သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒုကၡေရာက္ေနတဲ့ ျမန္မာျပည္သူေတြကိုအမွတ္ရဖို႔ ပုပ္ရဟန္းမင္းႀကီး Francis တိုက္တြန္း


Vatican Pope

[[Zawgyi/Unicode]]

ဆိုးရြားတဲ့ စစ္အုပ္ခ်ဳပ္ေရးေအာက္မွာ စစ္ဒဏ္ခံေနရတဲ့ ေထာင္နဲ႔ခ်ီတဲ့ ျမန္မာျပည္ သူေတြကိုအမွတ္ရဖို႔ ပုပ္ရဟန္းမင္းႀကီး Francis က ကမာၻႀကီးကို တိုက္တြန္းပါတယ္။

ဥေရာပမွာျဖစ္ေနတဲ့ စစ္ပြဲေတြကို စိုးရိမ္ေနၾကရသလိုပဲ ဆီးရီးယား၊ ယီမင္၊ ျမန္မာ နဲ႔ အာဖရိကႏိုင္ငံေတြမွာ ဆယ္စုႏွစ္ၾကာရွိေနတဲ့ ေမ့ေလ်ာ့ခံစစ္ပြဲေတြကိုလည္း အမွတ္ရ စိုးရိမ္ပူပင္ၾကဖို႔ ပုပ္ရဟန္းမင္းႀကီး Francis က သတိေပးတိုက္တြန္းတယ္လို႔ UCA ​New​s ကတ္သလစ္ သတင္းဌာနမွာ ကိုးကားေဖာ္ျပတာပါ။ ႏိုင္ငံျခား သာသနာျပဳအဖြဲ႕တခုရဲ႕ အပတ္စဥ္မဂၢဇင္း အယ္ဒီတာေတြ၊ စီစဥ္ေဆာင္႐ြက္သူေတြနဲ႔ ေအာက္တိုဘာလ ၁၃ ရက္ေန႔ ေတြ႕ဆုံတဲ့ပြဲတခုမွာ ပုပ္ရဟန္းမင္းႀကီးက အခုလို ေျပာဆိုတာပါ။

ပုပ္ရဟန္းမင္းႀကီးဟာ ျမန္မာႏိုင္ငံအက်ပ္အတည္းနဲ႔ပတ္သက္လို႔ အထူးသျဖင့္ စစ္အာဏာသိမ္းခံရၿပီးေနာက္ပိုင္းအေျခအေနနဲ႔ပတ္သက္လို႔ စိုးရိမ္ပူပင္ေၾကာင္း မၾကာခဏ ထုတ္ေဖာ္ေျပာဆိုဖူးပါတယ္။ သူဟာ ၂၀၁၇ ခုႏွစ္ ႏိုဝင္လတုန္းက ျမန္မာႏိုင္ငံကို သြားေရာက္ခဲ့ၿပီးေနာက္လည္း ျမန္မာျပည္နဲ႔ပတ္သက္လို႔ မၾကာမၾကာ ေျပာခဲ့ဖူးပါတယ္။

စစ္ေခါင္းေဆာင္ေတြအေနနဲ႔ အၾကမ္းဖက္မႈေတြကိုရပ္တန႔္ဖို႔၊ ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ၿပီး ၿငိမ္းခ်မ္းေရးနဲ႔သင့္ျမတ္ေရးအတြက္ ေဆြးေႏြးအေျဖရွာဖို႔ ပုပ္ရဟန္းမင္းႀကီးက အႀကိမ္ႀကိမ္ ေျပာခဲ့ဖူးတာပါ။ လက္ရွိ ျမန္မာႏိုင္ငံမွာလည္း ခရစ္ယာန္ဘာသာဝင္ အမ်ားစုရွိတဲ့ ကခ်င္၊ ကယား၊ ကရင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ ေဒသခံ ကာကြယ္ေရးအဖြဲ႕ေတြနဲ႔ ျမန္မာ စစ္ေကာင္စီၾကား တိုက္ပြဲေတြ ရွိေနသလို ခရစ္ယာန္ ဘုရားရွိခိုးေက်ာင္းတခ်ိဳ႕ တိုက္ခိုက္ခံရမႈေတြလည္း မၾကာမၾကာ ျဖစ္ေနပါတယ္။ အဲဒီေဒသေတြမွာ ျမန္မာစစ္တပ္က ေလေၾကာင္းတိုက္ခိုက္တာ၊ လက္နက္ႀကီးေတြနဲ႔ ေက်း႐ြာေတြကို ပစ္ခတ္တာေတြေၾကာင့္ ဘုရားရွိခိုးေက်ာင္းေတြလည္း ထိမွန္ ဖ်က္ဆီးခံရတာပါ။

