သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မတ္လေနာက္ပိုင္း ျမန္မာ့စီးပြားေရး အနည္းငယ္တိုးတက္ 


ရန္ကုန္ေရႊျပည္သာစက္မႈဇုန္ အထည္ခ်ဳပ္စက္႐ုံ။ (ယခင္မွတ္တမ္းဓာတ္ပံု)


[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံစီးပြားေရးဟာ ႏိုင္ငံေရးအၾကပ္အတည္းနဲ႔ ရႈပ္ေထြးမႈေတြေၾကာင့္ ရင္းႏွီးျမွဳပ္ႏွံမႈနဲ႔ ေရာင္းဝယ္အားအေပၚ ထိခိုက္ေနတဲ့ၾကားမွာပဲ ၂၀၂၂ ခုႏွစ္ မတ္လေနာက္ပိုင္း အတန္အသင့္ တိုးတက္လာခဲ့တယ္လို႔ ADB အာရွ ဖြံ႕ၿဖိဳးေရးဘဏ္ရဲ႕ ေနာက္ဆုံးထုတ္ အစီရင္ခံစာ ေဖၚျပပါတယ္။

၂၀၂၂ ခုႏွစ္ ဘ႑ာေရးႏွစ္အတြင္း ျမန္မာႏိုင္ငံစီးပြားေရး ေယဘုယ် ဖြံ႕ၿဖိဳးလာမယ္လို႔ ေမွ်ာ္လင့္ႏိုင္ ေၾကာင္း ဒီေန႔ထုတ္အစီရင္ခံစာက ေရးသားပါတယ္။ ဒါေပမယ့္လည္း ႏိုင္ငံေရးအေျခအေန မေရမရာမႈေတြၾကားမွာ စီးပြားေရးအေျခအေနတခုလုံးအေနနဲ႔ တည္ၿငိမ္ဖို႔အေရး ထိခိုက္သြားႏိုင္တာကို ADB အာရွဖြံ႕ၿဖိဳးေရးဘဏ္က သတိေပးပါတယ္။

အထည္ခ်ဳပ္ပို႔ကုန္နဲ႔ အေသးစားထုတ္ကုန္ ျပည္ပတင္ပို႔မႈ တေျဖးေျဖးတိုးလာတဲ့အတြက္ စက္မႈထုတ္ ကုန္ အလားအလာ ေစာေစာပိုင္းက ၂.၇% ခန္႔မွန္းထားတဲ့အေျခအေနကေန ၅% အထိ တိုးၿပီး ေမွ်ာ္လင့္လို႔ရတဲ့အေၾကာင္းကိုလည္း ADB က ေရးသားပါတယ္။

အေျခခံအေဆာက္အအုံနဲ႔ တျခားစီမံခ်က္ေတြ ျပန္လည္စတင္တဲ့အတြက္ ေဆာက္လုပ္ေရးလုပ္ငန္းေတြ ျပန္ၿပီး လုပ္ကိုင္လာႏိုင္တာ၊ ပုဂၢလိကရင္းႏွီးျမွဳပ္ႏွံမႈေတြ တေျဖးေျဖး ျပန္တိုးလာတာေတြကိုလည္း ADB အာရွဘဏ္ရဲ႕ အစီရင္ခံစာမွာ ေရးသားထားပါတယ္။

ဒါေပမယ့္လည္း လုံၿခဳံေရးအေျခအေနစိုးရိမ္မႈေၾကာင့္ ျပည္ပကဝင္လာတဲ့ ခရီးသြားလုပ္ငန္း ၿငိမ္သက္ေနတာ၊ ေငြေၾကးေဖါင္းပြမႈ ထပ္တိုးလာႏိုင္တာ၊ ကုန္သြယ္ေရးနဲ႔ ႏိုင္ငံျခားေငြလဲလွယ္တဲ့ ေစ်းကြက္အေပၚ ထိမ္းခ်ဳပ္ထားမႈေတြက ျမန္မာ့စီးပြားေရးတိုးတက္မႈ အေပၚ အရိပ္ထိုးေနတာေတြကိုလည္း ADB ရဲ႕ အစီရင္ခံစာမွာ ေဖၚျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

မတ်လနောက်ပိုင်း မြန်မာ့စီးပွားရေး အနည်းငယ်တိုးတက်

မြန်မာနိုင်ငံစီးပွားရေးဟာ နိုင်ငံရေးအကြပ်အတည်းနဲ့ ရှုပ်ထွေးမှုတွေကြောင့် ရင်းနှီးမြှုပ်နှံမှုနဲ့ ရောင်းဝယ်အားအပေါ် ထိခိုက်နေတဲ့ကြားမှာပဲ ၂၀၂၂ ခုနှစ် မတ်လနောက်ပိုင်း အတန်အသင့် တိုးတက်လာခဲ့တယ်လို့ ADB အာရှ ဖွံ့ဖြိုးရေးဘဏ်ရဲ့ နောက်ဆုံးထုတ် အစီရင်ခံစာ ဖေါ်ပြပါတယ်။

၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံစီးပွားရေး ယေဘုယျ ဖွံ့ဖြိုးလာမယ်လို့ မျှော်လင့်နိုင် ကြောင်း ဒီနေ့ထုတ်အစီရင်ခံစာက ရေးသားပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရေးအခြေအနေ မရေမရာမှုတွေကြားမှာ စီးပွားရေးအခြေအနေတခုလုံးအနေနဲ့ တည်ငြိမ်ဖို့အရေး ထိခိုက်သွားနိုင်တာကို ADB အာရှဖွံ့ဖြိုးရေးဘဏ်က သတိပေးပါတယ်။

အထည်ချုပ်ပို့ကုန်နဲ့ အသေးစားထုတ်ကုန် ပြည်ပတင်ပို့မှု တဖြေးဖြေးတိုးလာတဲ့အတွက် စက်မှုထုတ် ကုန် အလားအလာ စောစောပိုင်းက ၂.၇% ခန့်မှန်းထားတဲ့အခြေအနေကနေ ၅% အထိ တိုးပြီး မျှော်လင့်လို့ရတဲ့အကြောင်းကိုလည်း ADB က ရေးသားပါတယ်။

အခြေခံအဆောက်အအုံနဲ့ တခြားစီမံချက်တွေ ပြန်လည်စတင်တဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်ပြီး လုပ်ကိုင်လာနိုင်တာ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေ တဖြေးဖြေး ပြန်တိုးလာတာတွေကိုလည်း ADB အာရှဘဏ်ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ဒါပေမယ့်လည်း လုံခြုံရေးအခြေအနေစိုးရိမ်မှုကြောင့် ပြည်ပကဝင်လာတဲ့ ခရီးသွားလုပ်ငန်း ငြိမ်သက်နေတာ၊ ငွေကြေးဖေါင်းပွမှု ထပ်တိုးလာနိုင်တာ၊ ကုန်သွယ်ရေးနဲ့ နိုင်ငံခြားငွေလဲလှယ်တဲ့ ဈေးကွက်အပေါ် ထိမ်းချုပ်ထားမှုတွေက မြန်မာ့စီးပွားရေးတိုးတက်မှု အပေါ် အရိပ်ထိုးနေတာတွေကိုလည်း ADB ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

XS
SM
MD
LG