သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့ဆန္နဲ႔ဆန္ကြဲ ျပည္ပတင္ပို႔မႈကေန ေဒၚလာ ၃၀၂ သန္းရ


 ရန္ကုန္ၿမိဳ႕ ဆန္သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းခြင္ျမင္ကြင္း။ (AP Photo/Khin Maung Win)

[[Zawgyi/Unicode]]

ျမန္မာ့ဆန္နဲ႔ဆန္ကြဲ ျပည္ပတင္ပို႔မႈကေန ေဒၚလာ ၃၀၂ သန္းရ

ျမန္မာႏိုင္ငံအတြင္း စားနပ္ရိကၡာမလုံေလာက္မႈနဲ႔ ရင္ဆိုင္ရႏိုင္တယ္လို႔ WFP ကုလစားနပ္ရိကၡာအစီအစဥ္က သတိေပးထားေပမယ့္ ျမန္မာႏိုင္ငံက ဆန္နဲ႔ ဆန္ကြဲ ျပည္ပတင္ပို႔မႈေတြဆက္ရွိေနၿပီး အဲဒီကေန ႏိုင္ငံျခားဝင္ေငြ ဆက္ရေနပါတယ္။

၂၀၂၂ ခုႏွစ္နဲ႔ ၂၀၂၃ ခုႏွစ္ ဘ႑ာေရးႏွစ္ ပထမ ၅ လ ပိုင္းအတြင္း ျမန္မာႏိုင္ငံဟာ ဆန္နဲ႔ ဆန္ကြဲတန္ခ်ိန္ ၈ သိန္း ၈ ေသာင္းေက်ာ္ ျပည္ပကို တင္ပို႔ခဲ့ၿပီး ခန႔္မွန္းေျခ အေမရိကန္ ေဒၚလာ ၃၀၂ သန္း ရရွိခဲ့တဲ့အေၾကာင္း ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္ MRF ေျပာဆိုတာကို Global New Light of Myanmar သတင္းစာမွာ ေရးပါတယ္။

၂၀၂၁ နဲ႔ ၂၂ ခုႏွစ္ ဘ႑ာေရးႏွစ္ ဒုတိယ ႏွစ္ဝက္အတြင္းကလည္း ျပည္ပကို ဆန္နဲ႔ဆန္ကြဲတန္ခ်ိန္ တသန္း ၄ သိန္း တင္ပို႔ႏိုင္ခဲ့တဲ့အေၾကာင္း ဆန္စပါး အသင္းခ်ဳပ္ရဲ႕ စာရင္းေတြမွာ ေဖၚျပပါတယ္။

စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ျပည္ပကိုတင္ပို႔ေနတဲ့ ဆန္ေတြအျပင္ ျပည္တြင္းမွာစားသုံးဖို႔ အရံဆန္ တႏွစ္စာဖူလုံေအာင္ သိုေလွာင္ထားတယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းက VOA ကို ေျပာဆိုပါတယ္။

ကုလသမဂၢ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ WFP ကေတာ့ ျမန္မာႏိုင္ငံလူဦးေရရဲ႕ ေလးပုံတပုံဟာ စားနပ္ရိကၡာ မလုံေလာက္တဲ့အေျခအေနကို ရင္ဆိုင္ရႏိုင္တယ္လို႔ သတိေပးထားၿပီး ၁၃.၂ သန္းေက်ာ္ အစားအစာမလုံေလာက္တဲ့အေျခအေန ရင္ဆိုင္ေနရတယ္ဆိုၿပီး သတိေပးထားပါတယ္။

ကုန္ေဈးႏႈန္းႀကီးျမင့္မႈ၊ ေငြေၾကးေဖါင္းပြမႈနဲ႔ ျမန္မာက်ပ္ေငြတန္ဖိုး ထိုးက်ေနတာအျပင္ လက္နက္ကိုင္ပဋိပကၡနဲ႔ စစ္ေဘးေရွာင္ဒုကၡသည္ေတြ တိုးလာေနတာေၾကာင့္ ျမန္မာ့စီးပြားေရးနဲ႔ ေအာက္ေျချပည္သူေတြရဲ႕ ေန႔စဥ္ရပ္တည္မႈအေပၚ ႏိုင္ငံတကာ စီးပြားေရးပညာရွင္ေတြနဲ႔ ႏိုင္ငံေရးအကဲခတ္ေတြက စိုးရိမ္တဲ့အေၾကာင္း ေျပာဆိုေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

မြန်မာ့ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှုကနေ ဒေါ်လာ ၃၀၂ သန်းရ

မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ WFP ကုလစားနပ်ရိက္ခာအစီအစဉ်က သတိပေးထားပေမယ့် မြန်မာနိုင်ငံက ဆန်နဲ့ ဆန်ကွဲ ပြည်ပတင်ပို့မှုတွေဆက်ရှိနေပြီး အဲဒီကနေ နိုင်ငံခြားဝင်ငွေ ဆက်ရနေပါတယ်။

၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမ ၅ လ ပိုင်းအတွင်း မြန်မာနိုင်ငံဟာ ဆန်နဲ့ ဆန်ကွဲတန်ချိန် ၈ သိန်း ၈ သောင်းကျော် ပြည်ပကို တင်ပို့ခဲ့ပြီး ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၃၀၂ သန်း ရရှိခဲ့တဲ့အကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRF ပြောဆိုတာကို Global New Light of Myanmar သတင်းစာမှာ ရေးပါတယ်။

၂၀၂၁ နဲ့ ၂၂ ခုနှစ် ဘဏ္ဍာရေးနှစ် ဒုတိယ နှစ်ဝက်အတွင်းကလည်း ပြည်ပကို ဆန်နဲ့ဆန်ကွဲတန်ချိန် တသန်း ၄ သိန်း တင်ပို့နိုင်ခဲ့တဲ့အကြောင်း ဆန်စပါး အသင်းချုပ်ရဲ့ စာရင်းတွေမှာ ဖေါ်ပြပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်ပကိုတင်ပို့နေတဲ့ ဆန်တွေအပြင် ပြည်တွင်းမှာစားသုံးဖို့ အရံဆန် တနှစ်စာဖူလုံအောင် သိုလှောင်ထားတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက VOA ကို ပြောဆိုပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကတော့ မြန်မာနိုင်ငံလူဦးရေရဲ့ လေးပုံတပုံဟာ စားနပ်ရိက္ခာ မလုံလောက်တဲ့အခြေအနေကို ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးထားပြီး ၁၃.၂ သန်းကျော် အစားအစာမလုံလောက်တဲ့အခြေအနေ ရင်ဆိုင်နေရတယ်ဆိုပြီး သတိပေးထားပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ငွေကြေးဖေါင်းပွမှုနဲ့ မြန်မာကျပ်ငွေတန်ဖိုး ထိုးကျနေတာအပြင် လက်နက်ကိုင်ပဋိပက္ခနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ တိုးလာနေတာကြောင့် မြန်မာ့စီးပွားရေးနဲ့ အောက်ခြေပြည်သူတွေရဲ့ နေ့စဉ်ရပ်တည်မှုအပေါ် နိုင်ငံတကာ စီးပွားရေးပညာရှင်တွေနဲ့ နိုင်ငံရေးအကဲခတ်တွေက စိုးရိမ်တဲ့အကြောင်း ပြောဆိုနေကြပါတယ်။

XS
SM
MD
LG