ဒါ့အျပင္ ေနရာတခ်ိဳ႕မွာေတာ့ စစ္ေျပးဒုကၡသည္ေတြကို ဘုရားေက်ာင္းေတြမွာ လက္ခံၿပီး အကူအညီ ေပးေနရတာေတြလည္း ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========

[[Unicode]]

ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကိုအမှတ်ရဖို့ ပုပ်ရဟန်းမင်းကြီး Francis တိုက်တွန်း

ဆိုးရွားတဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ စစ်ဒဏ်ခံနေရတဲ့ ထောင်နဲ့ချီတဲ့ မြန်မာပြည် သူတွေကိုအမှတ်ရဖို့ ပုပ်ရဟန်းမင်းကြီး Francis က ကမ္ဘာကြီးကို တိုက်တွန်းပါတယ်။

ဥရောပမှာဖြစ်နေတဲ့ စစ်ပွဲတွေကို စိုးရိမ်နေကြရသလိုပဲ ဆီးရီးယား၊ ယီမင်၊ မြန်မာ နဲ့ အာဖရိကနိုင်ငံတွေမှာ ဆယ်စုနှစ်ကြာရှိနေတဲ့ မေ့လျော့ခံစစ်ပွဲတွေကိုလည်း အမှတ်ရ စိုးရိမ်ပူပင်ကြဖို့ ပုပ်ရဟန်းမင်းကြီး Francis က သတိပေးတိုက်တွန်းတယ်လို့ UCA News ကတ်သလစ် သတင်းဌာနမှာ ကိုးကားဖော်ပြတာပါ။ နိုင်ငံခြား သာသနာပြုအဖွဲ့တခုရဲ့ အပတ်စဉ်မဂ္ဂဇင်း အယ်ဒီတာတွေ၊ စီစဉ်ဆောင်ရွက်သူတွေနဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ တွေ့ဆုံတဲ့ပွဲတခုမှာ ပုပ်ရဟန်းမင်းကြီးက အခုလို ပြောဆိုတာပါ။

ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံအကျပ်အတည်းနဲ့ပတ်သက်လို့ အထူးသဖြင့် စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်းအခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်ပူပင်ကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုဖူးပါတယ်။ သူဟာ ၂၀၁၇ ခုနှစ် နိုဝင်လတုန်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးနောက်လည်း မြန်မာပြည်နဲ့ပတ်သက်လို့ မကြာမကြာ ပြောခဲ့ဖူးပါတယ်။

စစ်ခေါင်းဆောင်တွေအနေနဲ့ အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပြီး ငြိမ်းချမ်းရေးနဲ့သင့်မြတ်ရေးအတွက် ဆွေးနွေးအဖြေရှာဖို့ ပုပ်ရဟန်းမင်းကြီးက အကြိမ်ကြိမ် ပြောခဲ့ဖူးတာပါ။ လက်ရှိ မြန်မာနိုင်ငံမှာလည်း ခရစ်ယာန်ဘာသာဝင် အများစုရှိတဲ့ ကချင်၊ ကယား၊ ကရင်နဲ့ ချင်းပြည်နယ်တွေမှာ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေနဲ့ မြန်မာ စစ်ကောင်စီကြား တိုက်ပွဲတွေ ရှိနေသလို ခရစ်ယာန် ဘုရားရှိခိုးကျောင်းတချို့ တိုက်ခိုက်ခံရမှုတွေလည်း မကြာမကြာ ဖြစ်နေပါတယ်။ အဲဒီဒေသတွေမှာ မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ပစ်ခတ်တာတွေကြောင့် ဘုရားရှိခိုးကျောင်းတွေလည်း ထိမှန် ဖျက်ဆီးခံရတာပါ။

ဒါ့အပြင် နေရာတချို့မှာတော့ စစ်ပြေးဒုက္ခသည်တွေကို ဘုရားကျောင်းတွေမှာ လက်ခံပြီး အကူအညီ ပေးနေရတာတွေလည်း ရှိပါတယ်။

XS
SM
MD
LG