်နီးချင်း ၄ နိုင်ငံက အထောက်အထားမဲ့တွေအတွက် ပန်းရောင်ကဒ်လို့ခေါ်တဲ့ အလုပ်လုပ်ခွင့်လက်မှတ်တွေလုပ်ဖို့ စာရင်းတင်သွင်းခွင့်ပြုထားတာပါ။ အခုလိုမျိုး တရားဝင်အထောက် အထားလက်မှတ် လုပ်ပေးမယ်ဆိုတာကြောင့် မြန်မာနိုင်ငံသားတွေဟာ တရားမဝင်လမ်းကြောင်းတွေကနေတဆင့် နေ့စဉ် ရာနဲ့ချီပြီး ခိုးဝင်လာနေကြပါတယ်ရှင်။

XS
SM
MD
LG